Pages

Saturday, January 17, 2026

ကျန်းမာရေးပြဿနာတခုကြောင့် အာကာသထဲမှာ တကယ်နေရမဲ့ကာလထက် တလစောပြီး ကမ္ဘာမြေသို့ပြန်လာခဲ့ရတဲ့ ISS စခန်းမှ အာကာသယာဉ်မှူး ၄ ဦး



17.January , 2026
ကျန်းမာရေးပြဿနာတခုကြောင့် အာကာသထဲမှာ တကယ်နေရမဲ့ကာလထက် တလစောပြီး ကမ္ဘာမြေသို့ပြန်လာခဲ့ရတဲ့ ISS စခန်းမှ အာကာသယာဉ်မှူး ၄ ဦး ကမ္ဘာမြေကို ပြန်လည်ရောက်ရှိနေပြီ ဖြစ်ပါတယ်။
Crew-11 ဆိုတဲ့ ဒီအဖွဲ့ဟာ “အရေးကြီးတဲ့” ကျန်းမာရေးပြဿနာတခုကြောင့် အာကာသထဲမှာ တကယ်နေရမဲ့ကာလထက် တလစောပြီး ပြန်လာခဲ့တာပါ။ ၁၉၉၈ ခုနှစ်မှာ ISS စခန်းကို ကမ္ဘာ့ပတ်လမ်းထဲ လွှတ်တင်ပြီးချိန်ကတည်းက ကျန်းမာရေးဆိုင်ရာ အကြောင်းပြချက်နဲ့ အခုလိုမျိုး ပြန်လည်ခေါ်ယူခဲ့ရတာဟာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။


အဲဒီနောက် ရေပြင်ပေါ်ဆင်းသက်မှုအပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ရာမှာ NASA ရဲ့ စီမံခန့်ခွဲရေးမှူး ဂျဲရတ် အိုင်းဇက်မန်းက နေမကောင်းဖြစ်နေတဲ့ အာကာသယာဉ်မှူးဟာ “လောလောဆယ် သက်သာနေပြီ” ဖြစ်သလို “စိတ်ဓာတ်လည်း ကြံ့ခိုင်ပါတယ်” ဆိုပြီး အခြေအနေကို ပြောပြပါတယ်။

အရင်ကတည်းက NASA အာကာသယာဉ်မှူးတွေရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်သူဘယ်ဝါဖြစ်တယ် ဒါမှမဟုတ် ကျန်းမာရေးပြဿနာ အသေးစိတ်ကို အများပြည်သူသိအောင် ထုတ်ပြန်လေ့ မရှိပါဘူး။ Crew-11 ဟာ ပုံမှန်အတိုင်း ၆ လခွဲကြာ တာဝန်ထမ်းဆောင်ဖို့အတွက် ဩဂုတ် ၁ ရက်က ISS စခန်းကို ရောက်လာခဲ့တဲ့အပြင် ဖေဖော်ဝါရီလ အလယ်လောက်မှသာ ပြန်ရမှာဖြစ်ပါတယ်။

အဲဒီစခန်းရဲ့ သမိုင်းတလျှောက် အလားတူဖြစ်ရပ်မျိုး မရှိခဲ့ဖူးပေမဲ့လည်း ၁၉၈၅ နဲ့ ၁၉၈၇ မှာတော့ ကျန်းမာရေးကိစ္စကြောင့် သီးခြားအာကာသခရီးစဉ် ၂ ခုအထိ အချိန်စောပြီး အဆုံးသတ်ခဲ့ဖူးပါတယ်။

ISS စခန်းပေါ်မှာ ဆေးဘက်ဆိုင်ရာ ပစ္စည်းကိရိယာတချို့ ရှိထားပြီး သာမန် ကျန်းမာရေး ပြဿနာလောက်ကို အာကာသယာဉ်မှူးတွေက ဖြေရှင်းနိုင်အောင် လေ့ကျင့်ထားပေမဲ့လည်း ဆရာဝန်တာ့ မရှိပါဘူး။

ဒါကြောင့် အာကာသခရီးသွားလုပ်ငန်းပဲဖြစ်ဖြစ်၊ လကမ္ဘာနဲ့ အင်္ဂါဂြိုဟ်ပေါ်မှာ နေထိုင်နိုင်ရင်ပဲဖြစ်ဖြစ် လူတွေက အာကာသထဲကို ပိုပြီး သွားလာကြတဲ့အခါ ဆရာဝန်တွေ လိုက်ပါဖို့အတွက် လိုအပ်နိုင်တယ်လို့ ကျွမ်းကျင်သူတွေက ထောက်ပြပါတယ်။

ဒါ့အပြင် ISS အာကာသစခန်းက မြေပြင်အထက် ၂၅၀ မိုင်အကွာမှာ တနာရီကို မိုင်ပေါင်း ၁၇,၅၀၀ အမြန်နှုန်းနဲ့ ခရီးနှင်နေပြီး တရက်အတွင်း ကမ္ဘာ့လှည့်ပတ်မှုအကြိမ်ရေ ၁၆ ခါလောက်ရှိကြောင်း သိရပါတယ်။

Photo: NASA TV

0 comments:

Post a Comment