Pages

Pages - Menu

Friday, April 5, 2013

အိန္ဒိယနိုင်ငံတွင် ဆောက်လက်စတိုက် ပြိုကျမှုကြောင့် လူ ၃၁ ဦး သေဆုံး


အိန္ဒိယနိုင်ငံ၏ အဓိက စီးပွားရေး မြို့တော်ကြီး တစ်ခုဖြစ်သော မွမ်ဘိုင်းတွင် လူနေတိုက်တာ အဆောက်အ
အုံတစ်ခု ပြိုကျခဲ့ရာ လူပေါင်း (၃၁)ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။ အိန္ဒိယ
၏အကြီးဆုံး မြို့ကြီးလည်းဖြစ်သောမွမ်ဘိုင်းတွင် ကြာသပတေးနေ့ မွန်းလွဲပိုင်းက မွမ်းမံ ဆောက်လုပ်နေဆဲ
တိုက်တစ်လုံး ပြိုကျခဲ့ခြင်း ဖြစ်သည်။
ရဲများက လူ(၃၁)ဦးထိ အသေအပျောက်ရှိခဲ့ပြီး ယင်းတို့အနက် ကလေး(၁၁)ဦး ပါဝင်ကြောင်း ပြောကြားထား
သည်။အသေအပျောက် စာရင်းမှာ ယခုထက် မြင့်တက်လာဖွယ် ရှိနေဆဲဖြစ်ပြီး ဒဏ်ရာရသူ အရေအတွက်
မှာ (၅၉)ဦးထိ ရှိလာကြောင်းလည်း သိရှိရသည်။ ကယ်ဆယ်ရေး လုပ်သားများသည် မွမ်ဘိုင်း ဆင်ခြေဖုံးရှိ သိန်းဒေသမှ အပျက်အစီးများကို ရှင်းလင်းနေဆဲ ဖြစ်သည်။


လူတချို့လည်း အဆောက်အအုံ ပြိုကျတဲ့အောက်မှာ ပိတ်မိပြီး အသက်ရှင်ကောင်း ရှင်နေနိုင်သေးတယ်"
ဟု ကယ်ဆယ်ရေး Missionကို ကြီးကြပ်နေသူ ရက်ဟူဗန်ရှိက ပြောကြားခဲ့သည်။ သောကြာနေ့ နံနက်ပိုင်းထိ ၎င်းတို့အဖွဲ့သည် အပျက်အစီးများအောက်မှ လူပေါင်း (၁၅)ဦးကို ကယ်ဆယ်ခဲ့ပြီး ဖြစ်သည်။

အဆိုပါ အဆောက်အအုံသည် ဆောက်လုပ်ဆဲဖြစ်ကာ (၄)ထပ်ထိ အပြီးသတ် ဆောက်လုပ်ထားကာ လူနေ
အိမ်နှင့် ရုံးခန်းများအတွက် စတင် အသုံးပြုနေပြီဟု ဆိုသည်။ နောက်ထပ် (၄)ထပ်ကို ဆက်လက် ဆောက်
လုပ်ဆဲ အခြေအနေတွင် ယခုလို ပြိုကျခဲ့ခြင်းဟု သိရသည်။ 

အဆောက်အအုံ ပြိုကျမှု၏ အဓိက အကြောင်းရင်းကို လတ်တလောတွင် မဖော်ထုတ်နိုင်သေးချေ။ သို့သော်
လည်း အိန္ဒိယတွင် အလားတူ မတော်တဆမှုမျိုးမှာ ဖြစ်လေ့ဖြစ်ထ မရှိတတ်ကြောင်း သတင်းများက ဖော်ပြ
သွားသည်။

Source: RT, Planet Myanmar Network:, Rangonnewsdaily
RND:5.4.2013

No comments:

Post a Comment