Pages

Pages - Menu

Wednesday, August 6, 2014

အကယ်ဒမီ ဝါဝါအောင် ကွယ်လွန်သည်ဆိုသည့်သတင်း မဟုတ်မှန်


RangonNewsDaily:: August . 6 .2014
ရုပ်ရှင်နှင့် ဗွီဒီယို သရုပ်ဆောင် အကယ်ဒမီ ဒေါ်ဝါဝါအောင် ကွယ်လွန်သွားကြောင်း ပြင်ပတွင်ပျံ့နှံနေသည့် သတင်းများနှင့် ပတ်သက်၍ ကာယကံရှင်ကိုယ်တိုင်မှ မဟုတ်မှန်ကြောင်း ငြင်းဆိုလိုက်သည်။

“ အန်တီဆုံးတယ်ဆိုပြီးသတင်းတွေထွက်နေတော့ ပရိတ်သတ်တွေက အန်တီ့အမျိုးသား ဦးအောင်ခိုင်အ
ပါဝင် ဆွေမျိုးသားခြင်းတွေ အကုန်လုံးကို ဖုန်းတွေဆက်ပြီးမေးကြပါတယ်၊ ပရိတ်သတ်တွေကိုပြော
ချင်တာကတော့ မစိုးရိမ်ကြပါနဲ့ ကျန်းကျန်းမာမာနဲ့ အနုပညာ လုပ်ငန်းတွေဆောင်ရွက်နေပါတယ်၊
အခုလောလောဆယ်ဗွီဒီယိုကားတွေရိုက်နေပါတယ်”

ဟု ဒေါ်ဝါဝါအောင်က ပြောကြားခဲ့သည်။ဒေါ်ဝါဝါအောင်သည် တညင်းသီးနှင့် ကော်ဖီစားသုံးမိသဖြင့် အစာ

အဆိပ်သင့်ကာ ကွယ်လွန်သွားသည်ဟု ကောလဟလများ ထွက်ပေါ်လာခြင်းကြောင့် ၎င်း၏ ပရိတ်သတ်
များက စိုးရိမ်နေကြခြင်းဖြစ်သည်။

အနုပညာသက်တမ်း ၂၅ နှစ်ကြာမြင့်ခဲ့ပြီဖြစ်သော ဒေါ်ဝါဝါအောင်သည် “အမေ့ကျေးဇူး ဆပ်ဖူးချင်တယ်” ရုပ်ရှင်ကားတွင် အကယ်ဒမီရရှိခဲ့ပြီး သရုပ်ဆောင်ဦးအောင်ခိုင် နှင့် ၂၀၀၅ ခုနှစ်ဒီဇင်ဘာတွင် လက်ထပ်

ထိမ်းမြားခဲ့သည်။ လက်ရှိတွင် ခင်ပွန်းဖြစ်သူနှင့်အတူ တိုက်(၅)အခန်း ၂၀၄ ရတနာမွန် ၆လမ်း နှင့် ၁၁
လမ်းထောင့် လှိုင်မြို့နယ်တွင် ကျန်းကျန်းမာမာ နေထိုင်လျက်ရှိကြောင်း သိရသည်။

မြန်မာ့ခေတ် , KOLATT(PBDN)
RangonNewsDaily

 

No comments:

Post a Comment