Pages

Pages - Menu

Wednesday, May 14, 2014

နိကာဟ်ထမ်းမြားခြင်း



RangonNewsDaily: May . 14 .2014
နိကာဟ်ထမ်းမြားခြင်းသည် အလ္လာဟ်အရှင်မြတ်၏ သက်သေလ္ခဏာဖြစ်သည်၊ကျမ်းတော်မြတ်ကုရ်အာန်တွင် မိန့် တော်
မူသည်မှာ- " (ဤအကြောင်းအရာသည်လည်း) ထိုအရှင်မြတ်၏ သက်သေလ္ခဏာတော်များတွင် အပါအဝင်ဖြစ်သည်။ ထိုအရှင်မြတ်သည် အသင်တို့ အဖို့  အသင်တို့ ၏ အမျိုးအစားအနက်မှ ကြင်ရာကြင်ဖက်များကို ၎င်း တို့ ထံတွင်အသင်
တို့ အနားယူ စိတ်ချမ်းသာမှု ရရှိကြအံ့သောဌာ ဖန်ဆင်းတော်မူခဲ့၏။ထိုမှတပါး
ထိုအရှင်မြတ်သည် အသင်တို့ စပ်ကြား၌ ချစ်ခြင်းမေတ္တာကိုလည်းကောင်း၊ အကြင်နာတရားကိုလည်းကောင်း၊ စီမံပြု
လုပ်၍ ပေးသနားတော်မူခဲ့၏။

ဧကန်မလွဲ ဤသည်မှာ ဆင်ခြင်သုံးသပ် စဉ်းစားကြကုန်သော သူတို့ အဖို့  အမှန်ပင် သက်သေလ္ခဏာများသည် ရှိပေသ
တည်း။ (ကုရ်အာန် ၃၀း၂၁)
(မြန်မာကုရ်အာန်မှဘာသာပြန်မှ)
အလ္လာအရှင်မြတ်သည် လူသားတို့ ၏ ဘဝသက်တမ်းကို သာယာစေရန်အလို့ ဌာ အမျိုးသားတို့ အဖို့  ၎င်းတို့ နှင့် မျိုးတူ၊ ဘဝတူကြင်ဖက်များကို ဖန်ဆင်းပေးထားတော်မူ၍ ဇနီးမောင်နှံတို့ စပ်ကြားဝယ် ချစ်ခြင်းမေတ္တာနှင့် သနားကြင်နာ စာ
နာထောက်ထား လေးစားခင်မင်ရင်းနှီးမှုများကို ထည့်သွင်းပေးထားတော်မူသည်။

အထက်ပါအာယသ်တော်ကို ထောက်ရှုခြင်းအားဖြင့်
(၁) အမျိုးသမီးများသည် အမျိုးသားတို့ နှင့် မျိုးတူဘဝတူ ဖြစ်ကြောင်း၊ 

(၂) အမျိုးသမီးများသည် အမျိုးသားတို့ အား ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစေကြောင်း၊ 

(၃) အမျိုးသားများနှင့် အမျိုးသမီးများ၏ ဆက်ဆံရေးသည် ချစ်ခြင်းမေတ္တာနှင့် သနားကြင်နာ ထောက်ထားစာနာ လေးစားခင်မင်ရင်နှီးမှုများအပေါ်၌ တည်ရှိနေကြောင်းကောင်းစွာသိရှိနိုင်ပေသည်၊

အမျိုးသမီးများသည် အချို့ သူများ ထင်မှတ်နေကြသကဲ့သို့  အမျိုးသားတို့ ၏ အစေခံခိုင်းဖတ် မဟုတ်ကြပေ။ အမှန်မှာ အမျိုးသမီးများသည် အမျိုးသားတို့ အဖို့  ခင်မင်ရင်းနှီးစွာ ဆက်ဆံပေါင်းသင်းရမည့် မျိုးတူဘဝတူကြင်ဖက်များ ဖြစ်ကြပေသည်။ 

ဤသည်လည်း အလ္လာအရှင်မြတ်၏ တန်ခိုးတော် သက်သေလ္ခဏာတပါးပင်။

စိုးလွင်ဦး (FB) , KOLATT(PBDN)
RangonNewsDaily

No comments:

Post a Comment