Pages

Pages - Menu

Friday, April 5, 2013

အာဂျင်တီးနားတွင် မုန်တိုင်းနှင့်ရေကြီးမှုကြောင့် လူပေါင်းဒါဇင်နှင့်ချီ သေဆုံး


အာဂျင်တီးနား နိုင်ငံတွင်မုန်တိုင်းတိုက်ခတ်မှုနှင့် ရေကြီးမှုများကြောင့်လူပေါင်းဒါဇင်နှင့်ချီ သေဆုံးခဲ့ကြောင်း 
သိရှိရသည်။ ဗျူနိုအေးရီးစ်မြို့တော်အပြင်ဘက်လာပလတ်တာ ဒေသတွင်အနည်းဆုံးလူပေါင်း (၄၈)ဦး သေ
ဆုံးခဲ့ကြောင်း အာဏာပိုင်များက ဆိုသည်။ "(၁၂)နာရီအတွင်း မိုးတွေ သည်းသည်းမည်းမည်း ရွာတယ်။
ဧပြီမှာကတော့ မိုးသည်းတတ်တာ ထုံးစံပါပဲ"ဟု လာပလတ်တာ မြို့တော် အစိုးရအဖွဲ့မှ ဆန်တီယေဂို မာတို
ရယ်လီက ပြောကြားခဲ့သည်။မုန်တိုင်းများတိုက်ခတ်ပြီးမိုးသည်းထန်မှုများကြောင့် မြို့၏ မိုးရေချိန်သည် (၁၃)
လက်မအထက်သို့ ရောက်ရှိခဲ့ကြောင်းလည်း ဒေသတွင်း သတင်းဌာနများက ဆိုသည်။


"ဒီမုန်တိုင်းကတော့ ထင်မှတ်မထားတဲ့ ကပ်ဘေးတစ်ခုပဲ"ဟုလည်း မာတိုရယ်လီက မှတ်ချက်ပြုခဲ့သည်။ အ
စောပိုင်းက မုန်တိုင်းနှင့် ဆက်နွယ်သည့် သေဆုံးသူ (၈)ဦး ဗျူနိုအေးရီးစ်တွင် ရှိခဲ့ကြောင်း သတင်းများက
ဖော်ပြခဲ့သည်။ ဗုဒ္ဓဟူးနေ့ ညနေပိုင်းက သမ္မတ ခရစ္စတီနာ ဖာနန်ဒက်ဇ် ဒီကာ့ခ်ျနာသည် အဆိုးရွားဆုံး ထိ
ခိုက် ပျက်စီးသော နေရာများသို့ လိုက်လံ ကြည့်ရှုခဲ့သည်။ 

"ဒီကပ်ဆိုးကြောင့် ဘာတွေ ဖြစ်လာတယ် ဆိုတာကို ကျွန်မကိုယ်တိုင် မြင်ချင်တယ်လေ။ ကျွန်မက ပြည်သူ
တွေကို ပစ်ထားမှာ မဟုတ်ပါဘူး"ဟု ရေလျှံနေသည့် အိမ်တစ်လုံးထဲတွင် သမ္မတက သတင်းထောက်များ
အား ပြောကြားခဲ့သည်။

ရဲတပ်ဖွဲ့သည် ရေဘေးသင့် ဒေသများတွင် လုံခြုံရေး ကြပ်မတ်မှုကို အရှိန်မြှင့် ဆောင်ရွက်လျှက် ရှိနေပြီး အ
ချို့သော ဒေသခံများကို ဘေးလွတ်ရာ ရွှေ့ပြောင်းနိုင်အောင် ကူညီခဲ့ကြသည်။ သမ္မတက "လူတွေက ကျွန်မ
ကို ဒီကိစ္စအတွက် ကြောက်ရွံ့မိတဲ့အကြောင်း ပြောကြတယ်။ 

သူတို့ ဆုံးရှုံးခဲ့တာတွေက ခန့်မှန်းလို့ မရနိုင်ဘူးလေ"ဟုလည်း ဆိုသည်။ သမ္မတသည် ရေဘေးကြောင့် သေ
ဆုံးသူများကိုရည်စူးပြီး နိုင်ငံတော်အဆင့်ဝမ်းနည်းကြေကွဲမှုအထိမ်းအမှတ် နေ့ကိုလည်းသတ်မှတ်ခဲ့ကြောင်း
သိရှိရသည်။

Source: CNN, Planet Myanmar Network:, Rangonnewsdaily
RND:5.4.2013

No comments:

Post a Comment