Pages

Pages - Menu

Tuesday, April 2, 2013

ဆွဒကီယာ ဟာဖိဇ် အာဂုံဆောင်ကျောင်း မီးရှို့ခံရကြောင်း မျက်မြင်တွေ့ရှိသူမှပြောကြား


၁။ ကျောင်းသားများ၏ အင်္ကျီများတွင် တာပင်တိုင် သို့မဟုတ် ရေနံဆီဟုယူဆရသောဆီများ စိုရွှဲနေခြင်း၂။ မီးလောင်သည်ကို သိသည်နှင့် ထပြေးသော ကျောင်းသားများ ဆီချော်၍လဲခြင်း ။ မီးငြိမ်းသတ်ရန် ရေပုံးယူသော ဆရာ ဆီနင်းမိ၍ချော်လဲခြင်း ။ မီးသတ်ရန်သွားသူများရော အလောင်းဆွဲထုတ်သူများ၏ လက်များနှင့် အ၀တ်အစားများတွင် ဆီများပေကျံခြင်း။ မီးလောင်မှုပြီးဆုံးပြီး လက်များကို စင်အောင်ဆေးပြီးသည့်နောက်တွင်လည်း တာပင်တိုင်အနံ့များ ရနေခြင်း။ (ကျွန်တော်ကိုယ်တိုင် လက်ကိုနမ်းခဲ့ရာ ထိုကဲ့သို့အနံ့ရနေပါသည်။ )
ရန်ကုန်ရှိလူများသည် ရေနံဆီမသုးံကြပါ။ ဓာတ်ဆီ၊ ဒီဇယ် ၊ အောက်တိန်း ၊ ဂက်စ် တို့ကိုသာသိပါသည်။ ကျနော် တောမှာနေဖူး၍ ရေနံဆီအနံ့ကိုသိပါသည်။

၃။ မီးသတ်ကားများ အစီး ၂၀ ခန့်လာသော်လည်း မီးသတ်ဥသြမဆွဲခြင်း (ခိုးကြောင်ခိုးဝှက်လာငြိမ်းခြင်း) (မင်္ဂလာဈေးမီးလောင်စဉ်က တစ်ညလုံး မီးလောင်နေရာ ဥသြသံများ အဆက်မပြတ်ကြားနေခဲ့ရသည်။) မီးသတ်ကားတွေ့သူများက လိုက်သွား၍သိရခြင်း။

၎။ ကျောင်း၏လျှပ်စစ်ဝိုင်ယာကြိုးများ တွင်မည်သည့် ညှော်နံ့မှမရှိခြင်း။ ရဲက ကျောင်းတွင်အသုံးပြုသော မီးအားမြှင့်စက် (Transformer) ကိုသိမ်းဆည်းသွားခြင်း။

၅။ RFA သတင်းထောက်က သတင်းရယူရာတွင် မီးလောင်မှုနှင့် မီးငြိမ်းသတ်မှုဖြစ်စဉ်များကို မေးမြန်းနေစဉ် မီးငြိမ်းသတ်သော ဆရာကမိမိ၏အ၀တ်အစားများတွင် ဆီများပေနေကြောင်းနှင့် ဆီများမှာ အနံ့ပင်မပျောက်သေးကြောင်း ပြောသဖြင့် သတင်းထောက်ကိုယ်တိုင် လက်ကို နမ်းကြည့်လိုက်သော်လည်း ထိုအချိန်တွင် ဗီဒီယိုရိုက်ကူးမှုကို ရပ်တန့်လိုက်ခြင်း။ Eleven Media ကသတင်းထုတ်ပြန်ရာတွင် ထို ဆီကိစ္စလုံးဝမပါရှိခြင်း။

၆။အထပ်ခိုးထဲတွင်ကျောင်းသားများရှိနေသေးသည်ဟုပြောသော်လည်းမီးသတ်သမားများက သေသူမရှိဟု

တွင်တွင်ငြင်းခြင်း။ ရပ်ကွက်သားက မီးလောင်သေဆုံးနေသော ကျောင်းသားများကို ကိုယ်တိုင် အထပ်ခိုးပေါ်သို့တက်ရောက်သွားသောအခါမှ မီးလောင်သေဆုံးထားသော ကျောင်းသားများကိုထပ်မံဆွဲထုတ်နိုင်ခြင်း။

၇။ကျောင်းရှေ့တွင်ဂျစ်ကားတစ်စီးရပ်ထားရာလာ၍မောင်းယူမည့်သူမရှိသဖြင့် လူအင်အားဖြင့်ရွှေ့လိုက်ရ

ခြင်း။

၈။ အခင်းမဖြစ်ပွားမီ ပေါက်ကွဲသံကြားရခြင်း။

၉။ ၀ါယာရှော့ကြောင့်လောင်တာ ဟူသောသတင်းသည် တစ်မုဟုတ်ချင်းပျံ့နှံ့သွားခြင်း။

၁၀။ဝါယာရှော့ကြောင့်လောင်လျှင် အဘယ့်ကြောင့် ရေနံဆီများရောက်လာသနည်။ ရေနံဆီသုံးမီးစက်ရှိပါ

သလော။ ၀ါယာညှော်နံ့ကို ဘေးရှိအိမ်များက မရလေသလော။

အထက်ပါအကြောင်းများကြောင့် သာမန်မီးလောင်မှုမဟုတ်ပဲ ရှို့မီးဖြစ်ကြောင်း သုံးသပ်ရပေသည်။


Credit by:Mohammed Bilar 
Rangonnewsdaily
RND:2.4.2013

3 comments:

  1. fuck u , u don't have brain

    ReplyDelete
  2. မဖွနဲ့ကွာ ပြဿနာမီးထွန်းမရှာနဲ့

    ReplyDelete
  3. ပြဿနာသိပ်ဖြစ်ချင်နေလား?

    ReplyDelete