Pages

Pages - Menu

Wednesday, May 14, 2014

ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းထိစပ်ရာ ပို့ဘလဲယားကျွန်းအနီးတွင် လေဖိအား နည်းရပ်ဝန်းမှ မုန်တိုင်းအဆင့်သို့ ရောက်ရှိလာနိုင်

RangonNewsDaily: May . 14 .2014
ကပ္ပလီပင်လယ်နှင့် ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းထိစပ်ရာ ပို့ဘလဲယားကျွန်းအနီးတွင် လေဖိအားနည်းရပ်ဝန်းမှ မုန်တိုင်းအဆင့်သို့ ရောက်ရှိလာနိုင်သဖြင့် မြစ်ဝကျွန်းပေါ်နှင့် ရန်ကုန်တိုင်းတောင်ပိုင်းဒေသများတွင် သက်ရောက်နိုင်မည်ဟု mmweather.com က မေလ ၁၃ရက်က ထုတ်ပြန် ကြေညာလိုက်သည်။
မေလ ၁၈ ရက် ညနေပိုင်းတွင် စတင်ဖြစ်ပေါ်နိုင်ပြီး ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းသို့ ဆက်လက် ရွေ့လျားကာ ကိုကိုးကျွန်းအနီးတွင် မုန်တိုင်းအဆင့်သို့ ရောက်ရှိနိုင်မည်ဟု ဆိုသည်။

မုန်တိုင်းသည် မြောက်ဘက်နှင့် အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ဖွယ်ရှိရာ မုန်တိုင်း ညာ ဘက်အခြမ်းတွင် ကျရောက်သော ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ၊ ရန်ကုန်တိုင်းဒေသ တောင်ပိုင်းတို့တွင် မုန်တိုင်းသက်ရောက်မှု ရှိနိုင်မည်ဖြစ်ပြီး လေပြင်းတိုက်ခတ်မှုသည် တစ်နာရီမိုင် ၄၀ ကျော်အထိရှိနိုင်မည်ဖြစ်သည်။ 
::
မုန်တိုင်းသည် ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနယ်စပ်အနီးမှ ကုန်တွင်းဖြတ်ကျော်နိုင်မည် ဖြစ်ရာ၊ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသအချို့သို့ သက်ရောက်နိုင်ပြီး တောင်ကျချောင်းရေများ ရုတ်တရက် ဆင်းလာ နိုင်ဖွယ်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းနှင့်ပတ်သက်၍ မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ တာဝန်ရှိသူတစ်ဦးက “လေဖိအားနည်း ရပ်ဝန်း ဖြစ်တယ်လို့တော့ မထုတ်ပြန်ထားပါဘူး။ 
::
လက်ရှိတော့ ကပ္ပလီပင်လယ်ပြင်မှာ တိမ်ထူထပ်နေပါ တယ်။ လေဖိအားနည်းရပ်ဝန်း ဖြစ်တယ်ဆိုရင် မီဒီယာတွေကနေတစ်ဆင့် ထုတ်ပြန်သွားပါမယ်” ဟု ပြော သည်။

ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းတွင် မေလ၂၀ရက် နှင့် ၂၂၇က်တို့ အတွင်း လေဖိအားနည်းရပ်ဝန်း တစ်ခု အစပျိုးပြီး အနောက်မြောက်ဘက်သို့ ဦးတည်ရွှေ့လျားကာ မြစ်ဝကျွန်းပေါ်ဒေသကို ဖြတ်သန်းမည် ဖြစ် သည်။ 
::
ထို့နောက် ဘင်္ဂလားပင်လယ်အော်တွင်းသို့ ၀င်ရောက်နိုင်ပြီး အဆိုပါ လေဖိအားနည်းရပ်ဝန်းက အရှေ့တောင်ပိုင်းသို့ ဆက်လက်ရွေ့လျားပြီး မုန်တိုင်းငယ်အဖြစ် ရောက်ရှိနိုင်သည်ဟု မိုးလေ၀သနှင့် ဇလ ဗေဒပညာရှင် ဦးထွန်းလွင်က ပြောသည်။

Mizzima News ::--KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment