Pages

Pages - Menu

Tuesday, April 2, 2013

မိတ္ထီလာအကြမ်းဖက်မှုတွင် ပါဝင်သူများကို ဖော်ထုတ်ပြီး သေဒဏ်နှင့် တစ်သက်တစ်ကျွန်းပြစ်ဒဏ်များချမှ တ်မည်

မိတ္ထီလာအကြမ်းဖက်မှုတွင် ပါဝင်သူများကို ဖော်ထုတ်ပြီး သေဒဏ်နှင့် တစ်သက်တစ်ကျွန်းပြစ်ဒဏ်များချမှတ်မည်

ဧပြီလ ၂ ရက် ၂၀၁၃

မိတ္ထီလာ အကြမ်းဖက်မှုတွင်ပါဝင်သူများကို စုံစမ်းဖော်ထုတ်ပြီး ဥပဒေကြောင်းအရ အရေးယူမှုများပြုလုပ်တော့မည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ဥပဒေရေးရာချုပ် ဦးရဲအောင်မြင့်က ပြောကြားသည်။

“နောက်လာမယ့်အပတ်မှာ အကြမ်းဖက်မှုမှာ ပါတဲ့သူတွေကို ဖမ်းဆီးပြီးစစ်ဆေးမှုတွေပြုလုပ်တော့မယ်။ လူသေအောင် လုပ်တဲ့လူတွေကို သေဒဏ်ပေးမယ်။ မီးရှို့ တဲ့သူတွေကို တစ်သက်တစ်ကျွန်း။ အနာတရဖြစ်အောင် ရိုက်နှက်တဲ့ သူတွေ ကိုလည်း တစ်သက်တစ်ကျွန်းပေးမယ်။ အဲ့ဒီ တော့ ထိထိရောက်ရောက်အရေးယူနိုင်အောင် ပြည်သူတွေဘက်ကလည်း ပူးပေါင်းဖို့လိုအပ်ပါတယ်။” ဟု မန္တလေးတိုင်းဒေသကြီး ဥပဒေရေး ရာချုပ် ဦးရဲအောင်မြင့်က မိတ္ထီလာမြို့ရှိ ဒုက္ခသည်စခန်း များတွင် ဒုက္ခသည်များကို ထောက်ပံ့ပစ္စည်းများပေးအပ်စဉ်ပြောကြားသည်။

“ဥပဒေအတိုင်း အရေးယူမယ်ဆိုရင်ကောင်းပါတယ်။ ဒါမှ မြို့က အရင်လိုပုံမှန်ပြန်ဖြစ်မှာပါ။ အခုကတော့ နှစ်ဖက်စလုံးက ကြောက်နေကြတာ ဆိုတော့။ ဒီလိုဖော်ထုတ်မှလည်း အသက်ဆုံးရှုံးရတဲ့သူတွေရော ဒုက္ခသည် ဖြစ်သွားရတဲ့သူတွေ အားလုံး အတွက်လည်း တရားမျှတမှာပါ” ဟု အစ္စလာမ်ဘာသာဝင်ဒုက္ခသည် ဒေါ်မြင့်ကြည်ကပြောကြားသည်။

“ပုဒ်မ ၁၄၄  ထုတ်ထားတယ်ဆိုတာကလည်း လိုအပ်လို့ထုတ်တာပါ။ အပြစ်မဲ့တဲ့ အသက်အိုးအိမ်စည်းစိမ်တွေထက်ပြီး မပျက်ဆီးရအောင် ထုတ်ထားတာပါ။ လူတွေထုတ်ပြန်တဲ့ ဥပဒေပဲ ဒီနေ့ ဒေသဒေသ အေးချမ်း သွားတာနဲ့ ဒီနေ့ပုဒ်မ ၁၄၄ကို ရုတ်သိမ်းပေးမှာပါ” ဟု မန္တလေးတိုင်း ဒေသကြီး ဥပဒေရေးရာချုပ် ဦးရဲအောင်မြင့်က ရှင်းလင်းပြောကြားသည်။
ယခုအခါ မိတ္ထီလာ အကြမ်းဖက်မှုနှင့်စပ်လျဉ်ပြီး ပြည်ထဲရေးဒုတိယ၀န်ကြိး ဗိုလ်မှုးချုပ်ကျော်ဇံမြင့်၊ မန္တလေးတိုင်းဒေသကြီး ဥပဒေရေးရာချုပ် ဦးရဲအောင်မြင့်၊ ခရိုင်အုပ်ချုပ်ရေးမှုး ဦးခင်မောင်စိုး နှင့် အခြားဌာနဆိုင်ရာများမှ သက်ဆိုင်ရာ အရရှိများ ဦးဆောင်သော စုံစမ်းစစ်ဆေးရေးကော်မရှင်မှ ပြစ်မှုကျူးလွန်သူများကိုဖော်ထုတ်အရေးယူမည်ဖြစ်ကြောင်းသိရသည်။

ဆုဝေ

မြန်မာ့ခေတ်

ဧပြီလ ၂ ရက် ၂၀၁၃

မိတ္ထီလာ အကြမ်းဖက်မှုတွင်ပါဝင်သူများကို စုံစမ်းဖော်ထုတ်ပြီး ဥပဒေကြောင်းအရ အရေးယူမှုများပြုလုပ်တော့မည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ဥပဒေရေးရာချုပ် ဦးရဲအောင်မြင့်က ပြောကြားသည်။ “နောက်လာမယ့်အပတ်မှာ အကြမ်းဖက်မှုမှာ ပါတဲ့သူတွေကို ဖမ်းဆီးပြီးစစ်ဆေးမှုတွေပြုလုပ်တော့မယ်။ လူသေအောင် လုပ်တဲ့လူတွေကို သေဒဏ်ပေးမယ်။ မီးရှို့ တဲ့သူတွေကို တစ်သက်တစ်ကျွန်း။ အနာတရဖြစ်အောင် ရိုက်နှက်တဲ့ သူတွေ ကိုလည်း တစ်သက်တစ်ကျွန်းပေးမယ်။ 
 
အဲ့ဒီ တော့ ထိထိရောက်ရောက်အရေးယူနိုင်အောင် ပြည်သူတွေဘက်ကလည်း ပူးပေါင်းဖို့လိုအပ်ပါတယ်။” ဟု မန္တလေးတိုင်းဒေသကြီး ဥပဒေရေး ရာချုပ် ဦးရဲအောင်မြင့်က မိတ္ထီလာမြို့ရှိ ဒုက္ခသည်စခန်း များတွင် ဒုက္ခသည်များကို ထောက်ပံ့ပစ္စည်းများပေးအပ်စဉ်ပြောကြားသည်။

“ဥပဒေအတိုင်း အရေးယူမယ်ဆိုရင်ကောင်းပါတယ်။ ဒါမှ မြို့က အရင်လိုပုံမှန်ပြန်ဖြစ်မှာပါ။ အခုကတော့ နှစ်ဖက်စလုံးက ကြောက်နေကြတာ ဆိုတော့။ ဒီလိုဖော်ထုတ်မှလည်း အသက်ဆုံးရှုံးရတဲ့သူတွေရော ဒုက္ခသည် ဖြစ်သွားရတဲ့သူတွေ အားလုံး အတွက်လည်း တရားမျှတမှာပါ” ဟု အစ္စလာမ်ဘာသာဝင်ဒုက္ခသည် ဒေါ်မြင့်ကြည်ကပြောကြားသည်။

“ပုဒ်မ ၁၄၄ ထုတ်ထားတယ်ဆိုတာကလည်း လိုအပ်လို့ထုတ်တာပါ။ အပြစ်မဲ့တဲ့ အသက်အိုးအိမ်စည်းစိမ်တွေထက်ပြီး မပျက်ဆီးရအောင် ထုတ်ထားတာပါ။ လူတွေထုတ်ပြန်တဲ့ ဥပဒေပဲ ဒီနေ့ ဒေသဒေသ အေးချမ်း သွားတာနဲ့ ဒီနေ့ပုဒ်မ ၁၄၄ကို ရုတ်သိမ်းပေးမှာပါ” ဟု မန္တလေးတိုင်း ဒေသကြီး ဥပဒေရေးရာချုပ် ဦးရဲအောင်မြင့်က ရှင်းလင်းပြောကြားသည်။

ယခုအခါ မိတ္ထီလာ အကြမ်းဖက်မှုနှင့်စပ်လျဉ်ပြီး ပြည်ထဲရေးဒုတိယ၀န်ကြိး ဗိုလ်မှုးချုပ်ကျော်ဇံမြင့်၊ မန္တလေးတိုင်းဒေသကြီး ဥပဒေရေးရာချုပ် ဦးရဲအောင်မြင့်၊ ခရိုင်အုပ်ချုပ်ရေးမှုး ဦးခင်မောင်စိုး နှင့် အခြားဌာနဆိုင်ရာများမှ သက်ဆိုင်ရာ အရရှိများ ဦးဆောင်သော စုံစမ်းစစ်ဆေးရေးကော်မရှင်မှ ပြစ်မှုကျူးလွန်သူများကိုဖော်ထုတ်အရေးယူမည်ဖြစ်ကြောင်းသိရသည်။

ဆုဝေ မြန်မာ့ခေတ်
Rangonnewsdaily
RND:2.4.2013

No comments:

Post a Comment