Pages

Pages - Menu

Wednesday, August 6, 2014

၁၄၄ ထုတ်ပြန်ပြီး (၁)လအတွင်း ထောင် အပြစ်ပေးခံရသူ (၁၀၀၀) ကျော်အထိရှိ

RangonNewsDaily:: August . 6 .2014
မန္တလေးမြို့တွင် ပြီးခဲ့သည့် ဇူလိုင်လ ဆန်းပိုင်းက ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် ညမထွက်ရ အမိန့်ပုဒ်မ (၁၄၄) ထုတ်ပြန်အပြီး တစ်လ တာကာလအတွင်း ထောင်ဒဏ် အပြစ်ပေးခံထားရသူ လူဦးရေ တစ်ထောင်ကျော် အထိရှိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
ဇူလိုင်လ (၃)ရက်နေ့မှ သြဂုတ်လ (၂) ရက်နေ့အထိ တစ်လတာကာလ အတွင်း ထောင်ဒဏ် (၇)ရက် အပြစ် ပေးစီရင်ခံရသူ အမျိုးသား (၉၆၃)ဦး၊ အမျိုးသမီး (၃၆)ဦး ရှိခဲ့ပြီး၊ (၁၅)ရက် ထောင်ဒဏ် အပြစ်ပေးခံ ထားရသူအမျိုးသား (၈၀) ဦး စုစုပေါင်း ထောင်ဒဏ် အပြစ်ပေး စီရင်ခံရသူ (၁၀၇၉)ဦး ရှိကြောင်း တိုင်းဒေသကြီးရဲ တပ်ဖွဲ့မှူးရုံး မှတ်တမ်းများအရ သိရသည်။

ပုဒ်မ (၁၄၄) ထုတ်ပြန်ပြီးနောက် တစ်လတာ ကာလအတွင်း ဖမ်းဆီးရမိသူ အမျိုးသား (၁၂၈၅) ဦး၊ အမျိုးသမီး (၄၇) ဦး အထိရှိခဲ့ပြီး၊ ပညာ ပေးပြန်လွှတ်ခဲ့သူ အမျိုးသား (၁၅၁) ဦး၊ အမျိုးသမီး ခြောက်ဦး ရှိကြောင်း၊ အရေးယူရန် ဆောင်ရွက်ဆဲ အမျိုးသား (၃၁)ဦး၊ အမျိုးသမီး (၂)ဦးရှိကြောင်း သိရသည်။
::
မန္တလေးခရိုင်မြို့နယ်များအား ညမထွက်ရ အမိန့်ကိုဇူလိုင်လ (၃) ရက်နေ့မှ စတင်ကာ ည(၉)နာရီမှ နံနက်(၅) နာရီအထိ ကန့် သတ်ထုတ်ပြန် ထားခဲ့ခြင်း ဖြစ်ပြီး၊ ဇူလိုင် လ (၂၁)ရက်နေ့တွင် အချိန် (၂)နာရီ လျှော့ချကာ ည (၉)နာရီမှ နံနက် (၃)နာရီ အဖြစ် လည်းကောင်း၊ ဇူလိုင်လ (၂၈)ရက်နေ့ တွင် ည (၁၀)နာရီမှ နံနက်(၃)နာရီ အဖြစ်လည်းကောင်း မန္တလေးခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှ ပြောင်းလဲ ကန့်သတ်ထုတ်ပြန်ခဲ့သည်။

မူလကတော့ တောင်ပြုန်းပွဲချိန် ရောက်ရင် ပြန်ရုပ်သိမ်းမယ် ထင်ခဲ့တာပါ။ အခုကတော့ ရှစ်လေးလုံး အခမ်းအနားပြီးသည်အထိဆွဲခေါ်သွား မလားမသိဘူး။ လူဦးရေ တစ်ထောင်ကျော် အထိရှိလာပြီဆိုတော့ တော်တော့်ကိုများလွန်းနေပါပြီ။
::
တကယ်လို့ (၁၄၄)က ရက်ရှည်လာ ရင်တော့လျှော့ ပေးဖို့ ရုပ်သိမ်းပေးဖို့ ထပ်မံမေတ္တာရပ်ခံ တိုက်တွန်းမှာပါ။ ကျွန်တော်တို့ ကော်မတီအနေနဲ့ ကလည်း လက်ရှိ အခြေအနေကို တင်းတိမ် မနေပါဘူးဟု မန္တလေးမြို့ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး ကော်မတီဝင် ဦးမင်းထက်ငြိမ်းချမ်းက ပြောသည်။

မန္တလေးမြို့တွင် ပုဒ်မ (၁၄၄) ရက် ရှည်ထုတ်ပြန်ထားရှိမှုသည် မြို့နေပြည်သူ လူထု၏ လူမှုရေး၊ စီးပွားရေး အခြေအနေများ အပေါ်များစွာ ထိခိုက်မှုရှိလာနေကြောင်း လည်း၎င်းက ဆက်လက်ပြောကြားသည်။
::
အခြေအနေတစ်ခုအထိ တည်ငြိမ်မှုရှိနေသော်လည်းညမထွက်ရအမိန့် ပုဒ်မ (၁၄၄) ကို ဆက်လက်ထားရှိနေမှု အပေါ် ဒေသခံပြည်သူများအကြား ဝေဖန်မှုများရှိနေဆဲဖြစ်သည်။

messenger ::--KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment