Pages

Pages - Menu

Wednesday, August 6, 2014

Bi မွန်းတည့်နေဂျာနယ် သတင်းသမားများကိုပုဒ်မပြောင်းဖွင့်ပြီး တစ်ဦးလွှတ်ပေး


RangonNewsDaily:: August . 6 .2014
ဖမ်းဆီးခံထားရသည့် Bi မွန်းတည့်နေ ဂျာနယ်မှ သတင်း သမားများကို စွဲထားသည့် ပုဒ်မ နှစ်ခု ပယ်ဖျက်လိုက်ကာ နိုင်ငံ တော် အကြည်ညိုပျက်စေမှုဖြင့် ပြောင်းစွဲဆိုလိုက်ပြီး အယ်ဒီတာ တစ်ဦးကို လွှတ်ပေးလိုက်သည်။

သြဂုတ် ၄ ရက်တွင် ပန်းဘဲ တန်းမြို့နယ် တရားရုံး၌ ရုံးထုတ် စစ်ဆေးပြီးနောက် အရေးပေါ်စီမံ ချက် ပုဒ်မ-၅ (ဃ)၊ ပုဒ်မ ၅(ည) တို့ဖြင့် အမှုဖွင့်ထားခဲ့ရာမှ နိုင်ငံ တော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)ဖြင့် ပြောင်းလဲအမှုဖွင့် လိုက်ပြီး ဖမ်းထားသူ ခြောက်ဦး ထဲမှ အယ်ဒီတာတစ်ဦးကို ပြန် လွှတ်ပေးလိုက်ခြင်း ဖြစ်သည်။

‘‘ဒေါ်အောင်ဆန်းစုကြည် နှင့် တိုင်းရင်းသား ဒီမိုကရေစီအင် အားစုများအား ကြားဖြတ်အစိုး ရအဖြစ် ပြည်သူများက တင် မြှောက်’’ ခေါင်းစဉ်ဖြင့် သတင်း ရေးသား ထုတ်ဝေခဲ့သည့် Bi မွန်း တည့်နေဂျာနယ်မှ သတင်းသမား ငါးဦးကို ဖမ်းဆီးထားဆဲဖြစ် သည်။

Bi မွန်းတည့်နေဂျာနယ် အယ်ဒီတာ ဦးရဲမင်းအောင်ကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၆၉ ဖြင့် တရားစွဲတင်ပို့ရန် အချက်အ လက် မလုံလောက်သဖြင့် ပြန် လွှတ်ပေးလိုက်ကြောင်း ယင်းဂျာ နယ်မှ တာဝန်ရှိသူတစ်ဦးက ပြော သည်။

နိုင်ငံတော် အကြည်ညို ပျက်စေမှုဖြင့် ပြောင်းလဲအမှုဖွင့် တရားစွဲဆိုခံရသူများမှာ Bi မွန်း တည့်နေဂျာနယ်မှ ငွေထုတ်ပေး သူ ဦးကျော်မင်းခိုင်၊ တာဝန်ခံ အယ်ဒီတာ ဦးသူရအောင် (အောင် သန့်-ကျိုက်ကော်)၊ အယ်ဒီတာ ဦးရဲမင်းအောင်၊ အမှုဆောင် အယ်ဒီတာ ကိုဝင်းတင်၊ သတင်း ထောက် ကျော်ဇောဟိန်း (မင်း ၀ဿန်)နှင့် ဦးယဉ်မင်းထွန်းတို့ ဖြစ်ပြီး ဇူလိုင် ၈ ရက်နှင့် ၁၆ ရက် တို့တွင် အဖမ်းခံခဲ့ရခြင်း ဖြစ် သည်။

အချုပ်ကားအတွင်းတွေ့ရသည့် သတင်းထောက်ကျော်ဇောဟိန်း(ဓာတ်ပုံ − ခင်မောင်ဝင်း/အေပီ)

7Day Daily , KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment