RangonNewsDaily:: October . 3 .2014
၂.၁၀.၂၀၁၄ ရက်နေ့ ၂၁၀၀ အချိန်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏနည်မြေ ရဲစခန်းမှ တပ်ဖွဲ့ဝင်များ သည် အမျိုးသား(၂)ဦးဓါတ်လိုက်ခံရသဖြင့် သင်္ဃန်းကျွန်း စံပြဆေးရုံသို့ရောက်ရှိလာကြောင်း သတင်းအရ သွားရောက်စစ်ဆေးရာ သင်္ဃန်းကျွန်းမြို့နယ်နေ မောင်သန့်ဇင်၊(၂၄)နှစ်မှာ သေဆုံးသွားပြီး ဧရာဝတီတိုင်းဒေသကြီးနေ ကိုဖြိုးဝေလင်း၊ (၂၁)နှစ်မှာ ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရှိရသည်။
ဖြစ်စဉ်အားစုံစမ်းရာ ၎င်းတို့(၂)ဦးသည် ဆေးသုတ်အလုပ်သမားများဖြစ်ကြကြောင်း၊ ယင်းနေ့ ၁၇၃၀ အချိန်ခန့်က
သုဝဏ္ဏ၊ (င)ရပ်ကွက်၊ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်ဝင်းအတွင်းရှိ ဆောက်လက်စ ဆာက်အဦအောက်ထပ်၌ဆေး
သုတ်သည့်အလုပ်လုပ်ကိုင်နေစဉ် အလျ(၈)ပေ၊ အနံ(၃)ပေ၊ အမြင့်(၆)ပေခန့်ရှိ သံငြမ်းအား နေရာရွှေ့ရာမှ လျှပ်စစ်
မီးကြိုးပေါ်သို့ချမိသဖြင့် (၂)ဦးစလုံး ဓါတ်လိုက်ခံခဲ့ရခြင်းဖြစ်ကြောင်းသိရသည်။
၎င်းတို့ဓါတ်လိုက်ခံနေရသည်ကိုတွေ့ရှိသည့် ပတ်ဝန်းကျင်မှလူများက လျှပ်စစ်မိန်းခလုတ်ချပေးခဲ့ရာ ကိုသန့်ဇင်မှာ လဲ
ကျ၍ ၀ဲချိုစောင်း၌ ပွန်းပဲ့ဒဏ်ရာရရှိခဲ့ပြီး ကိုဖြိုးဝေလင်းမှာ ခေါင်းမူးသည့်
ဝေဒနာခံစားခဲ့ရသဖြင့် သင်္ဃကျွန်းစံပြဆေးရုံသို့ပိုအပ်ကုသခဲ့ရာ ကိုသန့်ဇင်မှာအတွင်းလူနာ
(စိုးရိမ်ရ)အဖြစ်လည်းကောင်း၊ ကိုဖြိုးဝေလင်းမှာ အတွင်းလူနာ(မစိုးရိမ်ရ)အဖြစ်လည်းကောင်း ကုသခဲ့ရကြောင်း၊ ထိုသို့ကုသနေစဉ်၁၈၁၅ အချိန်တွင် ကိုသန့်ဇင်မှာ သေဆုံးသွားခြင်းဖြစ်
ကြောင်းသိရှိရပါသည်။
::
ယင်းသို့ ကိုသန့်ဇင်သေဆုံးခဲ့မှုနှင့်ပတ်သက်၍သုဝဏ္ဏနယ်မြေရဲစခန်း
သေမှုသေခင်းအမှတ်စဉ် (၁၃/၂၀၁၄)ဖြင့် ရေးဖွင့်ကာ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police ::--KOLATT(PBDN)
RangonNewsDaily
No comments:
Post a Comment