Pages

Pages - Menu

Tuesday, April 2, 2013

ရန်ကုန် ဗလီ မီးလောင်မှု လွတ်လပ်စွာစုံစမ်းရေး အာဆီယံ အမတ်များ တောင်းဆို

အင်္ဂါနေ့၊ ဧပြီလ ၀၂ ရက် ၂၀၁၃ ခုနှစ်
ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ်ရှိ အစ္စလာမ် ဗလီဝတ်ကျောင်း မီးလောင်မှုနှင့်ပတ်သက်၍ လွတ်လပ်
သော စုံစမ်းစစ်ဆေးမှုတရပ် ပြုလုပ်ရန် မြန်မာ့အရေး အာဆီယံ လွှတ်တော် အမတ်များအဖွဲ့ (AIPMC) က အင်္ဂါနေ့တွင် တောင်းဆိုလိုက်သည်။

"အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာ မြန်မာနိုင်ငံသို့ရောက်ရှိ"

"အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာ မြန်မာနိုင်ငံသို့ရောက်ရှိ"

အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာသည် ယနေ့မွန်းလွဲ တစ်နာရီခန့်တွင် နေပြည်တော်လေဆိပ်သို့ ရောက်ရှိလာကြောင်းသိရသည် ။ ဂျင်မီကာတာအား မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် ဒဲရစ်မစ်ချယ်က သွားရောက်ကြိုဆိုခဲ့သည်။ 
ဂျင်မီကာတာသည် မြန်မာနိုင်ငံတွင် (၅)ရက်ခန့် ကြာမြင့်မည်ဖြစ်ပြီး မြန်မာအစိုးရနှင့်
နိုင်ငံရေးခေါင်းဆောင်များအပါအဝင် လူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံသွားမည်ဖြစ်ကြောင်း ကနဦးသတင်းများအရ သိရသည်။ ၄င်းသည် အမေရိကန်သမ္မတအဖြစ် (၁၉၇၇)ခုနှစ်မှ (၁၉၈၁)ခုနှစ်အထိ တာဝန်ယူဆောင်ရွက်ခဲ့ပြီး ကမ္ဘာ့နိုင်ငံအချို့သို့ သွားရောက်ကာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေးလုပ်ငန်းများ ပြုလုပ်ခဲ့သောကြောင့် (၂ဝဝ၂)ခုနှစ်တွင် ငြိမ်းချမ်းရေးနိုဘယ်ဆုရရှိခဲ့သည်။

အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာသည် ယနေ့မွန်းလွဲ တစ်နာရီခန့်တွင် နေပြည်တော်လေဆိပ်သို့
ရောက်ရှိလာကြောင်းသိရသည် ။ ဂျင်မီကာတာအား မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် ဒဲရစ်မစ်ချယ်
က သွားရောက်ကြိုဆိုခဲ့သည်။

ယနေ့ပြုလုပ်တဲ့"ဗိုလ်တစ်ထောင်မှ ဗလီမီးလောင်မှု ကောလဟာလ သတင်းစာရှင်းလင်း"ပွဲ

မီးအားမြှင့်စက် အပူလွန်ကဲရာမှ မတော်တဆ မီးလောင်မှုဖြစ်ခဲ့ခြင်းကို ရေစိုစောင်ဖြင့် ငြိမ်းသတ်ရာမှ အနီးရှိ ဒီဇယ်ပုံးကို တိုက်မိကာ ယခုကဲ့သို့ ၄၈ လမ်း ဗလီမီးလောင်မှုဖြစ်ပြီး အသေအဆုံးများခြင်း ဖြစ်ကြောင်း ဒုတိယ ရဲမှူးကြီး မြင့်အေးက ဆိုသည်။ 

မီးလောင်ကျွမ်းသည့် ဒီဇယ်ပုံးအကျန်ကို ပြသနေစဉ်
(ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ)
မီးလောင်ကျွမ်းသည့် ဒီဇယ်ပုံးအကျန်ကို ပြသနေစဉ်
ယနေ့ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင်"ပုဒ်မ၁၈၈ ထုတ်ထားတာ ကြောင့် လူတွေဟာ မထွက်ကြပါဘူး၊တပ်က ကင်းလှည့် ။ရဲက ကင်းလှည့် ဘယ်သူကလာရဲမှာလဲ။၁၀ နာရီနောက်ပိုင်းမှာ သိပ်ကို မထွက်ကြပါဘူး " ဟု ၀န်ကြီးချုပ် ဦးမြင့်ဆွေကပြောသွားပါတယ်။ ပုဒ်မ ၁၄၄ ထုတ်ခံထားရတဲ့ မိတ္တိလာတစ်တစ်မြို့လုံး ပြာကျသွားအောင် လုပ်သွားတဲ့ အကြမ်းဖက်သမားတွေကို တောင် မီးလောင်ဗုံးသုံးပြီးမဖြိုခွင်းသွားခဲ့ပါဘူး ။ ယခုထုတ်ပြန်ထားတဲ့ ပုဒ်မ ၁၈၈ ကြောင့်လမ်းပေါ်မှာ ဘယ်သူမှ

အစ္စလာမ်ကျမ်းစာသင်ကျောင်း မီးလောင်မှု ကျောင်းသား ၁၃ဦးသေဆုံး၊ မီဒီယာတွေ ထိန်းထိန်းသိမ်းသိမ်း ဖော်ပြဖို့ ဝန်ကြီးချုပ် မေတ္တာရပ်ခံ

ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် ၄၈လမ်းက အစ္စလာမ်ဘာသာရေး စာသင်ကျောင်း ဧပြီ ၂ရက်နေ့ မနက် ၂နာရီကျော်မှာ မီးလောင်မှုဖြစ်ပွားခဲ့တာကြောင့် စာသင်သား ကလေးငယ် ၁၃ယောက် သေဆုံးခဲ့တယ်လို့ တိုင်းအစိုးရအာဏာပိုင်တွေက ပြောဆိုလိုက်ပါတယ်။

၂၀၁၃ခုနှစ် ရန်ကုန်နှင့် မန္တလေး သင်္ကြန်မဏ္ဍပ်များအတွက် မြို့တော်စည်ပင်မှ သတင်း ထုတ်ပြန်ချက်များ

၂၀၁၃ခုနှစ် ရန်ကုန်နှင့် မန္တလေး သင်္ကြန်မဏ္ဍပ်များအတွက် မြို့တော်စည်ပင်မှ သတင်း ထုတ်ပြန်ချက်များ

မဟာသင်္ကြန်ရက်များအတွင်း ရန်ကုန်တိုင်း စည်ပင်သာယာ နယ်နိမိတ် အတွင်းရှိ မြို့နယ် ၂၀ အား ပုံမှန်အတိုင်း ရေပေးဝေသွားမည်ဖြစ်ကြောင်း သိရပါသည်။ အဆိုပါ မြို့နယ် ၂၀အတွင်း တာမွေ၊ မင်္ဂလာတောင်ညွှန့်၊ ပုဇွန်တောင်၊ ဗိုလ်တထောင်၊ မင်္ဂလာဒုံ၊ အင်းစိန်၊ မရမ်းကုန်း၊ ရန်ကင်း၊ ကမာရွတ်၊ လှိုင်၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ တောင်ဥက္ကလာ၊ မြောက်ဥက္ကလာ၊ သင်္ကန်းကျွန်း၊ သာကေတ၊ ဒေါပုံ၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်းနှင့် အရှေ့ဒဂုံမြို့နယ်တို့ ပါဝင်ပြီး သင်္ကြန် အကြိုနေ့မှ အတက်နေ့ အထိ ပေးဝေနေကျ အစီအစဉ်အတိုင်း ရေပေးသွားမည်ဟု စည်ပင်သာယာကော်မတီ၊ အင်ဂျင်နီယာဌာန (ရေသန့်နှင့် သန့်ရှင်းမှု) ဌာနမှ ပြောသည်။

ရေကစား မဏ္ဍပ်များအတွက် ၁ လက်မ ၁.၅လက်မနှင့် ၂ လက်မ ရေပိုက်လိုင်းများသာ စည်ပင် ရေပေးဝေရေး ပိုက်လိုင်းမှ သွယ်ယူ အသုံးပြုခွင့် ပေးသွားမည်ဖြစ်ပြီး တခြားမြို့နယ်များဖြစ်သော အလုံ၊ ကြည့်မြင်တိုင်၊ စမ်းချောင်းမြို့နယ်နှင့် ရန်ကုန်မြို့လယ်ပိုင်းရှိ မြို့နယ် ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော်၊ ဗဟန်း၊ ဒဂုံမြို့နယ်တို့ကိုလည်း မနက် ၇ နာရီမှ ၁၁ နာရီအထိ တစ်ကြိမ် ညနေ ၃ နာ၇ီမှ ၆ နာရီအထိ တစ်ကြိမ် တစ်နေ့လျှင် နှစ်ကြိမ် အချိန်အတိုင်း မဏ္ဍပ်များကို ယခင်နှစ်များအတိုင်း ပေးသွားမည်ဟုသိရသည်။
ရေယူသုံးမည့် မဏ္ဍပ်များအနေဖြင့် ၁ လက်မနှင့် ၁.၅ ပိုက် အသုံးပြုမည် ဆိုပါက ကျပ် ၁ သိန်း၊ ၂ လက်မပိုက်အတွက် ကျပ် ၁သိန်းခွဲ ပေးသွင်းရမည်ဖြစ်ပြီး အင်းလျားလမ်းနဲ့ ကန်တော်ကြီးပတ်လမ်းရှိ ရေယူ သုံးသူမည့်သူများအတွက် ၃လက်မ ပိုက်လိုင်းကို ခွင့်ပြုပေးကာ ၃ လက်မ ပိုက်သုံး မဏ္ဍပ်များသည် ရေသွယ်ယူခ ကျပ် ၂.၂ သိန်းကို သင်္ကြန်အကြိုနေ့ နေ့လည် ၁၂ နာရီအမီ ပေးသွင်းရမည်ဟု သိရသည်။ ထို့ပြင် ရေပိုက်ဖိုးများမှာ ယခင်နှစ်နှုန်းထားထက် ထက်ဝက်ခန့် ဈေး မြင့်တက်လာကြောင်း သိရသည်။
မန္တလေးမြို့တွင်လည်း သင်္ကြန်မဏ္ဍပ် တည်ဆောက်လိုသူများသည် မတ်လအတွင်း လာရောက် လျှောက်ထားသူ ၈၀ကျော် ၀န်းကျင်ခန့် ရှိနေပြီဟု သိရသည်။ မန္တလေးမြို့ မဏ္ဍပ်တည်ဆောက် လိုသူများသည် ကျုံးဘေး ပတ်လည်မှာ တည်ဆောက်လိုပါက အာမခံကြေး ငွေကျပ် ၅ သိန်း ပေးသွင်းရမည်ဖြစ်ပြီး ကန်တော်ကြီးနေရာနဲ့ မြို့တွင်းနေရာများတွင် မဏ္ဍပ်ဆောက်လိုပါက အာမခံကြေး ပေးသွင်းဖို့ မလိုအပ်ကြောင်း သိရသည်။ မဏ္ဍပ် ဆောက်လိုသူများသည် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ ချပေးထားသော သတ်မှတ်နေရာ အကျယ်အ၀န်း အတွင်းသာ တည်ဆောက်ရမည်ဖြစ်ပြီး မဏ္ဍပ်အောက် ၁၀ပေ ပတ်လည် အမှိုက်ကန်နဲ့ ယာယီ ရေလောင်း အိမ်သာတို့ ပါရှိရမည် ဖြစ်ပြီး မဏ္ဍပ်များတွင် ဆေးလိပ်၊ အရက်နဲ့ ဘီယာများ ရောင်းချခြင်း များ၊ ပြုလုပ်ခွင့်များ မရှိကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ အခွန် ဌာနမှ သတင်းထုတ်ပြန်ထားသည်ဟု သိရသည်။

ယခင်နှစ်များက မဏ္ဍပ်ဆောက်မည်ဆိုလျှင် အာမခံကြေး ငါးသိန်း ပေးသွင်းရပြီး အဆိုပါ အာမခံကြေးများကို ပလက်ဖောင်း အပျက်အဆီးများအတွက် ပြန်မထုတ်ပေးခြင်းများ ရှိကြောင်း၊ ၂၀၁၂ခုနှစ် သင်္ကြန်ကာလတွင် တောင်ဘက်ကျုံး၌ မဏ္ဍပ် ၁၇ခုရှိခဲ့ရာ ၁၀နေရာ အတွက်ပင် မဲနှိုက်ခဲ့ရသည်များ ရှိကြောင်း ယခင်နှစ် လမ်း ၈၀တွင် မဏ္ဍပ် ဆောက်လုပ်ဖူးခဲ့သူတစ်ဦးက ဆိုသည်။ ရန်ကုန်နှင့် မန္တလေး သင်္ကြန်မဏ္ဍပ်များတွင် CCTV ကင်မရာများ တပ်ဆင်ပြီး၊ လုံခြုံရေး ၀န်ထမ်းများ ထားရှိပေးသွားမည် ဖြစ်ကြောင်း သိရသည်။

Myanmar ICT

မဟာသင်္ကြန်ရက်များအတွင်း ရန်ကုန်တိုင်း စည်ပင်သာယာ နယ်နိမိတ် အတွင်းရှိ မြို့နယ် ၂၀ အား ပုံမှန်အတိုင်း ရေပေးဝေသွားမည်ဖြစ်ကြောင်း သိရပါသည်။ အဆိုပါ မြို့နယ် ၂၀အတွင်း တာမွေ၊ မင်္ဂလာတောင်ညွှန့်၊ ပုဇွန်တောင်၊ ဗိုလ်တထောင်၊ မင်္ဂလာဒုံ၊ အင်းစိန်၊ မရမ်းကုန်း၊ ရန်ကင်း၊ ကမာရွတ်၊ လှိုင်၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ တောင်ဥက္ကလာ၊ မြောက်ဥက္ကလာ၊ သင်္ကန်းကျွန်း၊ သာကေတ၊ ဒေါပုံ၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်းနှင့် အရှေ့ဒဂုံမြို့နယ်တို့ ပါဝင်ပြီး

၄၈လမ်း ဆွာဒီကီယာကျောင်း မီးလောင်မှုနောက်ကွယ်မှာ သံသယရှိဖွယ်များ (၂)

Photo
မီးကလှေကားက စလောင်တာလို့ပြောခဲ့ပေမယ် ကျောင်းလှေကားက အကောင်းအတိုင်းရှိနေပုံ
၄၈လမ်း ဆွဒီယာကျောင်း မီးလောင်မှုမဖြစ်ပွားမီး ရက်ကွက်အတွင်းမီးပျက်နေပြီမီးလောင်နေချိန်တွင် မီးပြန်
လာကာ ကျောင်းရှိTransformer ပုံမှန်ပြန်အလုပ်လုပ်နေပြီးမီးများမှာ လင်းထိန်နေပါတော့သည်။အံသြသင့်စ
တွေ့ရှိချက်တခုပင်ဖြစ်သည်။ထိုအပြင်ဝါယာရှော့ပြီးထွက်လာသောဆီများသည်ထပြေးသောသူများကိုချော်
လဲသွားစေလောက်အောင်များပြားနေခြင်းပင်ဖြစ်သည်။

အစိုးရစစ်ကြောင်း မိုင်းနင်းမိ ၂ ယောက်သေ ကျေးလက်လူထု ခြိမ်းခြောက်ရိုက်နှက်ခံရ

အစိုးရစစ်ကြောင်း မိုင်းနင်းမိ ၂ ယောက်သေ ကျေးလက်လူထု ခြိမ်းခြောက်ရိုက်နှက်ခံရ

ဧပြီလ 02 ရက် 2013 ခုနှစ် သျှမ်းသံတော်ဆင့်သတင်း

သျှမ်းပြည်မြောက်ပိုင်း နမ္မတူအရှေ့ဘက် မိုင်းရင်အုပ်စုအသွားလမ်းစစ်ကြောင်းလှည့် အစိုးရစစ်တပ် ခမရ ၃၂၄ ကမိုင်းနင်း မိကာ သေကြေဒဏ်ရာရပြီးနောက် ဒေသခံလူထုအား တားဆီးစစ်ဆေး ရိုက်နှက်မှုများရှိနေ ကြောင်းစုံစမ်းသိရှိရသည်။

 “ မတ်ခ်ျလ ၂၈ ကြာသပတေးနေ့ မနက် ၈ နာရီခွဲလောက်ကပေါ့။ တောနင်းတဲ့ နမ္မတူ အခြေ စိုက် ခမရ ၃၂၄ မိုင်းရင်ကား လမ်း နဲ့ ၉ မိုင်လောက်ဝေးတဲ့ ကောင်းခါးရွာနဲ့ ကောင်းဟုန်းရွာ ကြားမှာ မိုင်းနင်း မိတာ။ ၄ ယောက်ဒဏ်ရာရတယ်။ ၂ ယောက်သေတယ်” - ဟု နမ္မတူ ဒေသခံ စိုင်းခမ်းက သျှမ်းသံတော် ဆင့်အားပြောပြသည်။

အဆိုပါ စစ်ကြောင်းလှည့် အဖွဲ့မှာ အင်အား ၁၅၀ ခန့်ရှိပြီး ထိုဒေသတဝိုက် လှည့်ပတ်နေ သည်မှာ သုံးလေးရက်ရှိခဲ့ပြီဖြစ် ကြောင်း ၊ နယ်မြေစိုးမိုးရေးစီမံကိန်းဖြင့် လှည့်နေခြင်းဖြစ် ကြောင်း ရွာသားများကပြောပါသည်။

၎င်းတို့၏ ဒဏ်ရာရရဲဘော်များနှင့် အလောင်းများသယ်ယူရန် ယာဉ်အခက်အခဲရှိသဖြင့် ထိုအနီးတဝိုက်၌ပင် မြေမြုပ်သဂြိုဟ် လိုက်ကြောင်းဒေသခံ ကျေးရွာအုပ်ချုပ်ရေးမှူး တဦးကပြောပါသည်။

“ သူတို့ ချောဆွဲဖို့ အဲဒီနားတဝိုက်ကရွာတွေမှာကားတွေထော်လာဂျီတွေကိုလိုက်ရှာတယ်။ မရှိဘူး။ဆိုတော့ သေဆုံး ရဲဘော် အလောင်းတွေကိုလဲဖြစ်သလိုဘဲ မြေမြုပ်လိုက်တယ်။ သူတို့က နားန ရွာမှာ အခြေချတာ။ ရခိုင်ပြည်နယ်မှာ ရှုပ်နေတုန်း အစိုးရတပ်က လိုင်ဇာကို ထိုးစစ်ဆင်တယ်။ အခုလဲ မိတ္ထိလာမှာရှုပ်နေတဲ့ အချိန်နဲ့တိုက်ဆိုင်စွာ သျှမ်းတပ်ကိုတိုက်ခိုက်ဖို့ ဒါအကွက်ချ စီမံချက်ဖြစ်နိုင်တယ်လို့တောင်လူတွေပြော နေကြတယ်” ဟု ကျားဖြူပါတီဝင်တဦးကပြောသည်။

ထိုနေ့တွင် နမ္မတူမြို့နယ် ဆိုက်ခေါင်အုပ်စု ဘက်လှုပ်ရှားသည့် ကျောက်မဲမြို့ အခြေစိုက်တပ် ခမရ ၅၀၁  အင်အား ၅၀ ခန့်ကလည်း ဆိုက်ခေါင်အုပ်စု ပန်ဝိုးရွာအလွန် ၂ မိုင်ခန့်နေရာ၌ တိုက်ပွဲအတု ဆင်နွှဲကြောင်း၊ ကျေးလက်ရွာသားများ ထိခိုက်မှုမရှိသော်လည်း တောင်ယာ ဆင်းရန်အခက်ကြုံနေရကြောင်း ဆိုက်ခေါင်မှ ရပ်ရွာအကြီးအကဲတဦး ကပြောပါသည်။

၎င်းတို့သည် လက်နက်ကြီး ၆ လုံး  စက်သေနတ်များအား အတွဲလိုက်ပစ်ခတ်ခဲ့ကြောင်းဒေသခံများကပြော သည်။

“ အဲဒီအခင်းဖြစ်ပြီးနောက်တရက်မနက်ပိုင်း ဆိုက်ခေါင်အုပ်စုသားလက်သမား ၂ ယောက် စိုင်းထွန်းအေးနဲ့ စိုင်းလင်း မိုင်းရင်အုပ်စုဘက်အိမ်ဆောက်ဖို့အသွားမှာ အဲဒီ ၅၀၁ အဖွဲ့နဲ့ တိုးတော့ တားဆီးစစ်ဆေးခံရတယ်။ သူတို့ ၂ ယောက်ကလဲ နားဟိုင်းရွာမှာ အိမ်သွား ဆောက် ပေးမယ့်အကြောင်းပြောတော့ ဘာလူမျိုးလဲလို့ ဆက်မေးတယ်တဲ့။ သျှမ်းပါ လို့လဲ ဖြေရော စိုင်းထွန်းအေးရဲ့ မျက်နှာကိုလှမ်းထိုးတော့တာဘဲ။ မျက်နှာမှာ အဖုအယောင်တွေခုထိ ရှိနေတုန်းဘဲ” ဟု ဒေသခံ စိုင်းအိုက် ကပြောသည်။

အဆိုပါ ဒေသဘက်တွင် လှုပ်ရှားသည့် သျှမ်းပြည်တပ်မတော် SSPP/SSA သည် အစိုးရနှင့် ငြိမ်းချမ်းရေးယူ ထား သည်ဟု ဆိုသော်လည်း အစိုးရစစ်ကြောင်းနှင့် မကြာခဏတိုက်ပွဲဖြစ် ပွား၏။ အဆိုပါတိုက်ပွဲအား အကြောင်းပြုပြီး အစိုးရစစ်ကြောင်းများက ဒေသခံလူထုအပေါ် လူ့အခွင့်အရေး အမျိုးမျိုးချိုးဖေါက်ခဲ့သည်ဟု ဒေသခံ ကျားဖြူပါတီအကြီးအကဲတဦး ကပြော သည်။

ဧပြီလ 02 ရက် 2013 ခုနှစ်

သျှမ်းပြည်မြောက်ပိုင်း နမ္မတူအရှေ့ဘက် မိုင်းရင်အုပ်စုအသွားလမ်းစစ်ကြောင်းလှည့် အစိုးရစစ်တပ် ခမရ ၃၂၄ကမိုင်းနင်းမိကာသကြေဒဏ်ရာရပြီးနောက်ဒသခံလူထုအားတားဆီးစစ်ဆေး ရိုက်နှက်မှုများရှိနေ
ကြာင်းစုံစမ်းသိရှိရသည်။

၄၈လမ်းအစ္စလာမ်ဘာသာရေးစာသင်ကျောင်း မီးလောင်မှုနဲ့ပတ်သတ်ပြီး အဖြစ်အပျက်ကိုယ်တိုင်ကြုံတွေရသူကျောင်းသားတစ်ဦးရဲ့ပြောပြချက်

ကျောင်းအုပ်ဆရာကြီးဟာရှင်ဘိုဒီဆွာဟိဗ်
စိတ်သောကရောက်နေရတဲ့ ကျောင်းအုပ်ဆရာကြီးဟာရှင်ဘိုဒီဆွာဟိဗ်
ရန်ကုန်မြို့ဗိုလ်တထောင်မြို့နယ်၄၈-လမ်းရှိ(ဆွာဒီကီယာ)အစ္စလာမ်ဘာသာရေးစာသင်ကျောင်းတွင် ယနေ
့နံနက် ၂-နာရီ ၄၅-မိနစ်ခန့်တွင် မီးလောင်ခဲ့၍ ကလေး ၁၃-ဦးသေဆုံးကြောင်းသတင်းရရှိသည်။

မီးပွိုင့်ပျက်လျှင် ပြင်မည့်အဖွဲ့သုံးဖွဲ့ ဖွဲ့စည်းထား

မီးပွိုင့်ပျက်လျှင် ပြင်မည့်အဖွဲ့သုံးဖွဲ့ ဖွဲ့စည်းထား
Tuesday, 02 April 2013
ရန်ကုန်မြို့တွင်း အသုံးပြုနေသော မီးပွိုင့်များပျက်လျှင် ချက်ချင်းပြင်ရန် အဖွဲ့သုံးဖွဲ့ ဖွဲ့စည်းထားကြောင်း ယနေ့ ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က ပြောကြားသွားသည်။

ရန်ကုန်မြို့တွင်း မီးပွိုင့်များ တစ်မျိုးတစ်စားတည်း ဖြစ်စေရေးနှင့် မီးပွိုင့်များပျက်လျှင် ချက်ချင်းပြင်ဆင်ရန်အဖွဲ့ ဖွဲ့စည်းထားခြင်း ရှိ၊ မရှိ သိလိုကြောင်း မေးခွန်းအား ဖြေကြားရာတွင် မြို့တော်ဝန်က ပြောကြားခဲ့ခြင်းဖြစ်သည်။

"ကျွန်တော်တို့ မီးပွိုင့်များပျက်လျှင် ပြင်ဆင်နိုင်ဖို့အတွက် အဖွဲ့သုံးဖွဲ့နဲ့ စစ်ဆေးပြုပြင်နေတဲ့အပြင် အသုံးပြုနေစဉ် ပျက်စီးမှုရှိလျှင် အချိန်နဲ့တစ်ပြေးညီ ပြင်ဆင်ပေးပါတယ်"ဟု ၎င်းကပြောသည်။

ရန်ကုန်မြို့တွင် မီးပွိုင့် ၁၅၁ ပွိုင့် ရှိသည့်အနက် Count Down တပ်ဆင်ထားသော ဒီဂျစ်တယ်မီးပွိုင့် ၃၅၀ ခုရှိသည်။
7Day News Journal

Tuesday, 02 April 2013

ရန်ကုန်မြို့တွင်း အသုံးပြုနေသော မီးပွိုင့်များပျက်လျှင် ချက်ချင်းပြင်ရန် အဖွဲ့သုံးဖွဲ့ ဖွဲ့စည်းထားကြောင်း ယနေ့ ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က ပြောကြားသွားသည်။

ယာဉ်တိုက်ပြီး ထွက်ပြေးနေသော ယာဉ်မောင်းကို ဖမ်းမမိသေး

ယာဉ်တိုက်ပြီး ထွက်ပြေးနေသော ယာဉ်မောင်းကို ဖမ်းမမိသေး
Tuesday, 02 April 2013
ပဲခူးတိုင်းဒေသကြီး၊ အင်းတကော် ရဲစခန်းအပိုင် သာယာအေးလမ်းဆုံတွင် ပြီးခဲ့သည့် မတ်လ (၁ဝ)ရက်နေ့က လူတစ်ဦးသေဆုံးခဲ့သည့် ယဉ်တိုက်မှုတွင် ထွက်ပြေးတိမ်းရှောင်နေသော ယာဉ်မောင်းအား ယခုအချိန်ထိ ဖမ်းမိခြင်း မရှိသေးကြောင်း အင်းတကော် ရဲစခန်းမှ သိရသည်။

“ကျွန်တော်တို့လည်း လိုက်ဖမ်းနေတုန်းပါပဲ၊ ခုချိန်ထိတော့ ဖမ်းမမိသေးပါဘူး၊ တခြား ရဲစခန်းတွေနဲ့လည်း ဆက်သွယ်ဆောင်ရွက်နေပါတယ်” ဟု အင်းတကော် ရဲစခန်းမှ ဒုရဲအုပ် ထင်ကျော်က မြန်မာ့ခေတ် သို့ ပြောကြားသည်။

လမ်းဘေးရှိ လက်ဖက်ရည်ဆိုင်ကို ဝင်တိုက်မိပြီး အသက် ၂၈ နှစ်ရှိ ကိုအောင်မျိုးထွန်း သေဆုံးခဲ့သည့်အပြင် လူသုံးဦးလည်း ထိခိုက်ဒါဏ်ရာ ရရှိခဲ့သည်ဟု မျက်မြင်သက်သေများက ပြောကြားသည်။

အဆိုပါ ယာဉ်တိုက်မှုကို အင်းတကော်ရဲစခန်းမှ ဒုရဲအုပ် ထင်ကျော်က ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၃၇/၃၃၈/၂၇၉/၃ဝ၄-က ၂ဝ၂ တို့ဖြင့် တရားလိုပြု တိုင်ကြားထားကြောင်း သိရသည်။

ယာဉ်တိုက်မှုကို ကြေအေးပေးပါက နှစ်နာကြေးအဖြစ် ငွေကျပ်(၅)သိန်းအား ကားပိုင်ရှင်ဘက်မှ ပေးမည်ဟု ပဲခူးတိုင်း မထသမှ ဥက္ကဌဖြစ်သူ ဦးအောင်သောင်းက ဆက်သွယ်လာသော်လည်း ကိုအောင်မျိုးထွန်း၏ မိသားစုဝင်များက လက်ခံခဲ့ခြင်း မရှိကြောင်း သိရသည်။

“သူတို့ဘက်က လူမှုရေးအရ တော်တော်ပျက်ကွက်ခဲ့ တယ်။ ဆေးရုံရောက်နေတုန်းကလည်း ဘာမှ မလုပ်ပေးခဲ့ဘူး၊ ဈာပနတုန်းကလည်း မလာခဲ့ဘူး။ ကျွန်မတို့ကတော့ ဥပဒေအတိုင်းပဲ ဆက်ပြီး ဆောင်ရွက်စေချင် တယ်”ဟု သေဆုံးသူ၏ အစ်မတော်သူ မတင်တင်ဦးက ပြောကြားသည်။

ပြီးခဲ့သည့် (၂ဝ၁၂)ခုနှစ်အတွင်း ပဲခူးတိုင်းဒေသကြီးတွင် ယာဉ်တိုက်မှုပေါင်း (၁၄၈၄)ခု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ(၄ဝ၄)ဦး၊ ဒါဏ်ရာရရှိသူ (၂၄၇၁)ဦးနှင့် စုစုပေါင်း ဆုံးရှုံးမှုတန်ဖိုး ငွေကျပ်(၃၃ဝ.၈)သန်းခန့် ရှိခဲ့ကြောင်း ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်က တိုင်းဒေသကြီးလွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေးတွင် ပြောကြားခဲ့ကြောင်း သိရသည်။

ထက်နောင်နောင်
မြန်မာ့ခေတ်

Tuesday, 02 April 2013

ပဲခူးတိုင်းဒေသကြီး၊ အင်းတကော် ရဲစခန်းအပိုင် သာယာအေးလမ်းဆုံတွင် ပြီးခဲ့သည့် မတ်လ (၁ဝ)ရက်နေ့
က လူတစ်ဦးသေဆုံးခဲ့သည့် ယဉ်တိုက်မှုတွင် ထွက်ပြေးတိမ်းရှောင်နေသော ယာဉ်မောင်းအား ယခုအချိန်
ထိ ဖမ်းမိခြင်း မရှိသေးကြောင်း အင်းတကော် ရဲစခန်းမှ သိရသည်။

မိတ္ထီလာမြို့ မှ ဒုက္ခသည်များအတွက် အိမ်ထောင်စုတစ်စုလျှင် ၃၅သိန်း ၄သောင်းတန်ဖိုးရှိအိမ်များ တည်ဆောက်ပေးမည်

မိတ္ထီလာမြို့ မှ ဒုက္ခသည်များအတွက် အိမ်ထောင်စုတစ်စုလျှင် ၃၅သိန်း ၄သောင်းတန်ဖိုးရှိအိမ်များ တည်ဆောက်ပေးမည်

မိတ္ထီလာ၊ ဧပြီ ၂။

မတ်လအတွင်းကဖြစ်ပွားခဲ့သော ပဋိပက္ခများတွင် အိမ်ခြေများ ပျက်စီးဆုံးရှုံးသွားသော ဒုက္ခသည်များအတွက် အိမ်ထောင်စုတစ်ခုလျှင် တန်ဖိုး ၃၅သိန်း ၄သောင်း တန်ဖိုးရှိသော အိမ်ပေါင်း ၁၅၃၄အိမ်အား တည်ဆောက်ပေးရန် စီစဉ်လျက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ဥပဒေချုပ် ဦးရဲမြင့်အောင်က ပြောကြားသည်။

“တစ်အိမ်ကို ၅၃သိန်း၎သောင်းတန်ဖိုးရှိတဲ့ အိမ်ပေါင်း ၁၅၃၄လုံးကိုတည်ဆောက်ပေးမှာဖြစ်ပါတယ်။သံတိုင်၊အုတ်တွေနဲ့ တည်ဆောက်ပြီး သွပ်မိုးပါတဲ့ အလျား ၂၄ပေ အနံ ၁၈ပေအကျယ်ရှိတဲ့ အိမ်တွေ တည်ဆောက်ပေးမှာပါ။ မွေးစာရင်းရှိတဲ့ လူတွေကို ပေးမယ်” ဟု ဦးရဲမြင့် အောင်က ပြောကြားသည်။

မိတ္ထီလာပဋိပက္ခဖြစ်ပွားစဉ်က ပျက်စီးသွားသော ၊ မီးလောင်သွားသော အိမ်များကို လုံခြုံရေးများနှင့် စောင့်ကြည့်ထားကြောင်း၊ အိမ်ပိုင်ရှင်များ ကို ၎င်းတို့နှင့်သတ်ဆိုင်ရာ နေအိမ်များတွင် ၀င်ရောက်ရှာဖွေရန် ၂ရက် ခွင့်ပြုမည်ဖြစ်ကြောင်း၊ မိမိတို့ပိုင်ဆိုင်သော အဖိုးတန်ပစ္စည်းများ အပျက်အစီးများကြားထဲတွင် တွေ့ရှိပါက ယူဆောင်ခွင့်ပြုမည်ဖြစ်ကြောင်း၊ ၇ှာဖွေမှုများပြီးဆုံးပါက ထိုမြေနေရာများကို ဘူဒိုဇာများဖြင့် ထိုးကာ အသစ်ပြန်လည်တည်ဆောက်ရန် စီစဉ်မည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ဥပဒေချုပ်က ထည့်သွင်းပြောကြားသည်။

“၀မ်းသာပါတယ်။ ဒီမှာက ကျောင်းပိတ်တုန်း နေရာချပေးထားတာလေ။ နွေရာသီကျောင်းပိတ်ရက်ပြီး လို့ ကျောင်းပြန်ဖွင့်ရင် ဒီကလူတွေ ဘယ်မှာနေရမလဲ ဆိုပြီး စိတ်ပူနေရတာ။ အခုတော့ အိမ်တွေ ပြန်ဆောက်ပေးမယ်ဆိုတော့ အရမ်းကို ဝမ်းသာပါတယ်။ စောင့်ရှောက်မှုတွေ ပေးထားပေမယ့် အားလုံးစုပြီးနေရတော့ ကိုယ့်အိမ်ကိုယ်မဟုတ်တော့လည်း နေရေးထိုင်ရေးက အဆင်မပြေဘူးလေ” ဟု အစ္စလာမ်ဒုက္ခသည် တစ်ဦးဖြစ်သူ ဒေါ်မြင့်ကြည်ကပြောကြားသည်။

ယခုအခါ မိတ္ထီလာမြို့တွင် ဗုဒ္ဒဘာသာဝင် ဒုက္ခသည်စခန်း ၂ခုနှင့် အစ္စလာမ်ဘာသာဝင် စခန်း ၅ခုကို ဘုန်းတော်ကြီးကျောင်းများ၊ ကောလိပ်၊ အထက်တန်းကျောင်း၊ အားကစားကွင်း စသည့်နေရာများတွင် ဖွင့်လှစ်ကာ စောင့်ရှောက်ထားကြောင်း သိရသည်။
ZinYaw

မိတ္ထီလာ၊ ဧပြီ ၂။

မတ်လအတွင်းကဖြစ်ပွားခဲ့သော ပဋိပက္ခများတွင် အိမ်ခြေများ ပျက်စီးဆုံးရှုံးသွားသော ဒုက္ခသည်များအတွက် အိမ်ထောင်စုတစ်ခုလျှင် တန်ဖိုး ၃၅သိန်း ၄သောင်း တန်ဖိုးရှိသော အိမ်ပေါင်း ၁၅၃၄အိမ်အား တည်ဆောက်ပေးရန် စီစဉ်လျက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ဥပဒေချုပ် ဦးရဲမြင့်အောင်က ပြောကြားသည်။

"စွမ်းဇာနည်ရဲ့ ဇလွန် ဖြေရှင်းချက်နဲ့ အတူ ဇာတ်ပွဲတွေ ဆက်တိုက် ကမယ့် အကြောင်း ပြောကြား"

"စွမ်းဇာနည်ရဲ့ ဇလွန် ဖြေရှင်းချက်နဲ့ အတူ ဇာတ်ပွဲတွေ ဆက်တိုက် ကမယ့် အကြောင်း ပြောကြား"
Tuesday, 02 April 2013
ဧရာဝတီတိုင်း ဒေသကြီး ဇလွန်မြို့ ဇလွန်ပြည်တော်ပြန် ဘုရားပွဲ တော် မှာ ဒေသခံ ပရိသတ်တချို့နဲ့ စွမ်းဇာနည်တို့ မတ်လ ၂၇ ရက်၊ မနက်၂နာရီခွဲ က ပဋိပက္ခဖြစ်ပွား ခဲ့ပြီး ဇာတ်စင်ကို မီးရှို့၊ ကားမှန်များ ရိုက်ခွဲ မှုတွေပြုလုပ် ခံ ရကြောင်း သိရပါတယ်။ အဲဒီအဖြစ်အပျက်ကို မတ်လ ၂၈ရက်၊ နေ့ခင်း ၂ နာရီက သင်္ဃန်းကျွန်း (သုဝဏ္ဏ) က စွမ်းဇာနည် နေအိမ်ကို သွားရောက် တွေ့ဆုံမေးမြန်းခဲ့ရာ

“ဇလွန် မှာ မတ်လ ၂၄ ရက်နေ့ ကနေ စပြီး ကတာ။ ဇလွန်ပွဲကို တအား ကချင် ခဲ့တာ။ တစ်ခါမှ အဲဒီမှာ မက ဖူးဘူး။ ပွဲကလည်း ကြိုငှားထားတာ ၁နှစ် လောက် ရှိပြီဆိုတော့ ကဖြစ်သွားတာ။ ပြဿနာဖြစ်တာက ၂၆ရက်နေ့ လပြည့်နေ့ညပေါ့။ ညနေ ၆နာရီခွဲ လောက် ကတည်း က ပြဿနာက စနေ တာ။ ကျွန်တော်တောင် မရောက်သေးဘူး။ ကျွန်တော်က ဟင်္သာတ မှာ ပြန်တည်း တာလေ။ ဟင်္သာတမှာ ထမင်းစားနေတုန်း ဇာတ်ကနေ ဖုန်းလာတယ်။ မင်း သားနဲ့ အမေမြန်မြန်လာပါ။ ဇာတ်မှာ ကန်ထရိုက်ရော၊ အဖေရော၊ ရဲတွေရော ရှုပ်နေတယ် ဆိုတော့သွားတာ။ ဇာတ် ထဲက လူရွှင်တော် ဖိုးကျော်က ထမင်း သွားစားတာ။ အဲဒါကို ဇာတ်ထဲက လားလို့ လာမေးတော့ ဇာတ်ထဲက လူရွှင်တော် ပါလို့ ပြောတော့ အဲဒါဆို ထိုးတယ် ကွာ ဆိုပြီး ဝိုင်းရိုက်ကြတာ။ နားရွက်တောင် ကွဲသွားတယ်။ နောက် ကျွန်တော်တို့ ဆီမှာ ကြိုပြီး သတင်းရတယ်။ နောက်ဆုံးညကို ဒီလိုပြဿ နာ ဖြစ်အောင် လုပ်မယ်ဆိုပြီး ကြားတယ်။ မကခင်ကတည်း က ပြဿ နာ ဖြစ်နေတော့ အဖေက မကချင်တော့ဘူး။ ပိုက်ဆံ ပြန်ပေးမယ်။ ပစ္စည်း တွေသိမ်းပြီး ပြန်တော့မယ်လို့ ပြောတော့ ကန်ထရိုက်က လူတွေရဲ့ လုံခြုံရေး၊ ဇာတ် ပစ္စည်းတွေ ရဲ့ လုံခြုံရေးကို တာဝန်ယူပါတယ် ဆိုပြီး လက်မှတ် တောင် ထိုးပေးသွားတာ။ အဲဒါနဲ့ ပွဲစ ကတာက ၉နာရီ၄၅မိနစ် မှာ။ အဲဒီမှာ ယောက်ျားလေး တစ်ဖွဲ့က ဘယ်လို မှ မခံနိုင်အောင် အော်ကြ၊ ဆဲကြတယ်။ တစ်ခွန်းမှ ပြန်မပြောဘဲ ကိုယ့်အလုပ် ပဲ ကိုယ်လုပ်တယ်။ ပွဲကပြီး စတိတ်ရှိုး စဆိုတော့ လူတစ်ယောက်က ဆုလာ ချတော့၊ သွားယူတော့ ပြန်ထိုင်ပြီး သူ တောင်းစား ၊ဇာတ်သမားတွေက ဒီလို ပဲလားဆိုပြီး ဆဲတာ၊ ကျွန်တော်တို့ အနုပညာသမားတွေက အောက်က ပရိသတ်ဆု ချီးမြှင့် တာ ဘယ်လောက် တန်ပဲဖြစ်ဖြစ် အသိအမှတ်ပြုပြီး ယူရတာလေ။ တတိယအကြိမ် ထပ်ပြီး လာပေးတော့ ကျွန်တော့် ဇာတ်က လူရွှင်တော်က သွားယူလိုက်ပါ မကောင်းဘူး လို့ ပြောတာနဲ့ သွားတော့ အဲဒီလိုထပ် လုပ်ပြီး လက်ဆွဲပြီး လိမ်ချိုးတယ်။

ကျွန်တော် ဒေါသကတော်တော်ထွက် နေပြီ။ ၅ ကြိမ်မြောက်လည်း ကျတော့ လုံးဝ သည်းမခံနိုင်တော့ဘူး။ အဲဒါနဲ့ မျက်နှာကို ကန်လိုက်တာ ပြဿနာတွေ စဖြစ်ရော ၊ကျွန်တော့် အဖေက တောင်း ပန်တော့ အောက်ကနေ ခဲတွေနဲ့ ဝိုင်း ပေါက်တာ။ မျက်နှာတွေပါ မှန်ရော၊ ကျွန်တော့် ကိုလည်း ဝိုင်းဆွဲ ထားတော့ ကျွန်တော် ထွက်လို့ မရဘူး။ အဖေ့ကို ထပ်ထိတော့ ဇာတ်ထဲက ကလေးတွေ က မခံနိုင်ဘူး။ အဲဒါနဲ့ သူတို့က ဇာတ် ထဲမှာရှိတဲ့ ပစ္စည်း လက်နက် ကိုင်တာပေါ့။ ဒါပေမဲ့ ဘယ်သူ့ကိုမှ ဘာမှ မလုပ်ပါဘူး။ အမေက လုံခြုံရေးတို့၊ ကန်ထရိုက်တွေကို ခေါ်တယ်။ ဒါပေမဲ့ ကျွန်တော် တို့ကို လုံခြုံရေး ပေးမယ့် သူတစ်ယောက်မှ မရှိဘူး။ အယောက် တစ်ထောင်လောက် ဝိုင်းပြီး လုပ်ကြတာ။ သူတို့က အစကတည်းက ဇာတ်ရုံထဲ မှာ ရောအပြင် မှာပါရှိနေတာ။ ကျွန်တော့် ဇာတ်ရုံထဲမှာ ပရိသတ်က အယောက် ငါးထောင်ကျော်တယ်။ ကြိုတင် ကြံစည်ထားတဲ့ သဘောမျိုးပဲ။ ဇာတ်ရုံ က ပစ္စည်းတွေ ရိုက်ခွဲ၊ ဇာတ်ရုံ တစ်ခု လုံးကို မီးရှို့တာ။ ဇာတ်ပွဲတောင် ပျက်အောင်၊ ရပ်သွားအောင် မဟုတ်ဘဲ အကြမ်းဖက် လုယူတဲ့ သဘောလို ဖြစ်နေတယ်” လို့ပြောပါတယ်။

ဇာတ်ရုံက ထွက် ပြီးတောလမ်းက သူသွားခဲ့ရတဲ့ အကြောင်းကို စွမ်းဇာနည် က..
”ကျွန်တော့် အခန်းထဲက ပစ္စည်းတွေ အကုန်ယူတာ။ သော့ခတ် ထားတာတွေ က အစဖျက်ပြီး ယူတာ။ ကျွန်တော့် စိန်ထည်တွေ၊ မျက်မှန်တွေ အကုန်ပါသွား တာ။ ပြဿနာတစ်ခု ဖြစ်ပြီးမှ ကိုယ်လွတ်ရုန်းပြီး ကိုယ့် အဖွဲ့သားတွေ အဖြစ်မခံနိုင်ဘူး။ ကျွန်တော့် ကိုဒေသခံ အမျိုး သမီး နှစ်ယောက်၊ အမျိုးသား တစ်ယောက် က ခေါ်သွားတာ။ ၁မိုင်လောက်ကို လမ်းလျှောက်ပြီး တောထဲက ဖြတ်သွားရတာ။ အဲဒီ က အိမ်မှာ ခဏနေပြီး နည်းနည်းငြိမ် သွားမှ ဆိုင်ကယ်နဲ့ ဓနုဖြူကို ခေါ် သွားပေး တာ။ ဟင်္သာတက ပရိသတ် တွေက ကျွန်တော် ဓနုဖြူရောက်တယ် ဆိုတာ သိပြီး ကျွန်တော့်ကို ကားငှားပြီး၊ အိမ်ကို ပြန်လိုက်ပို့တာ။ ကျွန်တော်က စတိတ်ရှိုး ဆိုရင်းနဲ့ ဆိုတော့ ဘာမှ မပါသွားဘူး။ ကျွန်တော်က သီချင်းဆိုရင် အင်္ကျီကိုချွတ်ပြီး ပေး တတ်တော့ ဖြစ်တဲ့အချိန်မှာ အင်္ကျီချွတ် ကြီးနဲ့သွားရတာ” လို့ပြောပါတယ်။

အဲဒီ အကြမ်းဖက်မှုကြောင့် ပျက်စီးမှုတွေကို အမှု မဖွင့်ရခြင်း အကြောင်းက “မနက်မိုးလင်းတော့ မြို့နယ်မှူး ရောက်လာပြီး အကြမ်းဖက်မှု၊ လုယူမှု၊ မီးရှို့မှု ပုဒ်မတွေနဲ့ အမှုဖွင့်တယ်။ဒါပေမဲ့ ကျွန်တော်တို့ မတိုင်ခဲ့ဘူး။ ကျွန်တော် မှားလို့ မဟုတ်ဘူး”

”ပွဲလာကြည့်တဲ့ သူတွေ သိပါတယ်။ ကျွန်တော် အမှုဖွင့်လိုက်ရင် ကျွန်တော့် ဇာတ်ရပ် ထားရမယ်။ ဒါဆို ဇာတ်အဖွဲ့သားတွေရဲ့စားဝတ် နေရေး ရှိတယ်။ နောက်ဇလွန်မှာ အမှန် တကယ်လာ အားပေးတဲ့ ပရိသတ် တွေ ထိမှာစိုးလို့ အမှုမဖွင့်ဘူး။ ဒါပေမဲ့ ဒီကိစ္စ ကို ဒီအတိုင်းပြီးမှာ မဟုတ်ပါဘူး။ အကုန်လုံးက အသက် အန္တရာယ် မရှိခဲ့ပေမယ့် ဒဏ်ရာက လူတိုင်းလိုလို ရခဲ့တယ်။ ကျွန်တော်ဆို ခဲချက်၊ တုတ်ချက်၊ ဝါးချွန်နဲ့ ထိုးမိတာ တွေရော၊ အရင်က ခြေထောက်ကျိုး ထားတဲ့ ခြေထောက်ပါ ဒဏ်ပြန်ဖြစ် သွားတယ်”လို့ စွမ်းဇာနည်က ပြောပါတယ်။

စာနယ်ဇင်း ရှင်းပွဲတစ်ခု လုပ်မယ့် အကြောင်းကို စွမ်းဇာနည်က “ကျွန်တော့်ဆီကို ကိုဖိုးချစ်၊ ကိုဟန်ဇာမိုးဝင်း၊ ကိုတင်မောင်ဆန်းမင်းဝင်း တို့မန္တလေး ကအစ ဖုန်းဆက် ကြတယ်။ကျွန်တော်တို့သဘင် သမားတွေ အားလုံး စုပြီး ဒီဇလွန်မှာဖြစ်တဲ့ ပြဿနာ အပေါ် စာနယ်ဇင်း ရှင်းလင်းပွဲ တစ်ခု လုပ်မယ်။ ကျွန်တော့်ရဲ့ ပျက်စီးသွားတဲ့ ပစ္စည်းတွေကို မနှမြော ပါဘူး။ ကျွန်တော့် ဇာတ်သမားတွေ အသက် ဘာမှမဖြစ်တာဘဲ ဝမ်းသာ ပါတယ်။ သဘင်က လူကြီးတွေနဲ့လည်း တိုင်ပင်မှာပါ။ သဘင် အစည်းအရုံး ကလည်း ကျွန်တော့် အ တွက် အကောင်းဆုံးဖြစ်အောင် စီစဉ်ပေး မယ် လို့ပြောပါတယ်။ ကျွန်တော် အခုပြောတာတွေက မုသား တစ်ခွန်း မှ မပါပါဘူး”လို့ ပြောပါတယ်။

ဇာတ်ပွဲတွေ ဆက်ကသွားမယ် ဆိုတဲ့ စွမ်းဇာနည်က ”ကျွန်တော့် သမိုင်း ကျွန်တော် ရေးမှာပါ။ စိုးရိမ် နေကြတဲ့ သူတွေက အသက်သေပြီး ဆေး ရုံရောက်နေ တယ်ပြောကြ တယ်။ ဘာမှမဖြစ်ပါဘူး။ ကျွန်တော့် ဇာတ် မှာ ဘာပစ္စည်းမှ မရှိတော့ပါဘူး။ ကျွန်တော် ပဲခူးပွဲလည်း ကမှာပါ။ ကျွန်တော့် ဇာတ်မှာဘာမှ မစုံတော့ လို့ လာမကြည့်ဘဲ ၃ ယောက်ပဲ လာ လည်း အဲဒီ၃ယောက်ကို အကောင်း ဆုံး တင်ဆက်သွားမှာ ပါ။ ကျွန်တော့် ရဲ့ စွမ်းသဘင် မရပ်ရေးအတွက် တောက်လျှောက် ကသွားမှာပါ။ မတ် လ ၃ဝ ရက်နေ့ အပေါင်၊သဲကုန်းမှာ စကမှာ။ ဒါပေမဲ့ကျွန်တော့်မှာ ဇာတ် အဝတ်စား၊ ပစ္စည်းဘာမှ မရှိတော့ ဘူး။ ကိုဖိုးချစ်က သူ့ဇာတ်က လိုတဲ့ ပစ္စည်းတွေ ကူညီမယ် လို့ပြော ပါတယ်။ သူ့ဇာတ်က ၁၂ဘီးကား၂စီး နဲ့ Express ပါငှားပေးမယ် လို့ ပြောပါတယ်။ ဇာတ်သဘင်လောကက လူတွေ တအား ကောင်းကြပါတယ်။ အဲဒီမှာ ၃ရက်ကပြီး ရင် ဝေါမှာသွား ကကြမယ်။ ပျက်စီးတန်ဖိုးက သိန်း ၁၇ဝဝလောက် ရှိတယ်။ ကျွန်တော် တစ်က ပြန်စမယ်။ ကျွန်တော့် အပေါ် အထင် မလွဲစေချင် ဘူး။ ကျွန်တော် က ရိုင်း စိုင်း တဲ့သူ မဟုတ် ဘူး။ ကျွန်တော် က ပရိသတ်ကို တန်ဖိုးထားတဲ့ သူတစ်ယောက် ပါ” လို့ ရှင်းပြပါ တယ်။

မေမွန်မောင်၊
Popular Journal

Tuesday, 02 April 2013
ဧရာဝတီတိုင်း ဒေသကြီး ဇလွန်မြို့ ဇလွန်ပြည်တော်ပြန် ဘုရားပွဲ တော် မှာ ဒေသခံ ပရိသတ်တချို့နဲ့ စွမ်းဇာနည်တို့ မတ်လ ၂၇ ရက်၊ မနက်၂နာရီခွဲ က ပဋိပက္ခဖြစ်ပွား ခဲ့ပြီး ဇာတ်စင်ကို မီးရှို့၊ ကားမှန်များ ရိုက်ခွဲ မှုတွေပြုလုပ် ခံ ရကြောင်း သိရပါတယ်။ အဲဒီအဖြစ်အပျက်ကို မတ်လ ၂၈ရက်၊ နေ့ခင်း ၂ နာရီက သင်္ဃန်းကျွန်း (သုဝဏ္ဏ) က စွမ်းဇာနည် နေအိမ်ကို သွားရောက် တွေ့ဆုံမေးမြန်းခဲ့ရာ

မိတ္ထီလာအကြမ်းဖက်မှုတွင် ပါဝင်သူများကို ဖော်ထုတ်ပြီး သေဒဏ်နှင့် တစ်သက်တစ်ကျွန်းပြစ်ဒဏ်များချမှ တ်မည်

မိတ္ထီလာအကြမ်းဖက်မှုတွင် ပါဝင်သူများကို ဖော်ထုတ်ပြီး သေဒဏ်နှင့် တစ်သက်တစ်ကျွန်းပြစ်ဒဏ်များချမှတ်မည်

ဧပြီလ ၂ ရက် ၂၀၁၃

မိတ္ထီလာ အကြမ်းဖက်မှုတွင်ပါဝင်သူများကို စုံစမ်းဖော်ထုတ်ပြီး ဥပဒေကြောင်းအရ အရေးယူမှုများပြုလုပ်တော့မည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ဥပဒေရေးရာချုပ် ဦးရဲအောင်မြင့်က ပြောကြားသည်။

“နောက်လာမယ့်အပတ်မှာ အကြမ်းဖက်မှုမှာ ပါတဲ့သူတွေကို ဖမ်းဆီးပြီးစစ်ဆေးမှုတွေပြုလုပ်တော့မယ်။ လူသေအောင် လုပ်တဲ့လူတွေကို သေဒဏ်ပေးမယ်။ မီးရှို့ တဲ့သူတွေကို တစ်သက်တစ်ကျွန်း။ အနာတရဖြစ်အောင် ရိုက်နှက်တဲ့ သူတွေ ကိုလည်း တစ်သက်တစ်ကျွန်းပေးမယ်။ အဲ့ဒီ တော့ ထိထိရောက်ရောက်အရေးယူနိုင်အောင် ပြည်သူတွေဘက်ကလည်း ပူးပေါင်းဖို့လိုအပ်ပါတယ်။” ဟု မန္တလေးတိုင်းဒေသကြီး ဥပဒေရေး ရာချုပ် ဦးရဲအောင်မြင့်က မိတ္ထီလာမြို့ရှိ ဒုက္ခသည်စခန်း များတွင် ဒုက္ခသည်များကို ထောက်ပံ့ပစ္စည်းများပေးအပ်စဉ်ပြောကြားသည်။

“ဥပဒေအတိုင်း အရေးယူမယ်ဆိုရင်ကောင်းပါတယ်။ ဒါမှ မြို့က အရင်လိုပုံမှန်ပြန်ဖြစ်မှာပါ။ အခုကတော့ နှစ်ဖက်စလုံးက ကြောက်နေကြတာ ဆိုတော့။ ဒီလိုဖော်ထုတ်မှလည်း အသက်ဆုံးရှုံးရတဲ့သူတွေရော ဒုက္ခသည် ဖြစ်သွားရတဲ့သူတွေ အားလုံး အတွက်လည်း တရားမျှတမှာပါ” ဟု အစ္စလာမ်ဘာသာဝင်ဒုက္ခသည် ဒေါ်မြင့်ကြည်ကပြောကြားသည်။

“ပုဒ်မ ၁၄၄  ထုတ်ထားတယ်ဆိုတာကလည်း လိုအပ်လို့ထုတ်တာပါ။ အပြစ်မဲ့တဲ့ အသက်အိုးအိမ်စည်းစိမ်တွေထက်ပြီး မပျက်ဆီးရအောင် ထုတ်ထားတာပါ။ လူတွေထုတ်ပြန်တဲ့ ဥပဒေပဲ ဒီနေ့ ဒေသဒေသ အေးချမ်း သွားတာနဲ့ ဒီနေ့ပုဒ်မ ၁၄၄ကို ရုတ်သိမ်းပေးမှာပါ” ဟု မန္တလေးတိုင်း ဒေသကြီး ဥပဒေရေးရာချုပ် ဦးရဲအောင်မြင့်က ရှင်းလင်းပြောကြားသည်။
ယခုအခါ မိတ္ထီလာ အကြမ်းဖက်မှုနှင့်စပ်လျဉ်ပြီး ပြည်ထဲရေးဒုတိယ၀န်ကြိး ဗိုလ်မှုးချုပ်ကျော်ဇံမြင့်၊ မန္တလေးတိုင်းဒေသကြီး ဥပဒေရေးရာချုပ် ဦးရဲအောင်မြင့်၊ ခရိုင်အုပ်ချုပ်ရေးမှုး ဦးခင်မောင်စိုး နှင့် အခြားဌာနဆိုင်ရာများမှ သက်ဆိုင်ရာ အရရှိများ ဦးဆောင်သော စုံစမ်းစစ်ဆေးရေးကော်မရှင်မှ ပြစ်မှုကျူးလွန်သူများကိုဖော်ထုတ်အရေးယူမည်ဖြစ်ကြောင်းသိရသည်။

ဆုဝေ

မြန်မာ့ခေတ်

ဧပြီလ ၂ ရက် ၂၀၁၃

မိတ္ထီလာ အကြမ်းဖက်မှုတွင်ပါဝင်သူများကို စုံစမ်းဖော်ထုတ်ပြီး ဥပဒေကြောင်းအရ အရေးယူမှုများပြုလုပ်တော့မည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ဥပဒေရေးရာချုပ် ဦးရဲအောင်မြင့်က ပြောကြားသည်။

အာရဗီစာသင်ကျောင်း မီးလောင်မှုကြောင့် သေဆုံးသူများအား ရေဝေးသုသာန်သို့ ပို့ဆောင်

အားလုံးစလာမ်ပါ။။။။

ရှဟီဒီကလေးများအတွက် ဒဖ်နာ ကိစ္စ ပြီးဆုံးသွားပါပီတဲ့။။။ဝမ်းနည်းကြေကွဲစွာနဲ. ဖတ်ရွတ်လိုက်ပါတယ်။။။

အင်နာလစ်လ္လာဟစ်လ် ၀အင်နာ အီလ္လာဟစ်လ် ရာဂျေအူးးးး

အားလုံးကို အားလုံးကောင်းသောအစား ပေးသနားတော်မူပါစေ။။။(အာမီးန်)
ရှဟီဒီကလေးများအတွက် ဒဖ်နာစီမံဆောင်ရွက်နေပုံ
ရှဟီဒီကလေးများအတွက် ဒဖ်နာ ကိစ္စ ပြီးဆုံးသွားပါပီတဲ့။။။ဝမ်းနည်းကြေကွဲစွာနဲ. ဖတ်ရွတ်လိုက်ပါတယ်။။။
အင်နာလစ်လ္လာဟစ်လ် ၀အင်နာ အီလ္လာဟစ်လ် ရာဂျေအူးးးး အားလုံးကို အားလုံးကောင်းသောအစား ပေး
သနားတော်မူပါစေ။။။(အာမီးန်)၄၈လမ်းအာရဗီစာသင်ကျောင်းမီးလောင်ကျွမ်းမှုကြောင့် သေဆုံးခဲ့သည့်
 ကျောင်းသားများ၏ အသုဘအခမ်းအနားကို ယနေ့ညနေပိုင်းက ရေဝေးသုသာန်၌ ကျင်းပပြုလုပ်ခဲ့သည်။ 

ပိုတောင်းသည့် အဝေးပြေးလက်မှတ်တစ်စောင် ငါးသောင်းနှုန်းဖြင့် အရေးယူမည်

ပိုတောင်းသည့် အဝေးပြေးလက်မှတ်တစ်စောင် ငါးသောင်းနှုန်းဖြင့် အရေးယူမည်
Tuesday, 02 April 2013

အဝေးပြေးမော်တော်ယာဉ်လိုင်းများမှ ကားလက်မှတ်ခများ သတ်မှတ်
ဈေးနှုန်းထက် ပိုပေး၍ ၀ယ်ယူနေရပါက ရောင်းချသည့် ယာဉ်လိုင်းများအား
အရေးယူသွားမည်ဖြစ်ကြောင်း မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်း
ကြီးကြပ်မှုဗဟိုကော်မတီက သိရသည်။ 

ခရီးသွားပြည်သူများက သတ်မှတ်ဈေးနှုန်းထက် ပိုပေးရသည့်လက်မှတ်
များဖြင့် မထသ(အဝေးပြေး)သို့ သွားရောက် တိုင်ကြားပါက ပိုမိုကောက်
ခံထားသော ကားလက်မှတ်နှုန်းထားအား ဂိတ်မှ ပြန်အမ်းပေးရ မည်ဖြစ်ပြီး လက်မှတ်တစ်စောင် အတွက် ဒဏ်ငွေကျပ် ငါးသောင်း ပေးဆောင်
ရမည်ဖြစ်ကြောင်း သိရှိရသည်။ 

အဆိုပါ အရေးယူမှုကို မလိုက်နာသည့် ကားဂိတ်(ယာဉ်လိုင်း)များကို ဒုတိယအဆင့်အနေဖြင့် ပို့ဆောင်ရေး ၀န်ကြီးဋ္ဌာန လက်အောက်ရှိ
ပို့ဆောင်ရေးစီမံကိန်းဦးစီးဋ္ဌာနက ယာဉ်လိုင်းပြေးဆွဲခွင့် (၂)ပတ်သို့တစ်လ ပိတ်သိမ်းသည်အထိ အရေးယူမည်ဖြစ်ကြောင်း မထသ အဝေးပြေးဥက္ကဋ္ဌ
ထံက သိရှိရသည်။

ခရီးဝေးပြေးဆွဲနေသည့် ယာဉ်လိုင်များအနေဖြင့် စီအန်ဂျီ ကားဖြစ်ပါက တစ်မိုင်လျှင်(၁၆)ကျပ်နှုန်းထား ကောက်ခံရန် ညွှန်ကြားထားကြောင်းနှင့် ဒီဇယ်ကားဖြစ်ပါက တစ်မိုင်လျှင် ကျပ်(၂၀)နှုန်းထားနှင့် အဲယားကွန်း
ဘတ်စ်ကား များအတွက် တစ်မိုင် လျှင် (၂၄)ကျပ်နှုန်းထားဖြင့် ပြေးဆွဲရန် ညွှန်ကြားထားကြောင်းကိုလည်း သိရသည်။

သင်္ကြန်ရုံးပိတ်ရက်များအတွက် အဝေးပြေးကားလက်မှတ်ဝယ်ယူရာ၌ ကားလက်မှတ်မရှိတော့ခြင်း၊ ကြိုတင်လက်မှတ် ရောင်းချမပေးခြင်း
အပါအ၀င် ကားခနှုန်းထားများ မြင့်တက်နေခြင်းကြောင့် ခရီးသွားများ
အနေဖြင့် အခက်တွေ့လျက်ရှိကြောင်း သိရှိရသည်။ 

ရန်ကုန်- ချောက် ပြေးဆွဲနေသော အောင်ဇေယျကားဂိတ်မှ ကားလက်မှတ်
များမှာ ယခင်က ပုံမှန်ကျပ် ရှစ်ထောင်မှ ယခုတွင် သင်္ကြန်ကာလအတွက် လက်မှတ်တစ်စောင်လျှင် ကျပ်တစ်သောင်းဝန်းကျင်အထိ ဈေးနှုန်း မြင့် တက်နေခြင်းဖြစ်သည်။ ရန်ကုန်- ရွှေကျင် ပြေးဆွဲနေသော ၀င်းရတနာ ကားဂိတ်မှ ကြိုတင်လက်မှတ်များအား ဧပြီလ(၃)ရက်နေ့မှသာ စတင်ရောင်း
ချမည်ဖြစ်ပြီး ယခင်က ကျပ်နှစ်ထောင်တန် ကားလက်မှတ်ခမှာ ယခု
လေးထောင်ကျပ်ဈေးရှိကြောင်း သိရသည်။ 

`` ကျွန်တော်က ပြင်ဦးလွင်ကိုပြန်ဖို့ ရာဇာမင်းကို Booking လှမ်းလုပ်တာ မရဘူးပြောတယ်၊ ဒါက နှစ်တိုင်း လိုလို ဖြစ်နေတာ၊ သူတို့က ရက်ကပ်
လာပြီဆိုတော့မှ ဈေးတွေ အသားကုန် တင်ရောင်းကြတာ၊ ဒါပေမဲ့လည်း မဖြစ်မနေ ကိုယ့်အိမ်ကိုယ် တစ်နှစ်တစ်ခေါက် ပြန်ရတာဆိုတော့ ၀ယ်ရ
တာပါပဲ´´ ဟု ပြင်ဦးလွင်ကားလက်မှတ် ၀ယ်ယူလိုသူတစ်ဦးက ပြောသည်။ 

ယခင်နှစ်များက ကားလက်မှတ်များသည် ပြန်မည့်နေရာဒေသနှင့် ကားဂိတ် အမျိုးအစားပေါ် မူတည်၍ ပုံမှန် ဈေးထက် အနည်းဆုံး နှစ်ထောင်မှ ရှစ်ထောင်ဝန်းကျင်အထိ ဈေးနှုန်းများမြင့်တတ်လေ့ရှိကြောင်း ကား လက်မှတ်ဝယ်ယူသူများထံက သိရသည်။

“ကျွန်တော်က လားရှိုးကို ပြန်ရမှာ၊ စိန်မျှားကားဂိတ်ကို ဖုန်းဆက်တော့ ၁၀ ရက်နေ့ ကားမထွက်ဘူး ပြောတယ်၊ မြတ်မန္တလာထွန်းကို ဖုန်းဆက်တော့ ကားလက်မှတ်က ကုန်နေပြီ ပြောတယ်၊ သင်္ကြန်နီးရင် အဲ့လို ဖြစ်မှာစိုးလို့ မတ်လ အစကတည်းက ၀ယ်တော့လည်း မရောင်းသေးဘူးပြောတယ်၊
ပြီးခဲ့တဲ့နှစ်တွေ တုန်းကလည်း ဒီလိုပဲ၊ ပြီးတော့ ပြန်ဖို့ ရက်ကပ်လာတော့မှ
ဈေးတွေ အဆမတန်တင်ပြီး ရောင်းကြတယ်’’ ဟု လားရှိုးပြန်လိုသူ ဦးထွန်းအောင်က ပြောသည်။ 

အောင်မင်္ဂလာအဝေးပြေးကားဝင်းအတွင်း၌ ကြိုတင်လက်မှတ်မှာကြားလို
သူများအား လက်ခံခြင်း မရှိသည့် ကားဂိတ်များ၊ ဈေးနှုန်းအပြောင်း
အလဲမရှိသည့်ကားဂိတ်များနှင့် ဈေးနှုန်းမသတ်မှတ်ရသေးသည့် ကားဂိတ်များ လည်း ရှိကြောင်း ကားလက်မှတ်ဝယ်ယူလိုသူများထံမှ သိရသည်။ 

“အခုလို booking မပေးတာ ဘုရားဖူး အော်ဒါပါတဲ့ ကားတွေရှိနေတော့ ကျွန်တော်တို့က Booking ပေးလိုက်ရင် အဲဒီချိန် ကားလိုင်းနည်းသွားရင် ကြိုလုပ်တဲ့သူတွေ ကားမရတာဖြစ်နိုင်တယ်။ ခရီးသွားတွေ အဆင်မပြေဖြစ်
မှာ စိုးလို့ပါ။” ဟု နီလာဝင်း ပုသိမ် ကားဂိတ်က ဆိုသည်။ 

‘သူတို့က ကားဆွဲစားနေတာလေ၊ ဘုရားဖူး အော်ဒါလိုက်တယ်ဆိုလဲ မရတဲ့ ကားအရေအတွက် သေချာ သိရမှာပေါ့၊ အော်ဒါမရရင် ဂိတ်ပြန်ထိုးဆိုတာ မျိုးမဖြစ်သင့်ဘူး ၊ အော်ဒါအတွက် တစ်စီး၊ နှစ်စီး ချန်ထားပြီး ကျန်တာကို လက်မှတ်လုပ်ပေးပေါ့ ၊Booking မပေးဘူး ဆိုတာ သူတို့ ဈေးတောင်း
ကောင်းအောင် လုပ်တာနေမှာ၊ ခရီးသွားတဲ့ သူက ကားရှားတယ်ထင်အောင်
လုပ်တယ်၊မလောက်လို့ အစားထိုးတယ်ဆိုပြီးတော့ ဈေးတက်တယ်၊ အဲဒါက အစီအစဉ်သေချာ မဆွဲတာ မဟုတ်ဘူး၊ ပိုတောင်းဖို့ကို အစီအစဉ်ချထားတာ ´ဟု သင်္ကြန်တွင်း ပုံမှန်ဈေးဖြင့် ကြိုတင်လက်မှတ်ဝယ်ရန် ကြိုးစား နေသူ မစုစုက သုံးသပ်သည်။

Myit Makha Mediagroup

Tuesday, 02 April 2013

အဝေးပြေးမော်တော်ယာဉ်လိုင်းများမှကားလက်မှတ်ခများသတ်မှတ်ဈေးနှုန်းထက်ပိုပေး၍ ၀ယ်ယူနေရပါ
က ရောင်းချသည့် ယာဉ်လိုင်းများအား အရေးယူသွားမည်ဖြစ်ကြောင်း မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်း ကြီးကြပ်မှုဗဟိုကော်မတီက သိရသည်။

ကုန်သွယ်ရေးအရာရှိ ရှစ်ဦးကို ဌာနပြောင်းရွှေ့

မှောင်ခိုပစ္စည်း တားဆီးရှာဖွေရန် ဖွဲ့စည်းခဲ့သော ရွေ့လျားစစ်ဆေးရေး အဖွဲ့ကို တာဝန်ယူခဲ့သည့် နယ်စပ်ကုန်သွယ်ရေး ဌာမှ ညွှန်ကြားရေးမှူး ခြောက်ဦး အပါအဝင် ကုန်သွယ်ရေးအရာရှိ ရှစ်ဦးကို ဌာနပြောင်းရွှေ့ ခန့်ထားလိုက်ကြောင်း စီပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်မှု မြှင့်တင်ရေးဌာနမှ ညွှန်ကြားရေးမှူး ဦးတေဇာအောင်ဝင်းက ပြောကြားသည်။

မြန်မာနိုင်ငံအခြေအနေကို မလေးရှားမှ စောင့်ကြည့်

မြန်မာနိုင်ငံအခြေအနေကို မလေးရှားမှ စောင့်ကြည့်
Tuesday, April 2, 2013
မလေးရှားနိုင်ငံသည် မန္တလေးတိုင်းနှင့် ပဲခူးတိုင်းများတွင် မူဆလင်များအပေါ် ဖြစ်ပျက်ခဲ့သည်တို့အတွက် စိုးရိမ်ပူပန်မှုများ ရှိနေခြင်းကြောင့် ရန်ကုန်ရှိ မလေးရှားသံရုံးသည် မတည်ငြိမ်မှု ကြီးကြီးမားမားရှိနေသောအခြေအနေအား အနီးကပ် စောင့်ကြည့်လျှက်ရှိကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန ကပြောပါ သည်။


နိုင်ငံခြားရေးဝန်ကြီးဌာနက ၎င်း၏ကြေညာချက်တွင် မလေးရှားနိုင်ငံသည် အခြားနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက် မစွက် ဖက်ရေးမူကို ကိုင်စွဲထားသော်လည်း မြန်မာနိုင်ငံတွင် မကြာသေးခင်က ဖြစ်ပွားခဲ့သော အဖြစ်အပျက်များတွင် ပါဝင်ပတ်သက်သူများအပေါ် အခြေအနေများ ထပ်မံဆိုးမသွားစေရေးအတွက် လုပ်ဆောင်မှုများ ရပ်ဆိုင်းကြရန် တောင်းဆိုထားပါသည်။

မြန်မာနိုင်ငံမှ မလေးရှားနိုင်ငံသားများအနေဖြင့် မန္တလေးတိုင်းတွင် သာစည်နှင့် ဝမ်းတွင်း၊ ပဲခူးတိုင်းတွင် ကြို့ပင်ကောက်၊ အုတ်ဖို၊ မင်းလှများသို့ သွားရောက်ခြင်းအား ကန့်သတ်ထားခြင်းမရှိသော်လည်း ရှောင်ကွင်းသွားရန်မူ အကြံပြုထားပြီး သတိရှိကြရန် ကြေညာချက်၌ ဖော်ပြထားပါသည်။ 

မြန်မာအစိုးရအနေဖြင့် ပြစ်မှုကျူးလွန်သူများအား တရားဥပဒေအရ အရေးယူလိမ့်မည်ဟု မလေးရှားက မျှော်လင့်ကြောင်းကြေညာချက်တွင် ဖော်ပြထားပါသည်။

မလေးရှားသည် ၂၀၁၃ မတ်လ ၂၈ ရက်နေ့က သမ္မတ ဦးသိန်းစိန်၏ ကြေညာချက်ကို ကြိုဆိုခဲ့ပါသည်။ ကြေညာချက်တွင် ဦးသိန်းစိန်သည် မိတ္ထီလာနှင့် အခြားဒေသများတွင် အဓိကရုဏ်းဖြစ်ပွားခဲ့ခြင်းကြောင့် အရေးပေါ်အခြေအနေ ကြေညာခဲ့ပါသည်။

ထို့ပြင် ပဲခူးတိုင်း၏ မြို့နယ် ၃ ခုတွင် ညမထွက်ရအမိန့်များ ထုတ်ပြန်မှုကိုလည်း မလေးရှားအနေဖြင့် ကြိုဆိုပါသည်။ မြန်မာအစိုးရ
အနေဖြင့် အဆိုပါကဲ့သို့ ပြင်းထန်ဖြစ်ရပ်များ ဆက်လက်မပြန့်ပွားစေရေးကို ထိန်းသိမ်းနိုင်ခဲ့ခြင်းကြောင့် မလေးရှားအနေဖြင့်နှစ်ထောင်းအားရဖြစ်ရ ကြောင်း ကြေညာချက်တွင် ဖော်ပြထားပါသည်။

OIC ကလည်း ဧပြီလ ၁၄ ရက်နေ့တွင် မြန်မာနိုင်ငံမှ ရိုဟင်ဂျာများကို နှိပ်ကွပ်နေခြင်းနှင့် ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကျင်းပရန် စီစဉ်နေကြောင်း သတင်းရရှိပါသည်။
Yangon Chronicle



Tuesday, April 2, 2013


မလေးရှားနိုင်ငံသည် မန္တလေးတိုင်းနှင့် ပဲခူးတိုင်းများတွင် မူဆလင်များအပေါ် ဖြစ်ပျက်ခဲ့သည်တို့အတွက် စိုးရိမ်ပူပန်မှုများ ရှိနေခြင်းကြောင့် ရန်ကုန်ရှိ မလေးရှားသံရုံးသည် မတည်ငြိမ်မှု ကြီးကြီးမားမားရှိနေသောအခြေအနေအား အနီးကပ် စောင့်ကြည့်လျှက်ရှိကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန ကပြောပါ သည်။

ရေကျော်ဗလီ မီးလောင်မှု စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း

ရန်ကုန်၊ ဧပြီ-၂

ယနေ့ နံနက် ၂ နာရီခွဲဝန်းကျင်က ဖြစ်ပွားခဲ့သော ဗိုလ်တထောင်မြို့နယ်၊ ၄၈ လမ်း ရေကျော်ဗလီမီးလောင်
မှုအား စုံစမ်းစစ်ဆေးရန် အစ္စလာမ်ဘာသာရေးအဖွဲ့အစည်းများမှ ဘာသာရေးခေါင်းဆောင်များ အပါအ၀င်
မီးသတ်ဦးစီးဌာန၊ ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူ
များဖြင့် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းသွားမည်ဖြစ်ကြောင်းမီးသတ်ဦးစီးဌာနမှတာဝန်ရှိသူတစ်ဦးကပြော
သည်။

မီးလောင်မှုကြောင့် သေဆုံးခဲ့ရတဲ့ ရှဟီဒီကလေးငယ်များစားရင်း (သတင်း/ဓာတ်ပုံ)

အခုdutyကအပြန် လမ်းမှာလူတွေပြောနေကြတယ်။ မီးကွင်းပစ်တာတဲ့။ လှေကားမှာဓာတ်ဆီတွေလောင်းထားတယ်တဲ့။ကျွန်တော်နေတာကပန်းဘဲတန်းဆိုတော့ပိုဆိုးတာပေါ့။ အဆိုးဆုံးက အိမ်ရောက်လို့ facebook လည်းဖွင့် ရော internationalမှာပါ ကောလဟာလတွေအပြည့်ပဲ။အရမ်းစိတ်ပျက်ဖို့ကောင်းတယ်။ အဖြစ်မှန်ကိုလူတွေသိစေချင်တယ်။
ကျွန်တော် မနေ့ကအရေးပေါ် ERC2 dutyကျတယ်။ မနက် ၃နာရီ ခွဲလောက်မှာ ဗလီတစ်လုံး မီးရှို့ခံရလို့ဆိုတဲ့သတင်းစဝင်လာတယ်။  ကျွန်တော်တို့လို အစိုးရဋ္ဌာနတွေတောင် ကောလဟာလသတင်းက စဝင်လာတာပြော့ပါတယ်။ ကျွန်တော်ကတော့ ပထမလုံးဝမယုံဘူး။ april fool လို့ပဲထင်တာ။နောက် eleven က internet သတင်းတက်လာတော့မှအကုန်လုံးလန့်ဖြန့်ပြီး ကြိုတင်ပြင်စရာရှိတာတွေပြင်ကြတယ်။ house surgeon လေးတွေကော emo , ဆရာမတွေကော အလုပ်သမားတွေကောပေါ့။drip line တွေ ထရော်လီတွေ maskတွေ  အကုန်အစုံအလင်နဲ့ ကိုယ်တွေတတ်နိုင်သလောက်ပြုစုကုသပေးဖို့ပြင်ဆင်ထားကြတယ်။ ဒါပေမယ့်ကျွန်တော်တို့ ရည်မှန်းချက် မပြည့်မြောက်ခဲ့ပါဘူး။ ရောက်လာသမျှကinjury patient တစ်ယောက်မှမပါပဲ အကုန်လုံး dead body ချည်းဖြစ်နေလို့ပါ။ ၄နာရီ ၂၀မှာ body ၄ခုစရောက်တယ်။ နောက်တစ်ခေါက် က ပစ်ကပ်ကားနဲ့ ၆ခု ။နောက်ဆုံး တစ်ခေါက်က ၃ခု စုစုပေါင်း ၁၃ ခု ရောက်ပါတယ်။ ထူးခြားတာက မီးသတ်ကားတွေ ရဲကားတွေ လူနာတင်ယာဉ်တွေအကုန်လုံးက ဥသြသံလုံးဝ မဆွဲပဲ စည်းကမ်းတကျဆောင်ရွက်နေကြတာပါ။ သူတို့နဲ့အတူတူ အစ္စလာမ်ဘာသာဝင်ယောက် ၄၀ လောက်လည်းပါလာပါတယ်။ ကျွန်တော်လည်း ဖြစ်ကြောင်းကုန်စင်ကိုမေးတာပေါ့။ မီးသတ်ကတာဝန်ရှိသူတွေကော ရဲတွေကိုကောပေါ့။ သူတို့ကသေချာရှင်းပြကြပါတယ်။ ဗလီဆရာက ညအိပ်ခါနီးတိုင်းလူစစ်ပါတယ်တဲ့။ မနေ့ညက ၇၀ ရှိပါတယ်တဲ့။ အခု ၁၃ ယောက်ဆုံးပါးသွားပြီး ၅၃ယောက်ကို ကယ်ထားနိုင်ပြီး ၄ယောက်ပျောက်နေတယ်လို့ပြောပါတယ်။ မီးအားမြှင့်စက်က ဝါယာရှော့ဖြစ်ပြီး လှေကားနဲ့ စက်က ကပ်နေပြီး လှေကားကိုမီးကူးတာပါ။ အဲဒီလှေကားက ထပ်ခိုးကိုတက်တဲ့လှေကားဖြစ်ပြီး ထပ်ခိုးမှာအိပ်တဲ့ ကလေး၁၃ယောက်လုံးပိတ်မိသွားတာပါ။ထပ်ခိုးက လေးဘက်လေးတန် အလုံပိတ်ဖြစ်ပြီး မီးလောင်တဲ့လှေကားတစ်ခုပဲထွက်ပေါက်ဖြစ်နေတာကြောင့်ဘယ်လိုမှကယ်လို့မရဘူးလို့ မီးသတ်ဗိုလ်ကြီးကပြောပါတယ်။ သူတို့မှာအထောက်အထားဓာတ်ပုံတွေအကုန်ရှိတယ်လို့လည်းဆိုပါတယ်။ ကျွန်တော်လည်းပါလာတဲ့ အစ္စလာမ်ဘာသာဝင်တော်တော်များများကိုလိုက်မေးကြည့်ပါတယ်။ သူတို့ကလည်းဒီအတိုင်းပဲပြောကြပါတယ်။ ဗလီကျောင်းကတာဝန်ရှိလူကြီးတွေလည်းပါလာပြီး သူတို့လည်းဒီလိုပဲပြောကြပါတယ်။ ဘယ်သူမှရှို့မီးတို့ မီးကွင်းပစ်တာတိုံ့မပြောကြပါဘူး။ သူတို့ ကိုယ်တိုင်က အဲဒါမျိုးလုံးဝမဖြစ်နိုင်ဘူး။ တံခါးကသော့ခတ်ထားတာဖြစ်ပြီး အထဲက စလောင်တာလို့ပြောကြပါတယ်။ ကျန်တော်နဲ့တူတူdutyကျတဲ့ team leader ကော နောက် ရောက်လာတဲ့  FA ကောကလည်း အစ္စ လာမ်တွေပဲဆိုတော့ သူတို့လည်း စိတ်မကောင်းဖြစ်နေကြပါတယ်။ ကျွန်တော်ကတော့ သေချာအောင် အကုန်လုံးကိုသေချာအောင်လိုက်မေးကြည့်ထားတာပါ။ ဆေးရုံလုံခြုံရေး အတွက်တံခါးပိတ်ထားတာကို တချို့တွေ အတင်းဖွင့်ခိုင်းလို့ကတောက်ကစဖြစ်တာကလွဲလို့ ဘာမှပြသနာကြီးကြီးမားမားမဖြစ်ပါဘူး။အဒီတော့ ဒါရှို့မီးမဟုတ်ူးဆိုတာ နားလည်ကြမယ်ထင်ပါတယ်။ သက်သေအနေနဲ့ င်္မီးသတ်တွေ ရဲတွေ ဆေးရုံကဆရာဆရာမတွေ အလုပ်သမားတွေ အတူတူပါလာတဲ့ အစ္စလာမ်ဘာသာဝင်တွေ ဗလီကတာဝန်ရှိသူတွေရှိကြပါတယ်။
အခုတော့ဗျာ ကောလဟာလတွေကဆိုးလွန်းအားကြီးပါတယ်။လူတွေက ဘာတွေဖြစ်ချင်နေကြတာလဲ။ လူတွေပါးစပ်က စည်းကမ်းမဲ့လွန်းအားကြီးပါတယ်။ အပြစ်မဲ့ ပြီးသေဆုံးသွားတဲ့ ကလေး ၁၃ ယောက်ရဲ့ အသက် ၁၃ ချောင်းကို အသုံးချပြီး အကြမ်းဖက်မှုတွေ ဘာသာရေးသွေးကွဲမှုတွေ အုံကြွမှုတွေဖြစ်အောင်လုပ်နေတဲ့ ပြောနေတဲ့ ရေးနေတဲ့ လူတွေရဲ့လုပ်ရပ်တွေကတော့ အောက်တန်းကျလွန်းအားချည်းပါတယ်။
ကျွန်တော် ဒီလို statusမျိုးရေးလေ့ရေးထမရှိပါဘူး။ အခုရေးရတာကလည်းကိုယ်သိတဲ့အမှန်တရားတစ်ခုကို ပြောရမယ့်ဝတ္တရားရှိတယ်လို့ ခံယူထားလို့ပါ။ လူတိုင်းအမှန်ကိုသိအောင်မစွမ်းဆောသ်နိုင်ပေမယ့် အနည်းဆုံးတော့ကျွန်တော့်ရဲ့ fb account မှာရှိတဲ့ဆွေမျိုး မိတ်ဆွေသူငယ်ချင်းတွေတော့ အမှန်ွသိသင့်တယ်ထင်လို့ပါ။ လူတိုင်း ကောလဟာလဘေးမှကင်းဝေးနိုင်ကြပါစေ။
မီးလောင်မှုကြောင့် သေဆုံးခဲ့ရသူရှဟီဒီကျောင်းသားများ
မီးလောင်မှုကြောင့် သေဆုံးခဲ့ရတဲ့ ရှဟီဒီကလေးငယ်များစားရင်းကိုတင်ပြပေးလိုက်ပါတယ်။

Thirteen Children burnt to death at the burning of an Islamic Religious School in Yangon

Thirteen Children burnt to death at the burning of an Islamic Religious School in Yangon

April 2, 2013
M-Media
Thuta

Swardikiyah Islamic religious school, on 48th Street, Botathaung Township, was on fire this morning at 2:45 am, and 13 schoolchildren were burnt alive.

The school is located at No.181, 48th Street (Upper Block), Botathaung, and it is next to a mosque. Over a hundred students from all over the country study and memorize the Holy Qur’an there. Now, as the school is temporarily close, there were about 70 students only, and when the fire broke out, 55 of them could escape from fire, but unfortunately, 13 of them, who were under thirteen-year-old children, were burnt alive in fire.

The fire started around 2:45 and could be put out by 3:30. It was reported that the fire was claimed to be arson. It started first from the shoe-cabinet. When the students ran out on knowing the fire had broken out, the slipped on the staircase as it was wet with the petroleum oil, and they could sense the smell of it. The school was a two-storey building, and it was known that only inside the building was on fire.

M-Media could interview two 15-year-old students who had escaped from the burning: “Our school is two-storeyed. We didn’t know that it was on fire at first. When we realized that the fire had spread. We ran down the staircase, and we slipped on the oil spilled on the floor. There are about 70 students in our school for the time being. Now (at the time of the interview) 51 students have escaped. The school didn’t store any flammables like gasoline or petroleum. The fire started from the shoe cabinet. Our shirts still smell the gasoline now.”

“I am now at the burnt place. Fire didn’t catch the mosque, it was only inside the school. Three fire engines got here and put out fire. Children who were burnt were found together at one place. To my surprise, one of them didn’t catch fire at all but died, and one more thing, as they all were supposed to be asleep in their bed, I cannot understand why they all were burnt to death at one place together. Now, the reason of the fire was told to be wire-shock. Indeed, it cannot be. I talked to people who live in that street, and they told me they heard a loud banging sound two hours before, but they didn’t pay attention to where it came from. Later, they said they saw fire from the school, for that at first they thought it was only candlelight, and only sooner they learnt the school was on fire. Now the dead bodies have been taken to the hospital, and those who had escaped were put in a camp. I am sure it was not wire-shock, it was definitely arson”, said a witness from the fire-spot to M-Media.

Photo- Myanmar Muslim Net

April 2, 2013
Swardikiyah Islamic religious school, on 48th Street, Botathaung Township, was on fire this morning at 2:45 am, and 13 schoolchildren were burnt alive. The school is located at No.181, 48th Street (Upper Block), Botathaung,and it is next to a mosque.Over a hundred students from all over the country study and memorize
the Holy Qur’an there. Now, as the school is temporarily close, there were about 70 students only, and when the fire broke out, 55 of them could escape from fire, but unfortunately, 13 of them, who were under thirteen-year-old children, were burnt alive in fire.

၄၈လမ်း ဆွာဒီကီယာကျောင်း မီးလောင်မှုနောက်ကွယ်မှာ သံသယရှိဖွယ်များ (၁)

ဒီပုံကိုယ်ထပ်မံလေ့လာကြည့်ပါ

ခင်ဗျားတို့ပြေားသလို မီးအားမြှင့်စက်မှ မီးလောင်တယ်ထားဦး၊ မီးခိုးတွေကြောင့်သာ အသက်ရှုကြပ်ပြီး ကလေးတွေ သေ စေနိုင်ပါတယ်။
မီသတ်ဦးစီးမှုပြေား သလို သူရောက်လာတဲ့ အချိန်မှာ မီးခိုးတွေသာ ရှိပြီး၊ လျှပ်စစ်မီးက လင်းနေတုန်းလို့ သူထွက်ဆိုထားတယ်၊ ဒါပေမဲ့ လက်ရှိ အပုံက ကလေးတွေက ဘာလို့ ဒီလိုမီလောင်သေဆုံးနေရပါသလည်း၊
ဒီပုံကိုယ်ထပ်မံလေ့လာကြည့်ပါ
၄၈လမ်း ဆွာဒီကီယာကျောင်း မီးလောင်မှုနောက်ကွယ်မှာ သံသယရှိဖွယ်များ(၁)ကိုဖော်ပြပေးလိုက်ပါတယ်
။ ထပ်မံရရှိတဲ့သတင်းများကို အချိန်နဲ့တပြေးညီ တင်ပေးသွားပါမည်။ အာဏာပိုင်များပြောသလို မီးအားမြှင့်
စက်မှ မီးလောင်တယ်ထားဦး၊ မီးခိုးတွေကြောင့်သာ အသက်ရှုကြပ်ပြီး ကလေးတွေ သေ စေနိုင်ပါတယ်။ မီ
သတ်ဦးစီးမှုပြေား သလို သူရောက်လာတဲ့ အချိန်မှာ မီးခိုးတွေသာ ရှိပြီး၊ လျှပ်စစ်မီးက လင်းနေတုန်းလို့ သူ
ထွက်ဆိုထားတယ်၊ ဒါပေမဲ့ လက်ရှိ အပုံက ကလေးတွေက ဘာလို့ ဒီလိုမီလောင်သေဆုံးနေရပါသလဲ။

ဆွဒကီယာ ဟာဖိဇ် အာဂုံဆောင်ကျောင်း မီးရှို့ခံရကြောင်း မျက်မြင်တွေ့ရှိသူမှပြောကြား


၁။ ကျောင်းသားများ၏ အင်္ကျီများတွင် တာပင်တိုင် သို့မဟုတ် ရေနံဆီဟုယူဆရသောဆီများ စိုရွှဲနေခြင်း၂။ မီးလောင်သည်ကို သိသည်နှင့် ထပြေးသော ကျောင်းသားများ ဆီချော်၍လဲခြင်း ။ မီးငြိမ်းသတ်ရန် ရေပုံးယူသော ဆရာ ဆီနင်းမိ၍ချော်လဲခြင်း ။ မီးသတ်ရန်သွားသူများရော အလောင်းဆွဲထုတ်သူများ၏ လက်များနှင့် အ၀တ်အစားများတွင် ဆီများပေကျံခြင်း။ မီးလောင်မှုပြီးဆုံးပြီး လက်များကို စင်အောင်ဆေးပြီးသည့်နောက်တွင်လည်း တာပင်တိုင်အနံ့များ ရနေခြင်း။ (ကျွန်တော်ကိုယ်တိုင် လက်ကိုနမ်းခဲ့ရာ ထိုကဲ့သို့အနံ့ရနေပါသည်။ )

ရန်ကုန်မြို့ ၄၈ လမ်းရှိ ဆွာဒီကီယာ အစ္စလာမ်ဘာသာရေး စာသင်ကျောင်း မီးလောင်

၄၈ လမ်း ဆွာဒီကီယာ အစ္စလာမ်ဘာသာရေး စာသင်ကျောင်း မီးလောင် 

ုဧပြီလ - ၂ ရက် ၂၀၁၃

သတင်း - မင်းဇေယျာ 

၄၈ လမ်း အစ္စလာမ်ဘာသာရေး စာသင်ကျောင်း တွင် ယနေ့ နံနက် ၂ နာရီ ခန့်မှ  မီးလောင်ကျွမ်းမှု တစ်ရပ်ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်

မီလောင်ကျွမ်းမှုကြောင့် ကျောင်းအိပ်ကျောင်းစား ခလေးငယ် ၁၃ ဦး အသက်ဆုံးရှုံးခဲ့ရပြီး အခြားခလေးငယ်များမှာ ပိတ်မိနေခဲ့ပါသည်။ 

အဆိုပါမီးလောင်ကျွမ်းမှုမှ စာသင်ကျောင်း၏ လှေခါးအနီးတွင် ခလေးငယ်များ အိပ်နေစဉ် ၀ါယာရှော့ဖြစ် သည်ဟု ယူဆရပြီး မီးမှာ လှေခါးကို ပိတ်လောင်ကျွမ်းခဲ့သဖြင့် ခလေးငယ်များလောင်ကျွမ်းခဲ့ရကြောင်း စာသင်ကျောင်း ပတ်ဝန်းကျင်ရှိ ရပ်ကွက် အတွင်းနေထိုင်သူများက ဆက်လက်၍ myanmarmuslim.net သို့ ပြောကြားရာတွင် 

မီးသတ်ရောက်လာတော့မှ တံခါးဖျက်ဝင်ပြီး ကလေးတွေကို ကယ်လိုက်နိုင်တယ် .. ကလေးတွေက အထဲမှာ ပိတ်မိပြီး အောက်ကို မဆင်းနိုင်ဘူးဖြစ်နေတယ် ... အခု သေတာက ၁၃ ယောက်ရှိသွားပြီး လို့သိရတယ် ... နောက်ထပ် ဒဏ်ရာရတဲ့သူတွေ လဲ အများကြီးပဲ .. ပြောကြားခဲ့ပါသည်။ 

ဆက်လက်ပြီး မီးစတင်လောင်ကျွမ်းပုံနှင့် ပတ်သက်၍ မေးမြန်းရာ ... အားလုံးအိပ်နေတဲ့ အချိန်မှာဖြစ်တာလေ .... ခလေးတွေက ကျောင်းကို ပြန်ရောက်တာ ၂ ရက်လောက်ပဲရှိသေးတယ် ... ၀ါယာရှော့ဖြစ်တယ်လို့တော့ ပြောတယ် .... တာဝန်ရှိသူတွေ သေသေချာချာ စစ်ပြီးမှ ဘာကြောင့်ဖြစ်တယ် 
ဆိုတာသိရမယ် ဟုဖြေကြားခဲ့ပါသည်။ 

အဆိုပါကျောင်းတွင် ကျောင်းအိပ်ကျောင်းစား ခလေးငယ် ၇၀ မှ ၁၀၀ အကြားတက်ရောက်လျက်ရှိမည် ဟုယူဆရကြောင်းဒေသခံများက ပြောကြားခဲ့ပါသည်

မီးသတ်မှ ရောက်ရှိလာပြီး ကျန်ရှိသောခလေး ငယ်များကို ကယ်တင်နိုင်ခဲ့ကြောင်း ယခုအချိန်တွင် မီးညွန်ကျိုးသွားပြီဖြစ်ကြောင်း အခြားအိမ်များသို့ ကူးစက်မှု မရှိခဲ့ကြောင်းသတင်းရရှိပါသည်။

နောက်ဆက်တွဲ ရရှိသော သတင်း 

၄၈ လမ်းကျောင်း မီးလောင်ကျွမ်းမှုမှာ ရှိုမီးဖြစ်ကြောင်း 

ဧပြီလ - ၂ ရက် ၂၀၁၃

သတင်း - မင်းဇေယျာ 

ဗလီနှင့်လှေခါးကြား မျှော်စင်ကြား နေရာသို့ တစ်ယောက်မှ ၀င်ရောက်ခဲ့ကြောင်းမျက်မြင် သက်သေ များမှ ပြောကြားခဲ့ပါသည်။ 

ကျောင်းတစ်ဝိုက် လောင်စာဆီများ ပက်ဖြန်းသွားခဲ့ကြောင်းနှင့် မီးလောင် သေဆုံးသွားသော ခလေးငယ်များ၏ ခန္ဓာကိုယ်ပေါ်တွင် လောင်စာဆီအနံများရ ကြောင်း အလောင်းများကို ပို့ပေးသူများက ပြောကြားခဲ့ပါသည်။ 

မီးဘေးမှ လွတ်မြောက်လာသူ ခလေးများအားမေးမြန်းရာတွင် တစ်စုံ တစ်ယောက်မှ ခလေးများအိပ်ပျော်နေချိန်တွင် လောင်စာဆီများလာရောက်ပက်ဖျန်းခဲ့ကြောင်း myanmarmuslim.net သို့ပြောကြားခဲ့ပါသည်။

http://www.myanmarmuslim.net/?p=2821

ုဧပြီလ - ၂ ရက် ၂၀၁၃

၄၈ လမ်း အစ္စလာမ်ဘာသာရေး စာသင်ကျောင်း တွင် ယနေ့ နံနက် ၂ နာရီ ခန့်မှ မီးလောင်ကျွမ်းမှု တစ်ရပ်ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည် မီလောင်ကျွမ်းမှုကြောင့် ကျောင်းအိပ်ကျောင်းစား ခလေးငယ် ၁၃ ဦး အသက်ဆုံးရှုံးခဲ့ရပြီး အခြားခလေးငယ်များမှာ ပိတ်မိနေခဲ့ပါသည်။ အဆိုပါမီးလောင်ကျွမ်းမှုမှ စာသင်ကျောင်း၏ လှေခါးအနီးတွင် ခလေးငယ်များ အိပ်နေစဉ် ၀ါယာရှော့ဖြစ် သည်ဟု ယူဆရပြီး မီးမှာ လှေခါးကို ပိတ်လောင်ကျွမ်းခဲ့သဖြင့် ခလေးငယ်များလောင်ကျွမ်းခဲ့ရကြောင်း စာသင်ကျောင်း ပတ်ဝန်းကျင်ရှိ ရပ်ကွက် အတွင်းနေထိုင်သူများက ဆက်လက်၍ myanmarmuslim.net သို့ ပြောကြားရာတွင်

အလင်းမျက်ဝန်းမှ စုံစမ်းရရှိသော မီးလောင်မှုကြောင့် သေဆုံးခဲ့ရသူ ကျောင်းသားအချို့ စာရင်း

ဧပြီလ ၂ ရက်နေ့ နံနက် ၂ နာရီ ၄၅ မိနစ် ၀န်းကျင်က ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် ၄၈ လမ်း အပေါ်ဘလောက်တွင် အစ္စလာမ် ဘာသာရေး စာသင်ကျောင်းတစ်ခု လျှပ်စစ်ဝါယာရှော့ကြောင့် မီးလောင်ကျွမ်းမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ အစ္စလာမ် ဘာသာရေး စာသင်ကျောင်းတွင် ကလေးငယ် ၇၀ ဦး ၀န်းကျင်ရှိပြီး ၁၃ ဦး သေဆုံးကာ ၄ ဦးပျောက်ဆုံးလျက်ရှိကြောင်း သိရသည်။

မီးလောင်ကျွမ်းမှုမှာ ၃ နာရီ ၁၅ မိနစ် ၀န်းကျင်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
၄၈ လမ်းကျောင်းမီးလောင်မှုမြင်ကွင်း
RND:2.4.2013အလင်းမျက်ဝန်းမှစုံစမ်းရရှိသောမီးလောင်မှုကြောင့် သေဆုံးခဲ့ရသူ ကျောင်းသားအချို့စာရင်းစုစုပေါင်း(၁၃)
ယောက် သေဆုံးကြောင်း အတည်ပြုထားပါသည်။ ပျောက်ဆုံးနေသည့် (၄)ယောက်အား ပြန်လည် တွေ့ရှိ
ပြီ ဖြစ်ကြောင်းသိရပါသည်။အမှတ်စဉ်(၃)နှင့် (၄)မှ ကျောင်းသားနှစ်ဦးမှာ ညီအစ်ကို အရင်းများဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေမီးလောင်မှုဖြစ်ပွား တဲ့ နေရာကို ရောက်ရှိစစ်ဆေး

Tuesday, April 2, 2013

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြင့်ဆွေလည်း မီးလောင်မှုဖြစ်ပွားတဲ့ နေရာကို ရောက်ရှိစစ်ဆေးခဲ့ပါတယ်။မီးသတ်ဦးစီးဌာနက သတင်းအရ အပေါ်ထပ်ကို ၀င်ပေါက်က တစ်ခုပဲ ရှိပြီး ပြူတင်းပေါက်တွေက သံတိုင်တွေကာထားတဲ့အတွက် မီးလောင်မှု ဖြစ်ချိန်မှာ ပိတ်မိတာဖြစ်တယ်၊ အသက်ဆုံးရှုံးသွားသူများဟာ ပြူတင်းပေါက်များအနီးမှာ ထွက်ဖို့ ကြိုးစားရင်း ဆုံးပါးတာလို့ သိရပါတယ်။

ယနေ့မနက် ၂ နာရီ ၄၅ မိနစ်က ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် ၄၈ လမ်း အပေါ်ဘ လောက်တွင် အစ္စလာမ် ဘာသာရေး စာသင်ကျောင်းတစ်ခုမီးလောင်ကျွမ်းမှု တစ်ခု ဖြစ်ပွား

ဧပြီလ ၂ ရက်နေ့ နံနက် ၂ နာရီ ၄၅ မိနစ် ၀န်းကျင်က ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် ၄၈ လမ်း အပေါ်ဘလောက်တွင် 

အစ္စလာမ် ဘာသာရေး စာသင်ကျောင်းတစ်ခု လျှပ်စစ်ဝါယာရှော့ကြောင့် မီးလောင်ကျွမ်းမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ အစ္စလာမ် ဘာသာရေး စာသင်ကျောင်းတွင် ကလေးငယ် ၇၀ ဦး ၀န်းကျင်ရှိပြီး ၁၃ ဦး သေဆုံးကာ ၄ ဦးပျောက်ဆုံးလျက်ရှိကြောင်း သိရသည်။

မီးလောင်ကျွမ်းမှုမှာ ၃ နာရီ ၁၅ မိနစ် ၀န်းကျင်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

ဧပြီလ ၂ ရက်နေ့ နံနက် ၂ နာရီ ၄၅ မိနစ် ၀န်းကျင်က ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် ၄၈ လမ်း အပေါ်ဘ
လောက်တွင် အစ္စလာမ် ဘာသာရေး စာသင်ကျောင်းတစ်ခု လျှပ်စစ်ဝါယာရှော့ကြောင့် မီးလောင်ကျွမ်းမှု
တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။