Pages

Pages - Menu

Wednesday, May 14, 2014

ခ်ယ္ဆီးတိုက္စစ္မွဴး ဒမ္ဘာဘာ ဗလီတစ်လုံးဆောက်လုပ်လှူဒါန်း


RangonNewsDaily: May . 14 .2014
ချယ်ဆီးတိုက်စစ်မှူးနဲ့ ဆီနီဂေါအမျိုးသားလက်ရွေးစင် ဒမ်ဘာဘာဟာ သူ့မိဘတွေရဲ့ ဇာတိ ဆီနီဂေါမှာ ဗလီတစ်လုံးဆောက်လုပ်လှူဒါန်းခဲ့ပါတယ်။
“ဘောလုံးသမားတစ်ယောက်ဖြစ်ရတာထက် မွတ်စလင်တစ်ယောက်ဖြစ်ရတာက ပိုပြီး အရေးကြီးပါတယ်” လို့ ဒမ်ဘာဘာက Independent သတင်းဌာနဲ့ အင်တာဗျူးမှာ ပြောကြားလိုက်တာပါ။

“ကောင်းမွန်တဲ့ မွတ်စလင်ဆိုတာ လူကောင်းတစ်ယောက်ပဲ၊ ဒါကြောင့် ကျွန်တာ် လူကောင်းတစ်ယောက်ဖြစ်ဖို့ ကြိုးစားနေပါတယ်”လို့ သူက ဆိုပါတယ်။

ဒမ်ဘာဘာဟာ ဆီနီဂေါအမျိုးသားလက်ရွေးစင်လည်းဖြစ်သလို ပရီးမီးလိဂ်ရဲ့ ချယ်ဆီးအသင်းမှာလည်း တိုက်စစ်မှူးတစ်ဦးအနေနဲ့ ပါဝင်ကစားနေပါတယ်။ ဘာသာတရားကိုင်းရှိုင်းတဲ့ မွတ်စလင်တစ်ဦးဖြစ်တဲ့ ချယ်ဆီးကြယ်ပွင့် ဒမ်ဟာ သူ့ရဲ့ ဂိုးတွေသွင်းပြီးတိုင်းမှာ ဘုရားသခင်ကို ရိုကျိုးတဲ့ ဦးချမှုတွေကို ပြုလုပ်လေ့ရှိပါတယ်။


ဗလီဝတ်ကျောင်းဆောင်တစ်ခုကို ဆောက်လုပ်လှူဒါန်းဖို့ ဒမ်က ရန်ပုံငွေ မတည်ခဲ့တဲ့သတင်းဟာ ပြီးခဲ့တဲ့အပတ်က ဆီနီဂေါမီဒီယာတွေမှာ ပျံ့နှံ့လာခဲ့ပါတယ်။ ဗလီဖွင့်ပွဲကို လာမည့်အပတ်အတွင်း ကျင်းပနိုင်မယ်လို့ မျှော်လင့်ရပါတယ်။

ဒမ်ဘာဘာဟာ ပရီးမီးယားလိဂ်မှာ ကစားနေတဲ့ မွတ်စလင်ဘောလုံးကြယ်ပွယ် ၄၀ အနက်က တစ်ဦးအပါအ၀င်ဖြစ်ပါတယ်။ အင်္ဂလိပ်ဘောလုံးလောကမှာ မွတ်စလင်ကစားသမား ပါဝင်ခဲ့မှုကို ပြန်ကြည့်မယ်ဆိုရင် ၁၉၉၂ ခုနှစ်တုန်းက မွတ်စလင်ကစားသမားဆိုလို့ စပါးအသင်းမှာကစားတဲ့ စပိန်ကွယ်လယ်လူ နေယင် တစ်ဦးထဲသာရှိခဲ့ပါတယ်။

ဘာသာပြန် - စိုင်ဖုလ္လာဟ်
(Myanmar Muslim Media) ::--
KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment