Pages

Pages - Menu

Saturday, October 4, 2014

လူမျိုးနှင့်ဘာသာ အပါအဝင် အချက်လေးခုကို သန်းခေါင်စာရင်းတွင် ထည့်သွင်းထုတ်ပြန်မည် မဟုတ်ဟုဆို


RangonNewsDaily:: October . 3 .2014
မြန်မာနိုင်ငံတွင် လာမည့် မေလတွင် ထုတ်ပြန်မည့် ပင်မသန်းခေါင်စာရင်းတွင် လူမျိုး၊ ဘာသာ၊ အလုပ်အကိုင်၊ လုပ်ငန်းတို့ကို ထည့်သွင်းထုတ်ပြန်နိုင်မည် မဟုတ်သေးကြောင်း ပြည်သူ့အင်အား ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ကြိုင်က ပြောကြားသည်။
တိုင်းရင်းသားလူမျိုး သတ်မှတ်ချက် မှားယွင်းမှု၊ လွဲချော်မှု စသည်တို့ကို ပြန်လည်ပြင်ဆင်ပေးရန် တောင်းဆိုမှုများ ရှိနေသဖြင့် တိုင်းရင်းသား အဖွဲ့အစည်းများ၊ တိုင်းရင်းသား ခေါင်းဆောင်များ၊ သမိုင်း၊ ယဉ်ကျေးမှု ပညာရှင်များ၊ လွှတ်တော်ရှိ တိုင်းရင်းသားရေးရာ ကော်မတီတို့ ညှိနှိုင်းဖြေရှင်းပြီးမှသာ ထုတ်ပြန်နိုင်မည် ဖြစ်ကြောင်း ၎င်းကဆိုသည်။
ကိုးကွယ်သည့် ဘာသာနှင့် ပတ်သက်၍ ထုတ်ပြန်ရာတွင်လည်း ဘာသာရေး ခေါင်းဆောင်များနှင့် ညှိနှိုင်း အတည်ပြုပြီးမှသာ ထုတ်ပြန်နိုင်မည် ဖြစ်ကြောင်း ဦးမြင့်ကြိုင်က ပြောဆိုသည်။
::
အလုပ်အကိုင်နှင့် လုပ်ငန်းများနှင့် ပတ်သက်၍ အချက်အလက် စုဆောင်းမှုမှာ ၂၀၁၅ ခုနှစ် နိုဝင်ဘာလတွင်သာ အပြီးသတ်နိုင်မည် ဖြစ်သဖြင့် ၂၀၁၅ ခုနှစ် မေလတွင် ထုတ်ပြန်မည့် ပင်မသန်းခေါင်စာရင်းတွင် ထည့်သွင်း ထုတ်ပြန်နိုင်မည် မဟုတ်ကြောင်း ပြည်သူ့အင်အား ဦးစီးဌာနထံမှ သိရှိရသည်။

“အလုပ်အကိုင်နဲ့ ပတ်သက်ပြီး ပြည်သူတွေ ပြောတဲ့အတိုင်း ရေးရတာ။ ဥပမာ ပြောရရင် ကျောင်းဆရာမကိုပဲ တစ်ယောက်က အထက်တန်းပြဆရာမ၊ နောက်တစ်ယောက်က မူလတန်းပြဆိုပြီး အမျိုးမျိုး ဖြေကြတယ်။ ပြီးတော့ စာရင်းစစ်တဲ့ စက်ကလည်း ကိန်းဂဏန်းတွေပဲ ဖတ်တဲ့အတွက်ပါ” ဟု ပြည်သူ့အင်အား ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာခိုင်ခိုင်စိုးက ပြောကြားသည်။
::
နှစ်ပေါင်း သုံးဆယ်ကျော်အကြာ တစ်ကျော့ပြန် အဖြစ် ၂၀၁၄ ခုနှစ်တွင် ကောက်ယူခဲ့သော ပြည်လုံးကျွတ် သန်းခေါင်စာရင်းတွင် မေးခွန်း ၄၁ ခု မေးမြန်းခဲ့သည်။

The Voice ::--KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment