Tuesday, 02 April 2013
“ကျွန်တော်တို့လည်း
လိုက်ဖမ်းနေတုန်းပါပဲ၊ ခုချိန်ထိတော့ ဖမ်းမမိသေးပါဘူး၊ တခြား
ရဲစခန်းတွေနဲ့လည်း ဆက်သွယ်ဆောင်ရွက်နေပါတယ်” ဟု အင်းတကော် ရဲစခန်းမှ
ဒုရဲအုပ် ထင်ကျော်က မြန်မာ့ခေတ် သို့
ပြောကြားသည်။
လမ်းဘေးရှိ လက်ဖက်ရည်ဆိုင်ကို ဝင်တိုက်မိပြီး အသက် ၂၈ နှစ်ရှိ
ကိုအောင်မျိုးထွန်း သေဆုံးခဲ့သည့်အပြင် လူသုံးဦးလည်း ထိခိုက်ဒါဏ်ရာ
ရရှိခဲ့သည်ဟု မျက်မြင်သက်သေများက ပြောကြားသည်။
အဆိုပါ
ယာဉ်တိုက်မှုကို အင်းတကော်ရဲစခန်းမှ ဒုရဲအုပ် ထင်ကျော်က ပြစ်မှုဆိုင်ရာ
ဥပဒေပုဒ်မ ၃၃၇/၃၃၈/၂၇၉/၃ဝ၄-က ၂ဝ၂ တို့ဖြင့် တရားလိုပြု တိုင်ကြားထားကြောင်း
သိရသည်။
ယာဉ်တိုက်မှုကို ကြေအေးပေးပါက နှစ်နာကြေးအဖြစ်
ငွေကျပ်(၅)သိန်းအား ကားပိုင်ရှင်ဘက်မှ ပေးမည်ဟု ပဲခူးတိုင်း မထသမှ
ဥက္ကဌဖြစ်သူ ဦးအောင်သောင်းက ဆက်သွယ်လာသော်လည်း ကိုအောင်မျိုးထွန်း၏
မိ
သားစုဝင်များက လက်ခံခဲ့ခြင်း မရှိကြောင်း သိရသည်။
“သူတို့ဘက်က
လူမှုရေးအရ တော်တော်ပျက်ကွက်ခဲ့ တယ်။ ဆေးရုံရောက်နေတုန်းကလည်း ဘာမှ
မလုပ်
ပေးခဲ့ဘူး၊ ဈာပနတုန်းကလည်း မလာခဲ့ဘူး။ ကျွန်မတို့ကတော့ ဥပဒေအတိုင်းပဲ
ဆက်ပြီး ဆောင်ရွက်စေချင် တယ်”ဟု သေဆုံးသူ၏ အစ်မတော်သူ မတင်တင်ဦးက
ပြောကြားသည်။
ပြီးခဲ့သည့် (၂ဝ၁၂)ခုနှစ်အတွင်း
ပဲခူးတိုင်းဒေသကြီးတွင် ယာဉ်တိုက်မှုပေါင်း (၁၄၈၄)ခု ဖြစ်ပွားခဲ့ပြီး
သေဆုံး
သူ(၄ဝ၄)ဦး၊ ဒါဏ်ရာရရှိသူ(၂၄၇၁)ဦးနှင့်စုစုပေါင်းဆုံးရှုံးမှုတန်ဖိုး ငွေကျပ်(၃၃ဝ.၈)သန်းခန့် ရှိခဲ့ကြောင်း
ပဲခူး
တိုင်းဒေသကြီးဝန်ကြီးချုပ်ကတိုင်းဒေသကြီးလွှတ်တော်ဆဋ္ဌမပုံမှန်အစည်းအဝေးတွင် ပြောကြားခဲ့ကြောင်း
သိရသည်။
မြန်မာ့ခေတ်
ထက်နောင်နောင်
Rangonnewsdaily
RND:2.4.2013

No comments:
Post a Comment