Pages

Pages - Menu

Saturday, October 4, 2014

ဆင်းမ်ကတ်များကို ငွေဖြည့်ကတ်များနှင့် တွဲရောင်းခြင်း၊ တန်ဖိုးမြှင့်ရောင်းခြင်း၊ ဟန်းဆက်များနှင့် တွဲပြီး ရောင်းခြင်းမျိုး မဖြစ်စေရန် သတိပေးကြေညာထားပြီး ဖြစ်ဟုဆို

RangonNewsDaily:: October . 3 .2014
ငွေဖြည့်ကတ်များနှင့် တွဲရောင်းခြင်း၊ တန်ဖိုးမြှင့်ရောင်းခြင်း၊ ဟန်းဆက်များနှင့်တွဲပြီး ရောင်းခြင်းမျိုး မဖြစ်စေရန် ဆိုင်များ၊ ကုမ္ပဏီများကို သတိပေးကြေညာထားပြီးဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းသန်းက ပြောသည်။
ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒသမမြောက်နေ့ကျင်းပရာ၌ ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ မြန်မာ့ဆက်သွယ်ရေးမှ ချထားပေးသည့် MPT ဆင်းမ်ကတ်များကို တရားဝင်အနေဖြင့် ဝန်ကြီးဌာနတို့ ချထားပေးသည့်ဆိုင်များ ရှိပါကြောင်း၊ ၎င်းဆိုင်များမှ ဟန်းဆက်နှင့် တွဲရောင်းပြီး ၁,၅၀၀ ကျပ် မဟုတ်ဘဲ ၁၅,၀၀၀ ကျပ်မှ ၂၀,၀၀၀ ကျပ်အထိ ရောင်းချနေမှုများကို သိရှိလို ကြောင်း မေးမြန်းချက်နှင့် ပတ်သက်၍ ဒုတိယဝန်ကြီးက ဖြေကြားခဲ့ခြင်းဖြစ်သည်။

လက်တွေ့အခြေအနေရှိ အချို့သော မြို့နယ်များတွင် ဖြစ်ပေါ်နေကြောင်း၊ ထို့ကြောင့် မိမိတို့ သက်ဆိုင်ရာ တာဝန်ပေးထားသော Distributor များ တိုက်ရိုက်ရောင်းချရန် ဆောင်ရွက်ထားကြောင်း သိရသည်။

တိုက်ရိုက်အရောင်း တာဝန်ပေးထားသည့် ပုဂ္ဂိုလ်များကို သတ်မှတ်ထားသည့် နှုန်းထားဖြင့်ရောင်းပြီး မိမိ၏ကိုယ်ကျိုးအတွက် ငွေဖြည့်ကတ်များနှင့် တွဲရောင်းခြင်း၊ တန်ဖိုးမြှင့်ရောင်းခြင်း၊ ဟန်းဆက် များနှင့်တွဲပြီး ရောင်းခြင်းမျိုး မဖြစ်စေရန် ဆိုင်များ၊ ကုမ္ပဏီများကို သတိပေးကြေညာထားပြီး ဆက်လက်ရောင်းချခွင့် ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ဖြေကြားခဲ့သည်ဟု သိရသည်။


myawaddy, 
KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment