Pages

Pages - Menu

Wednesday, August 6, 2014

လှိုင်သာယာ လက်ဖက်ရည်ဆိုင်တွင်း လူသတ်မှု စီစီတီဗီဖိုင် ဖေ့စ်ဘွတ်ခ်တွင် ပျံ့နှံ့နေ


RangonNewsDaily:: August . 6 .2014
လှိုင်သာယာမြို့နယ်ရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်၌ အ မျိုးသားတစ်ဦးကို ဓားဖြင့် ထိုးသတ်ခဲ့သည့် စီစီတီဗီမှတ်တမ်းဖိုင် ဖေ့စ်ဘွတ်ခ်တွင် ပျံ့နှံ့နေသဖြင့် ရန်ကုန်တိုင်းဒေသကြီးရဲတပ် ဖွဲ့က ထိုသို့ အင်တာနက်ပေါ်မ တင်ကြရန်သတိပေးထားသည်။

ကတုံးမနှင့် အပေါင်းပါများ တတိယအကြိမ် ရုံးထုတ်


 
RangonNewsDaily:: August . 6 .2014
မန္တလေးပဋိပက္ခ ကြောင့် ၁၉၅၀ပြည့်နှစ်အရေးပေါ် စီမံမှုအက်ဥပဒေဖြင့်တရားစွဲဆိုခံ ထားရသော မဖြူဖြူမင်း(ခ)ကတုံး မ၊ နုနုမြတ်၊ ရဲထွဋ်နှင့် ဟာဂျီထွန်း ထွန်းတို့အား သြဂုတ် ၄ရက်တွင် တတိယအကြိမ်ရုံးထုတ်ပြီး ပထမ ဆုံးအကြိမ်တရားလိုပြသက်သေ နှစ်ဦးအား စတင်စစ်ဆေးခဲ့ ကြောင်း သတင်းရရှိသည်။

Bi မွန်းတည့်နေဂျာနယ် သတင်းသမားများကိုပုဒ်မပြောင်းဖွင့်ပြီး တစ်ဦးလွှတ်ပေး


RangonNewsDaily:: August . 6 .2014
ဖမ်းဆီးခံထားရသည့် Bi မွန်းတည့်နေ ဂျာနယ်မှ သတင်း သမားများကို စွဲထားသည့် ပုဒ်မ နှစ်ခု ပယ်ဖျက်လိုက်ကာ နိုင်ငံ တော် အကြည်ညိုပျက်စေမှုဖြင့် ပြောင်းစွဲဆိုလိုက်ပြီး အယ်ဒီတာ တစ်ဦးကို လွှတ်ပေးလိုက်သည်။

အင်တာနေရှင်နယ်ချန်ပီယံများဖလားတွင် လီဗာပူးလ်ကိုအနိုင်ယူပြီး မန်ယူဗိုလ်စွဲ


RangonNewsDaily:: August . 6 .2014
အမေရိကန်နိုင်ငံတွင် ဖိတ်ခေါ်ခြေစမ်းပြိုင်ပွဲအဖြစ်ပြုလုပ်သော အင်တာနေရှင်နယ် ချန်ပီယံများဖလားပြိုင်ပွဲ ဗိုလ်လုပွဲတွင် မန်ယူ အသင်းက ပရီးမီးယားလိဂ်ပြိုင်ဘက် လီဗာပူးလ်အသင်းကို ၃-၁ ဂိုးဖြင့် အနိုင်ရဗိုလ်စွဲသွားသည်။

အာဖရိကမှာ အခြေအနေ ဆိုးလာတဲ့ Ebola ဗိုင်းရက်စ်


RangonNewsDaily:: August . 6 .2014
ယင်း ဗိုင်းရက်စ်ကို ၁၉၇၆ ခုနှစ် ကတည်းက မှတ်သား သိရှိမိတာ ဖြစ်ပေမယ့် လူသားတွေကို စတင်

ဒုက္ခ ပေးလာတဲ့ အချိန် ကတော့ ၂၀၁၄ ခုနှစ် မတ်လကနေ ဖြစ်ပါတယ်။ Ebola virus disease (EVD) လို့ အမည်ရတဲ့ ယင်း ရောဂါပိုးဟာ ၂၀၁၄ ခုနှစ်မတ်လ ကတည်းက ယနေ့အချန်အထိ ကူးဆက်သူပေါင်း ၉၅၃ ဦး ရှိပြီ ဖြစ်ပြီး သေဆုံးသူ ကတော့ ၅၃၂ ဦး ရှိပြီ ဖြစ်ပါတယ်။ ဒီတော့ အသက်ရှင်နိုင်ချေက ၅၀ ရာခိုင်နှုန်း အောက်မှာပဲ ရှိပါတယ်။

ကိုယ့်ခေါင်းကိုယ် သေနတ်ဖြင့်ချိန်ပြီး Facebook တင်ရန်ဓာတ်ပုံရိုက်ရာမှ ကျည်ထွက် ပြီး သေဆုံး


RangonNewsDaily:: August . 6 .2014
မက္ကဆီကိုနိုင်ငံမှ စစ်မှုထမ်းဟောင်း လူငယ်တစ်ဦးသည် Facebook တွင် တင်ရန် မိမိကိုယ်ကိုယ် သေ
နတ်ဖြင့်ချိန်ပြီး မိုဘိုင်းလ်ဖုန်း ကင်မရာဖြင့် ဓာတ်ပုံရိုက်စဉ် ကျည် ထွက်သွားသဖြင့် ကွယ်လွန်
သွားခဲ့ကြောင်း The standard မီဒီယာက ဖော်ပြထား သည်။

ဈေးနှုန်း ပိုမိုရောင်းချသည့် ဖုန်းဆိုင်များအား ဆင်းမ်ကတ်ဖြန့်ဖြူးပေး တော့မည် မဟုတ်ဟု Ooredoo ဆို


RangonNewsDaily:: August . 6 .2014
Ooredoo မှ ရောင်းချသည့် ဆင်းမ်ကတ်များကို (၁၅၀၀) ကျပ်ထက် ဈေးပိုရောင်း
ချပါက ရောင်းချသည့် ဖုန်းဆိုင်အား ဆင်းမ်ကတ် ဖြန့်ဖြူးပေးတော့မည် မဟုတ်ကြောင်း Ooredoo Myanmar မှ သိရသည်။

၁၄၄ ထုတ်ပြန်ပြီး (၁)လအတွင်း ထောင် အပြစ်ပေးခံရသူ (၁၀၀၀) ကျော်အထိရှိ

RangonNewsDaily:: August . 6 .2014
မန္တလေးမြို့တွင် ပြီးခဲ့သည့် ဇူလိုင်လ ဆန်းပိုင်းက ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် ညမထွက်ရ အမိန့်ပုဒ်မ (၁၄၄) ထုတ်ပြန်အပြီး တစ်လ တာကာလအတွင်း ထောင်ဒဏ် အပြစ်ပေးခံထားရသူ လူဦးရေ တစ်ထောင်ကျော် အထိရှိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

အိမ်ထောင်ရေး အကြောင်း အတိအလင်း ကြေညာလိုက်တဲ့ မီးမီးခဲ


RangonNewsDaily:: August . 6 .2014
မီးမီးခဲ အနေနဲ့ သူ့ရဲ့ များမကြာ မီက ထွက်ရှိထားခဲ့တဲ့ Miss Call အခွေကို ဗီစီဒီ အဖြစ် ရိုက်ကူးနေပြီ

 ဖြစ်ပါတယ်။ အဲဒီအခွေမှာ လေးပုဒ် ပဲ ရိုက်ဖို့ ကျန်တော့ကြောင်း၊ ကျန်တဲ့ အပိုင်းတွေ အကုန် ပြီးစီးနေပြီဖြစ် ကြောင်း၊ အခုအချိန်မှာ သူ့အမေ၊ သူ့သမီးနဲ့ ငြိမ်းငြိမ်း ချမ်းချမ်းလေး နေပြီး ပျော်ရွှင်သော ဘဝတစ်ခုကို ဖန်တီး တည်ဆောက်နေကြောင်း မီးမီးခဲ ကပြောပါတယ်။

အကယ်ဒမီ ဝါဝါအောင် ကွယ်လွန်သည်ဆိုသည့်သတင်း မဟုတ်မှန်


RangonNewsDaily:: August . 6 .2014
ရုပ်ရှင်နှင့် ဗွီဒီယို သရုပ်ဆောင် အကယ်ဒမီ ဒေါ်ဝါဝါအောင် ကွယ်လွန်သွားကြောင်း ပြင်ပတွင်ပျံ့နှံနေသည့် သတင်းများနှင့် ပတ်သက်၍ ကာယကံရှင်ကိုယ်တိုင်မှ မဟုတ်မှန်ကြောင်း ငြင်းဆိုလိုက်သည်။

လောကဒဏ်က ဘ၀ရဲ့ ပြိုင်ပွဲ


RangonNewsDaily:: August . 6 .2014
လောကဒဏ်ကို အရှုံးပေးတတ်သူဟာ ဘ၀မှာအမြဲတမ်းသိမ်ငယ်တတ်သူတွေ ဖြစ်လာပါတယ်။ ဘ၀အ
တွက် ပြိုင်ပွဲတွေဟာ သူများတွေနဲ့ မပြိုင်ခင် ကိုယ်တစ်ယောက်တည်း အရင်ပြိုင်ဆိုင်မှုရှိနေရမယ်။ ဒီနေ့ 
နဲ့ မနက်ဖန် ကိုယ့်ရဲ့စွမ်းအားတွေပြောင်းလဲတိုးတက်မှုမရှိရင် လောကဒဏ်ကို ပြိုင်ဆိုင်ဖို့ ခက်ခဲလိမ့်မယ်။

ဘင်္ဂလားဒေ့ရှ်ဖယ်ရီသင်္ဘောနစ်မြှုပ်မှု့ လူ ၁၀၀ ၀န်းကျင် ကိုကယ်တင်နိုင်ခဲ့ပြိး ၁၂၂ ဦးမှာ ပျောက်ဆုံးဆဲ


RangonNewsDaily:: August . 6 .2014
ဝန်ချိန်များစွာ ပိုမိုတင်ဆောင်ခဲ့သော မြစ်တွင်းသွား ဘင်္ဂလားဒေ့ရှ် ဖယ်ရီသင်္ဘေတစ်
စီးနစ်မြုပ်ခဲ့ရာ သင်္ဘောပျက်ကို ကယ်ဆယ်သူများက သြဂုတ်လ ၅ ရက် နေ့တွင် ရှာဖွေခဲ့ကြသည်။

PR စနစ်ကို ရန်ကုန်မြို့လယ်မှာ ကန့်ကွက်ဆန္ဒပြ


RangonNewsDaily:: August . 6 .2014
PR ခေါ် အချိုးကျကိုယ်စားပြုစနစ်ကို ကန့်ကွက်တဲ့အနေနဲ့ ပြည်သူ့လှုပ်ရှားမှု မြှင့်တင်ရေးကွန်ရက်အဖွဲ့ဝင် ၁ဝဝ ကျော်က ဒီနေ့ ဆူးလေမှာ ကန့်ကွက်ဆန္ဒပြခဲ့ပါတယ်။

မြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျကာ မြစ်အတွင်း စေတီတော် နစ်မြုပ်


RangonNewsDaily:: August . 6 .2014
တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့၊ ရေပေါ်သောင်ကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာ၏ရွာဦးထိပ်တွင် ၁၃၇၁

 ခုနှစ်မှစတင်၍တည်ထားသော ဥာဏ်တော်(၉)တောင်ရှိ ငြိမ်းအေးချမ်းသာ ဆုတောင်းပြည့် စေတီတော်မှာ ၂.၈.၂၀၁၄ ရက်နေ့ ၁၁၃၀ အချိန်တွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် အလျားပေ(၃၀)၊ အနံပေ(၂၀)
ခန့်ရှိ ကမ်းပါးပြိုကျရာတွင်ပါသွားခဲ့ပြီး မြစ်အတွင်းသို့ တိမ်းစောင်းသွားခဲ့ကာစေတီအနီးရှိ တံခွန်တိုင်မှာ
လည်း ညပိုင်းတွင်မြစ်အတွင်း လဲကျသွားခဲ့ပါသည်။

နယူးယော့ခ်က ကိုယ်ပျောက်ဖက်ရှင်

RangonNewsDaily:: August . 6 .2014
လတ်တလော အွန်လိုင်းပေါ်မှာ နာမည်ကြီးနေတာကတော့ နယူးယော့ခ်မြို့က ကိုယ်ပျောက်ဖက်ရှင်

ဒီဇိုင်းပါပဲ။ အသက်(၃၃)နှစ်အရွယ်ရှိ ခန္ဓာကိုယ် ဆေးခြယ်ပညာရှင် ထရီနာမာရီက နယူးယော့ခ်မြို့ရဲ့ အထင်ကရ နေရာတွေမှာ ကိုယ်ပျောက်ဖက်ရှင် ဖန်တီးပြခဲ့တာဖြစ်ပါတယ်။