စာသင်ကျောင်းမီးလောင်မှုကိစ္စနှင့်ပတ်သက်၍
စုံးစမ်းစစ်ဆေးရေးကော်မရှင် အဖွဲ့ ဖွဲ့စည်းသင့်သည်ဟု ၈၈
မျိုးဆက်ကျောင်းသားကိုမြအေးကယနေ့နေ့လည်၃နာရီခန့်က မီးလောင်၍ သေဆုံးသော
ကျောင်းသားများ
၏ အသုဘအခမ်းအနား၌ အကြံပြုပြောကြားခဲ့သည်။
“အဖြေကတော့ရှာရတာပဲဗျ၊အခုလိုအချိန်အခါမျိုးကြတော့ပိုဆိုးတယ်၊ပိုဆိုးတယ် ဆိုတာကရောထွေးနေ
တာသာမန်ဝါယာရှော့ဖြစ်လို့လောင်တယ်ပဲထားအပြင်သတင်းတွေကအမျိုးစုံထွက်နေတာ
အတည်ယူလို့ရ
တဲ့ဟာရှိသလို အတည်ယူလို့မရတဲ့ဟာလည်းရှိတယ်
သတင်းတွေနောက်မှာပဲလူတွေက ကောလဟာလနဲ့ ရှုပ်ထွေးနေတယ်
အစိုးရအနေနဲ့ကော်မရှင်ဖွဲ့သင့်တယ်၊ ဖွဲ့မယ်လို့လည်း ကျွန်တော်ကြားထားတယ်။” ဟု ကိုမြအေးကပြောသည်။
ဧပြီလ၂ရက်နေ့၌မီးလောင်ကျွမ်းမှုစုံစမ်းစစ်ဆေးရေးကော်မရှင်တစ်ရပ်ကို
ရန်ကုန်တိုင်းဒေသကြီးအစိုးရ
အဖွဲ့မှ ဖွဲ့စည်းခဲ့ကြောင်းကိုလည်း သိရသည်။
ဗိုလ်တစ်ထောင်မြို့နယ်၊(၁၀)ရပ်ကွက်ရှိဗလီကျောင်းသည်အင်္ဂါနေ့မနက်စောစောပိုင်းတွင်
မီးလောင်ကျွမ်း
မှုဖြစ်ပွားခဲ့ပြီးအာရဗီကျောင်းသား(၁၄)ဦးသေးဆုံးခဲ့ကာညနေပိုင်းတွင် အသုဘအခမ်းအနား ပြုလုပ်ခဲ့ခြင်း
ဖြစ်သည်။
အဆိုပါ
အခမ်းအနားသို့ အစ္စလာမ်ဘာသာဝင် သိန်းဂဏန်းခန့်နှင့် ၈၈
မျိုးဆက်ကျောင်းသားများ အစ္စလာမ် ဘာသာရေးခေါင်းဆောင်များ
လာရောက်ပို့ဆောင်ခဲ့ကြသည်။
ကျောင်းသားများသေသည့်ကိစ္စနှင့်ပတ်သက်၍ အသုဘပို့သူတစ်ဦးမှလည်း ကျောင်းမီးလောင်ခြင်း၏ အဓိကတရားခံကို အစိုးရအနေနှင့် အမြန်ဆုံအရေးယူဆောင်ရွက်သင့်ကြောင်းအကြံပြုပြောကြားခဲ့သည်။
“ကျွန်မနဲ့တော့ဘာမှအမျိုးမတော်ပါဘူး၊
ကိုယ့်အစ္စလာမ်အချင်းချင်းမို့လို့ပါ၊ ဒီကလေးတွေက အပြစ်မဲ့တဲ့ ကလေးတွေပါ၊
ကျွန်မကတော့ အပြစ်ရှိတဲ့လူကို အစိုးရအနေနဲ့ ချက်ခြင်းအရေးယူပေးစေချင်တယ်” ဟု အသုဘလိုက်ပို့သူတစ်ဦးက ပြောကြားခဲ့သည်။
ရှဟီဒီများကို ကားပေါ်သို့တင်ဆောင်နေစဉ် |
YaAllah,pl give him the Swaber n strength,energy n good health for his students those who be the shaheed n |
RND:2.4.2013
No comments:
Post a Comment