Pages

Saturday, January 17, 2026

ထိုင်းနိုင်ငံ နခွန်ရာချစီမာမြို့မှာ ဖြစ်ပွားခဲ့တဲ့ ဆောက်လုပ်ရေးကရိန်းက ရထားပေါ်ပြိုကျမှုဖြစ်စဉ်တွင် မင်္ဂလာဆောင်ပြီး ၁ ရက်သာရှိသေးသည့် ကိုရီးယား-ထိုင်း ဇနီးမောင်နှံ နှစ်ဦးစလုံးလည်း ကွယ်လွန်ခဲ့



17.January.2026
ထိုင်းနိုင်ငံ နခွန်ရာချစီမာမြို့မှာ ဖြစ်ပွားခဲ့တဲ့ ဆောက်လုပ်ရေးကရိန်းက ရထားပေါ်ပြိုကျမှုဖြစ်စဉ်တွင် မင်္ဂလာဆောင်ပြီး ၁ ရက်သာရှိသေးသည့် ကိုရီးယား-ထိုင်း ဇနီးမောင်နှံ နှစ်ဦးစလုံးလည်း ကွယ်လွန်ခဲ့တယ်လို့ သိရပါတယ်။
ဇန်နဝါရီ ၁၄ ရက်နေ့ ထိုင်းနိုင်ငံ၊ နခွန်ရာချစီမာမြို့မှာ ဖြစ်ပွားခဲ့တဲ့ ဆောက်လုပ်ရေးကရိန်းက ရထားပေါ်ပြိုကျမှုကြောင့် လူပေါင်း ၃၂ ဦး ​ေ-သဆုံးခဲ့ရပါတယ်။

အဲဒီထဲမှာမှ မင်္ဂလာလက်မှတ် ရေးထိုးပြီး တစ်ရက်အကြာမှာတင် မိဘတွေဆီ အလည်သွားရင်း အသ-က်ဆုံးရှုံးခဲ့ရတဲ့ ကိုရီးယား-ထိုင်း ဇနီးမောင်နှံရဲ့ ဖြစ်ရပ်ကတော့ အတော်လေးကို စိတ်မကောင်းစရာပါ။


​ေ-သဆုံးသူ ၂ ဦးက ချစ်သူသက်တမ်း ၁၀ နှစ်ကျော်မှ ပေါင်းဖက်ခွင့်ရခဲ့သူတွေဖြစ်ပြီး အသက် ၃၇ နှစ်အရွယ် ကိုရီးယားနိုင်ငံသား ကင်ယောင်ဟို (Kim Yongho) နဲ့ အသက် ၃၅ နှစ်အရွယ် ထိုင်းအမျိုးသမီး စူရတ်သီယာကွန်း (ခေါ်) ကိုင် တို့ ဖြစ်ကြပါတယ်။

သူတို့နှစ်ဦးဟာ ချစ်သူသက်တမ်း ၁၀ နှစ်ကျော်ရှိခဲ့ပြီး ထိုင်းနိုင်ငံသူ ကိုင် ကတော့ ကိုရီးယားမှာ အနှိပ်သည်အဖြစ် အလုပ်လုပ်ရင်း မိသားစုကို လုပ်ကျွေးနေသူ ဖြစ်ပါတယ်။ သူတို့ဇနီးမောင်နှံဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလကမှ ထိုင်းကို ပြန်လာခဲ့တာဖြစ်ပြီး ဇန်နဝါရီ ၁၃ ရက်နေ့မှာ နိုင်ငံခြားရေးဝန်ကြီးဌာနမှာ မင်္ဂလာလက်မှတ် တရားဝင် ရေးထိုးခဲ့ကြပါတယ်။

ဒါပေမဲ့ မင်္ဂလာဆောင် လက်မှတ်ထိုးပြီး တစ်ရက်အကြာ ဇန်နဝါရီ ၁၄ ရက်နေ့မှာ ထိုင်းနိုင်ငံသူ ကိုင်ရဲ့ ဇာတိမြေ စီစကတ်မှာရှိတဲ့ မိဘတွေဆီ ရထားနဲ့အသွား လမ်းမှာပဲ အခုလို အဖြစ်ဆိုးနဲ့ ကြုံတွေ့ကာ မမျှော်လင့်ဘဲ အသ-က်ဆုံးရှုံးခဲ့ရတာပါ။

ထိုင်းနိုင်ငံသူ ကိုင်ရဲ့ မိခင်ဖြစ်သူကတော့ သူမရဲ့ သမီးဟာ မိသားစုကို အဓိက ရှာဖွေကျွေး မွေးနေတဲ့ မိသားစုဒေါက်တိုင် ဖြစ်သလို ကိုရီးယားသား သမက်ဖြစ်သူကလည်း ထိုင်းနိုင်ငံသူကိုင်ရဲ့ ပထမအိမ်ထောင်နဲ့ရတဲ့ ကလေးနှစ်ဦးကို သူ့သားသမီးအရင်းတွေလို ချစ်ခင်စောင့် ရှောက်သူဖြစ်တာကြောင့် အခုလို ဆုံးရှုံးလိုက်ရတဲ့အတွက် အနာဂတ်ရှေ့ဆက်ဖို့ အခက်အခဲတွေ များစွာရှိနေပြီလို့ ငိုကြွေးရင်း ပြောပြခဲ့ပါတယ်။

ရထားပေါ် ကရိန်းပြိုကျခဲ့တဲ့ ဖြစ်စဉ်ကြောင့် ဂျာမနီနိုင်ငံသားတစ်ဦးလည်း ​ေ-သဆုံးခဲ့ရသလို အနှစ် ၃၀ ပြည့် မင်္ဂလာနှစ်ပတ်လည် အလှူလုပ်ဖို့ သွားကြတဲ့ အသက် ၆၀ နီးပါး ထိုင်းဇနီးမောင်နှံ နှစ်ဦးလည်း မီးလောင်ကျွမ်း​ေ-သဆုံးခဲ့ရပါတယ်။

လက်ရှိမှာတော့ ​ေ-သဆုံးသူတွေရဲ့ မိသားစုဝင်တွေက ဒီမတော်တဆမှုဟာ ပေါ့ဆမှုကြောင့် ဖြစ်ရတာမို့ သက်ဆိုင်ရာ ဆောက်လုပ်ရေး ကုမ္ပဏီနဲ့ အစိုးရဌာနတွေက ထိရောက်တဲ့ လျော်ကြေးနဲ့ တာဝန်ယူမှုတွေ လုပ်ပေးဖို့ တောင်းဆိုနေကြပါတယ်။

0 comments:

Post a Comment