Pages

Pages - Menu

Tuesday, April 2, 2013

မိတ္ထီလာမြို့ မှ ဒုက္ခသည်များအတွက် အိမ်ထောင်စုတစ်စုလျှင် ၃၅သိန်း ၄သောင်းတန်ဖိုးရှိအိမ်များ တည်ဆောက်ပေးမည်

မိတ္ထီလာ၊ ဧပြီ ၂။

မတ်လအတွင်းကဖြစ်ပွားခဲ့သော ပဋိပက္ခများတွင် အိမ်ခြေများ ပျက်စီးဆုံးရှုံးသွားသော ဒုက္ခသည်များအတွက် အိမ်ထောင်စုတစ်ခုလျှင် တန်ဖိုး ၃၅သိန်း ၄သောင်း တန်ဖိုးရှိသော အိမ်ပေါင်း ၁၅၃၄အိမ်အား တည်ဆောက်ပေးရန် စီစဉ်လျက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ဥပဒေချုပ် ဦးရဲမြင့်အောင်က ပြောကြားသည်။

“တစ်အိမ်ကို ၅၃သိန်း၎သောင်းတန်ဖိုးရှိတဲ့ အိမ်ပေါင်း ၁၅၃၄လုံးကိုတည်ဆောက်ပေးမှာဖြစ်ပါတယ်။သံတိုင်၊အုတ်တွေနဲ့ တည်ဆောက်ပြီး သွပ်မိုးပါတဲ့ အလျား ၂၄ပေ အနံ ၁၈ပေအကျယ်ရှိတဲ့ အိမ်တွေ တည်ဆောက်ပေးမှာပါ။ မွေးစာရင်းရှိတဲ့ လူတွေကို ပေးမယ်” ဟု ဦးရဲမြင့် အောင်က ပြောကြားသည်။

မိတ္ထီလာပဋိပက္ခဖြစ်ပွားစဉ်က ပျက်စီးသွားသော ၊ မီးလောင်သွားသော အိမ်များကို လုံခြုံရေးများနှင့် စောင့်ကြည့်ထားကြောင်း၊ အိမ်ပိုင်ရှင်များ ကို ၎င်းတို့နှင့်သတ်ဆိုင်ရာ နေအိမ်များတွင် ၀င်ရောက်ရှာဖွေရန် ၂ရက် ခွင့်ပြုမည်ဖြစ်ကြောင်း၊ မိမိတို့ပိုင်ဆိုင်သော အဖိုးတန်ပစ္စည်းများ အပျက်အစီးများကြားထဲတွင် တွေ့ရှိပါက ယူဆောင်ခွင့်ပြုမည်ဖြစ်ကြောင်း၊ ၇ှာဖွေမှုများပြီးဆုံးပါက ထိုမြေနေရာများကို ဘူဒိုဇာများဖြင့် ထိုးကာ အသစ်ပြန်လည်တည်ဆောက်ရန် စီစဉ်မည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ဥပဒေချုပ်က ထည့်သွင်းပြောကြားသည်။

“၀မ်းသာပါတယ်။ ဒီမှာက ကျောင်းပိတ်တုန်း နေရာချပေးထားတာလေ။ နွေရာသီကျောင်းပိတ်ရက်ပြီး လို့ ကျောင်းပြန်ဖွင့်ရင် ဒီကလူတွေ ဘယ်မှာနေရမလဲ ဆိုပြီး စိတ်ပူနေရတာ။ အခုတော့ အိမ်တွေ ပြန်ဆောက်ပေးမယ်ဆိုတော့ အရမ်းကို ဝမ်းသာပါတယ်။ စောင့်ရှောက်မှုတွေ ပေးထားပေမယ့် အားလုံးစုပြီးနေရတော့ ကိုယ့်အိမ်ကိုယ်မဟုတ်တော့လည်း နေရေးထိုင်ရေးက အဆင်မပြေဘူးလေ” ဟု အစ္စလာမ်ဒုက္ခသည် တစ်ဦးဖြစ်သူ ဒေါ်မြင့်ကြည်ကပြောကြားသည်။

ယခုအခါ မိတ္ထီလာမြို့တွင် ဗုဒ္ဒဘာသာဝင် ဒုက္ခသည်စခန်း ၂ခုနှင့် အစ္စလာမ်ဘာသာဝင် စခန်း ၅ခုကို ဘုန်းတော်ကြီးကျောင်းများ၊ ကောလိပ်၊ အထက်တန်းကျောင်း၊ အားကစားကွင်း စသည့်နေရာများတွင် ဖွင့်လှစ်ကာ စောင့်ရှောက်ထားကြောင်း သိရသည်။
ZinYaw

မိတ္ထီလာ၊ ဧပြီ ၂။

မတ်လအတွင်းကဖြစ်ပွားခဲ့သော ပဋိပက္ခများတွင် အိမ်ခြေများ ပျက်စီးဆုံးရှုံးသွားသော ဒုက္ခသည်များအတွက် အိမ်ထောင်စုတစ်ခုလျှင် တန်ဖိုး ၃၅သိန်း ၄သောင်း တန်ဖိုးရှိသော အိမ်ပေါင်း ၁၅၃၄အိမ်အား တည်ဆောက်ပေးရန် စီစဉ်လျက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ဥပဒေချုပ် ဦးရဲမြင့်အောင်က ပြောကြားသည်။ “တစ်အိမ်ကို ၅၃သိန်း၎သောင်းတန်ဖိုးရှိတဲ့ အိမ်ပေါင်း ၁၅၃၄လုံးကိုတည်ဆောက်ပေးမှာဖြစ်ပါတယ်။သံတိုင်၊အုတ်တွေနဲ့ တည်ဆောက်ပြီး သွပ်မိုးပါတဲ့ အလျား ၂၄ပေ အနံ ၁၈ပေအကျယ်ရှိတဲ့ အိမ်တွေ တည်ဆောက်ပေးမှာပါ။ မွေးစာရင်းရှိတဲ့ လူတွေကို ပေးမယ်” ဟု ဦးရဲမြင့် အောင်က ပြောကြားသည်။

မိတ္ထီလာပဋိပက္ခဖြစ်ပွားစဉ်က ပျက်စီးသွားသော ၊ မီးလောင်သွားသော အိမ်များကို လုံခြုံရေးများနှင့် စောင့်ကြည့်ထားကြောင်း၊ အိမ်ပိုင်ရှင်များ ကို ၎င်းတို့နှင့်သတ်ဆိုင်ရာ နေအိမ်များတွင် ၀င်ရောက်ရှာဖွေရန် ၂ရက် ခွင့်ပြုမည်ဖြစ်ကြောင်း၊ မိမိတို့ပိုင်ဆိုင်သော အဖိုးတန်ပစ္စည်းများ အပျက်အစီးများကြားထဲတွင် တွေ့ရှိပါက ယူဆောင်ခွင့်ပြုမည်ဖြစ်ကြောင်း၊ ၇ှာဖွေမှုများပြီးဆုံးပါက ထိုမြေနေရာများကို ဘူဒိုဇာများဖြင့် ထိုးကာ အသစ်ပြန်လည်တည်ဆောက်ရန် စီစဉ်မည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ဥပဒေချုပ်က ထည့်သွင်းပြောကြားသည်။

“၀မ်းသာပါတယ်။ ဒီမှာက ကျောင်းပိတ်တုန်း နေရာချပေးထားတာလေ။ နွေရာသီကျောင်းပိတ်ရက်ပြီး လို့ ကျောင်းပြန်ဖွင့်ရင် ဒီကလူတွေ ဘယ်မှာနေရမလဲ ဆိုပြီး စိတ်ပူနေရတာ။ အခုတော့ အိမ်တွေ ပြန်ဆောက်ပေးမယ်ဆိုတော့ အရမ်းကို ဝမ်းသာပါတယ်။ စောင့်ရှောက်မှုတွေ ပေးထားပေမယ့် အားလုံးစုပြီးနေရတော့ ကိုယ့်အိမ်ကိုယ်မဟုတ်တော့လည်း နေရေးထိုင်ရေးက အဆင်မပြေဘူးလေ” ဟု အစ္စလာမ်ဒုက္ခသည် တစ်ဦးဖြစ်သူ ဒေါ်မြင့်ကြည်ကပြောကြားသည်။

ယခုအခါ မိတ္ထီလာမြို့တွင် ဗုဒ္ဒဘာသာဝင် ဒုက္ခသည်စခန်း ၂ခုနှင့် အစ္စလာမ်ဘာသာဝင် စခန်း ၅ခုကို ဘုန်းတော်ကြီးကျောင်းများ၊ ကောလိပ်၊ အထက်တန်းကျောင်း၊ အားကစားကွင်း စသည့်နေရာများတွင် ဖွင့်လှစ်ကာ စောင့်ရှောက်ထားကြောင်း သိရသည်။

ZinYaw, The Myanmar Age, Rangonnewsdaily
RND:2.4.2013

No comments:

Post a Comment