Pages

Pages - Menu

Saturday, October 4, 2014

ဗြိတိန်စုံတွဲကို သတ်ခဲ့ကြောင်း ၀န်ခံသော မြန်မာနှစ်ဦး၏ DNA မှာ သေဆုံးသူကိုယ်ပေါ်မှ နမူနာနှင့် ကိုက်ညီနေ


RangonNewsDaily:: October . 4 .2014
ဗြိတိန် ကမ္ဘာလှည့် ခရီးသည် စုံတွဲနှစ်ဦး အသတ်ခံရမှုတွင် သေဆုံးသူ နှစ်ဦးအနက် တစ်ဦးထံမှ ရယူထားသည့် DNA နမူနာများက ပြစ်မှုဝန်ခံထားသူ မြန်မာလုပ်သား နှစ်ဦး၏ DNA နှင့် ကိုက်ညီမှု ရှိကြောင်းလည်း ထိုင်းရဲတပ်ဖွဲ့၏ အဆိုကို ကိုးကားပြီး Bangkok Post သတင်းစာက ဖော်ပြခဲ့သည်။

ကြံ၊ သကာကုန်ဖိုးငွေကျပ်သိန်း နှစ်ထောင်ကျော် မပေးချေဘဲ လုပ်ငန်းရှင်တစ်ဦး တိမ်းရှောင်နေ

RangonNewsDaily:: October . 4 .2014
မန္တလေးသကြားဒိုင် တွင် ပေါင်းသကြားစက်လုပ်ငန်း ရှင်တစ်ဦးသည် ကုန်ဖိုးငွေကျပ် သိန်း နှစ်ထောင်ကျော်မပေးချေ ဘဲ တိမ်းရှောင်နေကြောင်း သ တင်းရရှိသည်။

ဒူဘိုင်း စုံထောက်များက မှုခင်းတိုက်ဖျက်မှုများ အတွက် Google မျက်မှန်ကို အသုံးပြုမည်


RangonNewsDaily:: October . 4 .2014
မျက်နှာကို သိမှတ်နိုင်သည့် နည်းပညာကို အသုံးပြုကာ မှုခင်းတိုက်ဖျက်မှုများကို အထောက်အကူ ဖြစ်စေရန်အတွက် စုံထောက်များအား Google မျက်မှန် ပေးအပ်ရန် ဒူဘိုင်းရဲတပ်ဖွဲ့က စီစဉ်လျက်ရှိကြောင်း သိရသည်။

ရုရှားနှင့် အိန္ဒိယစစ်တပ်တို့ ၆ ရက်ကြာ ပူးတွဲစစ်ရေးလေ့ကျင့်မှု အဆုံးသတ်


RangonNewsDaily:: October . 4 .2014
ရုရှားနဲ့ အိန္ဒိယစစ်တပ်ဟာ ရုရှားနိုင်ငံ ဗော်လ်ဂိုဂရက်ဒေသမှာ လုပ်နေတဲ့ ၆ ရက်ကြာ ပူးတွဲ စစ်ရေးလေ့ကျင့်မှုကို အောက်တိုဘာ ၂ ရက်နေ့က အဆုံးသတ်လိုက်ပါတယ်။

MPT ဆင်းမ်ကတ်ဝယ်ရန် နေရာရောင်းစားသော ဈေးကွက်ဖြစ်ပေါ်


RangonNewsDaily:: October . 3 .2014
မြန်မာ့ဆက်သွယ်ရေး ဖုန်းဆင်းမ်ကတ်များ ရောင်းချ ပေးရာတွင် ညလုံးပေါက်တန်းစီ စောင့်ဆိုင်းသူများက ဦးထား သည့်နေရာများကို တစ်ဆင့်ပြန် လည်ရောင်းချမှုများ ပေါ်ပေါက် နေကြောင်း သတင်းရရှိသည်။

တယ်လီနောဆင်းမ်ကတ်များ နေပြည်တော်တွင် စတင်ရောင်း

RangonNewsDaily:: October . 3 .2014
တယ်လီနောမြန်မာသည် ၎င်းတို့၏ ဆင်းမ်ကတ်များ ကို ယနေ့ (အောက်တိုဘာ ၃ ရက်)တွင် နေပြည်တော်၌ စတင်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ကမ္ဘာ့ပေါ်တွင် လူဦးရေ ၇ ဘီလီယံကျော်ရှိသည့်အနက် ၄.၄ ဘီလီယံမှာ အင်တာနက် အသုံးမပြုကြ

RangonNewsDaily:: October . 3 .2014
ယခုခေတ်အခြေအနေအထိ ကမ္ဘာ့ပေါ်တွင် လူသားပေါင်း သန်း ၇ ထောင်ကျော်(၇ ဘီယီယံကျော်) ရှိသည့်အနက် ယနေ့အချိန်အထိ အင်တာနက်နှင့် ထိတွေ့ခွင့် မရသူ (သို့) အင်တာနက် အသုံးမပြုသူဦးရေဟာ ၄.၄ ဘီလီယံအထိ ရှိနေသေးပါတယ်။

ဆင်းမ်ကတ်များကို ငွေဖြည့်ကတ်များနှင့် တွဲရောင်းခြင်း၊ တန်ဖိုးမြှင့်ရောင်းခြင်း၊ ဟန်းဆက်များနှင့် တွဲပြီး ရောင်းခြင်းမျိုး မဖြစ်စေရန် သတိပေးကြေညာထားပြီး ဖြစ်ဟုဆို

RangonNewsDaily:: October . 3 .2014
ငွေဖြည့်ကတ်များနှင့် တွဲရောင်းခြင်း၊ တန်ဖိုးမြှင့်ရောင်းခြင်း၊ ဟန်းဆက်များနှင့်တွဲပြီး ရောင်းခြင်းမျိုး မဖြစ်စေရန် ဆိုင်များ၊ ကုမ္ပဏီများကို သတိပေးကြေညာထားပြီးဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းသန်းက ပြောသည်။

Ooredoo SMS Message စာတိုပို့ခ ၁၀ကျပ် လျော့ချ


RangonNewsDaily:: October . 3 .2014
ဖုန်းခေါ်ဆိုမှု အဆင်မပြေမှုတွေကြောင့် ပြည်သူတွေ သုံးစွဲမှု လျော့ကျလာတဲ့Ooredoo Message(sms) ပို့ခနှုန်းထားကို တစ်ဆယ်ကျပ် လျော့ချလိုက်ပြီလို့ အော်ရီဒူး မြန်မာက ဒီကနေ့ သတင်း ထုတ်ပြန်ပါတယ်။

တိုးရစ်နှစ်ဦးကို သတ်မှု၊ မုဒိမ်းကျင့်မှု နဲ့ မြန်မာနှစ်ဦးကို ထိုင်းရဲ စွဲချက်တင်


RangonNewsDaily:: October . 3 .2014
ထိုင်းနိုင်ငံတောင်ပိုင်းအပန်းဖြေကျွန်းကိုလာရောက်လည်ပတ်တဲ့ ဗြိတိန်နိုင်ငံသားတိုးရစ်နှစ်ဦးကို သတ်မှု၊ အမျိုးသမီးတိုးရစ်ကို မုဒိမ်းကျင့်မှုတွေနဲ့ မြန်မာနိုင်ငံသားအမျိုးသားနှစ်ဦးကို ထိုင်းရဲကဒီကနေ့ စွဲချက်တင်လိုက်ပါတယ်။

သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏတွင် ဆေးသုတ်လုပ်သား(၂)ဦးမှ ငြမ်းစင်အားရွှေ့စဉ် လျှပ်စစ် မီးကြိုးပေါ်သို့ချမိရာမှ ဓါတ်လိုက်ခံရသဖြင့် (၁)ဦးသေ၊ (၁)ဦးဒဏ်ရာရ

RangonNewsDaily:: October . 3 .2014
၂.၁၀.၂၀၁၄ ရက်နေ့ ၂၁၀၀ အချိန်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏနည်မြေ ရဲစခန်းမှ တပ်ဖွဲ့ဝင်များ သည် အမျိုးသား(၂)ဦးဓါတ်လိုက်ခံရသဖြင့် သင်္ဃန်းကျွန်း စံပြဆေးရုံသို့ရောက်ရှိလာကြောင်း သတင်းအရ သွားရောက်စစ်ဆေးရာ သင်္ဃန်းကျွန်းမြို့နယ်နေ မောင်သန့်ဇင်၊(၂၄)နှစ်မှာ သေဆုံးသွားပြီး ဧရာဝတီတိုင်းဒေသကြီးနေ ကိုဖြိုးဝေလင်း၊ (၂၁)နှစ်မှာ ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရှိရသည်။

လူမျိုးနှင့်ဘာသာ အပါအဝင် အချက်လေးခုကို သန်းခေါင်စာရင်းတွင် ထည့်သွင်းထုတ်ပြန်မည် မဟုတ်ဟုဆို


RangonNewsDaily:: October . 3 .2014
မြန်မာနိုင်ငံတွင် လာမည့် မေလတွင် ထုတ်ပြန်မည့် ပင်မသန်းခေါင်စာရင်းတွင် လူမျိုး၊ ဘာသာ၊ အလုပ်အကိုင်၊ လုပ်ငန်းတို့ကို ထည့်သွင်းထုတ်ပြန်နိုင်မည် မဟုတ်သေးကြောင်း ပြည်သူ့အင်အား ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ကြိုင်က ပြောကြားသည်။

မြို့နယ်အလိုက် အိမ်၊ ခြံ၊ မြေ တန်ဖိုးစံနှုန်းအသစ် အောက်တိုဘာ ၈ ရက် ထုတ်ပြန်မည်

RangonNewsDaily:: October . 3 .2014
ရန်ကုန်စည်ပင်သာယာရေး နယ် နိမိတ်အတွင်းရှိ မြို့နယ်များ၏ အိမ်၊ ခြံ၊ မြေ တန်ဖိုးစံနှုန်းအသစ်များကို အောက်တို ဘာ ၈ ရက်တွင် သတ်မှတ်ထုတ်ပြန်သွား မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကာလတန်ဖိုး စိစစ်သတ်မှတ်ရေးအဖွဲ့က အောက်တိုဘာ ၂ ရက်တွင် သတင်းထုတ် ပြန်သည်။