Pages

Pages - Menu

Friday, April 5, 2013

၁၉၃၈ ခုနှစ်က ရုပ်ရှင်ပြကွက်အတွင်း မိုဘိုင်းလ်းဖုန်းသုံးခဲ့သည့် ပဟေဠိ အဖြေပေါ်ပြီ


၁၉၃၈)ခုနှစ်က ရိုက်ကူးခဲ့သည့်ရုပ်ရှင်တစ်ခုအတွင်း အမျိုးသမီးတစ်ဦးမိုဘိုင်းလ်ဖုန်းနှင့်စကားပြောနေသည့်
ပဟေဠိဆန်ဆန် ကိစ္စကို ယခုအခါ ဖြေရှင်းလိုက်နိုင်ပြီ ဖြစ်သည်။ငယ်ရွယ်သော အမျိုးသမီး တစ်ဦးက ယနေ့
ခေတ် မိုဘိုင်းလ်ဖုန်းတစ်ခုနှင့်အရွယ်တူကိရိယာငယ်လေးကိုနားတွင်ကပ်ကာရယ်ရယ်မောမောစကားပြော
နေသည့် အဖြူအမည်း ရုပ်ရှင် အပိုင်းအစလေးကိုလွန်ခဲ့သည့် (၁)နှစ်က YouTubeဝက်ဘ်ဆိုက်တွင်လွှင့်တင်
ပြခဲ့ရာ လူပေါင်း သုံးသိန်းကျော် ကြည့်ရှုခဲ့ကြသည်။
အဆိုပါ ရုပ်ရှင်အပိုင်းအစမှာ လုပ်ကြံဖန်တီးထားခြင်း မဟုတ်ကြောင်း အတည်ပြုနိုင်ခဲ့ရာ ပိုမို၍ ဇဝေဇဝါ ဖြစ်
လောက်စရာ အခြေအနေမျိုးထံ ဦးတည်လာသည်။


ဒုတိယ ကမ္ဘာစစ်ပင် မစတင်သေးသည့် ကာလမျိုးက ယနေ့ခေတ်သုံး မိုဘိုင်းလ်ဖုန်းမျိုး ပေါ်ပေါက်နေသည် ဆိုခြင်းမှာ ယုံကြည်လောက်စရာ မရှိခြင်းကြောင့် ယင်းကဲ့သို့ ခေါင်းခြောက်စရာမျိုး ကြုံခဲ့ခြင်း ဖြစ်သည်။ You
Tubeတွင် လွှင့်တင်သူများက အဆိုပါ ဗီဒီယို ဖြတ်ပိုင်းငယ်ကို Time Traveler in 1938 Filmဟု အမည်ပေးထား
ခဲ့သည်။ သို့သော်လည်း ယခုအခါ Planetcheckဟု အမည်ပေးထားသည့် YouTubeသုံးစွဲသူ တစ်ဦးက ယင်းကိ
စ္စကို ဖြေရှင်းပြခဲ့သည်။ 

Planetcheckက (၁၉၃၀)ပြည့်လွန်နှစ်ဖက်ရှင်အတိုင်းကျနသေသပ်စွာဝတ်ဆင်ထားသူမှာ၎င်း၏ အဘွားဖြစ်
ကြောင်း အသိပေးခဲ့သည်။ ထိုစဉ်က သူမသည် အမေရိကန် စက်မှုလုပ်ငန်းကြီး Dupontတွင် အလုပ်လုပ်နေ
ပြီး ကြိုးမဲ့ဆက်သွယ်ရေး ကိရိယာငယ် တစ်ခုကို အစမ်းသဘောမျိုး သုံးစွဲနေခြင်းဟု Planetcheckက ရှင်းပြခဲ့
သည်။


"အဲဒီအမျိုးသမီးက ကျွန်တော့်ဘွားအေ တော်ပါတယ်။သူ့နာမည်ကဂါးထရုဒ်ဂျုံးစ်ပါ။အဲဒီအချိန်မှာ သူ့အသက်
(၁၇)နှစ်ပဲ ရှိသေးတယ်။ ဗီဒီယိုအကြောင်းကျွန်တော်သူ့ကို မေးကြည့်တော့အဘွားက ကောင်းကောင်း မှတ်
မိနေသေးတယ်။ Dupontက အဲဒီအချိန်မှာ ဆက်သွယ်ရေး ဌာနတစ်ခု စက်ရုံထဲမှာ ထည့်ဆောက်ထားတယ်။

 ပြီးတော့ ကြိုးမဲ့ တယ်လီဖုန်းတွေ စမ်းသပ်နေပါတယ်။ ကျွန်တော့်အဘွား အပါအဝင် (၅)ယောက်ကို အဲဒီဖုန်း
လေးတွေ ပေးထားပြီး အစမ်းစကားပြောခိုင်းထားတယ်။ အဲဒီတုန်းက အဘွားက တခြားကြိုးမဲ့ဖုန်း ကိုင်ထား
တဲ့ သိပ္ပံပညာရှင် တစ်ယောက်နဲ့ လှမ်းစကားပြောရင်း လမ်းလျှောက်နေတာပါ"ဟု Planetcheckက ပြည့်ပြည့်
စုံစုံ ရှင်းပြခဲ့သည်။

လက်ရှိအချိန်တွင် Planetcheck၏ ဖြေရှင်းမှုကို တိတိကျကျ လက်ခံယုံကြည်ခြင်းမရှိနိုင်သေးသော်လည်း ဖြစ်
နိုင်ခြေအရ ငြင်းဆန်သူ နည်းပါးကြောင်း သိရသည်။ ယင်းရုပ်ရှင် အပိုင်းအစ YouTubeပေါ် ရောက်လာချိန်
တွင် ယနေ့ခေတ်မှ အတိတ်ကို ပြန်သွားနိုင်သည့် အချိန်ခရီးသွား တစ်ဦးအဖြစ် ခန့်မှန်းမှုများပင် ထွက်ပေါ်
ခဲ့သည်။ 

အဆိုပါ ကိစ္စမျိုး ပေါ်ပေါက်ခဲ့သည်မှာ တစ်ကြိမ်တည်း မဟုတ်ဘဲ တရုတ်နိုင်ငံ ရှန်ဆီဒေသရှိ ရှေးဟောင်း အုတ်ဂူဟောင်း တစ်ခုကို တူးဖော်ရာမှ Swissလက်ပတ်နာရီ တစ်လုံးမှ သတ္တုအစိတ်အပိုင်းငယ် တစ်ခုကို
တွေ့ရှိရခြင်းကြောင်း ပညာရှင်များ ခေါင်းခြောက်ခဲ့ရဖူးသည်။

Source: DailyMail, Planet Myuanmar Network:, Rangonnewsdaily
RND:5.4.2013

No comments:

Post a Comment