Pages

Pages - Menu

Saturday, October 4, 2014

ဒူဘိုင်း စုံထောက်များက မှုခင်းတိုက်ဖျက်မှုများ အတွက် Google မျက်မှန်ကို အသုံးပြုမည်


RangonNewsDaily:: October . 4 .2014
မျက်နှာကို သိမှတ်နိုင်သည့် နည်းပညာကို အသုံးပြုကာ မှုခင်းတိုက်ဖျက်မှုများကို အထောက်အကူ ဖြစ်စေရန်အတွက် စုံထောက်များအား Google မျက်မှန် ပေးအပ်ရန် ဒူဘိုင်းရဲတပ်ဖွဲ့က စီစဉ်လျက်ရှိကြောင်း သိရသည်။
မျက်မှန်ကိုင်းတစ်ခု၏ ထောင့်ဘက်တွင် အရွယ်အလွန်သေးငယ်သော ကွန်ပျူတာ screen တပ်ဆင်ထားသည့် Google မျက်မှန်သည် ဓာတ်ပုံ ရိုက်ကူးခြင်း၊ ဗီဒီယို ရိုက်ကူးခြင်းနှင့် အသံနားထောင်ခြင်းတို့ကို ပြုလုပ်နိုင်သည်။

ပြောရေးဆိုခွင့်ရှိသူ တစ်ဦး၏ ဒူဘိုင်း 7 Days သတင်းစာသို့ အတည်ပြု ပြောကြားချက်အရ ဒူဘိုင်း ရဲတပ်ဖွဲ့မှ ဖန်တီးထားသည့် software သည် Google မျက်မှန် ဝတ်ဆင်သူနှင့် ၎င်းတို့ အလိုရှိသူများ၏ database တစ်ခုကို ချိတ်ဆက်ပေးနိုင်ကြောင်း သိရသည်။
::
Google မျက်မှန်က သံသယရှိသူ၏ မျက်နှာအသွင်အပြင်ကို သိမှတ်သည့်အခါတွင် အဆိုပါ မျက်မှန်ကို ဝတ်ဆင်သူထံ သတိပေးမှု ပြုလုပ်မည် ဖြစ်သည်။

အဆိုပါ Google မျက်မှန်ကို ကနဦးတွင် ယာဉ်စည်းကမ်း ချိုးဖောက်မှုများနှင့် ပြစ်မှုကျူးလွန်ရာတွင် ပါဝင်သည်ဟု သံသယရှိသည့် ယာဉ်များကို ခြေရာခံခြင်းတို့အတွက် အသုံးပြုခဲ့ပြီးနောက် ဒုတိယအဆင့် အနေဖြင့် အဆိုပါ နည်းပညာကို စုံထောက်များထံ ဖြန့်ဝေပေးခဲ့ခြင်း ဖြစ်ကြောင်း အထက်ပါ ပြောရေးဆိုခွင့်ရှိသူက ဆိုခဲ့သည်။
::
ဒူဘိုင်းသည် ပြီးခဲ့သည့်နှစ်က နိုင်ငံခြား ခရီးသွားများ အများဆုံးရှိသည့် နေရာတွင် အသုံးပြုရန် အတွက် ရဲများထံ အမေရိကန်ဒေါ်လာ ၄၀၀,၀၀၀ တန် Lamborghini ပြိုင်ကားများကို ထောက်ပံ့ပေးခဲ့သည်။

Ref: Reuters ::--KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment