Pages

Pages - Menu

Friday, April 5, 2013

"မြန်မာ့ဒီမိုကရေစီအရေး နော်ဝေးမှာ ပြန်လည်လှုပ်ရှားမည်”

"မြန်မာ့ဒီမိုကရေစီအရေး နော်ဝေးမှာ ပြန်လည်လှုပ်ရှားမည်”

လာမဲ့ မေလကစပြီး မြန်မာ့နိုင်ငံရေးအခြေအနေမှန်များ နော်ဝေးပြည်သူများပိုမို သိရှိအောင် လှုံ့ဆော် လုပ်ဆောင်သွားမယ်လို့ နော်ဝေးနိုင်ငံမှာ နေထိုင်နေတဲ့ အဆိုတော် ကိုမွန်းအောင်က ပြောပါတယ်။ သူနဲ့ သူ့မိတ်ဆွေ များနဲ့ အတူ ဒီမိုကရေစီမြတ်နိုးသူတွေ စုစည်းပြီး မြန်မာ့ လက်ရှိနိုင်ငံရေး အခြေအနေမှန်များကို နော်ဝေးမီဒီယာများမှဖြစ်စေ၊ ပြည်သူတွေနဲ့ တိုက်ရိုက်ထိစပ်ပြီးဖြစ်စေ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ 

“ လာမဲ့ မေလ ၄ရက်နဲ့ ၅ ရက်နေ့တွေမှာ သမ္မတကြီး ဦးသိန်းစိန် နိုဘယ်ဆု မရရေး ကင်ပိန်းတခုကို ကျနော်တို့စပြီးလုပ်ရှားမယ်၊ တချိန်ထဲမှာပဲ နော်ဝေးအစိုးရနဲ့ ပြည်သူတွေကို ထိစပ်ပြီး ဒီကနေ့ ဗမာပြည်မှာ ဖြစ်နေတဲ့ နိုင်ငံရေးအခြေအနေမှန်ကို အသိပေး လှုံ့ဆော်သွားမယ်” လို့ ကိုမွန်းအောင်ကပြောတယ်။ ကိုမွန်းအောင်နဲ့ မြန်မာ့ဒီမိုကရေစီအရေး တက်ကြွသူတွေဟာ လာမဲ့ မေလ ပထမပတ်ကစပြီး အော်စလိုမြို့လည် လူစည်ကားတဲ့ လမ်းမတွေမှာ ပိုစတာတွေ ကိုင် တီရှပ်တွေဝတ်ဆင်ပြီး တော်လှန်ရေးတေးသီချင်းတွေ သီဆိုရင်း စစ်အစိုးရ အသွင်ပြောင်း အာဏာရအစိုးရသစ် နောက်ကွယ်က မြန်မာပြည်ဆိုင်ရာ နိုင်ငံရေးအခြေအနေမှန်တွေကို ပုံနှိပ်ဖော်ပြထားတဲ့ လက်ကမ်းစာစောင်များလည်း ဖြန့်ချိသွားမယ်လို့ သိရပါတယ်။

“ ကျနော်တို့ တိုက်ပွဲက မပြီးသေးဖူး၊ ပြည်ပမှာ လုပ်ရမဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေ ရှိနေသေးတယ်၊ ဒီကနေ့ အာဏာယူထားတဲ့ အစိုးရက သန့်ရှင်းတဲ့ အစိုးရမဟုတ်သေးဖူး၊ သူတို့လက်မှာ သွေးတွေစွန်းပေနေတုံးပဲ၊ ပြီးတော့ လွန်ခဲ့တဲ့ အတိတ်က သူတို့မှားခဲ့တာကို ဘာတခုမှ ပြည်သူကို ၀န်ချတောင်းပန်တာ မရှိဖူး၊ ကမ္ဘာအရပ်ရပ်က အစိုးရသစ်ခေါင်းဆောင်တွေဟာ အရင်အစိုးရတုံးက အမှားတွေကို ပြည်သူတွေဆီ ၀န်ချတောင်းပန်တတ်တဲ့ သာဓကတွေရှိတယ်။ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းတခု တည်ထောင်ချင်ရင်၊ ပြည်သူတွေနဲ့ ယုံကြည်မှု တည်ဆောက်ချင်ရင် ဒါတွေက မဖြစ်မနေ လုပ်ရမယ်၊ မြန်မာအစိုးရက လူထုအပေါ် မောက်မာနေတုံးပဲ”လို့ ကိုမွန်းအောင်က ဝေဖန်ခဲ့တယ်။ 

နော်ဝေးနိုင်ငံအခြေစိုက် မီဒီယာများကလည်း လက်ရှိမြန်မာ့အရေး ကိစ္စများနဲ့ ပြည်တွင်း ပဋိပက္ခတွေကို နော်ဝေးပြည်သူများ သိရှိအောင်ဖော်ပြမှု အတော်နည်းနေပါတယ်။ မြန်မာနိုင်ငံမှာဖြစ်ခဲ့တဲ့ စစ်တွေအရေးအခင်း၊ မိတ္ထီလာအဓိကရုဏ်း၊ လက်ပံတောင်းတောင် တင်းမာမှု သတင်းတွေကို နိုင်ငံတကာမီဒီယာများနဲ့ ဒိန်းမတ်၊ ဆွီဒင် ရုပ်မြင်သံကြားနဲ့ သတင်းစာတွေက ဖော်ပြခဲ့ပေမဲ့ နော်ဝေးနိုင်ငံမှာတော့ သတင်းစာတစောင်က မထင်မရှား သတင်းတိုလေးအနေနဲ့သာ ဖော်ပြခဲ့ပါတယ်။ ဒါ့အပြင် လွန်ခဲ့သော ဖေဖေါ်ဝါရီလနောက်ဆုံးအပတ် သမ္မတဦးသိန်းစိန်ရဲ့ အော်စလိုခရီးစဉ်အတွင်း မြန်မာ့အရေးတက်ကြွသူများရဲ့ ကန့်ကွက်ဆန္ဒပြမှုကိုလည်း နော်ဝေးမီဒီယာများနဲ့ အော်စလိုအခြေစိုက် DVB သတင်းဌာနက သတင်းထုတ်လွှင့်မှု မရှိပါဘူး။ 
နော်ဝေးနိုင်ငံ မီဒီယာတချို့နဲ့ အစိုးရအပါအ၀င် အဖွဲ့အစည်းတချို့ဟာ မြန်မာ့နိုင်ငံ ပကတိအခြေအနေကို မသိချင်ယောင်နေတယ်လို့် လည်း ကိုမွန်းအောင်က စွတ်စွဲပြောဆိုလိုက်ပါတယ်။ 

“ နော်ဝေးနိုင်ငံဟာ မြန်မာပြည်အရေးမှာ တက်တက်ကြွကြွ အားပေးနေတယ်ဆိုပေမဲ့ ဗမာပြည်မှာ ဖြစ်နေတဲ့ ပကတိအနေအထားမှန် သတင်းတွေကို သူ့ပြည်သူတွေသိအောင် မပြောဘူး၊ ကျနော့်မိတ်ဆွေတချို့ကို ကျနော်ပြန်ပြောပြတော့ သူတို့အဲဒါတွေ မသိကြဘူးလို့ ပြောပြတယ်။ ဒီတော့ ကျနော်တို့ နော်ဝေးမီဒီယာတွေကို သိအောင် ချည်းကပ်ရမယ်၊ မြန်မာနိုင်ငံကို ထောက်ပံ့ကူညီနေတဲ့ တခြားNGO အဖွဲ့တွေကိုလည်း ဒီထက်ပွင့်လင်းမြင်သာမှု ရှိစေမဲ့ သတင်းထုတ်ပြန်မှုတွေ ဆောင်ရွက်ဖို့ တိုက်တွန်းမယ်။” 

ကိုမွန်းအောင်က ဆက်လက်ပြီး မိမိတို့ဟာ အစိုးရ လုပ်တာမှန်သမျှ မကောင်းမြင်စိတ်နဲ့ ကန့်ကွက်နေတာ မဟုတ်ကြောင်း၊ ဒီကနေ့အစိုးရရဲ့ အပြောင်းအလဲဟာ ဦးနေ၀င်းရဲ့ တပါတီအာဏာရှင် မဆလခေတ်က အခြေအနေနဲ့ အခွင့်အရေးလောက်တောင် မရှိသေးဘူးလို့ ပြောဆိုပါတယ်။ နော်ဝေးနိုင်ငံရဲ့ နွေရာသီ ကာလအတွင်း ယခုလို နိုင်ငံရေးပြန်လည်လှုပ်ရှားမယ့် အစီအစဉ်တွေဟာ အရင်က မြန်မာ့ ဒီမိုကရေစီရေး အတွက် ဦးဆောင်လှုပ်ရှားနေတဲ့ (NBC) နော်ဝေး-မြန်မာကောင်စီ အဖွဲ့နဲ့ ပတ်သက်မှု မရှိသလို သူတို့ရဲ့ အစီအစဉ်လည်း မဟုတ်တဲ့အကြောင်း၊ အဆိုပါ NBC မှ ၀င်ရောက် ပတ်သက်မှုကိုလည်း လက်ခံမှာ မဟုတ်ကြောင်း၊ မြန်မာပြည်သူတွေရဲ့ လိုအင်ဆန္ဒနဲ့ မကိုက်ညီတဲ့အပြင် အာဏာရအစိုးရ စိတ်ကြိုက်ဖြည့်ဆည်း လုပ်ကိုင်နေတဲ့ မည်သည့် NGO အဖွဲ့အစည်းနဲ့မှ မိမိတို့ဟာ ဆက်သွယ်ပူးပေါင်းမှာ မဟုတ်ကြောင်း ကိုမွန်းအောင်က ပြောဆိုခဲ့ပါတယ်။

ကိုညို ( အော်စလို)

လာမဲ့ မေလကစပြီး မြန်မာ့နိုင်ငံရေးအခြေအနေမှန်များ နော်ဝေးပြည်သူများပိုမို သိရှိအောင် လှုံ့ဆော် လုပ်
ဆောင်သွားမယ်လို့ နော်ဝေးနိုင်ငံမှာ နေထိုင်နေတဲ့ အဆိုတော် ကိုမွန်းအောင်က ပြောပါတယ်။ သူနဲ့ သူ့မိတ်
ဆွေ များနဲ့ အတူ ဒီမိုကရေစီမြတ်နိုးသူတွေ စုစည်းပြီး မြန်မာ့ လက်ရှိနိုင်ငံရေး အခြေအနေမှန်များကို နော်
ဝေးမီဒီယာများမှဖြစ်စေ၊ ပြည်သူတွေနဲ့ တိုက်ရိုက်ထိစပ်ပြီးဖြစ်စေ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ သိရပါ
တယ်။

" မြောက်ကိုရီးယား၏ရန်စမှုအား စစ်ရေးအရ ပြင်းပြင်းထန်ထန်တုံ့ပြန်ရန် တောင်ကိုရီးယား ပြင်ဆင် "

" မြောက်ကိုရီးယား၏ရန်စမှုအား စစ်ရေးအရ ပြင်းပြင်းထန်ထန်တုံ့ပြန်ရန် တောင်ကိုရီးယား ပြင်ဆင် "

မြောက်ကိုရီးယား၏ မည်သည့်ရန်စကျူးကျော်မှုကိုမဆို စစ်ရေးအရ ပြင်းပြင်းထန်ထန်တုံ့ပြန်သွားရေးအတွက် တောင်ကိုရီးယားသမ္မတက စစ်တပ်အား ညွှန်ကြားထားကြောင်း သိရသည်။
	
''တိုင်းပြည်နဲ့ ပြည်သူတွေ အပေါ် တစ်စုံတစ်ရာ ရန်စမှုတွေ ရှိလာရင် စစ်တပ်ဟာ နိုင်ငံရေးကိစ္စ ရပ်တွေကို ထည့်မစဉ်းစားဘဲနဲ့ ပြင်းပြင်းထန်ထန် တုံ့ပြန်သင့်တယ်'' ဟု သမ္မတပတ်ဂွမ်ဟီးက ပြောဆိုခဲ့ကြောင်း ယွန်ဟက်တင်း အေဂျင်စီက ဖော်ပြထားသည်။ တောင်ကိုရီးယားနှင့် မြောက်ကိုရီး ယားတို့ စစ်မက်ဖြစ်ပွားနိုင်သည့် အခြေအနေတွင်ရှိသည်ဟု ကင်ဂျုံ အမ်ကဆိုခဲ့ပြီး နှစ်နိုင်ငံကြား မည် သည့်ကိစ္စရပ်ကိုမဆို ယင်းကာလ အခြေအနေတိုင်းသာ ဆောင်ရွက် မည်ဟုပြောဆိုခဲ့ခြင်းကို တုံ့ပြန်ပြောဆိုခြင်း ဖြစ်သည်။

''ကြည့်လေ၊ မြောက်ကိုရီး ယားရဲ့ မကြာသေးခင်က ခြိမ်း ခြောက်မှုတွေဟာ ဘယ်လောက် ဆိုးရွားပြင်းထန်လဲ'' ဟု သမ္မတပတ်က ဆိုသည်။
တောင်နှင့်မြောက်ကိုရီးယားနှစ်နိုင်ငံကြား စစ်မက်ရေးရာ တင်းမာမှုများ မြင့်တက်လာပြီးနောက် မြောက်ကိုရီးယားက အမေရိကန် နှင့်တောင်ကိုရီးယားအပေါ် ရန်လို မှုများ ပိုမိုပြုလုပ်လာနေသည်ဟု သိရသည်။
	
မကြာသေးမီက ပြုလုပ်ခဲ့သော တောင်ကိုရီးယားနှင့် အမေရိကန် ပူးတွဲ စစ်ရေးလေ့ကျင့်မှုကို ဆန့်ကျင်သောအားဖြင့် ကိုရီးယား ကျွန်းဆွယ်စစ်ပွဲရပ်ဆိုင်းရေး စာချုပ်ကို တစ်ဖက်သတ်ဖျက် သိမ်း 
ကြောင်းမြောက်ကိုရီးယားတို့က ထုတ်ပြန်ကြေညာခဲ့သည်။ထို့ပြင် အမေရိကန် မြို့ကြီးများသို့ ပစ်ခတ်နိုင်သည့် ဒုံးကျည်များပြမြေပုံကိုလည်း မြောက်ကိုရီးယား နိုင်ငံပိုင်သတင်းစာက ထုတ် 
လွှင့်သွားခဲ့သည်။   

PN-055

မြောက်ကိုရီးယား၏မည်သည့်ရန်စကျူးကျော်မှုကိုမဆိုစစ်ရေးအရ ပြင်းပြင်းထန်ထန်တုံ့ပြန်သွားရေးအတွက်
တောင်ကိုရီးယားသမ္မတက စစ်တပ်အား ညွှန်ကြားထားကြောင်း သိရသည်။

မြောက်ကိုရီးယားအစိုးရ၏ Twitter နှင့် Flickr ကို Hacker များ ထိန်းချုပ်

kim-north-korea
(Flickr တွင် တင်ထားသည့် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းကို လှောင်ပြောင်သရော်ထားသည့်ပုံ)
မြောက်ကိုရီးယားအစိုးရ၏Twitterနှင့်Flickrရှိဝါဒဖြန့်accountများကိုHackerများကထိန်းချုပ် ရယူသွားကြောင်း သိရှိရသည်။အာရှတိုက်အရှေ့ပိုင်းရှိအထီးကျန်ကွန်မြူနစ်နိုင်ငံသည်စစ်ပွဲအတွက် ကြိမ်းမောင်းမှုများ ပြုလုပ်
နေစဉ်တွင် Anonymous Hackerအဖွဲ့က ၎င်းတို့၏ Accountများကို ထိန်းချုပ် သိမ်းယူသွားခြင်း ဖြစ်သည်။

မြောက်ကိုရီးယားကျွန်းဆွယ်နောက် ဆုံးအခြေအနေ

မြောက်ကိုရီးယားကျွန်းဆွယ်နောက်ဆုံးအခြေအနေ
*******
မြောက်ကိုရိယားက သူရဲ့ အဏုမြုဒုံးကျည်တွေကို အမေရိကန်ပြည်ထောင်စုက အခြေပြုထားတဲ့ ပစိဖိတ်အခြေစိုက်ဒေသဘက်ကို ချိန်ရွယ်ဖို့ 
သူရဲ့ အေ၇ှ့ ကမ်း၇ိုးတန်းကို သယ်ယူလာနေပါတယ်။ 
ဒါကြောင့် ပြုံယမ်းမြို့ တော်မှာရှိတဲ့ ဗြိတိန်နဲ့ ရုရှသံရုံးတွေကို ဘေးလွတ်ရာကို ရွေ့ ပြောင်းကြဖို့ သတိပေးလိုက်ပါပြီ။

မြောက်ကိုရီးယားရဲ့ အဓိကမဟာမိတ်ဖြစ်တဲ့ တရုပ်နိုင်ငံကတော့ာမြောက်ကိုရိယားကို သည်းခံနိုင်စွမ်းကုန်ဆုံးပြီး အမေရိကန်နဲ့ မဟာမိတ်တွေဘက်ကပါလာပြီလို့ သိရပါတယ်။

မြောက်ကိုရိယားခေါင်းဆောင်Kim Jong-un ကတော့ စစ်တပ်က အာဏာတက်သိမ်းမှာစိုးရိမ်ပြီး သူရဲ့ လုံခြု့ရေးကို အထူးတိုးမြှင့်ထားတယ်လို့ တောင်ကိုရီးယားဘက်က ထောက်လှမ်းရေးသတင်းတွေက ဆိုပါတယ်။

ဒီနေ့ထုတ် Telegraph သတင်းစာထဲက သတင်းတွေကို 
ထားထားမြင့်( Burma Newselite) စုစည်းတင်ပြထားတာပါ

မြောက်ကိုရိယားက သူရဲ့ အဏုမြုဒုံးကျည်တွေကို အမေရိကန်ပြည်ထောင်စုကအခြေပြုထားတဲ့ ပစိဖိတ်အ
ခြေစိုက်ဒေသဘက်ကို ချိန်ရွယ်ဖို့ သူရဲ့ အေ၇ှ့ ကမ်း၇ိုးတန်းကို သယ်ယူလာနေပါတယ်။ဒါကြောင့် ပြုံယမ်းမြို
တော်မှာရှိတဲ့ ဗြိတိန်နဲ့ ရုရှသံရုံးတွေကို ဘေးလွတ်ရာကို ရွေ့ ပြောင်းကြဖို့ သတိပေးလိုက်ပါပြီ။

ဧပြီ ၂၄ ရက် စရောင်းမည့် CDMA 800 MHz ကို 0931 နဲ့စပြီး စုစုပေါင်း နံပါတ် ၁၀ လုံး ပါဝင်မည်

ဧပြီလ၂၄ရက်ရက်နေ့ကစပြီးပြည်နယ်နှင့်တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်နဲ့ ရောင်းချပေးမှာ ဖြစ်တယ်၊ 
ရောင်းချပေးမယ့်နံပါတ်တွေကတော့800MHzကို0931 နဲ့စပြီး စုစုပေါင်း နံပါတ် ၁၀ လုံး ပါဝင်မှာ ဖြစ်ပါတယ်။ တယ်လီဖုန်းလျှောက်ထားဖို့မှတ်ပုံတင်မိတ္တူ၊အိမ်ထောင်စုစာရင်းနဲ့အတူလစဉ်အလုံးရေ သုံးသိန်းခွဲ ရောင်းချ
ပေးမှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

အိန္ဒိယနိုင်ငံတွင် ဆောက်လက်စတိုက် ပြိုကျမှုကြောင့် လူ ၃၁ ဦး သေဆုံး


အိန္ဒိယနိုင်ငံ၏ အဓိက စီးပွားရေး မြို့တော်ကြီး တစ်ခုဖြစ်သော မွမ်ဘိုင်းတွင် လူနေတိုက်တာ အဆောက်အ
အုံတစ်ခု ပြိုကျခဲ့ရာ လူပေါင်း (၃၁)ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။ အိန္ဒိယ
၏အကြီးဆုံး မြို့ကြီးလည်းဖြစ်သောမွမ်ဘိုင်းတွင် ကြာသပတေးနေ့ မွန်းလွဲပိုင်းက မွမ်းမံ ဆောက်လုပ်နေဆဲ
တိုက်တစ်လုံး ပြိုကျခဲ့ခြင်း ဖြစ်သည်။

ဧပြီ ၅ မှ ၁၃ ရက်နေ့ထိ စက်ရုံများ၊ စက်မှုဇုန်များနှင့် လုပ်ငန်းများ လျှပ်စစ်မီး ပြတ်တောက်မည်

5/Apr/2013

လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၊ မြန်မာ့လျှပ်စစ်ဓာတ်အားလုပ်ငန်း ဓာတ်ငွေ့၊ ရေနွေးငွေ့ဌာန အောက်ရှိ သဘာဝဓာတ်ငွေ့၊ ဓာတ်အားပေး စက်ရုံများကို စွမ်းအင်ဝန်ကြီးဌာနမှ ပေးပို့နေသည့် သဘာဝဓာတ်ငွေ့ ကုဗပေ ၁၆၅ သန်းခန့် လျော့နည်းသွားမည်ဖြစ်ပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု ၃၃၀ မဂ္ဂါဝပ် လျော့နည်းမည် ဖြစ်ရာ စက်ရုံများ၊ စက်မှုဇုန်များတွင် ကုန်ထုတ်လုပ်မှု လုပ်ငန်းများသို့ ဓာတ်အားဖြန့်ဖြူးမှု ဧပြီ ၅ မှ ၁၃ အထိ ခေတ္တရပ်ဆိုင်းထားမည် ဖြစ်ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် တရုတ်နိုင်ငံလုပ် လက်နက်ပုန်းသေနတ်များ ဖမ်းဆီးရမိ

Friday, April 5, 2013

၎-၄-၂၀၁၃ ရက်နေ့ ၁၃၃၀ အချိန် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများနှင့်အတူ မြိတ်မြို့၊ နောက်လယ်ရပ်ကွက်၊ (၁၀)လမ်း ရှိ ““ဦးချစ်ဟို”” ဆောက်လုပ်ရေး/လျှပ်စစ်/အိမ်သုံးပစ္စည်းအရောင်းဆိုင်အား ၀င်ရောက်ရှာဖွေခဲ့သည်။

လုံခြုံရေးအကူအညီဖြင့် ဘာသာရေးစတေကာများအား လူငယ်များ ဖြန့်ဝေနေ

လုံခြုံရေးအကူအညီဖြင့် ဘာသာရေးစတေကာများအား လူငယ်များ ဖြန့်ဝေနေ
Friday, April 5, 2013

ပြည်တွင်းရှိ လူငယ်အန်ဂျီအိုအဖွဲ့အစည်းအချို့က မြန်မာနိုင်ငံတွင်း ဖြစ်ပေါ်နေသည့် ပဋိပက္ခများ ငြိမ်းအေးစေ ရေးအတွက် ဘာသာရေးဆိုင်ရာ စတစ်ကာများကို အာဏာပိုင်အချို့၏ လုံခြုံရေးအကူအညီဖြင့် မြို့နယ်(၃)ခု နေ ပြည်သူများထံသို့ ဧပြီလ (၅)ရက်နေ့ နံနက်(၈)နာရီမှ စတင်ကာ ဝေငှလျက်ရှိကြောင်း ရှိသည်။

လူငယ်အန်ဂျီအိုအဖွဲ့အချို့မှ လိုက်လံဝေသည့် စတစ်ကာများမှာ “ ဘာသာ ၊ လူမျိုး မခွဲခြား မြန်မာနိုင်ငံသား “ နှင့် “ကျွနိုပ်ကြောင့်…လူမျိုးရေး ၊ ဘာသာရေး ပဋိပက္ခ မဖြစ်စေရ…” ဟူသည့် စတစ်ကာများဖြစ်သည်။

“မငြိမ်မသက်ဖြစ်နေတဲ့ ပဋိပက္ခတွေကြောင့် အမြန်ဆုံး ငြိမ်းချမ်းချင်တဲ့စိတ်နဲ့ ကျွန်တော်တို့ လုပ်တာပါ။ ဒီကိစ္စတွေ ငြိမ်းချမ်းဖို့ သမ္မတမိန့်ခွန်းအရ ကျွန်တော်တို့ ကူညီတာပါ။” ဟု မဇ္ဈိမလူငယ်ကွန်ယက်မှ အဖွဲ့ဝင် မောင်အောင်နိုင်စိုးက ပြောသည်။

မဇ္ဈိမလူငယ်ကွန်ယက် ၊ ပန်းပျိုးလက်နှင့် ကချင်ပြည်နယ် လိုင်ဇာသို့လမ်းလျှောက်ချီတက်ခဲ့သည့် အဖွဲ့များ အပါအ၀င် အခြားလူငယ်အန်ဂျီအို အဖွဲ့ဝင် (၄၀)၀န်းကျင်ခန့်က ကမာရွတ်မြို့နယ်ရှိ လှည်းတန်း ၊ စမ်းချောင်း မြို့နယ်မြေနီကုန်းနှင့် မင်္ဂလာတောင်ညွှန့်မြို့နယ် မင်္ဂလာဈေးနှင့် ယုဇနပလာဇာများသို့ သွားရောက်ကာ စတစ်ကာများ ပေးဝေမည်ဖြစ်ကြောင်း မဇ္ဈိမလူငယ်ကွန်ယက်က သိရှိရသည်။

အန်ဂျီအိုလူငယ်အချို့သည် စတစ်ကာများကို ပြည်သူထံသို့ ဝေငှရန် သက်ဆိုင်ရာအာဏာပိုင်များနှင့် မြန်မာငြိမ်းချမ်းရေး စင်တာ (Myanmar Peace Centre) သို့အကြောင်းကြားကာ သက်ဆိုင်ရာ အာဏာပိုင်များ မှလည်း အဆိုပါ အန်ဂျီအိုလူငယ်များကို အရပ်ဝတ်များဖြင့် လုံခြုံရေးတာဝန်ယူပေးလျက်ရှိသည်ဟု ၄င်းက ဆက်ပြောသည်။

“ ခွင့်ပြုချက် တောင်းထားပြီးသားပါ ကျွန်တော်တို့မှာလည်း လုံခြုံရေးပါ ပါတယ်။ အာဏာပိုင်လုံခြုံရေး ထည့်ပေးထားပါတယ်။ Myanmar Peace Centre ကို အကြောင်းကြားထားပါတယ်။ အဲ့ဒီကနေ တစ်ဆင့် နယ်မြေခံတွေနဲ့ ကျွန်တော်တို့ကို ချိတ်ပေးထားပါတယ်။ ယူနီဖောင်း မဟုတ်ဘဲ အရပ်ဝတ်နဲ့ အာဏာပိုင်တွေ ပါပါတယ်။” ဟု အောင်နိုင်စိုးက ပြောသည်။

နိုင်ငံတော်သမ္မတအနေဖြင့် ပြည်တွင်း၌ တည်ငြိမ်အေးချမ်းမှုမရှိဘဲ ဆူပူမှုများ ဖြစ်ပေါ်နေမည်ဆိုပါက တိုင်းပြည် အတွက် အခွင့်အလမ်းများ ဆုံးရှုံးနိုင်ကြောင်း စည်းကမ်းရှိသည့် ဒီိမိုကရေစီ ဖြစ်ပေါ်လာစေရန် ပြည်သူအားလုံး ၀ိုင်းဝန်းကူညီပံ့ပိုးပေးရန်လိုအပ်ကြောင်း ၂၀၁၃ခုနှစ် မတ်လ (၃)ရက်နေ့တွင် နိုင်ငံတော်သမ္မတမှ ရေဒီယိုက တစ်ဆင့် မိန့်ခွန်းပြောပြချက်အရ သိရှိရသည်။

“တိုင်းပြည်တည်ငြိမ်အေးချမ်းမှု မရှိဘဲ ဆူဆူပူပူဖြစ်နေရင်တော့ ကျွန်တော်တို့ တိုင်းပြည်အတွက် အခွင့် အလမ်းတွေ ဆုံးရှုံးသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် မိဘပြည်သူများအားလုံးက တိုင်းပြည်တည်ငြိမ်အေးချမ်းမှု ရှိအောင် ၀ိုင်းဝန်ကူညီဆောင်ရွက်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်” ဟု မတ်လ (၃၁)ရက်နေ့၌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မိန့်ခွန်းပြောကြားခဲ့သည်။

လူငယ်အန်ဂျီအိုများအနေဖြင့်လည်း သမ္မတဦးသိန်းစိန်၏ မိန့်ခွန်းအရ စတစ်ကာဝေငှခြင်းဖြင့် ငြိမ်းချမ်းရေးရရှိ ရန် ကြိုးပမ်းနေပြီး ပြည်သူများအနေဖြင့်လည်း ငြိမ်းချမ်းရေးအတွက် ပါဝင်လာစေရန် ရည်ရွယ်ကာ ညနေ(၅)နာရီ အထိ ပြည်သူများထံသို့ ဝေငှသွားမည်ဖြစ်ကြောင်း သိရှိရသည်။

Myit Makha Mediagroup

Re-Post By ACM 5-4-2013
အေးချမ်းမွန် Credit & Copy From >  Myanmar Online News<< Thank
ကျွန်ုပ်ကြောင့် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခမဖြစ်စေရ
Friday, April 5, 2013

ပြည်တွင်းရှိလူငယ်အန်ဂျီအိုအဖွဲအစည်းအချို့က မြန်မာနိုင်ငံတွင်း ဖြစ်ပေါ်နေသည့်ပဋိပက္ခများငြိမ်းအေးစေ
ရးအတွက် ဘာသာရေးဆိုင်ရာ စတစ်ကာများကို အာဏာပိုင်အချို့၏ လုံခြုံရေးအကူအညီဖြင့် မြို့နယ်(၃)
ခု နေ ပြည်သူများထံသို့ ဧပြီလ (၅)ရက်နေ့ နံနက်(၈)နာရီမှ စတင်ကာ ဝေငှလျက်ရှိကြောင်း ရှိသည်။

ဂျပန်နိုင်ငံက အနာဂတ်မှာထုတ်လုပ်မယ့် Lexus LF-LC ခေါ် Lexus ဇိမ်ခံ ကား

ဒီဇိုင်းလန်းတဲ့ Lexus LF-LC

ဧပြီလ ၅ ရက် ၂၀၁၃

Lexus LF ဆိုတာ တိုယိုတာ ဂျပန်မှ အနာဂတ်မှာ ထုတ်လုပ်မယ့် Lexus ဇိမ်ခံ ကားများ ဖြစ်ပါတယ်။

ယင်းကားထဲမှာမှ ဒီဇိုင်းခပ်လန်းလန်း တစ်စီးကတော့ Lexus LF-LC ဖြစ်ပါတယ်။ ၂၀၁၂၊ ဇန်နဝါရီလက ဒတ်ထရွိုက်မော်တော် ယာဉ် ပြပွဲမှာ ဝင်ရောက်ပြသမည့် ကား မဂ္ဂဇင်းတွေထဲမှာလည်း မျက်နှာဖုံးအနေနဲ့ ပါဝင်ခဲ့ပါတယ်။ ယခုထိတော့ ဈေးကွက် မရောက်ရှိ သေးပါဘူး။ သို့ပေမယ့် မကြာမီ ဖြန့်ချိတော့မှာ ဖြစ်ပါတယ်။

ပုံမှာ မြင်တွေ့ရတဲ့အတိုင်း ဒီဇိုင်းကတော့ အသားနားဆုံးပဲ ဖြစ် ပါတယ်။ ရှေ့ အင်ဂျင် နောက်ဘီးမောင်းစနစ်၊ အတွင်းခန်းတွင်၁၂ လက်မ LCD တပ် ထိန်းချုပ်စနစ်၊ တံခါးလက်ကိုင်တွင် စမတ်ဖုန်းအရွယ် Touch screen ထိန်းချုပ် စနစ် ပါဝင်၊ ဟိုင်းဘရစ် ကားအမျိုးအစား ဖြစ်ပါတယ်။

ဒီအတွက် အင်ဂျင်ပါဝါ ဘယ်လောက်ရှိမယ်။ ဟိုင်းဘရစ်ဘက်ထရီ ဘယ်လောက် စွမ်းမယ် ဆိုတာကိုတော့ အတိအကျ မကြေညာသေးပါဘူး။ သို့ပေမယ့် ပါဝါကြီးကြီး ကားတွေထဲမှာ ပါဝင်မှာ ဖြစ်တယ်လို့ ခန့်မန်းထားကြ ကြောင်း သိရပါတယ်။
--
Ref: autoblog
www.motors.com.mm

ဧပြီလ ၅ ရက် ၂၀၁၃

Lexus LF ဆိုတာ တိုယိုတာ ဂျပန်မှ အနာဂတ်မှာထုတ်လုပ်မယ့်Lexus ဇိမ်ခံ ကားများ ဖြစ်ပါတယ်။ယင်းကား
ထဲမှာမှ ဒီဇိုင်းခပ်လန်းလန်း တစ်စီးကတော့ Lexus LF-LC ဖြစ်ပါတယ်။ ၂၀၁၂၊ ဇန်နဝါရီလက ဒတ်ထရွိုက်
မ်ာတော်ယာဉ် ပြပွဲမှာဝင်ရောက်ပြသမည့် ကား မဂ္ဂဇင်းတွေထဲမှာလည်း မျက်နှာဖုံးအနေနဲ့ ပါဝင်ခဲ့ပါတယ်။ ယခုထိတော့ ဈေးကွက် မရောက်ရှိ သေးပါဘူး။ သို့ပေမယ့် မကြာမီ ဖြန့်ချိတော့မှာ ဖြစ်ပါတယ်။

၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ ကာလအတွင်း ပြည်ခိုင်ဖြိုးပါတီကို မဲပေးရန် မတရားခြိမ်းခြောက်ပြောဆိုခဲ့သည့် မြို့နယ်အဆင့်ရှိ ပါတီဝင်တစ်ဦး ပြစ်ဒဏ်ချမှတ်ခံရ

ရန်ကုန်၊ ဧပြီ ၅

၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ ကာလအတွင်း ပြည်ခိုင်ဖြိုးပါတီကို မဲပေးရန် မတရားခြိမ်းခြောက်ပြောဆိုခဲ့သည့် မြို့နယ်အဆင့်ရှိ ပါတီဝင်တစ်ဦးကို မင်္ဂလာတောင်ညွန့် တရားရုံးက အပြစ်ရှိကြောင်း ယနေ့တွင် ဆုံးဖြတ်ချက်ချ၍ ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း သိရသည်။ ခြိမ်းခြောက်ခံလိုက်ရသူ ဒေါ်သန်းသန်းဌေးက တရားလိုအဖြစ် တရားစွဲဆိုလိုက်သည့် အမှုအပေါ် တရားရုံးအနေဖြင့် ထိုသို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်ရာ တရားခံကို ဒဏ်ငွေ ကျပ် ၅၀၀၀ (သို့မဟုတ်) ထောင်ဒဏ် ၃ လ ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း တရားလိုက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

Android OS သုံး Laptop ကို Google ထုတ်လုပ်မည်

Android OS သုံး Laptop ကို Google ထုတ်လုပ်မည်

Google ရဲ့ Android OS နဲ့ Laptop ထုတ်တာဟာ ပထမဆုံးတော့ မဟုတ်တော့ပါဘူး။ 

၂၀၁၀ ခုနှစ်လောက်ကတည်းက ဂျပန် Tochiba မှ AC100 အမည်ရ Laptop ကို Android OS နဲ့ ထုတ်လုပ် ဖြန့်ချိခဲ့ဖူး ပါတယ်။ Asus Transformer Pad Infinity အမည်ရ Keyboard Dock ပါ Android Tablet ကလည်း Netbook တစ်လုံးလိုတောင် အသတ်မှတ်ခံ ရပါတယ်။ ဒီတော့ Android OS နဲ့ Laptop ထုတ်တယ် ဆိုတာ ပထမဆုံး မဟုတ်တော့ပါဘူး။ 

သို့ပေမယ့် Google ရဲ့  ကိုယ်ပိုင် Android OS နဲ့ ကိုယ်တိုင် Laptop လုပ်မယ်ဆိုတော့ အားလုံး စိတ်ဝင်စားကြပါတယ်။ Google Play Store လည်းပါမယ်။ Google ရဲ့  အခြားသော Service များလည်း ပါမယ်။ Android ဂိမ်းတွေ ဆော့လို့ရမယ် ဆိုတော့ တော်တော်လေး ကို ကောင်းတဲ့ အနေအထားပါ။ အသေးစား မိုဘိုင်းပစ္စည်းတွေ မှာပဲ ကောင်းကောင်း အလုပ်လုပ်တယ်လို့ သတ်မှတ်ထားကြတဲ့ Android ဟာ PC ပေါ်ရောက်လာနေပါပြီ။ သူကနေမှ အားသာချက် များ အားနည်းချက်များ ရှိပေမယ့် လက်ခံနိုင်လောက်တဲ့ အနေအထား တစ်ခုကို Google က ချပြနိုင်မယ်လို့ ယုံကြည် ထားကြပါတယ်။ 

Google ရဲ့  Android OS သုံး Laptop ကို ၂၀၁၃ ခုနှစ်အတွင်း ထုတ်လုပ် ဖြန့်ချိနိုင်အောင် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း သိရပါတယ်။ 
--
Digittime

Aung Kham (Stuff Myanmar)

Google ရဲ့ Android OS နဲ့ Laptop ထုတ်တာဟာ ပထမဆုံးတော့ မဟုတ်တော့ပါဘူး။
၂၀၁၀ ခုနှစ်လောက်ကတည်းက ဂျပန် Tochiba မှ AC100 အမည်ရ Laptop ကို Android OS နဲ့ ထုတ်လုပ် ဖြန့်ချိခဲ့ဖူး ပါတယ်။ Asus Transformer Pad Infinity အမည်ရ Keyboard Dock ပါ Android Tablet ကလည်း Netbook တစ်လုံးလိုတောင် အသတ်မှတ်ခံ ရပါတယ်။ ဒီတော့ Android OS နဲ့ Laptop ထုတ်တယ် ဆိုတာ ပထမဆုံး မဟုတ်တော့ပါဘူး။

နေပြည်တော်မှမန္တလေးသွား အာကာသ””ခရီးသည်တင်မှန်လုံယာဉ်နှင့် လိုက်ထရပ်အဖြူရောင်ယာဉ် ရန်ကုန်-မန္တလေး အမြန်လမ်း ပေါ်တွင်တိုက်မိ ၁ဦးသေ ၃ဦးဒဏ်ရာရ

၃-၄-၂၀၁၃ ရက်နေ့ ၀၅၀၀ အချိန် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ်(၂၃၈/၁-၂)ကြားတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်းသတင်းအရ ပန်းတင်ရဲစခန်းမှ တပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့ရာ နေပြည်တော်မှမန္တလေးသို့ ပြည်မြို့၊ တီတွတ်ရေနံမြေနေ တင့်ဆွေ(၄၂)နှစ်မောင်းနှင်လာသော၆ဃ/xxxx ““အာကာသ””ခရီးသည်တင်မှန်လုံယာဉ်မှ ရှေ့မှ မောင်းနှင်နေသည့် ၈ခ/xxxx လိုက်ထရပ်အဖြူရောင်ယာဉ်အားကျော်တက်စဉ် လိုက်ထရပ်ယာဉ်၏ ၀ဲဘက်နောက်ခြမ်းအား မှန်လုံယာဉ်၏ရှေ့ဘန်ကာနှင့်တိုက်မိသဖြင့် လိုက်ထရပ်ယာဉ်မှာ လမ်းယာဘက် ဘေးသို့ တိမ်းမှောက်သွားခဲ့ခြင်းဖြစ်ကြောင်း တွေ့ရှိရသည်။

မြောက်ကိုရီးယားနိုင်ငံနဲ့ တောင်ကိုရီးယားနိုင်ငံအကြား စစ်ဖြစ်ပွားပါက မြန်မာနိုင်ငံသားတွေကို အစိုးရကပြန်ခေါ်မည်

 ၅ ဧပြီ ၂၀၁၃
မြောက်ကိုရီးယားနိုင်ငံနဲ့ တောင်ကိုရီးယားနိုင်ငံအကြား စစ်ဖြစ်ပွားရင် တောင်ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားတွေရဲ့ အရေးကို ကူညီဖြေရှင်ပေးဖို့ ကိုရီးယားအခြေစိုက် မြန်မာသံရုံးက ပြောပါတယ်။မနေ့က သံအမတ် ဦးညွန့်လှိုင်ဟာ တောင်ကိုရီးယားနိုင်ငံအစိုးရတာဝန်ရှိသူတွေနဲ့ သွားရောက်တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သံရုံး ဒုတိယ အတွင်းဝန် ဒေါ်သင်းသင်းမြတ်က ရှင်းပြပါတယ်၊

Hate Speech (ခေါ်) လူတဦးတယောက် (သို့) အစု အဝေးတခုကို ဥပဒေဘောင် ပြင်ပမှ သွားပုတ်လေလွင့် ထုတ်ဖေါ်ပြောဆိုခြင်း

Hate Speech အကြောင်း တစေ့တစောင်း
============
Hate speech ၏အဓိပ္ပါယ်မှာ လူတဦးတယောက် (သို့) အစု အဝေးတခုကို ခွဲခြားနှိမ်ချလိုသော သဘောဖြင့် ထိုသူ (သို့) အစုအဝေးတခုအား ဥပဒေဘောင် ပြင်ပမှ သွားပုတ်လေလွင့် ထုတ်ဖေါ်ပြောဆိုခြင်းဖြစ်သည်။

 ဥပဒေ အရမူ Hate speech ဆိုသည်မှာ နှုတ်မှပြောဆိုသောစကားအမျိုးမျိုး၊ လက်ဟန်ခြေဟန်ပြ (သို့) အမူအယာ၊ အရေးအသား အမျိုးမျိုး (သို့) တဦးချင်း (သို့) အဖွဲ့ အစည်းတခုကို အကြမ်းဖက်မှု ဖြစ်ပေါ်စေသည့် (သို့) မလိုမုန်းထား ဘက်လိုက်စိတ်များဖြင့် လူတဦးတယောက်၏ (သို့) အဖွဲ့ အစည်းတခု၏ လုံခြုံမှုကို ဆန့်ကျင်သည့် အပြုအမှုကို တားမြစ်ထားသည့် သရုပ်ဖေါ်တင်ပြချက်များ ဖြစ်သည်။

 ထို Hate speech နှင့် စပ်လျဉ်း၍ ၁၉၆၆ ခုနှစ်တွင် International Covenant on Civil and Political Rights (ICCPR) ပြည်သူများ၏ ရပိုင်ခွင့်နှင့် နိုင်ငံရေး ဆိုင်ရာ အခွင့်အရေး အပြည်ပြည်ဆိုင်ရာညီလာခံ ကြီးပေါ်ပေါက်လာခဲ့ပါသည်။

 The International Covenant on Civil and Political Rights (ICCPR) သည် ၁၉၆၆ ခုနှစ် ဒီဇင်ဘာ ၁၆ရက်နေ့တွင် ကမ္ဘာ့ကုလသမ္ဂဂ၏ အထွေထွေညီလာခံမှ ပေါက်ဖွားလာသော ရှုထောင့်စုံပါဝင်သည့် အပြည်ပြည်ဆိုင်ရာ သဘောတူ ကြေငြာစာတမ်းကြီး ဖြစ်ပါသည်။ ထိုဥပဒေသည် ၁၉၇၆ခုနှစ် မတ်လ ၂၃ ရက်နေ့တွင် အာဏာသက်ဝင်သည်။

 ထိုညီလာခံမှ ချမှတ်ခဲ့သော သဘောတူကြေငြာစာတမ်း Article 20 တွင် “နိုင်ငံသား၊ လူမျိုးရေး (သို့) ဘာသာရေးနှင့် ဆက်နွယ်သည့် ခွဲခြား နှိမ်ချလိုသော၊ ရန်လိုသော၊ အကြမ်းဖက်လိုသော အမုန်းတရား တို့ကို လှုံ့ဆော်သည့် မည်သည့် ထောက်ခံမှု အားပေးမှုမဆို ဥပဒေအရတားမြစ်ရမည်။” ဟု ပြဌာန်းထားပါသည်။

 ထိုဥပဒေတွင် လူတဦးချင်းစီ၏ ရပိုင်ခွင့် နှင့် နိုင်ငံရေးဆိုင်ရာ အကျိုးခံစားခွင့်များ၊ အသက်ရှင်ရပ်တည်ခွင့် အခွင့်အရေး၊ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်၊ လွတ်လပ်စွာ ပြောဆိုခွင့်၊ စုရုံးခွင့် အစရှိသည်တို့ပါဝင်သည်။ ၂၀၁၂ ခုနှစ် မတ်လအထိ အဖွဲ့ဝင်ပါတီပေါင်း ၁၇၆ ခုနှင့် အတည်ပြုလက်မှတ်ထိုးထားသော နိုင်ငံပေါင်း ၇၄ ခု ရှိပါသည်။

 သဘောတူ လက်မှတ်ရေးထိုးထားသော အချို့နိုင်ငံများတွင် Hate speech အသုံးစွဲခံရသူသည် တရားမကြောင်း အရဖြစ်စေ၊ ပြစ်မှု ကြောင်း အရ ဖြစ်စေ၊ ၂ခုစလုံးနှင့်ဖြစ်စေ ကုစားနိုင်ခွင့် ရှိသည်။

Hate speech ၏အဓိပ္ပါယ်မှာ လူတဦးတယောက် (သို့) အစု အဝေးတခုကို ခွဲခြားနှိမ်ချလိုသော သဘောဖြင့် ထိုသူ (သို့) အစုအဝေးတခုအား ဥပဒေဘောင် ပြင်ပမှ သွားပုတ်လေလွင့် ထုတ်ဖေါ်ပြောဆိုခြင်းဖြစ်သည်။
ဥပဒေ အရမူ Hate speech ဆိုသည်မှာ နှုတ်မှပြောဆိုသောစကားအမျိုးမျိုး၊ လက်ဟန်ခြေဟန်ပြ (သို့) အမူအ
ယာ၊ အရေးအသား အမျိုးမျိုး (သို့) တဦးချင်း (သို့) အဖွဲ့ အစည်းတခုကို အကြမ်းဖက်မှု ဖြစ်ပေါ်စေသည့် (သို့)

♦ အမေရိကန်အား နျူကလီးယားဖြင့် တိုက်ခိုက်ရန် မြောက်ကိုရီးယား စစ်တပ် နောက်ဆုံး ခွင့်ပြုမိန့် ရရှိ ♦

♦ အမေရိကန်အား နျူကလီးယားဖြင့် တိုက်ခိုက်ရန် မြောက်ကိုရီးယား စစ်တပ် နောက်ဆုံး ခွင့်ပြုမိန့် ရရှိ ♦

အမေရိကန် နိုင်ငံ၏ ခြိမ်းခြောက်မှုများနှင့် ပစိဖိတ်ဒေသနှင့် ဂူအမ်ကျွန်းများတွင် ပိုမို အစွမ်းထက်သော ပဲ့ထိန်းဒုံးစနစ် တပ်ဆင် မည့် အမေရိကန် အစိုးရ၏ အစီအစဉ် များအား တုံ့ပြန်သည့် အနေဖြင့် ယင်းနိုင်ငံ အပေါ် နျူကလီးယား လက်နက်ဖြင့် တိုက်ခိုက် ရန် နောက်ဆုံး ခွင့်ပြုမိန့် ရရှိထားပြီး ဖြစ်ကြောင်း မြောက်ကိုရီးယား တပ်မတော်က ပြောကြားခဲ့သည်။

အမေရိကန် နိုင်ငံသည် ၎င်း၏ စွမ်းအားမြင့် ပဲ့ထိန်းဒုံး စနစ်အား လာမည့် သီတင်းပတ်တွင် ဂူအမ်ကျွန်း၌ ဖြန့်ကြက် ချထားသွား မည် ဖြစ်ကြောင်း ကြေညာခဲ့သည်။ ထို့အပြင် ၎င်း နိုင်ငံအပေါ် ပစ်ခတ်လာသည့် မည်သည့် ဒုံးကျည်မျိုးကို မဆို တန်ပြန် ပစ်ခတ် ဖျက်ဆီးနိုင်စွမ်း ရှိသော ဒုံးကျည် တပ်ဆင်ထားသည့် ဖျက်သင်္ဘော နှစ်စင်းအား အမေရိကန် အစိုးရက ပစိဖိတ် ဒေသ တွင် ဖြန့်ကြက် ချထားပြီး ဖြစ်သည်။

အမေရိကန် နိုင်ငံသည် တောင်ကိုရီးယား နိုင်ငံနှင့် ပူးပေါင်း စစ်ရေး လေ့ကျင့်ရာတွင် နျူကလီးယား တင်ဆောင်နိုင်သော B-52 ဗုံးကြဲ လေယာဉ်များနှင့် B-2 ကိုယ်ပျောက် ဗုံးကြဲ လေယာဉ်များအား အသုံးပြု ခဲ့သည့် အတွက် အမေရိကန် နိုင်ငံနှင့် မြောက် ကိုရီးယား နိုင်ငံတို့အကြား အခြေအနေ များသည် ပိုမို တင်းမာလျက် ရှိကြောင်း သိရသည်။ အမေရိကန်နှင့် တောင်ကိုရီး ယား နိုင်ငံတို့သည် ၎င်း တို့၏ နှစ်စဉ် ကျင်းပမြဲ ဖြစ်သော နှစ်နိုင်ငံ ပူးပေါင်း စစ်ရေး လေ့ကျင့်မှုအား မတ် ၁၁ ရက်တွင် ပြုလုပ်ခဲ့ပြီး အဆိုပါ ပူးပေါင်း စစ်ရေး လေ့ကျင့်မှုတွင် တောင်ကိုရီးယား စစ်သား ၁ဝဝဝဝ နှင့် အမေရိကန် စစ်သား ၃ဝဝဝ တို့ ပါဝင် ခဲ့ကြသည်။

မြောက်ကိုရီးယား နိုင်ငံ အနေဖြင့် အမေရိကန် နိုင်ငံ၏ အဓိကနယ်မြေ ဖြစ်သည့် ဟာဝိုင်ယီနှင့် ဂူအမ် အပါအဝင် အာရှ- ပစိဖိတ် ဒေသရှိ စစ် အခြေစိုက် စခန်းများနှင့် တောင်ကိုရီးယား နိုင်ငံရှိ စစ် အခြေစိုက် စခန်းများအား တိုက်ခိုက်ရန် အတွက် ကြိုတင် ပြင်ဆင် ထားသင့်ကြောင်း ပြီးခဲ့သော သီတင်းပတ်က ကြေညာ ခဲ့သည်။

ထို ကြေညာချက်သည် မြောက်ကိုရီးယား၏ လက်ဦးမှု ရယူ၍ တိုက်ခိုက်မှုအား တုံ့ပြန်သွားရန် အတွက် တောင်ကိုရီးယားနှင့် အမေရိကန် နိုင်ငံတို့က စစ်ရေးဆိုင်ရာ သဘော တူညီမှု တစ်ရပ်အား လက်မှတ်ရေးထိုး ခဲ့ပြီးနောက် ထွက်ပေါ် လာခဲ့ခြင်း ဖြစ် သည်။

အမေရိကန် နိုင်ငံ၏ ခြိမ်းခြောက်မှုများနှင့် ပစိဖိတ်ဒေသနှင့် ဂူအမ်ကျွန်းများတွင် ပိုမို အစွမ်းထက်သော ပဲ့ထိန်းဒုံးစနစ်တပ်ဆင်မည့်အမေရိကန်အစိုးရ၏အစီအစဉ်များအားတုံ့ပြန်သည့်အနေဖြင့်ယင်းနိုင်ငံ အပေါ်
နှုးကလီးယား လက်နက်ဖြင့် တိုက်ခိုက် ရန် နောက်ဆုံး ခွင့်ပြုမိန့် ရရှိထားပြီး ဖြစ်ကြောင်း မြောက်ကိုရီးယား တပ်မတော်က ပြောကြားခဲ့သည်။

တောင်အမေရိက ဘောလုံးပြိုင်ပွဲတွင် အဓိကရုဏ်းဖြစ်ပွား

တောင်အမေရိက ဘောလုံးပြိုင်ပွဲတွင် အဓိကရုဏ်းဖြစ်ပွား
Re-Post By ACM 5-4-2013

အာဆင်နယ် ကစားသမားများသည် ရော်ဘာကျည်ဆန် ထည့်ထားသည့်
ပြောင်းတိုသေနတ်များ ကိုင်ဆောင်ထားသော ဘရာဇီးလ် ရဲများကို ဝင်ရောက် တိုက်ခိုက်ရာ ရဲများက တုတ်များကို ဝှေ့ယမ်းပြီး ဒိုင်းများဖြင့် ကာကွယ်ခဲ့ရသည်။

အတောင်အမေရိကတွင် ပြုလုပ်သည့် ဘောလုံးပွဲစဉ် တစ်ခု၌ ကစားသမား
များ၏ တိုက်ခိုက်မှုကြောင့် ရဲများက ခုခံ ကာကွယ်ခဲ့ရကြောင်း သိရှိရသည်။
တောင်အမေရိက တိုက်တစ်ခုလုံးဆိုင်ရာ ကလပ်အသင်းများ၏ အဆင့်
အမြင့်ဆုံး ဘောလုံးပြိုင်ပွဲဖြစ်သည့် ကိုပါလီဘာတေးဒိုးစ် ဖလားပြိုင်ပွဲတွင် ဘရာဇီးလ်ကလပ် အက်သလက်တီကို မီနဲလ်ရိုးနှင့် အာဂျင်တီးနားကလပ် အာဆင်နယ်တို့ ယှဉ်ပြိုင် ကစားခဲ့ကြသည်။

ပွဲအပြီးတွင် အိမ်ရှင် မီနဲလ်ရိုးက ဂန္ထဝင် ကြယ်ပွင့်ဟောင်း ရော်နယ်လ်ဒင်
ဟို၏ (၂)ဂိုး အပါအဝင် (၅-၂)ဖြင့် အနိုင်ခဲ့သည်။ ထို့နောက်တွင်မူ အာ
ဆင်နယ် ကစားသမားများက ဒိုင်ကိုမကျေမနပ် စောဒကတက် ပြဿ
နာရှာရာမှ ရဲများ ကွင်းထဲဝင်လာပြီးနောက် အခြေအနေ ရှုပ်ထွေးသွားခဲ့
သည်။

အာဆင်နယ် ကစားသမားများသည် ရော်ဘာကျည်ဆန် ထည့်ထားသည့်
ပြောင်းတိုသေနတ်များ ကိုင်ဆောင်ထားသော ဘရာဇီးလ် ရဲများကို ဝင်ရောက် တိုက်ခိုက်ရာ ရဲများက တုတ်များကို ဝှေ့ယမ်းပြီး ဒိုင်းများဖြင့် ကာကွယ်ခဲ့ရသည်။

Source: TheSun

Re-Post By ACM 5-4-2013
အေးချမ်းမွန် Credit & Copy From >  Planet Myanmar Network<< Thank

အာဆင်နယ်ကစားသမားများသည် ရော်ဘာကျည်ဆန် ထည့်ထားသည့်ပြောင်းတိုသေနတ်များ ကိုင်ဆောင်
ထားသော ဘရာဇီးလ် ရဲများကို ဝင်ရောက် တိုက်ခိုက်ရာ ရဲများက တုတ်များကို ဝှေ့ယမ်းပြီး ဒိုင်းများဖြင့် ကာကွယ်ခဲ့ရသည်။

ကောလင်းမြို့တွင်အပူရှိန်မြင့်မားမှုကြောင့် ရေတွင်းရေကန်များရေ ခမ်းခြောက်စပြုလာ

ကောလင်းမြို့တွင်အပူရှိန်မြင့်မားမှုကြောင့် ရေတွင်းရေကန်များရေ ခမ်းခြောက်စပြုလာ
 
ဧပြီလ ၅ ရက် ၂၀၁၃

ကောလင်းမြို့နယ်အတွင်း  အပူရှိန်မြင့်မားမှုကြောင့် ရေတွင်း၊  ရေကန် ၊မြစ်၊ချောင်း၊အင်း၊အိုင်များ  ရေခမ်းခြောက်စပြုလာသဖြင့် သန့်ရှင်းသော .သောက်သုံးရေ ရရှိရေးနှင့်မီးဘေးအန်္တရာယ်ကြိုတင်  ကာကွယ်ရေး အတွက် ရေပြတ်လပ်  မှုမဖြစ်ပေါ်စေရန် ရေရရှိရေး ကော်မတီများနှင့် မြို့မိ/ဖြွဥ အဖွဲ့အစည်းများ၊မြို့နယ်မီးသတ်  ဦးစီးဌာနတို့မှ ရေလေလွင့် ဆုံးရှုံး   မှုများ တားဆီးကာကွယ်ရေး အတွက် ရေချွေတာသုံးစွဲနိုင်ရန်  မတ်လ(၂၈)ရက်ညမှ စတင်၍ ရေ ချွေတာတာသုံးစွဲနိုင်ရန် အသိ .ပေး   နှိုးဆော် လျက်ရှိကြောင်းသိရသည်။

     ကောလင်းမြို့သည် ပထ၀ီ  အနေအထားအရ နွေရာသီ၌ ရေ ရရှိနိုင် မည့် မြစ်ချောင်းများမရှိပါ။ ၁၉၅၉ခုနှစ်တွင် ယခင်မြို့ပိုင်မှ ကောလင်းမြို့ တွင် နွေရာသီရေရ ရှိနိုင်ရေးအတွက် ၀န်းသိုမြို့နယ်၊ ဆည်ကြီးကျေးရွာအနီး မှဖြတ်သန်း  စီးဆင်းနေသည့် နန်းလှိုင်းချောင်း   အား ကျောက်ဖြည့်ရေ လွှဲဆည်  အမျိုးအစားတည်ဆောက်ပေးခဲ့ သည်။ ယင်းဆည်မှ ကောလင်း  မြို့သို့ မြေသားရေသွယ်မြောင်း အရှည်(၅)မိုင် (၂)ဖာလုံခန့်ဖောက် လုပ်လျက် ၁၉၆၀ပြည့်နှစ်မှစတင်  ၍ သောက်သုံးရေများ နှစ်စဉ် ပို့ ပေးလျက်ရှိရာ ကောလင်းမြို့၏ အနောက်မြောက်အရပ် ၀ါးရုံး တုံး  ကျေးရွာ အနီး နန်းလှိုင်းဆည်မှ ပေးပို့လာသည့်ရေကို သိုလှောင်  ထားရှိပြီး ကောလင်းမြို့အတွင်း  သို့လိုအပ်သလို ရေပေးသွင်းနိုင် ရန် အောင်နောင်းဆည်ကို ထား ရှိခဲ့ကြောင်း အောင်နောင်းဆည်  မှ ကောလင်းမြို့သို့(၆)ဖာလုံအရှည်  မြေသားရေသွယ်မြောင်းမှတဆင့်   မြို့တွင်းရှိ ရေမြောင်းများ၊ရေကန်  များ ရေပေးသွင်းခဲ့ခြင်းဖြင့် ကော  လင်းမြို့အတွက် ရေဖူလုံစွာရရှိ ခဲ့သည်။

ယခုအခါ နွေရာသီရေရရှိ   ရေးအခက်အခဲကြုံတွေ့ရခြင်းမှာ   ၀န်းသို မြို့နယ်၊နန်းလှိုင်းဆည်မှ ကောလင်းမြို့၊အောင်နောင်းဆည်  သို့ရေသွယ်ယူ သည့် မြေသားရေ  သွယ်မြောင်း ဘေးဝဲ/ယာတစ် လျှောက် ၀န်းသိုမြို့နယ် အတွင်း  ရှိ ကျေးရွာများမှ နွေစပါး၊ဆောင်း  သီးနှံများ စိုက်ပျိုးခဲ့ရာ တွင် ရေ မြောင်းများအား ပိတ်ဆို့လျက်  စိုက်ပျိုးရေ ရယူ သုံးစွဲခြင်း၊မိုးရွာ သွန်းမှုနည်းပါးခြင်းကြောင့် ရေ  ပမာဏလုံလောက်စွာ ရနိုင်ခြင်း  မရှိသည့်အခြေအနေသို့ ရောက်  ရှိခဲ့ခြင်းဖြစ်သည်။

    လက်ရှိ သောက် သုံးရေအခြေ   အနေမှာ မြို့ပေါ် (၁၁)ရပ်ကွက်  တွင် မြို့နယ်စည်ပင်သာယာရေး  အဖွဲ့မှ ရေပေးရေးလုပ်ငန်း များ ဖြစ်သော ဈေး ရုံဗိုလ်တဲရေပေး ရေးနှင့်မြို့ကုန်းမြို့မရေပေးရေးမှ  နေ့စဉ်ရေဂါလံ(၁၂၄၀၀)ဂါလံကို အိမ်သွယ်ရေတိုင် (၁၄၇)တိုင်အား  လည်းကောင်း၊ပုဂ်္ဂလိက ရေရယူ  သုံးစွဲမှုအနေဖြင့် စက်ရေတွင်း (၁၇)တွင်း တုံကင်(၃၀၉)တွင်း၊ လက်တူး တွင်း(၁၁၂၃)တွင်း၊အများ  သုံးရေကန်(၉)ကန်ဖြင့် ရယူသုံးစွဲ  နေလျက် ရှိသည်ဟုသိရသည်။

    ရေလေလွင့်ဆုံးရှုံးမှုများ တားဆီးကာကွယ်ခြင်းအနေဖြင့်   အများသုံးရေ ကန် များမှ ရေဘား  များအား လုံခြုံသေချာပိတ်ထား  ရေး ကြီးကြပ် .ဆောင်ရွက်ခြင်း၊ အကြောင်းအမျိုးမျိုးကြောင့် ရေ    သွယ်ပိုက်များပျက်စီး ကျိုးပျက်ပါက     အချိန်နှင့်တပြေးညီ အမြန်ပြုပြင်   ဆောင်ရွက်စေရေး၊ သင်္ကြန်ပွဲတော်  ကာလဖြစ်သော်လည်း အများသုံးရေ ကန်မြေသား ရေ .လှောင် ကန်  များမှ ရေဖြည့်ရေကစားခြင်းအား   ကြီးကြပ်တားမြစ်ပေး .ရေးနှင့်ချွေ  တာသုံးစွဲရန် တိုက်တွန်းနှိုးဆော်  ရေး။လိုအပ်ပါက မီးရေ အုတ်၊ ရေ လှောင်ကန်များအဖြစ် ပြောင်းလဲ ပြုပြင်၍ ရေပြတ်လပ်မှု မရှိစေရေး  တို့အား ဆောင်ရွက်သွားမည်ဟု  သိရသည်။

 

စိုင်းလူမင်း

ဧပြီလ ၅ ရက် ၂၀၁၃

ကောလင်းမြို့နယ်အတွင်း အပူရှိန်မြင့်မားမှုကြောင့် ရေတွင်း၊ ရေကန် ၊မြစ်၊ချောင်း၊အင်း၊အိုင်များ ရေခမ်ြးေ
ခာက်စပြုလာသဖြင့် သန့်ရှင်းသော .သောက်သုံးရေ ရရှိရေးနှင့်မီးဘေးအန်္တရာယ်ကြိုတင် ကာကွယ်ရေး အ
တွက် ရေပြတ်လပ် မှုမဖြစ်ပေါ်စေရန် ရေရရှိရေး ကော်မတီများနှင့် မြို့မိ/ဖြွဥ အဖွဲ့အစည်းများ၊မြို့နယ်မီး
သတ် ဦးစီးဌာနတို့မှ ရေလေလွင့် ဆုံးရှုံး မှုများ တားဆီးကာကွယ်ရေး အတွက် ရေချွေတာသုံးစွဲနိုင်ရန် မတ်
လ(၂၈)ရက်ညမှ စတင်၍ ရေ ချွေတာတာသုံးစွဲနိုင်ရန် အသိ .ပေး နှိုးဆော် လျက်ရှိကြောင်းသိရသည်။

တန်ဖိုးနည်းဆင်းကဒ် မှောင်ခိုဈေး မဖြစ်စေရေး ထိန်းသိမ်းသင့်


ဧပြီ(၂၄)ရက်နေ့တွင် ရောင်းချပေးမည့် တန်ဖိုးနည်းဖုန်းများအား အစိုးရအဖွဲ့တစ်ခုတည်းမှသာ ရောင်းချပေးမည် ဆိုလျှင် ပြင်ပဈေးကွက်၌ ဆင်းကဒ်တစ်ခုလျှင် ကျပ်နှစ်သောင်းဝန်းကျင်ခန့်ဖြစ်သွားနိုင်ဖွယ်ရှိသည်ဟု   ပြည်သူများထံက သိရှိရသည်။

မြောက်ကိုရီးယားရဲ့  အဏုမြူလက်နက်ခြိမ်းခြောက်မှု ကြောင့် ဗြိတိန်ကလည်းအသင့်ပြင်ပြီ

ဗြိတိန်ကလည်းအသင့်ပြင်ပြီ
***********************
ဗြိတိန်ဝန်ကြီးချူပ် ဒေးဗစ်ကင်မရွန်က မြောက်ကိုရီးယားရဲ့  အဏုမြူလက်နက်ခြိမ်းခြောက်မှုကို အလွန်စိုးရိမ်မိပြီး
 မြောက်ကိုရီးယားဟာ အမေရိကန်နဲ့ ဗြိတိန်ကို တိုက်ခိုက်နိုင်တဲ့ စွမ်းရည်ရှိတယ်လို့ ယနေ့ သတိပေးလိုက်ပါတယ်။ 

စကော့ တလန်က အလုပ်သမားတွေကို ဒီကနေ 
့မိန့် ခွန်းပြောကြားရာမှာ မြောက်ကိုရီးယားရဲ ခြိမ်းခြောက်မှုကြောင့်
 ဗြိတိန်နိုင်ငံရဲ့ အဏုမြူ ရွေ့ လျားဒုံးကျည်ပစ်ရေငုပ်သဘောင်္တွေကို စောင့်ကြည့် အသင့်ပြင်ထားဖို့ လိုနေပြီလို့ ဒေးဗစ်ကင်မရွန်က ဆိုပါတယ်။

အခုဖြစ်ရပ်ဟာ အဏုမြူလက်နက်တွေပါဝင်ပြီး အလွန် အန္တရာယ်ကြီးတဲ့ နည်းပညာတွေဖြစ်တဲ့အတွက် အလွန်စိုးရိမ်တယ်လို့ ဗြိတိန်ဝန်ကြီးချုပ်က ပြောကြားလိုက်ပါတယ်။

နောက်ဆုံးသတင်းများအရ မြောက်ကိုရီးယားဟာ
အဏုမြုဒုံးကျည်တွေကို အရှေ့ ဖက်ကမ်းရိုးတန်းကို 
သယ်လာပြီလို့ သိရပါတယ်။

H
ကိုးကား http://www.telegraph.co.uk/news/uknews/defence/9972193/Cameron-It-is-a-fact-that-North-Korea-could-launch-a-nuclear-strike-against-the-UK.html

ရှယ်ယာနိုင်ပါတယ် သတင်းလင့်မျာှး စာသားများကုးချပြန်ဖော်ပြခြင်းသည်းခံပါ။

ဗိတိန်ဝန်ကြီးချူပ် ဒေးဗစ်ကင်မရွန်က မြောက်ကိုရီးယားရဲ့  အဏုမြူလက်နက်ခြိမ်းခြောက်မှုကို အလွန်စိုးရိမ်
မိပြီး မြောက်ကိုရီးယားဟာ အမေရိကန်နဲ့ ဗြိတိန်ကို တိုက်ခိုက်နိုင်တဲ့ စွမ်းရည်ရှိတယ်လို့ ယနေ့ သတိပေး
လိုက်ပါတယ်။

အစ္စလာမ်ဘာသာဝင်များ ဆန္ဒပြမည့် သတင်းမမှန်၊ အစ္စလာမ် ဘာသာရေးအဖွဲ့မှ ပြောကြားခဲ့ခြင်း မရှိ တာဝန်ရှိသူ ဦးဝဏ္ဏရွှေအား ဆက်သွယ်မေးမြန်းချက်

အစ္စလာမ်ဘာသာဝင်များ ဆန္ဒပြမည့် သတင်းမမှန်၊ အစ္စလာမ် ဘာသာရေးအဖွဲ့မှ ပြောကြားခဲ့ခြင်း မရှိ
တာဝန်ရှိသူ ဦးဝဏ္ဏရွှေအား ဆက်သွယ်မေးမြန်းချက်
=================
မတ်လ ၅၊ ၂၀၁၃
M-Media
အမ်တူးအေ

ရန်ကုန် ။ ။ ယနေ့ထုတ် စောင့်ကြည့်ဂျာနယ်တွင်ပါရှိသော "တိုင်းသာသနာရေးညွှန်ကြားရေးမှူးစကားအား အစ္စလာမ်ဘာသာဝင်များ ကန့်ကွက်ဆန္ဒပြမည်"ခေါင်းစဉ်သတင်းနှင့်ပတ်သက်၍ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးမှ ဦးဝဏ္ဏရွှေအား ဆက်သွယ်မေးမြန်းခဲ့ခြင်းဖြစ်ပါသည်။


Q - ဒီနေ့ထုတ် စောင့်ကြည့်ဂျာနယ်မှာပါတဲ့ တိုင်းသာသနာရေးညွှန်ကြားရေးမှူးစကားအား အစ္စလာမ်ဘာသာဝင်များ ကန့်ကွက်ဆန္ဒပြမည်ဆိုတာနဲ့ပတ်သက်ပြီး အဖွဲ့ကြီးအနေနဲ့ ပြောဆိုခဲ့တာများရှိပါသလား။
A - ကျွန်တော်တို့မပြောပါဘူး။ ကျွန်တော်တို့ မနေ့ကတည်းက တိုင်းသာသနာရေးမှူးပြောတာနဲ့ ပတ်သက်လို့ အစိုးရအဖွဲ့ရုံးကို သွားလိုက်တယ်။ အစိုးရအဖွဲ့ရုံးကို သွားပြီးတော့ လူမှုရေးအဖွဲ့အစည်း၊ လုံခြုံရေးအဖွဲ့အစည်းကို တင်ပြတယ်။

Q - ဟုတ်ကဲ့
A - တင်ပြပြီး ပြန်လာတဲ့အခါ ဦးအောင်ကြည်ကို ကျွန်တော်တို့ တိုက်ရိုက်ဖုန်းဆက်တယ်။ ဦးအောင်ကြည် ပြောခဲ့တဲ့ ဗလီတွေကိစ္စကို ကျွန်တော်တို့ လက်မခံနိုင်တာ ပြန်ပြင်ဖို့ ပြောတဲ့အခါ၊ သူက သူပြန်ပြင်ပေးပါ့မယ်၊ သူပြောတာ အဲဒီလို မဟုတ်ပါဘူးလို့ပြောတယ်။ ဒီလိုပြောပြီးတော့ မနေ့ညကလည်း ကျွန်တော်တို့ သာသနာရေးဝန်ကြီးရဲ့ PA ဆီကို ကျွန်တော်တို့ အကြောင်းကြားတယ်။
ဦးအောင်ကြည်ကလည်း ဒါနဲ့ပတ်သက်လို့ မနေ့ညက ၂-ကြိမ်တိုင်တိုင် ကျွန်တော်တို့ကို သူဖုန်းဆက်လာတယ်။ အခု မနက်(၁၀)နာရီကို ကာကွယ်ရေးဝန်ကြီး ရုံးခန်းမှာ တစ်ခါပြန်ချိန်းတယ်။ ကျွန်တော်တို့က အခုမနက်မှာ NLD နဲ့ တွေ့ဆုံဖို့ရှိနေတော့ ဦးအောင်ကြည်နဲ့ နေ့လည် (၂)နာရီမှာ ပြန်ချိန်းထားတယ်။

Q - ဟုတ်ကဲ့။ ဒါဆို ဒီနေ့ထုတ် စောင့်ကြည့်ဂျာနယ်မှာပါတဲ့ "တိုင်းသာသနာရေးညွှန်ကြားရေးမှူးစကားအား အစ္စလာမ်ဘာသာဝင်များ ကန့်ကွက်ဆန္ဒပြမည်"ဆိုပြီးပါလာတယ်။ အဲဒါကိုရော ဘယ်လိုများ ဖြေရှင်းဖို့ စဉ်းစားထားပါသလဲ။
A - ကန့်ကွက်ဆန္ဒပြမယ်ဆိုတာမျိုးကို ကျွန်တော်တို့က တတ်နိုင်သမျှ ထိန်းသိမ်းပါတယ်။ လူစုလူဝေးနဲ့ ဆောင်ရွက်တဲ့ဟာက ကျွန်တော်တို့ လူနည်းစုအတွက်က အင်မတန်မှ အခက်အခဲရှိနိုင်တယ်။ ကျွန်တော်တို့က အဲဒါမျိုးတော့ မဆောင်ရွက်စေချင်ဘူး။ ဒါနဲ့ပတ်သက်လို့ သက်ဆိုင်ရာ ၀န်ကြီးဆီကိုရော၊ ဦးအောင်ကြည်ကိုရော ပြောပြပါမယ်။

Q - ဟုတ်ကဲ့။
A - ဗလီကိစ္စနဲ့တ်သက်လို့ သက်ဆိုင်ရာဝန်ကြီးဆီကိုရော ဦးအောင်ကြည်ကိုရော ပြောပြီးပါပြီ။ ဦးအောင်ကြည်ရဲ့ သဘောထားက ဒါမဟုတ်ပါဘူး။ သူပြောလိုက်တဲ့ဟာကို ဖြတ်ထည့်လိုက်လို့ ဖြစ်ပါလိမ့်မယ်။ အခုတော့ ဆက်လက် ဆောင်ရွက်နေပါတယ်။

Q - ဟုတ်ကဲ့၊ အဲဒါဆောင်ရွက်နေတာအတွက်လည်းကောင်းပါတယ်။ အခုက စောင့်ကြည့်ဂျာနယ်မှာ မွတ်စလင်မ်တွေက သာသနာရေးဝန်ကြီးပြောတာကို မကျေနပ်လို့ ဆန္ဒပြမယ်ဆိုတာ ပါလာတော့ ထင်ယောင်ထင်မှားဖြစ်သွားမှာမျိုး ရှိနိုင်ပါလား။
A - ကျွန်တော်တို့ကတော့ အဲလိုမျိုးလုပ်မယ်လို့ ဘယ်သူ့ကိုမှလည်း မပြောဖူးဘူး။ လုပ်ဖို့လည်းမရှိဘူး။

Q - ဒါဆိုရင် အကယ်၍ သာသနာရေးဝန်ကြီးနဲ့တွေ့တဲ့အခါမှာ အခုဂျာနယ်ပါကိစ္စကိုရော ထည့်ပြောသင့်တယ်လို့ ထင်ပါသလား။
A - ပြောသင့်ပါတယ်။ နောက်ပြီး မီဒီယာကလည်း ဒါကို ဖော်ပြပေးသင့်ပါတယ်။ မွတ်စလင်မ်ထုက ဆန္ဒပြဖို့မဟုတ်ဘူး။ ဆန္ဒပြဖို့လည်းမရှိဘူး။ မွတ်စလင်မ်ထုအနေနဲ့ ဒါနဲ့ပတ်သက်လို့ သာသနာရေးဝန်ကြီးရော၊ ရန်ကုန်ုတိုင်းအစိုးရအဖွဲ့ရော၊ ကာယကံရှင် ဦးအောင်ကြည်ကိုရော တိုက်ရိုက်တွေ့ဆုံပြီး ဖြေရှင်းသွားဖို့ပဲလုပ်ပါမယ်။

Q - ဟုတ်ကဲ့ပါ။
A - ကျွန်တော်တို့ အစ္စလာမ်ဘာသာရေးအဖွဲ့၊ အိုလမာအပါအ၀င် (၄)ဖွဲ့ကနေ တိုက်ရိုက် ဆက်သွယ်ဆောင်ရွက်နေပါတယ်။ နေ့လည်(၂)နာရီမှာ တွေ့ဆုံပြီး ပြန်လာရင်လည်း ကျွန်တော်တို့တွေ့ဆုံမှုကို ပြောပြပါ့မယ်။

Q - ဟုတ်ကဲ့ပါ။

Read News @ Website http://www.m-mediagroup.com/news/12466

(ပူးတွဲပါရှိသည့်ပုံမှာ စောင့်ကြည့်ဂျာနယ်မှာ ဖော်ပြခဲ့သည့် သတင်းဖြစ်ပါသည်။ )

မတ်လ ၅၊ ၂၀၁၃
ရန်ကုန် ။ ။ ယနေ့ထုတ် စောင့်ကြည့်ဂျာနယ်တွင်ပါရှိသော "တိုင်းသာသနာရေးညွှန်ကြားရေးမှူးစကားအား အစ္စလာမ်ဘာသာဝင်များ ကန့်ကွက်ဆန္ဒပြမည်"ခေါင်းစဉ်သတင်းနှင့်ပတ်သက်၍ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးမှ ဦးဝဏ္ဏရွှေအား ဆက်သွယ်မေးမြန်းခဲ့ခြင်းဖြစ်ပါသည်။

အိန္ဒိယတွင် ပုဆိန်သမား၏ ရမ်းကားတိုက်ခိုက်မှုကြောင့် လူ ၉ ဦးသေဆုံး

အိန္ဒိယတွင် ပုဆိန်သမား၏ ရမ်းကားတိုက်ခိုက်မှုကြောင့် လူ ၉ ဦးသေဆုံး
Friday, April 5, 2013

အိန္ဒိယ အလယ်ပိုင်း ဒေသရှိ ကျေးရွာငယ် တစ်ခုတွင် လူတစ်ဦးသည်
ဒေါသတကြီးဖြင့် ပုဆိန်ကို ဝှေ့ယမ်း ခုတ်ထစ်ခဲ့ရာ အမျိုးသမီး (၄)ဦးနှင့် မိန်းကလေးငယ် (၅)ဦး သေဆုံးခဲ့ကြသည်။

အိန္ဒိယ နိုင်ငံတွင် လူတစ်ဦး၏ ပုဆိန်အသုံးပြုကာ ရမ်းကား တိုက်ခိုက်
မှုကြောင့် လူပေါင်း(၉)ဦး သေဆုံးသွားကြောင်း သိရှိရသည်။ အိန္ဒိယ အလယ်ပိုင်း ဒေသရှိ ကျေးရွာငယ် တစ်ခုတွင် လူတစ်ဦးသည် ဒေါသ
တကြီးဖြင့် ပုဆိန်ကို ဝှေ့ယမ်း ခုတ်ထစ်ခဲ့ရာ အမျိုးသမီး (၄)ဦးနှင့် မိန်းကလေးငယ် (၅)ဦး သေဆုံးခဲ့ကြသည်။

ချာတစ်ဂါ့ရှ် ပြည်နယ်တွင် ဖြစ်ပေါ်ခဲ့သည့် ရမ်းကား သတ်ဖြတ်မှုတွင် တရားခံ၏ အမည်ကို ပန်ဒူရမ်ဟုသာ ရဲများက ဖော်ပြခဲ့ပြီး သတ်ဖြတ်
ရခြင်း အကြောင်းရင်းကို တိတိကျကျ မဖော်ထုတ်နိုင်သေးချေ။ ရဲများ
က လူသတ်သမားသည် စိတ်ပိုင်းဆိုင်ရာ ပြဿနာအချို့ ရှိနေသည်ဟု ယူဆရကြောင်းလည်း မှတ်ချက်ပြုခဲ့သည်။

အသက်(၃၅)နှစ်ရှိ အမျိုးသားကို ၎င်း၏ ဇနီးက မကြာသေးမီကမှ စွန့်ပစ်သွားခဲ့ကြောင်းလည်း သိရသည်။ ယခုသတ်ဖြတ်မှုတွင် တရား
ခံသည် အမျိုးသမီးများကိုသာ ပစ်မှတ်ထား တိုက်ခိုက်သွားခဲ့သည်။ 
ရဲများက ယခုကိစ္စ ဖြစ်ပွားချိန်တွင် ရွာအတွင်းမှ အမျိုးသားအားလုံး အလုပ်လုပ်နေကြပြီး အမျိုးသမီးများသာ ကျန်နေခဲ့ချိန်ဟု ဆိုသည်။

ရဲများသည် တရားခံကို ဖမ်းဆီးကာ ၎င်း၏ လက်နက်ကိုလည်း သိမ်းယူထားလိုက်ပြီ ဖြစ်သည်။ ဒေသဆိုင်ရာ အာဏာပိုင်များက 
မိမိတို့ အနေဖြင့် သေဆုံးသူများ၏ မိသားစုများကို နစ်နာကြေး ရူ
ပီးငွေ (၂၅၀၀၀၀)စီ [ဒေါ်လာ ၄၅၀ ဝန်းကျင်] ပေးအပ်သွားမည်ဟု
ပြောကြားထားသည်။

Source: BBC
Planet Myanmar Network
http://www.planet.com.mm/news/read.cfm/id/21353

Friday, April 5, 2013

အိန္ဒိယ အလယ်ပိုင်း ဒေသရှိ ကျေးရွာငယ် တစ်ခုတွင် လူတစ်ဦးသည် ဒေါသတကြီးဖြင့် ပုဆိန်ကို ဝှေ့ယမ်း ခုတ်ထစ်ခဲ့ရာ အမျိုးသမီး (၄)ဦးနှင့် မိန်းကလေးငယ် (၅)ဦး သေဆုံးခဲ့ကြသည်။

မုံရွာနည်းပညာတက္ကသိုလ်၊ EP ဌာနမှ လက်ထောက်ကထိက အမူးလွန်၍ ကော်ရစ်တာပေါ်မှပြုတ်ကျသေဆုံး

Friday, April 5, 2013

၎-၄-၂၀၁၃ ရက်နေ့ ၀၈၀၀ အချိန် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာအမှတ်(၁)ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် မုံရွာမြို့နယ်၊မိုးညှင်းရွာအနီးရှိနည်းပညာတက္ကသိုလ်ပင်မဆောင်ရှေ့မျက်နှာစာညာဘက်ခြမ်း ရေနှုတ်မြောင်း
အတွင်း အမျိုးသားတစ်ဦးသေဆုံးနေကြောင်းသတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ မုံရွာနည်းပညာတက္ကသိုလ်၊ EP ဌာနမှ လက်ထောက်ကထိက ဦးဥက္ကာဗိုလ် (၃၀)နှစ်အား မေးရိုးကွဲ၊ ရှေ့သွားများကျိုး၊ နားမှသွေးယိုစီးဒဏ်ရာများဖြင့်
ရေနှုတ်မြောင်းအတွင်း၌ပက်လက်အနေအထားဖြင့် သေဆုံးနေသည်ကိုတွေ့ရှိခဲ့ရသည်။

၁၉၃၈ ခုနှစ်က ရုပ်ရှင်ပြကွက်အတွင်း မိုဘိုင်းလ်းဖုန်းသုံးခဲ့သည့် ပဟေဠိ အဖြေပေါ်ပြီ


၁၉၃၈)ခုနှစ်က ရိုက်ကူးခဲ့သည့်ရုပ်ရှင်တစ်ခုအတွင်း အမျိုးသမီးတစ်ဦးမိုဘိုင်းလ်ဖုန်းနှင့်စကားပြောနေသည့်
ပဟေဠိဆန်ဆန် ကိစ္စကို ယခုအခါ ဖြေရှင်းလိုက်နိုင်ပြီ ဖြစ်သည်။ငယ်ရွယ်သော အမျိုးသမီး တစ်ဦးက ယနေ့
ခေတ် မိုဘိုင်းလ်ဖုန်းတစ်ခုနှင့်အရွယ်တူကိရိယာငယ်လေးကိုနားတွင်ကပ်ကာရယ်ရယ်မောမောစကားပြော
နေသည့် အဖြူအမည်း ရုပ်ရှင် အပိုင်းအစလေးကိုလွန်ခဲ့သည့် (၁)နှစ်က YouTubeဝက်ဘ်ဆိုက်တွင်လွှင့်တင်
ပြခဲ့ရာ လူပေါင်း သုံးသိန်းကျော် ကြည့်ရှုခဲ့ကြသည်။

အာဂျင်တီးနားတွင် မုန်တိုင်းနှင့်ရေကြီးမှုကြောင့် လူပေါင်းဒါဇင်နှင့်ချီ သေဆုံး


အာဂျင်တီးနား နိုင်ငံတွင်မုန်တိုင်းတိုက်ခတ်မှုနှင့် ရေကြီးမှုများကြောင့်လူပေါင်းဒါဇင်နှင့်ချီ သေဆုံးခဲ့ကြောင်း 
သိရှိရသည်။ ဗျူနိုအေးရီးစ်မြို့တော်အပြင်ဘက်လာပလတ်တာ ဒေသတွင်အနည်းဆုံးလူပေါင်း (၄၈)ဦး သေ
ဆုံးခဲ့ကြောင်း အာဏာပိုင်များက ဆိုသည်။ "(၁၂)နာရီအတွင်း မိုးတွေ သည်းသည်းမည်းမည်း ရွာတယ်။

ကျောင်းသား သမဂ္ဂဖြစ်မြောက်ရေး ဆိုပြီး ဘာသာရေးကိစ္စနဲ့ ဖမ်းခံရတဲ့ရဲမင်းဦး

မြန်မာနိုင်ငံက လူ့အခွင့်အရေးဆိုတာ မြန်မာတွေအတွက်တော့မရှိကြပါလား .. ရဲမင်းဦး ရဲ့ ရုံး
ထုတ်မှာ လက်ထိပ်ခတ်နဲ့ရဲမင်းဦး ကိုမြင်ရတာ ရင်နင့်မိတယ်၊ခံပြင်းမိတယ် .. အသက် ၂၆ နှစ်
ကျော်ကျော်သာ ရှိသေးတဲ့ လူငယ်တစ်ယောက်ရဲ့ အမျိုး၊ဘာသာ၊သာသနာချစ်တဲ့စိတ်ကို
သတ်ဖြတ်လိုက်ကြပြီ .. အကြမ်းမဖက်ပဲ ဘာသာ၊သာသနာစောင့်ရှောက်ကာကွယ်ခြင်းကို
နာမည်ဆိုးကြီးတပ်ပြီး စွပ်စွဲဖမ်းဆီးလိုက်ကြပြီ .. တစ်မျိုးသားလုံးရဲ့မျိုးချစ်စိတ်နဲ့ ဘာသာ၊ သာ
သနာချစ်စိတ်ကို ရဲမင်းဦး ကို စံနမူနာအဖြစ် နှိပ်ကွပ်ပြခြင်းဖြင့် ချိုးနှိမ်ဖို့ ကြိုးစားလိုက်ကြပြီ ..

ရုံးထုတ်လာစောင့်နေတဲ့ မီဒီယာတွေ၊သံဃာတွေ မသိအောင် တက္ကစီတစ်စီးနဲ့ တိတ်တဆိတ်
ခေါ်လာပြီး ကားဝင်လို့ရသလောက်ရုံးထဲထိုး ကားပေါ်ကဆင်းလာတဲ့ ရဲမင်းဦးကို ဘယ်သူမှ
သတိမထားမိပါဘူး .. ကားပေါ်ကအဆင်းမှာ လက်ထိပ်ခတ်ထားတဲ့လက်ကိုမြှောက်ပြီး "အမျိုး၊
ဘာသာ၊သာသနာအတွက်" လို့ အော်လိုက်တဲ့ ရဲမင်းဦးအသံကြားမှပဲ အားလုံးက ရဲမင်းဦးကို
ခေါ်လာမှန်းသိပါတော့တယ် .. 

"၂၄ နာရီလုံးလုံး မအိပ်ရပဲ စစ်ကြတယ်" တဲ့ .. ဒါက ရဲမင်းဦးပြောသွားတာပါ .. ဘာတွေစစ်လဲ
တော့မသိဘူး ..

လက်ထိပ်တန်းလန်းနဲ့ အင်းစိန်ထောင်ထဲပြန်သွားရမှာကို ကြောက်စိတ်မရှိပဲ၊ ကိုယ့်ကိုကိုယ်စိုး
ရိမ်ပူပန်စိတ်မရှိပဲ အမျိုး၊ဘာသာ၊သာသနာကိုစောင့်ရှောက်ကာကွယ်နေကြသူတွေအတွက်
စိုးရိမ်တကြီးနဲ့ ရဲမင်းဦးကသတိပေးသွားပါသေးတယ် ..
"ဆရာတော်ဦးဝီရသူ၊မကွေးကျောင်းဆရာတော်၊ရွှေည၀ါဆရာတော်၊မော်လမြိုင် ၉၆၉ ဆရာ
တော်တွေ သတိထားကြပါ" တဲ့ .. ဆိုလိုချင်တာကတော့ "ဆရာတော်တို့ကိုချောင်းနေတယ်၊
ဆရာတော်တို့ကိုလဲဖမ်းတော့မယ်" လို့ ဆိုလိုသွားခြင်းပါပဲ ..

"ရဲမင်းဦး" ဆိုတဲ့ မျိုးချစ်လူငယ်တစ်ယောက်အတွက် လေးစားဂုဏ်ယူနေပါတယ် ..

ဓါတ်ပုံ - The Voice Weekly

ကျာင်းသားသမဂ္ဂဖြစ်မြောက်ရေးဆိုပြီးဘာသာရေးကိစ္စနဲ့ ဖမ်းခံရတဲ့အခုမှာ့နာမည်ကြားဘူးတဲ့ရဲမင်းဦးဆိုတဲ့ချာတိတ်ပါ။''အမျိုးဘာသာသာသနာအတွက် ''ဆိုပြီး ကြွေးကြော် ဝန်ခံသွားတဲ့ အဲဒီ ရခိုင်လူငယ် ဟာ ၉၆၉ နာမည်ကြီး ဆရာတော် တွေကိုလည်းသတိပေးသွားပါသေးတယ် ။မကွေးဆရာတော် မော်လမြိုင် ဆရာတော် ရွှေညဝါနဲ့ဝီရသူ တို့ကို သတိထားကြဘို့ပြောသွားပါသေတယ်။

အလုံဓာတ်အားပေးစက်ရုံအတွင်း မီးလောင်မှုဖြစ်စဉ်အတွင်း မီဒီယာသမားများ သတင်းရယူခြင်းကို စက်ရုံ ၀န်ထမ်းနှင့် တာဝန်ရှိသူဟု ဆိုသူများက ကြမ်းတမ်းစွာ တားဆီးခြင်းများ ပြုလုပ်

အလုံဓာတ်အားပေးစက်ရုံအတွင်း ၀ါယာရှော့ဟု ယူဆရသည့် မီးလောင်မှုတစ်ခု ဧပြီလ ၄ ရက်နေ့ ည ၁၁ နာရီ ၄၅ မိနစ် ၀န်းကျင်တွင် ဖြစ်ပွားခဲ့သည်။ 	   မီးလောင်မှုမှာ အလုံဓာတ်အားပေးစက်ရုံဝင်းအတွင်းရှိ ဓာတ်အားပေးစက်အသစ်များ ထားရှိရာ အခန်းအတွင်း ဖြစ်ပွာခဲ့ပြီး ၀ါယာရှော့မှတစ်ဆင့် မီးလောင်ကျွမ်းမှု ဖြစ်ခဲ့ကြောင်း အလုံမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။ 		   ဖြစ်စဉ်အတွင်း ရောက်ရှိနေသော အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးဖြစ်သူ ဦးမျိုးအောင်က ''အခုလောလောဆယ်တော့ ဘယ်ကစလောင်တယ်ဆိုတာ စစ်ဆေးဆဲပါပဲ''ဟု Eleven Media Group ၏ မေးမြန်းချက်အား  ပြန်လည်ဖြေကြားခဲ့သည်။  မီးလောင်မှုဖြစ်စဉ်မှာ နာရီဝက်ခန့် ဖြစ်ပွားခဲ့ပြီး မီးသတ်ကားအစီးရေး ၁၅ စီးထက်မနည်း ငြိမ်းသတ်ခဲ့ရကြောင်း တွေ့ရှိရသည်။ အဆိုပါ မီးလောင်မှုဖြစ်စဉ်အတွင်း မီဒီယာသမားများ သတင်းရယူခြင်းကို စက်ရုံ ၀န်ထမ်းနှင့် တာဝန်ရှိသူဟု ဆိုသူများက ကြမ်းတမ်းစွာ တားဆီးခြင်းများ ပြုလုပ်ခဲ့ကြသည်။

အလုံဓာတ်အားပေးစက်ရုံအတွင်း ၀ါယာရှော့ဟု ယူဆရသည့် မီးလောင်မှုတစ်ခု ဧပြီလ ၄ ရက်နေ့ ည ၁၁ နာရီ ၄၅ မိနစ် ၀န်းကျင်တွင် ဖြစ်ပွားခဲ့သည်။ မီးလောင်မှုမှာ အလုံဓာတ်အားပေးစက်ရုံဝင်းအတွင်းရှိ ဓာတ်
အားပေးစက်အသစ်များ ထားရှိရာ အခန်းအတွင်း ဖြစ်ပွာခဲ့ပြီး ၀ါယာရှော့မှတစ်ဆင့် မီးလောင်ကျွမ်းမှု ဖြစ်ခဲ့
ကြောင်း အလုံမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး သာသနာရေးမှူး၏ စကားကို လိုသလိုဆွဲယူ၍ သတင်းဖော်ပြသော မီဒီယာများသိစေရန်

ရန်ကုန်မြို့၊ဗိုလ်တစ်ထောင်မြို့နယ်၊၄၈-လမ်း၊ရေကျော်ဗလီ မီးလောင်မှု နှင့်ပတ်သက်၍ ဧပြီ(၂)ရက် ညနေတွင်ပြုလုပ်သော တိုင်းဒေသကြီးဝန်ကြီးချုပ် ၏ သတင်းမီဒီယာများနှင့်တွေ့ဆုံရှင်းလင်းပွဲတွင် မီးလောင်မှုစုံစမ်းရေးကော်မရှင်အဖွဲ့ဝင် ရန်ကုန်တိုင်းဒေသကြီး သာသနာရေးမှူး ဒု-ညွှန်ကြားရေးမှူးဦးအောင်ကြည်ကို မီဒီယာများမှ သိလိုသည်များ အလွတ် သဘောမေးမြန်းခဲ့ကြပါသည်။ အဆိုပါဖြေကြားချက်များအပေါ် သတင်းမီဒီယာအချို့က လိုရာဆွဲကောက်နှုတ်ဖော်ပြနေသည်ကိုတွေ့ရှိရသဖြင့် ဧပြီလ(၄)ရက်နေ့က တိုင်းဒေသကြီးသာသနာရေးမှူး အား သွားရောက်တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါသည်။

အလုံဓာတ်အားပေးစက်ရုံဝန်းထဲရှိ အဆောက်အဦး တစ်ခုတွင် ယနေ့ည (၁၂း၀၀)နာရီ ခန့် ကမီးလောင်မှုဖြစ်ပွား

ယနေ့ ည(၁၂း၀၀)နာရီ ခန့် တွင် အလုံဓာတ်အားပေးစက်ရုံဝန်းထဲရှိ အဆောက်အဦး တစ်ခုမီးလောင်မှုဖြစ်
ပွားခဲ့ကြောင်းသိရှိရသည်။ ည(၁၂း၁၁)နာရီ အချိန်တွင် မီးငြိမ်းသွားပြီဖြစ်ကြောင်း မီးသတ်ဦးစီးဌာနရုံးချုပ်မှ တာဝန်ရှိသူတစ်ဦးကMyanmar News International သို့  ပြောကြားခဲ့သည်။

နယူးယောက်ခ် ဆိပ်ကမ်းရှိ သင်္ဘောများ ထွက်ခွာမှုကို အင်္ဂလိပ် ရေလက်ကြားမှ ထောက်လှမ်းနိုင်သည့် ရေငုပ် သင်္ဘောကြီး

နယူးယောက်ခ် ဆိပ်ကမ်းရှိ သင်္ဘောများ ထွက်ခွာမှုကို အင်္ဂလိပ် ရေလက်ကြားမှ ထောက်လှမ်းနိုင်သည့် ရေငုပ် သင်္ဘောကြီး 


BAE ကုမ္ပဏီက ဗြိတိန် တော်ဝင် ရေတပ်အတွက် တည်ဆောက်ခဲ့သည့်HMS Ambush နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘော တစ်စင်းကို စက်တင်ဘာ ၁၄ ရက်က ရေချခဲ့ကြောင်း သိရသည်။ ယင်းရေငုပ် သင်္ဘောသည် အဆင့်မြင့် နည်းပညာသုံး ရေငုပ်သင်္ဘော တစ်စင်း ဖြစ်ပြီး စတာလင်ပေါင် ၁ ဘီလီယံနီးပါး တန်ဖိုး ရှိကြောင်း သိရသည်။
ယင်းရေငုပ် သင်္ဘောတွင် မိုင်၁၂ဝဝ အထိ ပစ်ခတ်နိုင်သည့် Tomahawk ခရုဇ် ဒုံးကျည် ၃၈  စင်းသယ်ဆောင် နိုင်ကြောင်း သိရသည်။ ထို့အပြင် ယင်းရေငုပ် သင်္ဘောတွင် Laptop ကွန်ပျူတာ အလုံး  ၂ဝဝဝ စွမ်းအား ထည့်သွင်းထားသည့် ဆိုနာစနစ် ပါရှိသည့် အတွက် မိုင် ၃ဝဝဝအကွာမှ သင်္ဘောတစ်စင်း၏အသံကို ကြားနိုင်ကြောင်း သိရသည်။ထို့ကြောင့် ၄င်းရေငုပ် သင်္ဘောသည် အင်္ဂလိပ် ရေလက်ကြား မှ နေ၍ နယူးယောက်ခ် ဆိပ်ကမ်းရှိ သင်္ဘောများ ထွက်ခွာမှု အသံကို ထောက်လှမ်းနိုင်မည် ဖြစ်ကြောင်း သိရသည်။ 
အဆိုပါ ရေငုပ် သင်္ဘောတွင် တပ်ဆင်ထားသည့် နျူကလီးယား  စွမ်းအင်ဖြင့်  နှစ်ပေါင်း ၂၅ နှစ်ကြာ မရပ်မနား ခရီးသွား နိုင်ကြောင်း သိရသည်။ တစ်နာရီလျှင် ရေမိုင် ၂ဝ ကျော်နှုန်းဖြင့် မောင်းနှင်နိုင်ပြီး တစ်နေ့လျှင် ခရီးမိုင် ၅ဝဝ ခန့် သွားလာနိုင်ကြောင်း သိရသည်။ ထို့အပြင် ကမ္ဘာကြီး၏ မည်သည့် နေရာကိုမဆို နှစ်ပတ်အတွင်း သွားရောက် တပ်ဖြန့် နိုင်ကြောင်း သိရသည်။ ၄င်းရေငုပ် သင်္ဘောတွင် တပ်ဖွဲ့ဝင် ၁ဝ၃ ဦး လိုက်ပါနိုင်ပြီး သွားလာရာတွင် ဆူညံမှု နည်းသည့်အတွက် ရန်သူ့ကမ်းခြေ တစ်လျှောက်တွင် အထူး တပ်ဖွဲ့များကို သွားရောက်ချ ပေးနိုင်ကြောင်း သိရသည်။

BAE ကုမ္ပဏီက ဗြိတိန် တော်ဝင် ရေတပ်အတွက် တည်ဆောက်ခဲ့သည့်HMS Ambush နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘော တစ်စင်းကို စက်တင်ဘာ ၁၄ ရက်က ရေချခဲ့ကြောင်း သိရသည်။ ယင်းရေငုပ် သင်္ဘောသည် အဆင့်မြင့် နည်းပညာသုံး ရေငုပ်သင်္ဘော တစ်စင်း ဖြစ်ပြီး စတာလင်ပေါင် ၁ ဘီလီယံနီးပါး တန်ဖိုး ရှိကြောင်း သိရသည်။