Pages

Pages - Menu

Friday, April 5, 2013

ဧပြီ ၅ မှ ၁၃ ရက်နေ့ထိ စက်ရုံများ၊ စက်မှုဇုန်များနှင့် လုပ်ငန်းများ လျှပ်စစ်မီး ပြတ်တောက်မည်

5/Apr/2013

လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၊ မြန်မာ့လျှပ်စစ်ဓာတ်အားလုပ်ငန်း ဓာတ်ငွေ့၊ ရေနွေးငွေ့ဌာန အောက်ရှိ သဘာဝဓာတ်ငွေ့၊ ဓာတ်အားပေး စက်ရုံများကို စွမ်းအင်ဝန်ကြီးဌာနမှ ပေးပို့နေသည့် သဘာဝဓာတ်ငွေ့ ကုဗပေ ၁၆၅ သန်းခန့် လျော့နည်းသွားမည်ဖြစ်ပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု ၃၃၀ မဂ္ဂါဝပ် လျော့နည်းမည် ဖြစ်ရာ စက်ရုံများ၊ စက်မှုဇုန်များတွင် ကုန်ထုတ်လုပ်မှု လုပ်ငန်းများသို့ ဓာတ်အားဖြန့်ဖြူးမှု ဧပြီ ၅ မှ ၁၃ အထိ ခေတ္တရပ်ဆိုင်းထားမည် ဖြစ်ကြောင်း သိရသည်။ ရတနာဓာတ်ငွေ့ ကမ်းလွန်တူးစင်၏ ကမ်းလွန်ပလက်ဖောင်း အထွေထွေပြုလုပ်ခြင်း လုပ်ငန်းများကို ဧပြီ ၅ ရက်နေ့မှ ၁၃ ရက်နေ့အထိ ဆောင်ရွက်မည်ဖြစ်ရာ နိုင်ငံပိုင် ပုဂ္ဂလိက စက်ရုံများ၊ စက်မှုဇုန်များ၊ အကြီးစား စက်မှုလုပ်ငန်းများ၊ ကုန်ထုတ်လုပ်မှု လုပ်ငန်းများကို ဓာတ်အားဖြန့်ဖြူးရေး ရပ်ဆိုင်းထားမည် ဖြစ်သည်။
သို့သော် ပြည်သူလူထုကို ဓာတ်အား ဖြန့်ဖြူးနိုင်ရေးအတွက် စွမ်းအင်ဝန်ကြီးဌာနနှင့် ညှိနှိုင်းပြီး ကုန်းတွင်းသဘာဝဓာတ်ငွေ့ ပိုမိုရရှိအောင် ဆောင်ရွက်ပြီး သဘာဝ ဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံက ဓာတ်အားတိုးမြှင့် ဖြည့်ဆည်းမောင်းနှင်ခြင်း၊ ရေအားလျှပ်စစ် ဓာတ်အားပေး စက်ရုံများက ဓာတ်အားတိုးမြှင့် ဖြည့်ဆည်း မောင်းနှင်ခြင်းများ စီစဉ်ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း သိရသည်။
ယင်းသို့ဖြစ်၍ အချို့နေရာများတွင် အလှည့်ကျ ဓာတ်အားလျော့ချပြီး ပို့လွှတ်ခြင်းများကို ဆောင်ရွက်သွားမှာဖြစ်ပြီး ကမ်းလွန်ပလက်ဖောင်း ပြုပြင်စဉ် အခိုက်အတန့် ကာလအတွင်း ပြည်သူလူထုအနေဖြင့် လျှပ်စစ်ဓာတ်အား ချွေတာသုံးစွဲခြင်းဖြင့် ပူးပေါင်းကူညီ ဆောင်ရွက်ကြပါရန် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနက အသိပေး နှိုးဆော်ထားကြောင်း ၂၀၁၃ ခုနှစ် ဧပြီ ၉ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။ 
ခေတ်လူငယ်, Rangonnewsdaily
RND:5.4.2013

No comments:

Post a Comment