![♦ အမေရိကန်အား နျူကလီးယားဖြင့် တိုက်ခိုက်ရန် မြောက်ကိုရီးယား စစ်တပ် နောက်ဆုံး ခွင့်ပြုမိန့် ရရှိ ♦
အမေရိကန် နိုင်ငံ၏ ခြိမ်းခြောက်မှုများနှင့် ပစိဖိတ်ဒေသနှင့် ဂူအမ်ကျွန်းများတွင် ပိုမို အစွမ်းထက်သော ပဲ့ထိန်းဒုံးစနစ် တပ်ဆင် မည့် အမေရိကန် အစိုးရ၏ အစီအစဉ် များအား တုံ့ပြန်သည့် အနေဖြင့် ယင်းနိုင်ငံ အပေါ် နျူကလီးယား လက်နက်ဖြင့် တိုက်ခိုက် ရန် နောက်ဆုံး ခွင့်ပြုမိန့် ရရှိထားပြီး ဖြစ်ကြောင်း မြောက်ကိုရီးယား တပ်မတော်က ပြောကြားခဲ့သည်။
အမေရိကန် နိုင်ငံသည် ၎င်း၏ စွမ်းအားမြင့် ပဲ့ထိန်းဒုံး စနစ်အား လာမည့် သီတင်းပတ်တွင် ဂူအမ်ကျွန်း၌ ဖြန့်ကြက် ချထားသွား မည် ဖြစ်ကြောင်း ကြေညာခဲ့သည်။ ထို့အပြင် ၎င်း နိုင်ငံအပေါ် ပစ်ခတ်လာသည့် မည်သည့် ဒုံးကျည်မျိုးကို မဆို တန်ပြန် ပစ်ခတ် ဖျက်ဆီးနိုင်စွမ်း ရှိသော ဒုံးကျည် တပ်ဆင်ထားသည့် ဖျက်သင်္ဘော နှစ်စင်းအား အမေရိကန် အစိုးရက ပစိဖိတ် ဒေသ တွင် ဖြန့်ကြက် ချထားပြီး ဖြစ်သည်။
အမေရိကန် နိုင်ငံသည် တောင်ကိုရီးယား နိုင်ငံနှင့် ပူးပေါင်း စစ်ရေး လေ့ကျင့်ရာတွင် နျူကလီးယား တင်ဆောင်နိုင်သော B-52 ဗုံးကြဲ လေယာဉ်များနှင့် B-2 ကိုယ်ပျောက် ဗုံးကြဲ လေယာဉ်များအား အသုံးပြု ခဲ့သည့် အတွက် အမေရိကန် နိုင်ငံနှင့် မြောက် ကိုရီးယား နိုင်ငံတို့အကြား အခြေအနေ များသည် ပိုမို တင်းမာလျက် ရှိကြောင်း သိရသည်။ အမေရိကန်နှင့် တောင်ကိုရီး ယား နိုင်ငံတို့သည် ၎င်း တို့၏ နှစ်စဉ် ကျင်းပမြဲ ဖြစ်သော နှစ်နိုင်ငံ ပူးပေါင်း စစ်ရေး လေ့ကျင့်မှုအား မတ် ၁၁ ရက်တွင် ပြုလုပ်ခဲ့ပြီး အဆိုပါ ပူးပေါင်း စစ်ရေး လေ့ကျင့်မှုတွင် တောင်ကိုရီးယား စစ်သား ၁ဝဝဝဝ နှင့် အမေရိကန် စစ်သား ၃ဝဝဝ တို့ ပါဝင် ခဲ့ကြသည်။
မြောက်ကိုရီးယား နိုင်ငံ အနေဖြင့် အမေရိကန် နိုင်ငံ၏ အဓိကနယ်မြေ ဖြစ်သည့် ဟာဝိုင်ယီနှင့် ဂူအမ် အပါအဝင် အာရှ- ပစိဖိတ် ဒေသရှိ စစ် အခြေစိုက် စခန်းများနှင့် တောင်ကိုရီးယား နိုင်ငံရှိ စစ် အခြေစိုက် စခန်းများအား တိုက်ခိုက်ရန် အတွက် ကြိုတင် ပြင်ဆင် ထားသင့်ကြောင်း ပြီးခဲ့သော သီတင်းပတ်က ကြေညာ ခဲ့သည်။
ထို ကြေညာချက်သည် မြောက်ကိုရီးယား၏ လက်ဦးမှု ရယူ၍ တိုက်ခိုက်မှုအား တုံ့ပြန်သွားရန် အတွက် တောင်ကိုရီးယားနှင့် အမေရိကန် နိုင်ငံတို့က စစ်ရေးဆိုင်ရာ သဘော တူညီမှု တစ်ရပ်အား လက်မှတ်ရေးထိုး ခဲ့ပြီးနောက် ထွက်ပေါ် လာခဲ့ခြင်း ဖြစ် သည်။](https://fbcdn-sphotos-a-a.akamaihd.net/hphotos-ak-frc1/s480x480/734398_400398816724622_805349531_n.jpg)
အမေရိကန် နိုင်ငံ၏ ခြိမ်းခြောက်မှုများနှင့် ပစိဖိတ်ဒေသနှင့်
ဂူအမ်ကျွန်းများတွင် ပိုမို အစွမ်းထက်သော ပဲ့ထိန်းဒုံးစနစ်တပ်ဆင်မည့်အမေရိကန်အစိုးရ၏အစီအစဉ်များအားတုံ့ပြန်သည့်အနေဖြင့်ယင်းနိုင်ငံ အပေါ်
အမေရိကန် နိုင်ငံသည် ၎င်း၏ စွမ်းအားမြင့် ပဲ့ထိန်းဒုံး စနစ်အား လာမည့်
သီတင်းပတ်တွင်ဂူအမ်ကျွန်း၌ ဖြန့်
ကြက်ချထားသွား မည် ဖြစ်ကြောင်း
ကြေညာခဲ့သည်။ထို့အပြင်၎င်း နိုင်ငံအပေါ် ပစ်ခတ်လာသည့် မည်သည့်
ဒုံးကျည်မျိုးကို မဆို တန်ပြန် ပစ်ခတ် ဖျက်ဆီးနိုင်စွမ်း ရှိသော ဒုံးကျည်
တပ်ဆင်ထားသည့် ဖျက်သင်္ဘော နှစ်
စင်းအား အမေရိကန် အစိုးရက ပစိဖိတ် ဒေသ တွင်
ဖြန့်ကြက် ချထားပြီး ဖြစ်သည်။
အမေရိကန် နိုင်ငံသည် တောင်ကိုရီးယား နိုင်ငံနှင့်ပူးပေါင်းစစ်ရေး
လေ့ကျင့်ရာတွင်ကလီးယားတင်ဆောင်
နိုင်သော B-52 ဗုံးကြဲ လေယာဉ်များနှင့်
B-2 ကိုယ်ပျောက် ဗုံးကြဲ လေယာဉ်များအား အသုံးပြု ခဲ့သည့် အ
တွက် အမေရိကန်
နိုင်ငံနှင့် မြောက် ကိုရီးယား နိုင်ငံတို့အကြား အခြေအနေ များသည် ပိုမို
တင်းမာလျက် ရှိ
ကြောင်း သိရသည်။ အမေရိကန်နှင့် တောင်ကိုရီး ယား
နိုင်ငံတို့သည် ၎င်း တို့၏ နှစ်စဉ် ကျင်းပမြဲ ဖြစ်သော
နှစ်နိုင်ငံ ပူးပေါင်း
စစ်ရေး လေ့ကျင့်မှုအား မတ် ၁၁ ရက်တွင် ပြုလုပ်ခဲ့ပြီး အဆိုပါ ပူးပေါင်း
စစ်ရေး လေ့ကျင့်
မှုတွင် တောင်ကိုရီးယား စစ်သား ၁ဝဝဝဝ နှင့် အမေရိကန် စစ်သား
၃ဝဝဝ တို့ ပါဝင် ခဲ့ကြသည်။
မြောက်ကိုရီးယား နိုင်ငံ အနေဖြင့်
အမေရိကန် နိုင်ငံ၏ အဓိကနယ်မြေ ဖြစ်သည့် ဟာဝိုင်ယီနှင့် ဂူအမ် အပါ
အဝင် အာရှ-
ပစိဖိတ် ဒေသရှိ စစ် အခြေစိုက် စခန်းများနှင့် တောင်ကိုရီးယား နိုင်ငံရှိ
စစ် အခြေစိုက် စခန်း
များအား တိုက်ခိုက်ရန် အတွက် ကြိုတင် ပြင်ဆင်
ထားသင့်ကြောင်း ပြီးခဲ့သော သီတင်းပတ်က ကြေညာ ခဲ့
သည်။
ထို
ကြေညာချက်သည် မြောက်ကိုရီးယား၏လက်ဦးမှုရယူ၍တိုက်ခိုက်မှုအား
တုံ့ပြန်သွားရန်အတွက် တောင်
ကိုရီးယားနှင့် အမေရိကန် နိုင်ငံတို့က
စစ်ရေးဆိုင်ရာ သဘော တူညီမှု တစ်ရပ်အား လက်မှတ်ရေးထိုး ခဲ့ပြီး
နောက် ထွက်ပေါ်
လာခဲ့ခြင်း ဖြစ် သည်။
![]() |

Rangonnewsdaily
RND:5.4.2013
RND:5.4.2013
No comments:
Post a Comment