RangonNewsDaily:: August . 6 .2014
တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့၊ ရေပေါ်သောင်ကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာ၏ရွာဦးထိပ်တွင် ၁၃၇၁
ခုနှစ်မှစတင်၍တည်ထားသော ဥာဏ်တော်(၉)တောင်ရှိ ငြိမ်းအေးချမ်းသာ ဆုတောင်းပြည့် စေတီတော်မှာ ၂.၈.၂၀၁၄ ရက်နေ့ ၁၁၃၀ အချိန်တွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် အလျားပေ(၃၀)၊ အနံပေ(၂၀)
ခန့်ရှိ ကမ်းပါးပြိုကျရာတွင်ပါသွားခဲ့ပြီး မြစ်အတွင်းသို့ တိမ်းစောင်းသွားခဲ့ကာစေတီအနီးရှိ တံခွန်တိုင်မှာ
လည်း ညပိုင်းတွင်မြစ်အတွင်း လဲကျသွားခဲ့ပါသည်။
အဆိုပါဆုတောင်းပြည့် စေတေီတော်မှာ မြစ်ကမ်းစပ်၌တိမ်းစောင်းလျက်ရှိရာမှ ၅.၈.၂၀၁၄ ရက်နေ့ ၀၆၃၀ အချိန်တွင် ဧရာဝတီမြစ်အတွင်း နစ်မြုပ်သွားခဲ့ကြောင်းသတင်းရရှိပါသည်။
Yangon Police , KOLATT(PBDN)
RangonNewsDaily

No comments:
Post a Comment