Pages

Pages - Menu

Wednesday, August 6, 2014

ကတုံးမနှင့် အပေါင်းပါများ တတိယအကြိမ် ရုံးထုတ်


 
RangonNewsDaily:: August . 6 .2014
မန္တလေးပဋိပက္ခ ကြောင့် ၁၉၅၀ပြည့်နှစ်အရေးပေါ် စီမံမှုအက်ဥပဒေဖြင့်တရားစွဲဆိုခံ ထားရသော မဖြူဖြူမင်း(ခ)ကတုံး မ၊ နုနုမြတ်၊ ရဲထွဋ်နှင့် ဟာဂျီထွန်း ထွန်းတို့အား သြဂုတ် ၄ရက်တွင် တတိယအကြိမ်ရုံးထုတ်ပြီး ပထမ ဆုံးအကြိမ်တရားလိုပြသက်သေ နှစ်ဦးအား စတင်စစ်ဆေးခဲ့ ကြောင်း သတင်းရရှိသည်။‘‘မနက်ဖြန်ထပ်ရုံးချိန်းထား တယ်။ ပြီးရင် ဆက်စစ်မယ်။ ဒီ နေ့ကတော့ တရားလိုပြသက်သေ ပဲစစ်ရသေးတယ်။ မနက်ဖြန် တော့ ကျန်တဲ့သက်သေတွေဆက် စစ်မယ်’’ဟု ဟာဂျီထွန်းထွန်းအမှု အားလိုက်လံဆောင်ရွက်ပေးသူ တရားလွှတ်တော်ရှေ့နေ ဦး အောင်သူရှိန်ထွန်းကပြောသည်။

ပျဉ်းမနားမြို့နယ်တရားရုံး၌ ပထမအကြိမ်စတင်စစ်ဆေးရာ၌ ၁၁နာရီမှ ၁၂နာရီ ၄၅မိနစ်အထိ စစ်ဆေးခဲ့ပြီး တရားရုံးခြံတံခါး ပိတ်၍ လုံခြုံရေးတင်းကျပ်စွာဖြင့်စစ်ဆေးခဲ့ခြင်းဖြစ်သည်။ ထို့ပြင် လာရောက်သတင်းယူသော သတင်းထောက်များက တရားစီရင်ရေးကို ၀င်ရောက်နားထောင်ရန်ခွင့်ပြုချက် တောင်းခံခဲ့သော်လည်းဝင်ခွင့်မပြုခဲ့ပေ။
::
စစ်ဆေးပြီးစီးချိန် အချုပ် ကားပေါ်သို့တင်ရန် ခေါ်ဆောင် လာစဉ် ရဲထွဋ်က‘‘နိုင်ငံသားတစ် ယောက်ဖြစ်ပါရက်နဲ့ နိုင်ငံသားအ ခွင့်အရေးအပြည့်အ၀မရဘူး။ဖွဲ့ စည်းပုံအခြေခံဥပဒေမှာပါတဲ့ပုဒ် မ ၃၅၄အရလည်းအခွင့်အရေးမရ ဘူး’’ဟုအော်ပြောသွားခဲ့သည်။ ယင်းပြောဆိုမှုအပေါ် အနီးတွင် စောင့်ကြပ်သူရဲအရာရှိက ‘‘မင်းလုပ်လို့မင်းခံရတာ၊ အခုမှ ဘာမှအော်မနေနဲ့၊ ကားပေါ်တက်’’ ဟုပြောသည်။

၁၉၅၀ပြည့်အရေးပေါ်စီမံမှု အက်ဥပဒေ၅(ဃ)၊ (င)၊(ည)တို့ ဖြင့် ၎င်းတို့လေးဦးအား ဒုတိယအ ကြိမ်ရုံးထုတ်ချိန်တွင် တရားစွဲဆို ခဲ့ခြင်းဖြစ်ပြီး သြဂုတ်လ ၅ရက် တွင် ထပ်မံစစ်ဆေးရန်ချိန်းဆို လိုက်ကြောင်း ဦးအောင်သူရှိန် ထွန်းကပြောသည်။
::
တရားခွင်တွင် စစ်ဆေး သောအကြောင်းအရာအချက်အ လက်များကို ဥပဒေကြောင်းအရ ထုတ်ဖော်ပြေဆိုခွင့်မရှိကြောင်း၊ ယင်းအမှုစစ်ဆေးရာတွင် ပွင့် လင်းမြင်သာမှုရှိ၊ မရှိ၊ သတင်း ထောက်များက မေးမြန်းရာတွင် ယခုအချိန်တွင် မည့်သည်သုံးသပ် ချက်မှ မပေးလိုကြောင်းဦးအောင် သူရှိန်ထွန်းက ငြင်းဆိုသွားခဲ့သည်။

စွဲဆိုထားသော ပုဒ်မများသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေနိုင်သောလှုံ့ဆော်မှုများကို ပြုလုပ်သူများအားစွဲသည့်ပုဒ်မဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်ဆန်းအောင်ကပြောသည်။ထို့အပြင် ပြစ်မှုထင်ရှားပါကထောင်ဒဏ်ခုနစ်နှစ်ကျခံနိုင်ပြီး အာမခံမရရှိနိုင်သော်လည်း ရှေ့နေငှားရမ်းခွင့်ရှိကြောင်းသိရသည်။
::
အဆိုပါတတိယရုံးချိန်းသို့ မန္တလေးမှ မိသားစုဝင်တချို့လာ ရောက်တွေ့ဆုံခဲ့ကြသော်လည်း တွေ့ဆုံခွင့်မရရှိခဲ့ပေ။ ယင်းအမှု ကို စီအိုင်ဒီက တာဝန်ယူစစ်ဆေး နေခြင်းဖြစ်သည်။

ဇူလိုင် ၁ရက်က ဖြူဖြူမင်း အား ဘာသာခြားအမျိုးသားနှစ်ဦး က အဓမ္မပြုကျင့်ခဲ့သည်ဟု သ တင်းများထွက်ပေါ်လာသော ကြောင့်မန္တလေးမြို့တွင် ပဋိပက္ခ များဖြစ်ပွားရာမှ လူနှစ်ဦးသေဆုံး ပြီးရှစ်ဦးဒဏ်ရာရခဲ့သည်။ ထိုပဋိပက္ခနှင့်ဆက်စပ်သူ ၄၉ဦး ကို ဖမ်းဆီးအရေးယူထားသည်။

ကတုံးမကို သြဂုတ် ၄ ရက်က ရုံးထုတ်လာစဉ် (ဓာတ်ပုံ - နန်းအောင်)

7Day Daily ::--KOLATT(PBDN)
RangonNewsDaily
 
 

No comments:

Post a Comment