Pages

Pages - Menu

Wednesday, May 14, 2014

တာမွေမြို့နယ်၊ ဗညားဒလလမ်းအတွင်း စိတ်ရောဂါဝေဒနာရှင်တစ်ဦး တိုက်လေး လွှာမှ ခုန်ချသေဆုံး

RangonNewsDaily: May . 14 .2014
နေအိမ်တိုက်ခန်း လေးလွှာအမြင့်မှ စိတ်ဝေဒနာရှင်တစ်ဦး ခုန်ချသေဆုံးခဲ့သည့် ဖြစ်စဉ်တစ်ခု မေ ၁၃ ရက်၊ နံနက် ၄ နာရီ ခွဲဝန်းကျင်က တာမွေမြို့နယ်၊ ဗညားဒလလမ်းအတွင်း ဖြစ်ပွားခဲ့သည်ဟု တာမွေမြို့မ ရဲစခန်း တာဝန်ကျ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
“ခုန်ချတာကတော့ မနက်အစောပိုင်းကပါ။ မိသားစုဝင်တွေပြောတာတော့ စိတ်ဝေဒနာရှင်လို့ပြောတယ်။ သူ့မှာ ဆေးလက်မှတ်တွေဘာတွေတော့ မရှိဘူး။ အခုလောလောဆယ်တော့ ဆေးရုံပို့ပြီး ဆေးစစ်ချက် ကို စောင့်နေပါတယ်”ဟု အဆိုပါရဲတပ်သားက ဆိုသည်။

ဖြစ်ပွားပုံမှာ တာမွေမြို့နယ်၊ တာမွေကြီး(က+ဂ)ရပ်ကွက်၊ ဗညားဒလလမ်းအတွင်းရှိ အထပ်မြင့် တိုက် ခန်းတစ်ခုပေါ်မှ စိတ်ဝေဒနာသည် ကိုကျော်ကျော်မင်း(၂၈) နှစ်သည် လေးလွှာအမြင့်မှ ခုန်ချခဲ့သဖြင့် ယာမျက်ခုံး၊ မေးစေ့၊ ယာဒူးတို့တွင် စုတ်ပြဲဒဏ်ရာ၊ ပါးစပ်နှင့် ၀ဲနားအတွင်းမှ သွေးထွက်ဒဏ်ရာများအပြင် ယာမျက်လုံး၊ လည်ပင်းတို့တွင် ဖူးရောင်ညိုမဲဒဏ်ရာများ ရရှိခဲ့ပြီး အခင်းဖြစ်ပွားရာနေရာတွင်ပင် သေဆုံး သွားခဲ့ခြင်း ဖြစ်သည်ဟု ရဲမှတ်တမ်းများတွင် ဖော်ပြထားသည်။
::
သေဆုံးသူမှာ မိခင်နှင့်အတူနေထိုင်သူဖြစ်ပြီး မွေးကတည်းကပင် စိတ်ကျန်းမာရေးမကောင်းသူဖြစ်ပြီး အခင်းဖြစ်ပွားချိန်က စိတ်ဖောက်ပြန်ကာ တိုက်ပေါ်မှခုန်ချခဲ့ခြင်းဖြစ်သည်။ အဆိုပါဖြစ်စဉ်နှင့်စပ်လျဉ်း၍ တာမွေမြို့မရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ်(၉/၂၀၁၄)ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိသည်။

Mizzima News ::--
KOLATT(PBDN)
RangonNewsDaily

No comments:

Post a Comment