Pages

Pages - Menu

Thursday, December 12, 2013

ရခိုင် ပေါက်တောက မွတ်စလင်ဒုက္ခသည်စခန်း မီးလောင်

1472087_1392588244321931_2020456485_n

RangonNewsDaily:: December . 12 .2013
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ငှက်ချောင်း ဒုက္ခသည် စခန်းမှာ မီးလောင်တဲ့အတွက် စခန်းထဲက အိမ်တွေ အားလုံး မီးထဲပါသွားခဲ့ပြီး ကလေး တစ်ယောက်လည်း သေဆုံးခဲ့ရတယ်လို့ ဘီဘီစီမြန်မာပိုင်းက သတင်းတင်ပြပါတယ်။

မန္တလေး SEA Games လက်မှတ် ပြင်ပပေါက်ဈေး နှစ်ဆခန့်မြင့်တက်

Photo: မန္တလေး SEA Games လက်မှတ် ပြင်ပပေါက်ဈေး နှစ်ဆခန့်မြင့်တက်
Thursday, December 12, 2013

(၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အမျိုးသမီး ဘောလုံးပြိုင်ပွဲ ကျင်းပလျက်ရှိသည့် မန္တလေး မြို့တော်ရှိ လက်မှတ် အရောင်းဌာနများတွင် သတ်မှတ် စည်းကမ်းချက်နှင့် အညီ ရောင်းချခြင်း မရှိသည့်အတွက် လက်မှတ် ပြင်ပပေါက် ဈေးနှုန်းများ နှစ်ဆခန့် မြင့်တက် သွားကြောင်း အမျိုးသမီး ဘောလုံးပွဲကြည့်စဉ် လက်မှတ်ကို နှစ်ဆပေး ဝယ်ယူခဲ့ရသူများ ထံမှ သိရသည်။

SEA Games လက်မှတ် အရောင်းဌာနများတွင် လက်မှတ် ဝယ်ယူသူများသည် မှတ်ပုံတင် တစ်ခုလျှင် ပွဲစဉ်အလိုက် လက်မှတ် နှစ်စောင်သာ ရောင်းချပေးရန် SEA Games လက်မှတ် ရောင်းချရေးအဖွဲ့က ထုတ်ပြန် ထားသော်လည်း လက်မှတ် အရောင်းဌာနများတွင် သတ်မှတ်ချက်အတိုင်း ရောင်းချခြင်း မရှိသည့်အတွက် လက်မှတ် ဈေးနှုန်းများ နှစ်ဆ မြင့်တက် ခဲ့ကြောင်း ရောင်းချသည့် နေရာများနှင့် ဝယ်ယူသူတို့ထံမှ စုံစမ်းသိရှိရသည်။

အဆိုပါ SEA Games လက်မှတ် အရောင်းဌာနများသည် သတ်မှတ်ထားသည့် လူတစ်ဦး မှတ်ပုံတင် တစ်ခုလျှင် လက်မှတ် နှစ်စောင်သာ ရောင်းရမည် ဖြစ်သော်လည်း လူအများစု လက်မှတ် လာဝယ်သည့် အခါတွင် စစ်ဆေးခြင်းမရှိဘဲ လက်မှတ်များ လိုသ၍ ရောင်းချပေးမှုများ ရှိနေကြောင်း အဆိုပါ SEA Games လက်မှတ် လိုသလောက် ဝယ်ယူ ရရှိခဲ့သူများထံမှ စုံစမ်းသိရှိရသည်။
“အစ်မ ဆီးဂိမ်းလက်မှတ် သွားဝယ်တုန်းကတော့ ဘာမှတ်ပုံတင်မှ စစ်ဆေးတာ မရှိဘူး၊ အကန့်အသတ်နဲ့ ရောင်းတာလည်း မရှိဘူး၊ လိုသလောက် ရောင်းပေးနေတာပဲ” ဟု ချမ်းအေးသာစံ မြို့နယ်တွင် နေထိုင်သူအသက် ၂၂ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ဆိုသည်။

အဆိုပါ SEA Games လက်မှတ် ဝယ်ယူမည် ဆိုပါက မှတ်ပုံတင် ယူလာရမည် ဖြစ်ပြီး ပွဲစဉ်တစ်ရက် ကြည့်မည် ဆိုပါက မှတ်ပုံတင် တစ်ခုလျှင် လက်မှတ် နှစ်စောင်သာ ဝယ်ခွင့်ရှိကြောင်း၊ စတင်ရောင်းချသည့် ဒီဇင်ဘာလ ၂ ရက်နေ့မှစ၍ တစ်ရက်လျှင် လက်မှတ်စောင်ရေ နှစ်ထောင်ငါးရာခန့် ရောင်းချပေးမည် ဖြစ်ပြီး မှောင်ခိုလက်မှတ်များ မရှိအောင် ထိန်းချုပ်ရန် မလွယ်ကြောင်း လက်မှတ် ရောင်းချရေး တာဝန်ခံ ဦးရဲမျိုးဟိန်းက ပြောကြားသည်။

ချမ်းမြသာစည်မြို့နယ် မန္တလာသီရိ အားကစားကွင်းတွင် ဒီဇင်ဘာလ ၁၀ ရက်နေ့မှစတင် ကျင်းပနေသော အမျိုးသမီး ဘောလုံးပြိုင်ပွဲတွင် မြန်မာ အမျိုးသမီး လက်ရွေးစင်အသင်းနှင့် ဖိလစ်ပိုင် အမျိုးသမီး လက်ရွေးစင်အသင်းတို့ ယှဉ်ပြိုင်သည့် ကစားပွဲအတွက် လက်မှတ်များကို ကျပ် ၈၀၀၀၊ ကျပ် ၇၀၀၀ ကျပ်၊ ၆၀၀၀ ကျပ် အသီးသီးဖြင့် ပြိုင်ပွဲ ကျင်းပသည့်ကွင်း ပြင်ပတွင် ရောင်းချမှုများ ရှိကြောင်း အမျိုးသမီး ဘောလုံးပြိုင်ပွဲ သွားရောက် ကြည့်ရှုသူ ချမ်းမြသာစည် မြို့နယ်နေထိုင်သူ ဒေါ်နီနီစန်းက ပြောကြားသည်။

အမျိုးသမီး ဘောလုံးပွဲစဉ် လက်မှတ်ခ နှုန်းထားများမှာ ရိုးရိုးတန်း ၁၀၀၀ ကျပ်၊ အထူးတန်း ၃၀၀၀ ကျပ် ဖြစ်ပြီး မန္တလေးမြို့တော်တွင် ရောင်းချမည့် လက်မှတ် အရောင်းဌာနများမှာ ချမ်းအေးသာစံ မြို့နယ်ရှိ ဗထူးကွင်း (လမ်း ၃၀၊ ၂၉ လမ်းထောင့်)၊ ချမ်းမြသာစည် မြို့နယ်ရှိ ဘောလုံး အကယ်ဒမီ၊ မဟာအောင်မြေမြို့နယ်ရှိ (လမ်း ၄၀ နှင့် ၃၅ လမ်းကြား) တွင် လက်မှတ်များ ရောင်းချပေးလျက် ရှိကြောင်း မန္တလေးတိုင်းဒေသကြီး အားကစားသိပ္ပံနှင့် ကာယပညာ ဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။
“ကျွန်မတို့ကတော့ လက်မှတ်တွေကို သတ်မှတ်တဲ့ နှုန်းထား အတိုင်း ရောင်းချပေးတယ်၊ ပွဲစဉ်တစ်ပွဲအတွက် လက်မှတ် ဝယ်မယ်ဆိုရင် မှတ်ပုံတင် တစ်ခုကို လက်မှတ် နှစ်စောင်နှုန်းပဲ ရောင်းချပေးတယ်” ဟု ချမ်းအေးသာစံမြို့နယ်ရှိ ဗထူးကွင်း လက်မှတ် အရောင်းဌာန တာဝန်ရှိသူ ဒေါ်ဝင်းဝင်းရွှေက ဆိုသည်။

လက်ရှိ မန္တလေးမြို့တော်တွင် SEA Games လက်မှတ်များ အတုပေါ်ပေါက် နေသည်ဆိုသည့် သတင်းမှာ ကောလဟလသာ ဖြစ်ပြီး လက်မှတ်များမှာ အတုထုတ်၍ မရနိုင်ကြောင်း လက်မှတ် စစ်ဆေးရာတွင် Bar Code ကို စက်ဖြင့် တိုက်ဆိုင်၍ စစ်ဆေးလျက် ရှိကြောင်း SEA Games လက်မှတ် ရောင်းချရေး ဌာနများထံမှ စုံစမ်းသိရှိရသည်။

မန္တလာသီရိ အားကစားကွင်းတွင် ယှဉ်ပြိုင်မည့် အမျိုးသမီး ဘောလုံးပြိုင်ပွဲ လက်မှတ်များကို စောင်ရေ နှစ်သောင်း လေးထောင်ခန့် ရောင်းချ ပေးသွားမည် ဖြစ်ကြောင်း အဆိုပါဌာနမှ ထပ်မံသိရသည်။

SEA Games အမျိုးသမီး ဘောလုံးပြိုင်ပွဲ ကျင်းပမည့် ရက်များတွင် ပရိသတ်များ အနေနှင့် ပြီးခဲ့သည့် မြန်မာအသင်းနှင့် ဖိလစ်ပိုင် အသင်းတို့ ယှဉ်ပြိုင်သည့် ပွဲစဉ်များကဲ့သို့ လက်မှတ် အခက်အခဲ မရှိစေရန် လက်မှတ်များကို ကြိုတင် ဝယ်ယူရန်နှင့် ကွင်းအတွင်း ဝင်ရောက် ကြည့်ရှုမှု အခက်အခဲ မရှိစေရန်အတွက် လက်မှတ် စစ်ဆေးရန်၊ လုံခြုံရေး စစ်ဆေးရန်အတွက် ကွင်းအတွင်းသို့ စောစီးစွာ ဝင်ရောက်ကြရန် လက်မှတ် ရောင်းချရေးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

The Voice Weekly

RangonNewsDaily:: December . 12 .2013
(၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အမျိုးသမီး ဘောလုံးပြိုင်ပွဲ ကျင်းပလျက်ရှိသည့် မန္တလေး မြို့တော်ရှိ လက်မှတ် အရောင်းဌာနများတွင် သတ်မှတ် စည်းကမ်းချက်နှင့် အညီ ရောင်းချခြင်း မရှိသည့်အတွက် လက်မှတ် ပြင်ပပေါက် ဈေးနှုန်းများ နှစ်ဆခန့် မြင့်တက် သွားကြောင်း အမျိုးသမီး ဘောလုံးပွဲကြည့်စဉ် လက်မှတ်ကို နှစ်ဆပေး ဝယ်ယူခဲ့ရသူများ ထံမှ သိရသည်။

မိချောင်းကန် သပိတ်စခန်းယာယီပိတ်သိမ်း

RangonNewsDaily:: December . 12 .2013
မိချောင်းကန် သပိတ်စခန်းကို ဒီဇင်ဘာလ (၁၂)ရက်နေ့ နေ့လည်ပိုင်းက ယာယီပိတ်သိမ်းခဲ့ပါတယ် ။

နောက်ဆုံးအဆင့် အကယ်ဒမီဗန်းကိုင် (၈) ဦး ရွေးချယ်

Photo

RangonNewsDaily:: December . 12 .2013
၂၀၁၂ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားအတွက် ဆုဗန်းကိုင်လျှောက်ထားသူများ
ရဲ့ အရည်အချင်းစစ်ဆေးခြင်းကို ဒီဇင်ဘာ ၁၁ ရက်နေ့ ၊ မနက် ၉ နာရီက မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး
တွင် စကာတင် (၁၅) ဦး ရွေးချယ်ခဲ့ပါတယ်။

မင်ဒဲလားအောက်မေ့ဖွယ် အခမ်းအနားတွင် စကားပြန်က လိမ်ညာဘာသာပြန်မှုများ ရှိခဲ့

Photo: မင်ဒဲလားအောက်မေ့ဖွယ် အခမ်းအနားတွင် စကားပြန်က လိမ်ညာဘာသာပြန်မှုများ ရှိခဲ့
Thursday, December 12, 2013

လွန်ခဲ့သော ရက်ပိုင်းအတွင်း မင်ဒဲလား အောက်မေ့ဖွယ် အခမ်းအနား ပြုလုပ်စဉ်က အကြားအာရုံချို့တဲ့သူများအတွက် လက်အမှုအယာဖြင့် ဘာသာပြန်ပေးခဲ့သူသည် မူရင်းမိန့်ခွန်းများတွင် မပါဝင်သော စကားလုံးများ၊ မှားယွင်းသော အမူ အယာများဖြင့် လိမ်ညာဘာသာပြန်ပေးခဲ့ကြောင်း သင်္ကေတဘာသာစကား ကျွမ်းကျင်သူများက ဖွင့်ချခဲ့သည်။

တောင်အာဖရိက သမ္မတဟောင်း ကွယ်လွန်ခြင်းအတွက် ပြုလုပ်သည့် ရုပ်သံထုတ်လွှင့်မှု မိန့်ခွန်းများတွင် ဘာသာပြန်ပေး သူသည် အဓိပ္ပါယ်မဲ့စကားလုံးများ ဆက်တက်နီးပါး မှားယွင်းခဲ့ကြောင်း ကိတ်တောင်းမှ သင်္ကေတဘာသာစကားနှင့် ပညာရေးဖွံ့ဖြိုးရေးမှ 
ဒါရိုက်တာ ကာရာလိုအိုနင်းက ဆိုသည်။ 

ထိုဖြစ်ရပ်အတွက် အမေ၇ိကန် သမ္မတ ဘာရက်ခ်အိုဘားမား ကဲ့သို့သော နိုင်ငံခေါင်းဆောင်ကြီးများ၏ မိန့်ခွန်းမျိုးကို အစဉ်အလာ
မရှိသူ၊ ကျွမ်းကျင်မှု မရှိသူ တစ်ဦးကို သင်္ကေတဘာသာပြန်သမားအဖြစ် ထားရှိရသနည်းဟု မေးခွန်းများစွာ ထွက်လျက်ရှိသည်။ 

တောင်အာဖရိကနားမကြားသူများအဖွဲ့မှ အမျိုးသားရေးရာ ဒါရိုက်တာ ဘရုနိုဒရုချန်က ခေါင်းဆောင်များ မိန့်ခွန်းပြောချိန်တွင် တစ်မီတာ အကွာတွင်ရပ်ကာ သင်္ကေတဘာသာပြန် လုပ်နေသူ၏ လက်အမူ အရာများသည် ဘာအဓိပ္ပါယ်မှ မထွက်သော ဘာသာပြန်မှု များစွာကို ပြုလုပ်ခဲ့သည်ဟု အတိအကျ ဆိုခဲ့သည်။ 

ထိုမျှမက မိန့်ခွန်းတွင် စိတ်ခံစားချက်အပြည့်ဖြင့်ပြောသော 
နေရာများတွင်လည်း ဘာသာပြန်သူ၏ မျက်နှာအမူအယာ များမှာ 
လုံးဝ အသက်မ၀င်ဘဲ သူကိုယ်တိုင် လုံးစေ့ပတ်စေ့ နားမလည်သည့် ပုံ ပေါ်လွင်နေသည်ဟု ပြောကြသည်။ 

Ref: Al jazeera
The Myanma Age

RangonNewsDaily:: December . 12 .2013
လွန်ခဲ့သော ရက်ပိုင်းအတွင်း မင်ဒဲလား အောက်မေ့ဖွယ် အခမ်းအနား ပြုလုပ်စဉ်က အကြားအာရုံချို့တဲ့သူများအတွက် လက်အမှုအယာဖြင့် ဘာသာပြန်ပေးခဲ့သူသည် မူရင်းမိန့်ခွန်းများတွင် မပါဝင်သော စကားလုံးများ၊ မှားယွင်းသော အမူ အယာများဖြင့် လိမ်ညာဘာသာပြန်ပေးခဲ့ကြောင်း သင်္ကေတဘာသာစကား ကျွမ်းကျင်သူများက ဖွင့်ချခဲ့သည်။

ဦးကျော်သူဒါရိုက်တာလုပ်၍ တီဘီရောဂါပညာပေးဇာတ်လမ်းတိုရိုက်ကူး

Photo

RangonNewsDaily:: December . 12 .2013
နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဌဖြစ်သူဦးကျော်သူ ဒါရိုက်တာအဖြစ်ရိုက်ကူးတဲ့ တီဘီရောဂါပညာပေး
ဇာတ်လမ်းတိုကို ဒီဇင်ဘာ ၁၂ ရက် မနက်ပိုင်းကနာရေးကူညီမှုအသင်း၊

မြန်မာယူ-၂၃ အသင်း ဆီးဂိမ်းတွင် ဗိုလ်စွဲပါက ကမ္ဘောဇဘဏ်မှ ဂုဏ်ပြုချီးမြှင့်ငွေ သိန်း ၂၁၀၀ အထိရရှိမည်

မြန်မာယူ-၂၃ အသင်း ဆီးဂိမ်းတွင် ဗိုလ်စွဲပါက ကမ္ဘောဇဘဏ်မှ ဂုဏ်ပြုချီးမြှင့်ငွေ သိန်း ၂၁၀၀ အထိရရှိမည်

kolatt(PBDN): December . 12 .2013

ဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာယူ-၂၃ အသင်းအား စိတ်ဓာတ်မြှင့်တင့်မှု ပြုလုပ်သည့်အနေဖြင့် မြန်မာနိုင်
ငံ ဘောလုံးအဖွဲ့ချုပ် နာယက ဦးအောင်ကိုဝင်း ပိုင်ဆိုင်သည့် ကမ္ဘောဇဘဏ်မှ ပွဲစဉ် တစ်ပွဲတိုင်း
အလိုက် ဆုကြေးချီးမြှင့်ရန် စီစဉ်ထားပြီး ပွဲစဉ်အားလုံးအနိုင်ရကာ ဆီးဂိမ်းတွင် ဗိုလ်စွဲနိုင်ခဲ့ပါက စုစုပေါင်း ဂုဏ်ပြုဆုငွေကျပ် သိန်း ၂၁၀၀ အထိရရှိမည် ဖြစ်သည်။
::
ယင်းနှင့် ပက်သတ်၍ ကမ္ဘောဇဘဏ်မှပင် တည်ထောင်ထားသည့် ကမ္ဘောဇ ဘောလုံးအသင်းပိုင် စာမျက်နှာတွင် ပြီးခဲ့သည့် ဒီဇင်ဘာ ၁၁ ရက်နေ့က တရားဝင် ရေးသားဖော်ပြခဲ့သည်။ 

ကမ္ဘောဇဘဏ် လီမိတက်သည် မြန်မာယူ-၂၃ အသင်း၏ အုပ်စု အဖွင့်ပွဲစဉ်တွင် ကမ္ဘောဒီးယားကို အနိုင်ရခဲ့သဖြင့် ဆုကြေးငွေ သိန်း ၁၀၀၊ အရှေ့တီမောကို အနိုင်ရခဲ့သည့်အတွက် ဆုကြေးငွေသိန်း ၁၀၀ ချီးမြှင့်မည် ဖြစ်ပြီး လာမည့် အုပ်စု အဆုံးအဖြတ်ပွဲအဖြစ် ကစားသည့် ထိုင်းနှင့် အင်ဒိုနီးရှား
တို့ကိုပါ ဆက်လက် အနိုင်ရပါက တစ်ပွဲနိုင်လျှင် သိန်း ၂၀၀ စီ ချီးမြင့်မည်ြဖစ်သည်။

ဆက်လက်၍ဆီမီးဖိုင်နယ်တွင် အနိုင်ရပါက သိန်း ၅၀၀ နှင့် ဗိုလ်လုပွဲတွင် အနိုင်ရ ဗိုလ်စွဲပါက သိန်း
၁,၀၀၀ ချီးမြှင့်မည်ဖြစ်ရာ စုစုပေါင်း ကမ္ဘောဇ ဘဏ်တစ်ခုတည်းမှ ချီးမြှင့်ငွေကျပ်သိန်း ၂,၁၀၀ အထိ
ရရှိရန် ရှိနေခြင်း ဖြစ်သည်။
::
ကမ္ဘောဇဘဏ်လီမိတက်သည် မြန်မာယူ-၂၃ အမျိုးသား အသင်းအပြင် မြန်မာ့လက်ရွေးစင် အမျိုးသမီး အသင်းကိုလည်း ဆုကြေးပေးရန် စီစဉ်ထားပြီး ဖိလစ်ပိုင်နှင့် ပွဲအတွက် သိန်း ၁၀၀၊ ဗီယက်နမ်နှင့် ပွဲ အတွက် သိန်း ၁၀၀ ဆီးမီးဖိုင်နယ် ပွဲအတွက် သိန်း ၃၀၀ နှင့် ဗိုလ်လုပွဲတွင် အနိုင်ရဗိုလ်စွဲပါက သိန်း ၅၀၀ စုစုပေါင်း သိန်း ၁၀၀၀ ချီးမြှင့်မည် ဖြစ်သည်။

မြန်မာအသင်းသည် ၁၄ ရက်နေ့တွင် ထိုင်းအသင်းနှင့် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ ပွဲချိန်မှာ ၆ နာရီ ၄၅ မိနစ်ဖြစ်သည်။

လက်မှတ်များကို ၁၃၊ ၁၄ ရက်နေ့များတွင်သုဝဏ္ဍကွင်း အောင်ဆန်းကွင်း စလင်းကွင်း ပဒုမ္မာကွင်း
တို့တွင်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Photo by Saw Moe San
Mizzima - News  , 27th Sea Games, Myanmar 2013::--



See More News: (www.rangonnewsdaily.blogspot.com)

RangonNewsDaily:: December . 12 .2013
ဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာယူ-၂၃ အသင်းအား စိတ်ဓာတ်မြှင့်တင့်မှု ပြုလုပ်သည့်အနေဖြင့် မြန်မာနိုင်
ငံ ဘောလုံးအဖွဲ့ချုပ် နာယက ဦးအောင်ကိုဝင်း ပိုင်ဆိုင်သည့် ကမ္ဘောဇဘဏ်မှ ပွဲစဉ် တစ်ပွဲတိုင်း
အလိုက် ဆုကြေးချီးမြှင့်ရန် စီစဉ်ထားပြီး ပွဲစဉ်အားလုံးအနိုင်ရကာ ဆီးဂိမ်းတွင် ဗိုလ်စွဲနိုင်ခဲ့ပါက စုစုပေါင်း ဂုဏ်ပြုဆုငွေကျပ် သိန်း ၂၁၀၀ အထိရရှိမည် ဖြစ်သည်။

"ဆီးဂိမ်းဖွင့်ပွဲရဲ့ လေးသမား"

Photo: "ဆီးဂိမ်းဖွင့်ပွဲရဲ့ လေးသမား"
Thursday, December 12, 2013

မနေ့က မီးမြားပစ်တာကို ဟန်လုပ်တာတို့ ... တစ်ကယ် မပစ်ပါဘူးတို့.. ခလုတ်နဲ့ မီးတောက်အောင် လုပ်တာတို့.. မပစ်ခင်ကတည်းက မီးသေနေပြီတို့.. အစရှိသဖြင့် အမျိုးမျိုး သောသောညံအောင် ဝေဖန်နေကြတာ ကြားရတော့ တစ်ကယ် ကြိုးစားခဲ့တဲ့ လေးသမားလေးအတွက် စိတ်မကောင်းမိတာ အမှန်ပါပဲ..

ဒါကြောင့်လည်း ကွင်းထဲမှာ တာဝန်ကျတဲ့ သူငယ်ချင်းတွေရော.. အားကာက သူငယ်ချင်းတွေကိုပါ လှမ်းပြီး စုံစမ်းကြည့်မိပါတယ်..

မြားပစ်တဲ့ ကောင်လေးနာမည်က ဝေလင်းထွန်း ဖြစ်ပါတယ်.. သူပစ်တဲ့ လေးက လက်အားနဲ့ လေးညို့ကို ဆွဲထားပြီး ပစ်ရတဲ့ လေးရယ် ဒူးလေးလို ညို့ကြိုးကို ဆွဲတင်ပြီး ခလုတ်နဲ့ ပစ်ရတဲ့ လေးရယ်ဆိုပြီး နှစ်မျိုး ရှိတဲ့အထဲက ခလုတ်နဲ့ ပစ်ရတဲ့ လေး အမျိုးအစားကို သုံးသွားတာ ဖြစ်ပါတယ်..

သုံးစွဲတဲ့ မြားကတော့ လက်ရှိဆီးဂိမ်းပြိုင်ပွဲမှာ သုံးစွဲနေတဲ့ မြားအမျိုးအစားနဲ့ အတူတူ ဖြစ်ပြီး ကိုးရီးယား နိုင်ငံက တင်သွင်းခဲ့တဲ့ မြားတစ်ချောင်းကို မြန်မာငွေ ၃ သောင်း ကျော်လောက် ကျသင့်တဲ့ မြားကို သုံးစွဲထားတာဖြစ်ပါတယ်..

ပစ်မယ့်နေရာ အကွာအဝေး လမ်းကြောင်းနှင့် လေးရဲ့ ချိန်သီးကို အတိအကျ တွက်ချက်လို့ ချိန်ထားပြီး ထပ်ခါထပ်ခါ အကြိမ်ကြိမ် အဖန်ဖန် လေ့ကျင့်ထားတာ ဖြစ်ပါတယ်.. လက်ရှိ ဆီးဂိမ်းမှာလည်း ပြိုင်ပွဲဝင်နေသူ ဖြစ်တာကြောင့် ပစ်ကွင်းကျယ်တဲ့ မီးရှူးတိုင်ကြီးကို ထိမှန်ရေးအတွက် သူ့အတွက် အခက်အခဲ မရှိပေမယ့် နောက်ဆုံး အကြိမ် လေ့ကျင့်တဲ့ အချိန်ထိ စိုးရိမ်စိတ် ရှိနေခဲ့တာတော့ အမှန်ပါပဲ..

ဒါကြောင့်လည်း တစ်ကယ်လို့များ လွဲများ လွဲသွားခဲ့ရင် ရုပ်ပျက်ဆင်းပျက် ဖြစ်မှာစိုးလို့ အရန် အစီအစဉ်များ လုပ်ထားတာကတော့ အမှန်ပါပဲဗျာ..

ဒါပေမယ့် ဒီ လေးသမားလေး တစ်ကယ်ပစ်ပြီး တစ်ကယ်လည်း ထိပါတယ်.. မီးလည်း ပစ်တဲ့အချိန်မှာ ပါသွားပါတယ်ဗျာ.. သူ့ရဲ့ မီးမြားကြောင့်လည်း မီးတောက်ခဲ့ပါတယ်..

မီးရှူးတိုင်က မီးတောက်တာကတော့ သူအပစ်နဲ့ မီးတောက်တာ ထပ်တူတော့ မကျပါဘူးဗျာ.. အချိန်တော့ ကွာပါတယ်.. မြားဆိုတာ လူထက်တော့ အများကြီး မြန်အောင် သွားနိုင်တာပေါ့ဗျာ.. ဒါပေမယ့် တစ်ခုတော့ ရှိတာက မြားက မီးရှူးတိုင်ကို မရောက်ခင် အရံစနစ်က အသက်ဝင်သွားသလား မြားကြောင့် မီးထတောက်တာလား ဆိုတာကတော့ လူတိုင်းကို ပဟေဠိ ဖြစ်စေခဲ့သလို တာဝန်ရှိသူတွေကိုလည်း ပဟေဠိ ဖြစ်စေခဲ့တာ အမှန်ပါပဲ..

မည်သို့ပင် ဆိုစေကာမှု လေးသမားလေး အနေဖြင့် မီးမြားကို တစ်ကယ်လည်း ပစ်ခဲ့သလို.. မီးလည်း မြားမှာ ပါသွားပြီး မီးရှူးတိုင်ကိုလည်း တစ်ကယ်ကို သက်မှတ်ထားတဲ့အတိုင်း အတိအကျ မှန်ခဲ့ပါတယ်ဗျာ..

ဘာပဲပြောပြော ဒီလို ငြိမ်သပ်မှု မရှိပဲ လှုပ်ရှားနေတဲ့ ပန်းရထားပေါ်ကနေ အလွန်ဝေးကွာတဲ့ ပစ်မှတ်ကို ထိမှန်အောင် ပစ်နိုင်ခဲ့တဲ့ လေးသမားလေး ဝေလင်းထွန်းကို မြန်မာ့ဂုဏ်ဆောင် အားကစားသမား အနေနဲ့ ဂုဏ်ပြုသင့်တယ် မဟုတ်ပါလားဗျာ..

ချစ်သောမျက်စိဖြင့်သာ ကြည့်တတ်လျှင် ချစ်စရာတွေ ဖြစ်လာသလို အမုန်းမျက်စိနဲ့ အပြစ်ရှာ ကြည့်တတ်သူတွေအတွက်တော့ အပြစ်ရှာစရာ တွေ့တာ မဆန်းပါဘူးဗျာ..

လောလောဆယ်တော့ ဒီလေးသမားလေးရဲ့ ဖုန်းနံပါတ်ကို ကောင်မလေး တော်တော်များများက အသည်းအသန် လိုက်စုံစမ်းနေကြပါပြီဗျာ.. သိချင်သူများ ရှိပါက မက်စိကနေ လှမ်းမေးပါခင်ဗျာ.. ၂၂ ရက်နေ့နောက်ပိုင်း ရောက်ရင်တော့ လေးသမားလေးရဲ့ ဖုန်းနံပါတ်ကို ပေးပါ့မယ်ဗျာ.. လက်ရှိမှာ ပြိုင်ပွဲဝင်နေတာဖြစ်လို့ မြားပစ်ပြိုင်ပွဲမှာ ရွှေမှန်းထားတဲ့ ဆီးဂိမ်းဖွင့်ပွဲရဲ့ လေးသမားလေးကို ပြိုင်ပွဲ ပြီးတော့မှာသာ ကြူချင်သူများ ၀ိုင်းလို့သာ ကြူကြပါခင်ဗျာ..
:p

(AERO)
Tin Min Latt

RangonNewsDaily:: December . 12 .2013
မနေ့က မီးမြားပစ်တာကို ဟန်လုပ်တာတို့ ... တစ်ကယ် မပစ်ပါဘူးတို့.. ခလုတ်နဲ့ မီးတောက်အောင် လုပ်တာတို့.. မပစ်ခင်ကတည်းက မီးသေနေပြီတို့.. အစရှိသဖြင့် အမျိုးမျိုး သောသောညံအောင် ဝေဖန်နေကြတာ ကြားရတော့ တစ်ကယ် ကြိုးစားခဲ့တဲ့ လေးသမားလေးအတွက် စိတ်မကောင်းမိတာ အမှန်ပါပဲ..

ရန်ကုန်တက္ကသိုလ် အဆောင်နေ ကျောင်းသားများ နိုင်ငံရေး ပြုလုပ်လိုက ခွင့်ပြုချက် တောင်းခံရမည်

Photo: ရန်ကုန်တက္ကသိုလ် အဆောင်နေ ကျောင်းသားများ နိုင်ငံရေး ပြုလုပ်လိုက ခွင့်ပြုချက် တောင်းခံရမည်
Thursday, December 12, 2013

ဆယ်စုနှစ် နှစ်ခုကျော်ကြာမှ ပြန်လည် ဖွင့်လှစ်ခဲ့သော ရန်ကုန်တက္ကသိုလ် အဆောင်များတွင် နေထိုင်သည့် ပထမနှစ် ဝိဇ္ဇာ၊ သိပ္ပံထူးချွန် ကျောင်းသား၊ ကျောင်းသူများ နိုင်ငံရေး ပြုလုပ်လိုပါက အဆောင်မှူးနှင့် တက္ကသိုလ် တာဝန်ခံများကို ခွင့်ပြုချက် တင်ပြီးမှသာ ဆောင်ရွက်ရမည် ဖြစ်ကြောင်း ရန်ကုန်တက္ကသိုလ် သင်တန်းရေးရာ ဌာနမှူး ဒေါက်တာလှဆွေက The Voice သို့ ပြောကြားသည်။

ရန်ကုန်တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများအတွက် သီးသန့် စည်းကမ်းချက်များ ထုတ်ပြန် မထားသော်လည်း တက္ကသိုလ် ပရိဝုဏ်အတွင်း ကြော်ငြာခြင်း၊ စည်းရုံးခြင်းနှင့် လှုံ့ဆော်ခြင်း မပြုလုပ်ရန် ကန့်သတ်ထားကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။
“ကျောင်းသားတွေရဲ့ ကိုယ်ပိုင် လွတ်လပ်ခွင့်ကို ပိတ်ပင်ထားတာမျိုး လုံးဝမရှိဘူး။ ဒါပေမဲ့ လှုပ်ရှားမှုတစ်ခု လုပ်မယ်ဆိုရင် ကျောင်းမှာရှိတဲ့ သက်ဆိုင်ရာ အုပ်ချုပ်သူကို ခွင့်ပြုချက် တောင်းဖို့လို တယ်” ဟု ဒေါက်တာလှဆွေက ပြောဆိုသည်။

အဆိုပါ တက္ကသိုလ် အဆောင်နေ ကျောင်းသားများသည် အဆောင်သို့ ည ၁၀ နာရီ နောက်ဆုံး ရောက်ရှိရမည် ဖြစ်ပြီး ကျောင်းသူများက ညနေ ၆ နာရီ နောက်ဆုံး ရောက်ရှိရမည် ဖြစ်ကြောင်း၊ ထမင်းစားချိန်ကို နံနက် ၆ နာရီမှ ၉ နာရီ၊ ညနေ ၄ နာရီမှ ၆ နာရီအထိ နှစ်ကြိမ် သတ်မှတ် ထားကြောင်း အဆောင် စည်းကမ်းချက်များအရ သိရသည်။

ရန်ကုန် တက္ကသိုလ်၌ ၁၉၇၀ ပြည့်နှစ် ကျော်နှစ်များတွင် ကျောင်းသားသမဂ္ဂ ဖွဲ့စည်းခွင့်မှ လွဲ၍ အနုပညာ အသင်းအဖွဲ့၊ အားကစား အသင်းအဖွဲ့၊ သက်ဆိုင်ရာ မြို့နယ်အလိုက် အသင်းများ ဖွဲ့စည်းကာ ခရီးထွက်ခြင်း စသည့်လှုပ်ရှားမှုများကို လွတ်လွတ်လပ်လပ် ဆောင်ရွက်ခွင့် ရရှိခဲ့ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပညာရေးရာ ကော်မတီ ဝင် ဒေါက်တာသိန်းလွင်က The Voice သို့ ပြောကြားသည်။

အဆောင်နေထိုင်ခွင့် ပြုခဲ့သော ရန်ကုန် တက္ကသိုလ်တွင် အဆောင်နေ ကျောင်းသား၊ ကျောင်းသူ ရှစ်ဆယ်နီးပါး ရှိပြီး အမျိုးသမီးများကို ရွှေဘိုဆောင်နှင့် ဒဂုံဆောင်တွင် ထားရှိကာ အမျိုးသားများကို အင်းဝ၊ ပင်းယ၊ ပဲခူးနှင့် စစ်ကိုင်းဆောင်တို့တွင် ထားရှိကြောင်း ရန်ကုန်တက္ကသိုလ် စီမံဌာနထံမှ သိရသည်။

The Voice Weekly

RangonNewsDaily:: December . 12 .2013
ဆယ်စုနှစ် နှစ်ခုကျော်ကြာမှ ပြန်လည် ဖွင့်လှစ်ခဲ့သော ရန်ကုန်တက္ကသိုလ် အဆောင်များတွင် နေထိုင်သည့် ပထမနှစ် ဝိဇ္ဇာ၊ သိပ္ပံထူးချွန် ကျောင်းသား၊ ကျောင်းသူများ နိုင်ငံရေး ပြုလုပ်လိုပါက အဆောင်မှူးနှင့် တက္ကသိုလ် တာဝန်ခံများကို ခွင့်ပြုချက် တင်ပြီးမှသာ ဆောင်ရွက်ရမည် ဖြစ်ကြောင်း ရန်ကုန်တက္ကသိုလ် သင်တန်းရေးရာ ဌာနမှူး ဒေါက်တာလှဆွေက The Voice သို့ ပြောကြားသည်။

အဆောင်နေ အထည်ချုပ်စက်ရုံဝန်ထမ်း အမျိုးသမီး ပိုလိုဆေးသောက် သေဆုံး

RangonNewsDaily:: December . 12 .2013
ပိုလိုပိုးသတ်ဆေးသောက်သူ လှိုင်သာယာမြို့နယ်မှ အထည်ချုပ်စက်ရုံ ၀န်ထမ်း အမျိုးသမီးတစ်ဦးသည် ဂျပန်

ဆေးရုံကြီးတွင် ဆေးကုသခံနေစဉ် ဒီဇင်ဘာ ၁၀ ရက် နံနက် ၉ နာရီဝန်းကျင်အချိန်က သေဆုံး သွားသည်
ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်ထားသည်။ သေဆုံးသူသည် လှိုင်သာယာမြို့နယ် (၉)ရပ်
ကွက်၊ အောင်သိဒိ္ဓလမ်း၊ ပြုံးပန်းအဆောင်တွင် နေထိုင်သည့် မ၀ါဝါရွှေ ၂၂ နှစ်ဖြစ်သည်ဟု အတည်ပြုထား
သည်။

ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းမှ ၁၃၀၀ ပြည့် ချောက်ရေနံမြေ အလုပ်သမား အရေးတော်ပုံ (၇၅)နှစ်မြောက် စိန်ရတုအခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ

Photo: ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းမှ ၁၃၀၀ ပြည့်
ချောက်ရေနံမြေ အလုပ်သမား အရေးတော်ပုံ (၇၅)နှစ်မြောက် စိန်ရတုအခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ
Thursday, December 12, 2013

ချစ်ခင်လေးစားရပါသော ချောက်ရေနံမြေရှိ ပြည်သူလူထုကြီးခင်ဗျား

၁။၁၃၀၀ ပြည့် ရေနံမြေအလုပ်သမားအရေးတော်ပုံကြီးသည် ၁၃၀၀ ပြည့်နှစ်၊ နတ်တော်လဆန်း ၉ ရက်နေ့တွင် ဖြစ်ပွားခဲ့
ပါသည်။ရနံမြေအလုပ်သမားများ၏ ရသင့်ရထိုက်သော
အခွင့်အရေးများ ရရှိနိုင်ရေးအတွက် ရဲဝံ့စွန့်စားစွာ တော်လှန်ခဲ့ကြ
သည်မှာ ယခုအခါ (၇၅)နှစ်တာ ကာလရောက်ခဲ့ပြီ ဖြစ်ပါသည်။

၂။ အမျိုးသားရေးစိတ်ဓာတ်နှင့် ချောက်ရေနံမြေမှ ရန်ကုန်အထိ မိုင်(၄၀၀)ခရီးကို အဟန့်အတား အခက်အခဲများ ကျော်လွှားပြီး
ခြေလျင်ခရီးချီတက် သပိတ်မှောက်ခဲ့ကြပါသည်။ သူတို့၏ ဇွဲ၊ သတ္တိ၊ စိတ်ဓာတ်များသည် အင်္ဂလိပ်အစိုးရကို တုန်လှုပ်စေခဲ့ပြီး အလုပ်သမား၊ လယ်သမား၊ ကျောင်းသားများပါမကျန် စုစည်း ညီညွတ်ခဲ့ကြသည်မှာ အလွန်ဂုဏ်ယူစရာကောင်းလှပါသည်။ ထိုသို့တိုက်ပွဲဝင်ခဲ့ကြသော
သခင်၊ သခင်မကြီး များအား မမေ့မလျော့ဘဲ ဂုဏ်ပြုသည့်အနေဖြင့် စိန်ရတုအခမ်းအနားကို ယခုအခါ ကျင်းပဂုဏ်ပြုနိုင်ခဲ့ကြပြီ ဖြစ်ပါသည်။

၃။ အဆိုပါ စွန့်လွှတ်စွန့်စားပုဂ္ဂိုလ်များ မရှိကြတော့သော်လည်း ၎င်းတို့၏မျိုးဆက်များအား လက်ဆင့်ကမ်း ပေးခဲ့ကာ လွတ်လပ်ပြီး ငြိမ်းချမ်းသည့် အလုပ်သမားအကျိုး၊ တိုင်းပြည်အကျိုး
ပြုနိုင်ခဲ့ကြပြီ ဖြစ်ပါသည်။

၎။ ယနေ့အချိန်အခါတွင် အမျိုးသားရေးနှင့် နိုင်ငံရေးနိုးကြား
တက်ကြွမှုရှိသော ချောက်ရေနံမြေမှ ပြည်သူ လူထုကြီးအား ဂုဏ်ပြုခြင်းနှင့်အတူ မျိုးဆက်သစ်များအနေဖြင့် ဒီမိုကရေစီ
အနှစ်သာရနှင့်အညီ ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်မည်ဖြစ်ပါသည်။ ထို့အပြင် ပွင့်လင်းမြင်သာပြီး လူတိုင်းလူတိုင်းမှ တာဝန်ခံ၊ တာဝန်ယူ၍ ပါတီစုံဒီမိုကရေစီစနစ်နှင့် ဈေးကွက်
စီးပွားရေးစနစ်ဖြင့် ငြိမ်းချမ်းသာယာသော ခေတ်မီ ဖွံ့ဖြိုးတိုးတက်သည့်
နိုင်ငံတော်အဖြစ်သို့ရောက်ရှိရေး ဆက်လက်ဆောင်ရွက်သွားကြရန်
လည်း လိုအပ်ပါမည်။

၅။ ၁၃၀၀ ပြည့် ချောက်ရေနံမြေ အလုပ်သမားအရေးတော်ပုံကြီး၏ (၇၅)နှစ်မြောက် စိန်ရတုအခမ်းအနားမှ စတင်၍ ပြည်သူအတွက်၊
နိုင်ငံတော်အတွက်၊ ပြည်ထောင်စုအတွက် တစ်မျိုးသားလုံး စိတ်ကောင်း
စေတနာ မှန်ဖြင့် ကျရာအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်သွားကြပါရန်
တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။


သူရရွှေမန်း
နာယက

ပြည်ထောင်စုလွှတ်တော်
Popular Myanmar News Journal

RangonNewsDaily:: December . 12 .2013
ချစ်ခင်လေးစားရပါသော ချောက်ရေနံမြေရှိ ပြည်သူလူထုကြီးခင်ဗျား ၁။၁၃၀၀ ပြည့် ရေနံမြေအလုပ်သမား
အရေးတော်ပုံကြီးသည် ၁၃၀၀ ပြည့်နှစ်၊ နတ်တော်လဆန်း၉ရက်နေ့တွင် ဖြစ်ပွားခဲ့ပါသည်။ရေနံမြေအလုပ်
သမားများ၏ ရသင့်ရထိုက်သောအခွင့်အရေးများ ရရှိနိုင်ရေးအတွက် ရဲဝံ့စွန့်စားစွာ တော်လှန်ခဲ့ကြသည်မှာ
ယခုအခါ (၇၅)နှစ်တာ ကာလရောက်ခဲ့ပြီ ဖြစ်ပါသည်။

ထောင်ထဲကပြန်လွှတ်ပေးလို့သမ္မတကြီးကို ကျေးဇူးမတင်ဟု ဦးဝင်းချိုဆို

RangonNewsDaily:: December . 12 .2013
အကျဉ်းထောင် ၁၂ခုမှ နိုင်ငံရေးအကျဉ်းသား ၄၁ယောက်ကိုဒီဇင်ဘာလ၁၁ရက်တွင် ပြန်လွှတ်ပေးခြင်းနှင့်
ပတ်သက်၍ ပဲခူးထောင်အတွင်း အကျဉ်းချခံထားရသော လယ်ာသမား အရေးဆောင်ရွက်သူဦးဝင်းချိုက၎င်း
ကို ပြန်လွှတ်ပေးသော်လည်းသမ္မတကြီးအပေါ် ကျေးဇူးမတင်နိုင်ကြောင်းPeoplePowerညနေခင်းသတင်းစာ
သို့ ပြောကြားသည်။ပဲခူးထောင်အတွင်းအကျဉ်းကျခံနေရသော အကျဉ်းသား ၆ဦးကိုဒီဇင်ဘာ ၁၁ရက်၊ နံနက် ၁၁နာရီကျော်ခန့်တွင် ပြန်လည်လွှတ်ပေးပြီးနောက် သက်ဆိုင်ရာတာဝန်ရှိသူများရှေ့တွင် ၎င်းက ယခုကဲ့
သို့ပြောကြားလိုက်ခြင်းဖြစ် သည်။

"ဒီနှစ် အကယ်ဒမီပွဲ ကို ဆန်းပြားတဲ့ တင်ဆက်မှုတွေ နဲ့ မြင်တွေ့နိုင်အောင် ကြိုးစားသွား မယ်လို့ ကတိပေးတဲ့ ဥက္ကဋ္ဌ လူမင်း"

Photo: "ဒီနှစ် အကယ်ဒမီပွဲ ကို ဆန်းပြားတဲ့ တင်ဆက်မှုတွေ နဲ့ မြင်တွေ့နိုင်အောင် ကြိုးစားသွား မယ်လို့ ကတိပေးတဲ့ ဥက္ကဋ္ဌ လူမင်း"
Thursday, December 12, 2013

မြန်မာနိုင်ငံ ရုပ်ရှင် အစည်း အရုံး ဥက္ကဋ္ဌ ဦးလူမင်းက လာမယ့်နှစ် မှာပြုလုပ် မယ့် မြန်မာ့ရုပ်ရှင် အကယ်ဒမီ ထူးချွန်ဆုပေးပွဲ ကြီးကို မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး အနေ နဲ့ ဦးစီးပြီး ကျင်းပပေးမှာ ဖြစ်ပေမယ့်လည်း လာမယ့်နှစ် မှာ သူကိုယ်တိုင် ဥက္ကဋ္ဌ နေရာမှာ ရှိနေနိုင်တော့မှာ မဟုတ်တဲ့ အတွက် လက်ရှိ ဥက္ကဋ္ဌ အနေအထား မှာပဲ အခုပြုလုပ် မယ့် မြန်မာ့ရုပ်ရှင် အကယ်ဒမီ ထူးချွန် ဆုပေးပွဲ အတွက် စီစဉ်ဆောင်ရွက် ခွင့်ရတယ် ဆိုရင် ကိုယ့်ရဲ့ ရုပ်ရှင် လောကသားတွေ အတွက် အကောင်း ဆုံး၊ အတတ်နိုင်ဆုံး လုပ်သွားမှာ ဖြစ်တယ်လို့ ပြောပြလာပါတယ်။

“ရှေ့နှစ်ထဲမှာ အစည်းအရုံး ကဦးစီးပြီး အကယ်ဒမီ ကို ကျင်းပ ပေးမယ် ဆိုပေမယ့်လည်း အဲဒီ အချိန်မှာ အစ်ကိုက ဥက္ကဋ္ဌ မဟုတ် နိုင်တော့ဘူးလေ။ အဲဒီတော့ အစ်ကို လက်ရှိ ဥက္ကဋ္ဌ အနေအထား မှာပဲ အစ်ကို စီစဉ်ဆောင် ရွက်ခွင့် ရတယ်၊ လောကသားတွေ အတွက် တောင်းဆိုခွင့်တွေ ရတယ်၊ စီမံ ဆောင်ရွက် ပိုင်ဆိုင်ခွင့် ရတယ် ဆိုရင် အစ်ကို့ရဲ့ ရုပ်ရှင်လောက အတွက် အစ်ကို အတတ်နိုင်ဆုံး လုပ်သွား မှာပါပဲ။ ဒါကို ဘယ် သူပေးပေးပေါ့။ အကယ်ဒမီပေးပွဲ ဆိုတာက အစ်ကိုတို့ လောက သားတွေ အထွဋ် အမြတ်ထား တဲ့ပွဲတစ်ပွဲပဲလေ” လို့ လူမင်းက ပြောပြပါတယ်။

အကယ်ဒမီ အခမ်းအနားတွေ ကိုတော့ သူ့အနေနဲ့ နှစ်ပေါင်း များစွာ တက်ရောက်ပြီး ကိုယ့်ရဲ့ ရုပ်ရှင် လောကသား အချင်းချင်း အားပေး နေ ကျဖြစ်သော် လည်း နှစ် တိုင်း၊ နှစ်တိုင်း တူညီတဲ့ စီစဉ် တင်ဆက် မှု တွေကိုပဲ မြင်တွေ့နေရဆဲ ဖြစ်တယ်လို့ ပြောပြတဲ့ ကိုလူမင်း က

“အစ်ကို့ အနေနဲ့ အကယ်ဒမီ ပွဲတွေကို နှစ်ပေါင်း များစွာ တက်လာ ခဲ့ပြီးပြီ။ နှစ်တိုင်း၊ နှစ်တိုင်းမှာ တူညီတဲ့ အစီ အစဉ် တင်ဆက်မှုတွေ နဲ့ပဲ တက် လာခဲ့ရတာ ဆိုတော့ အစ်ကို ကိုယ်တိုင် အပြောင်းအလဲ တစ်ခုကို လိုချင်နေ ခဲ့ တာ။ အခု အပြောင်းအလဲ တစ်ခု ဖြစ်အောင် ကိုယ်ကိုယ်တိုင် လည်း ဆောင်ရွက်ခွင့် ရပြီ ဆိုတော့ သေချာ တာတော့ အပြောင်း အလဲ တစ်ခုပေါ့။ အပြောင်းအလဲ ဆိုတဲ့ နေရာမှာ ပိုကောင်းတဲ့ပြောင်းလဲ မှု၊ ခမ်းနားတဲ့ ပြောင်းလဲမှုတွေ ဆန်းပြားတဲ့ တင်ဆက်မှုတွေနဲ့ ဖြစ်အောင် ဒီနှစ် အကယ်ဒမီ အတွက် ကြိုးစားပေး သွားမယ်လို့ ကတိပေးနိုင် ပါတယ်။ အစ်ကိုတို့ လောကသားတွေရော၊ ကြည့်ရှု ကြမယ့် ပရိသတ်တွေရော ဒီနှစ် အကယ်ဒမီ ပွဲကိုတော့ အရင်နှစ် တွေထက် ထူးခြား ဆန်းသစ်မှုတွေ နဲ့ ခံစားကြ ရလိမ့်မယ်လို့ အစ်ကိုမျှော် လင့်ထားပါတယ်”လို့ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌတစ် ယောက် အနေနဲ့ ကိုလူမင်းက ပြောပြ ပေးခဲ့ပါတယ်။

ထက်လူလူ
Popular Academy

RangonNewsDaily:: December . 12 .2013
မြန်မာနိုင်ငံ ရုပ်ရှင် အစည်း အရုံး ဥက္ကဋ္ဌ ဦးလူမင်းက လာမယ့်နှစ် မှာပြုလုပ် မယ့် မြန်မာ့ရုပ်ရှင် အကယ်ဒမီ ထူးချွန်ဆုပေးပွဲ ကြီးကို မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး အနေ နဲ့ ဦးစီးပြီး ကျင်းပပေးမှာ ဖြစ်ပေမယ့်လည်း လာမယ့်နှစ် မှာ သူကိုယ်တိုင် ဥက္ကဋ္ဌ နေရာမှာ ရှိနေနိုင်တော့မှာ မဟုတ်တဲ့ အတွက် လက်ရှိ ဥက္ကဋ္ဌ

ခွင့်ပြုချက်စောင့်ဆိုင်းနေဆဲ ရန်ကုန် မြို့လယ်က ဆောက်လုပ်ရေးစီမံကိန်း

Photo: ခွင့်ပြုချက်စောင့်ဆိုင်းနေဆဲ ရန်ကုန် မြို့လယ်က ဆောက်လုပ်ရေးစီမံကိန်း
Thursday, December 12, 2013

စီမံကိန်းကို စီးပွားရေးအရ အလားအလာရှိအောင် ပြုလုပ်ပေးနိုင်ရန် ပဓာနကျသည်ဟု ဆောက်လုပ်ရေးလုပ်ငန်းရှင်များက ဆိုသည့် ငှားရမ်းမှု စာချုပ်သက်တမ်းတိုးပေးရန်အတွက် ရန်ကုန်မြို့
လယ်ရှိ အမေရိကန်ဒေါ်လာ သန်း ၄၀၀ တန် ဆောက်လုပ်ရေးစီမံကိန်းဖြစ်သည့် Landmark 
project သည် မီးရထားဝန်ကြီးဌာန ၏ အတည်ပြုချက်ကို စောင့်နေဆဲဖြစ်သည်။

ပြီးခဲ့သည့်နှစ်တွင် ၀န်ကြီးအပြောင်းအလဲဆက်တိုက်ဖြစ်ပေါ်ခဲ့သည့်အတွက် အဆိုပါစီမံကိန်းအတွက် ငှားရမ်းမှုစာချုပ်သက်တမ်းတိုးပေးရေးအတွက် ခွင့်ပြုချက်ရရှိရန် ကြန့်ကြာ နေရခြင်း
ဖြစ်သည်ဟု ယင်းစီမံကိန်းကို အဓိက ငွေကြေးပံ့ပိုးပေးသူ မစ္စတာဆာ့ဂ်ျပန်က ပြီး ခဲ့သည့်ရက်သတ္တပတ်တွင် ပြောကြားခဲ့သည်။

သို့သော် စီမံကိန်းအတွက် ဆောက်လုပ် ရေးလုပ်ငန်းများ စတင်နိုင်ရန်နှင့် စီမံကိန်းတွင် ရင်းနှီးမြှုပ်နှံမည့်သူများနှင့် သဘောတူညီမှုစာချုပ် အပြီးသတ်ချုပ်ဆိုနိုင်ရန် လိုအပ်သည့် စာရွက်စာ
တမ်းများကို လာမည့်လများတွင် ရရှိလိမ့်မည်ဟု ၎င်းက မျှော်လင့်ထားသည်။

မြေနေရာအကျယ် ၁၀ ဧက ကျော်တွင် အဆောက်အအုံမျိုးစုံ ဆောက်လုပ်မည့် အဆိုပါ စီမံကိန်းတွင် ရှေးဟောင်းအမွေအနှစ်စာရင်းဝင် မြန်မာ့မီးရထားဌာနရုံးချုပ် အဆောက်အအုံ
ဟောင်းကို Peinsula Hotel Yangon အဖြစ် ပြောင်းလဲရန် ဟောင်ကောင်အခြေစိုက် HK & Shanghai hotels က အကျိုးတူပူးပေါင်း ပါဝင် မည်ဖြစ်သည်။

မစ်ဆူဘီရှီကော်ပိုရေးရှင်းနှင့် မစ်ဆူဘီရှီအက်စ်တိတ်ကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်မည့်စီမံကိန်းတွင် သီးခြားဟိုတယ်၊ ပရိဘောဂပါ အသင့်နေတိုက်ခန်း၊ အဆင့်မြင့် ကွန်ဒို၊ လက်လီအရောင်းဆိုင်နှင့် ရုံးခန်း အဆောက်အအုံများ ပါဝင်မည်ဖြစ်ပြီး ဆူးလေဘုရားလမ်းနှင့် ဗိုလ်ချုပ်အောင်
ဆန်းလမ်းထောင့်ရှိ အကွက်အကွင်းကောင်းသည့်နေရာ တွင် ဆောက်လုပ်မည်ဖြစ်သည်။

အဆိုပါစီမံကိန်းကြီးနှင့် ပတ်သက်ပြီး မြို့တော်စည်ပင်၏ မြို့တော်အကွက်ချသတ် မှတ်ရေး
စီမံကိန်းနှင့် ကိုက်ညီပြီး ရှေးဟောင်း အမွေအနှစ်နှင့် ပတ်သက်ပြီး စည်းရုံးလှုံ့ဆော်သူများ၏ကန့်ကွက်ခြင်းများ မရှိသည့်အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ထံမှ 
မူအားဖြင့် ခွင့်ပြုချက်ရထားပြီးဖြစ်သော် လည်း ငှားရမ်းမှုသက်တမ်းတိုးပေးရန် မြန်မာ့
မီးရထားနှင့် ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုချက်များရရှိရန် လိုအပ်နေသည်။

အဆိုပါစီမံကိန်းကို လက်ရှိရင်းနှီးမြှုပ်နှံမှု ဥပဒေအရ မူလ ၁၉၉၅ ခုနှစ်ငှားရမ်းမှုကို အများ ဆုံးနှစ် ၇၀ အထိ (နှစ်၅၀ ငှားရမ်းမှုနှင့် ၁၀နှစ် နှစ်ကြိမ်) သက်တမ်းတိုးပေးရန် ၀န်ကြီးဌာနတွင်
လျှောက်လွှာတင်ထားသည်ဟု ပုဂ္ဂလိက ကုမ္ပဏီ First Myanmar Investment (FMI)၊serge Pun & Associates (Myanmar) SPA နှင့် စင်ကာပူနိုင်ငံတွင် စာရင်းဝင်သည့် Yoma 
Strategic Holdings ၏ ဥက္ကဋ္ဌ မစ္စတာပန်က မြန်မာတိုင်း(မ်)နှင့် သီးသန့်အင်တာဗျူးတွင်ပြောသည်။

"စုစုပေါင်းရင်းနှီးမြှုပ်နှံမှုဟာ ဒေါ်လာ သန်း ၄၀၀ လောက် ကုန်ကျမှာပါ။ ဒါက ကျွန်တော်တို့ မှန်းထားတာထက် တော်တော်လေးကို များပါတယ်။ဒါကြောင့် အခုထွက်ပေါ်လာတဲ့ နိုင်ငံခြား
ရင်းနှီးမြှုပ်နှံမှု ဥပဒေနဲ့အညီ ကျွန်တော်တို့ရဲ့ စီမံကိန်းကို အများဆုံးလက်ခံနိုင်တဲ့ကာလအထိ ငှားရမ်းလုပ်ကိုင်ခွင့်သက်တမ်းတိုးပေးဖို့ လျှောက်လွှာတင်ထားပါတယ်"ဟု ၎င်းက ဒီဇင်ဘာလ
၅ ရက်နေ့တွင် ပြောသည်။

အဆိုပြုထားသည့် သဘောတူညီမှုအရ အက်ဖ်အမ်အိုင်နှင့် ရိုးမတို့သည် အဆိုပါစီမံ ကိန်းအတွက် အဓိက ရှယ်ယာရှင်များ ဖြစ်လာ မည် ဖြစ်သည်။ ငှားရမ်းလုပ်ကိုင်ခွင့် သက်တမ်း
ကာလနှင့် ပတ်သက်ပြီး မီးရထားဝန်ကြီးဌာန၏ သဘောတူ ခွင့်ပြုချက်ရလျှင်ရချင်း အမ်အိုင်စီသို့ လုပ်ငန်း ငှားရမ်းလုပ်ကိုင်ခွင့် သက်တမ်းအတွက် လျှောက်လွှာဆက်တင်သွားမည်ဟု
၎င်းက ပြောသည်။

မူလငှားရမ်းမှုကို ၂၀၁၂ ခုနှစ် အကုန် ပိုင်းတွင် အတည်ပြုပေးခဲ့သည့် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုဥပဒေနှင့်အညီ ပြင်ဆင်ပေးရန် ရှေ့နေ ချုပ်ရုံးသို့လည်း လျှောက်ထားပြီး ဖြစ်သည်။

"အမ်အိုင်စီကတော့ သူ့ဆီရောက်လာတဲ့ ကိစ္စတွေကို အတည်ပြုပေးတဲ့ အဖွဲ့တစ်ဖွဲ့ပါ။ အမ်အိုင်စီကို တင်ဖို့အတွက် မီးရထားဝန်ကြီး ဌာနနဲ့ ချုပ်ဆိုထားတဲ့ သဘောတူညီချက်ရဖို့ လိုသလို
မြန်မာ့မီးရထားက လက်မှတ်ထိုးပေးထားတဲ့ အမ်အိုင်စီ လျှောက်လွှာအတွက် ထောက်ခံချက်လည်း လိုပါတယ်" ဟု ၎င်းက ပြောကြားသည်။

"၀န်ကြီးသစ်က တာဝန်လွှဲပြောင်းယူတဲ့အခါဒီကိစ္စကို အစကနေ ပြန်ပြီးလေ့လာသုံးသပ်ရပါတယ်။ ဒါက အချိန်ကုန်စေပါတယ်။ မြန်မာ့ မီးရထားက ထိပ်တန်းအာဏာပိုင်တွေကိုလည်း
အလားတူ အချိန်ကုန်စေပါတယ်။ ကျွန်တော်တို့ ဒါကိုသည်းခံပြီးတော့ စောင့်ဆိုင်းရုံပဲ ရှိပါတယ်" ဟု မစ္စတာပန်ပြောသည်။

"ဒီနေရာမှာ ဘာဆောက်မယ်ဆိုတာ လူတိုင်း သိပါတယ်။ ကန့်ကွက်တဲ့သူလည်း မရှိပါဘူး။ဒါပေမဲ့ အမ်အိုင်စီရဲ့ ခွင့်ပြုချက်မရမ ချင်း ဆောက်လုပ်ရေးလုပ်ငန်းတွေကို စတင်ဖို့ပါမစ် လည်း
ရမှာမဟုတ်ပါဘူး" ဟု ၎င်းကဆိုသည်။

စီမံကိန်းအရ ဆောက်လုပ်သွားမည့် အဆောက်အအုံများကို ဒီဇိုင်းပညာရှင်က စိတ်ကူးပုံဖော်ထားသည့် ပုံစံငယ်ကိုတွေ့ရစဉ်။ ဓာတ်ပုံ - Yoma Strategic Holdings

The Myanmar Times

RangonNewsDaily:: December . 12 .2013
စီမံကိန်းကို စီးပွားရေးအရ အလားအလာရှိအောင် ပြုလုပ်ပေးနိုင်ရန်ပဓာနကျသည်ဟု ဆောက်လုပ်ရေးလုပ်
ငန်းရှင်များက ဆိုသည့်ငှားရမ်းမှုစာချုပ်သက်တမ်းတိုးပေးရန်အတွက် ရန်ကုန်မြို့လယ်ရှိ အမေရိကန်ဒေါ်လာ
သန်း၄၀၀တန် ဆောက်လုပ်ရေးစီမံကိန်းဖြစ်သည့် Landmark project သည် မီးရထားဝန်ကြီးဌာန ၏အတည်
ပြုချက်ကို စောင့်နေဆဲဖြစ်သည်။

မြန်မာ-ထိုင်း အမျိုးသားဘောလုံးပွဲ လက်မှတ် ဒီဇင်ဘာလ ၁၃၊ ၁၄ ရောင်းမည်

Photo: မြန်မာ-ထိုင်း အမျိုးသားဘောလုံးပွဲ လက်မှတ် ဒီဇင်ဘာလ ၁၃၊ ၁၄ ရောင်းမည်
Thursday, December 12, 2013

မြန်မာပရိသတ်များ စောင့်စားနေသည့် မြန်မာ-ထိုင်း အမျိုးသား ဘောလုံးပွဲစဉ် လက်မှတ်များကို ဒီဇင်ဘာလ ၁၃ ရက်နေ့နှင့် ၁၄ ရက်နေ့တို့တွင် ရောင်းချ ပေးသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်က ထုတ်ပြန် ကြေညာသည်။

ဒီဇင်ဘာလ ၇ ရက်နေ့ မတိုင်ခင် ကြိုတင် လက်မှတ်များ ရောင်းချ အပြီးတွင် စုစုပေါင်း လက်မှတ် ၂၀၀၀၀ ကျန်နေသေးကြောင်း၊ မြန်မာ-ဘောလုံးပြိုင်ပွဲ မစတင်မီ ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် လက်မှတ်စောင်ရေ ၁၀၀၀၀ ရောင်းချပေးမည် ဖြစ်ပြီး ပြိုင်ပွဲ ကျင်းပမည့် ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် စောင်ရေ ၁၀၀၀၀ ထပ်မံ ရောင်းချပေးမည် ဖြစ်ကြောင်း၊ ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် အောင်ဆန်း၊ ပဒုမ္မာ၊ စလင်းနှင့် သုဝဏ္ဏကွင်းတို့၌ ရောင်းချပေးမည် ဖြစ်ပြီး၊ ပြိုင်ပွဲ ကျင်းပမည့်နေ့တွင် သုဝဏ္ဏ ဘောလုံးကွင်း တစ်နေရာတည်းမှာသာ လက်မှတ်များကို ရောင်းချပေးမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်က သတင်းထုတ်ပြန်ထားသည်။

မြန်မာအမျိုးသား ဘောလုံးအသင်း ဆီမီးဖိုင်နယ် တက်ရောက်ရေးတွင် ထိုင်းအသင်းနှင့် ကစားရမည့်ပွဲမှာ အရေးပါနေပြီး ထိုင်းအသင်း၏ တစ်ဦးချင်း ခြေစွမ်းနှင့် အသင်းလိုက် ခြေစွမ်းမှာ မြန်မာအသင်းထက် သာလွန်ခြင်းကြောင့် ယင်းပွဲစဉ်မှာ မြန်မာအသင်း အနိုင်ရရေး ခက်ခဲကြောင်း၊ ယင်းကြောင့် မြန်မာပရိသတ်များ အနေနှင့် အာကစားစိတ်ဓာတ်ဖြင့် အားပေးရန် လိုကြောင်း အားကစား ကလောင်ရှင်များက ထောက်ပြ ပြောဆိုထားသည်။

The Voice Weekly


RangonNewsDaily:: December . 12 .2013
မြန်မာပရိသတ်များ စောင့်စားနေသည့် မြန်မာ-ထိုင်း အမျိုးသား ဘောလုံးပွဲစဉ် လက်မှတ်များကို ဒီဇင်ဘာလ ၁၃ ရက်နေ့နှင့် ၁၄ ရက်နေ့တို့တွင် ရောင်းချ ပေးသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်က ထုတ်ပြန် ကြေညာသည်။

ဆီးဂိမ်းစ်ပြိုင်ပွဲကာလအတွင်း စစ်သင်္ဘော ငါးစင်း၊ တိုက်လေယာဉ်များဖြင့် လုံခြုံရေးဆောင်ရွက်

RangonNewsDaily:: December . 12 .2013
မြန်မာနိုင်ငံမှအိမ်ရှင်အဖြစ်လက်ခံကျင်းပနေသည့်(၂၇)ကြိမ်မြောက်ဆီးဂိမ်းစ်အားကစားပွဲတော်ရက်အတွင်း လုံခြုံမှုရှိစေရန် စစ်သင်္ဘော ငါးစင်းနှင့် ဝေဟင် လုံခြုံရေးဆောင်ရွက်ရန် တိုက်လေယာဉ်များဖြင့် ကင်းလှည့်

 ဆောင်ရွက်နေကြောင်း (၂၇)ကြိမ်မြောက် ဆီးဂိမ်းစ် အားကစားပွဲတော်လုံခြုံရေးဆပ်ကော်မတီမှ ရုံးအဖွဲ့မှူး ရဲမှူးကြီးအောင်မြတ်မိုးက ဒီဇင်ဘာ ၁၁ ရက်က ပြောကြားသည်။

နိုင်ငံရေး အကျဉ်းသား ၄၁ ဦး လွတ်မြောက်ခဲ့သော်လည်း ပါဂျောင်အမှုတွင် ပါဝင်နေသည့် သံချောင်းနှင့် ဗိုလ်မှူးဝင်းနိုင်ကျော် အမှုတွဲများ မလွတ်မြောက်

RangonNewsDaily:: December . 12 .2013
လက်ကျန်နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေး ကော်မတီမှ တင်ပြထားသည့် နိုင်ငံရေး အကျဉ်းသား ၄၁ ဦးအား ဒီဇင်ဘာ ၁၁ ရက်က လွှတ်ပေးခဲ့သော်လည်း သာယာဝတီ ထောင်တွင်းရှိ RCSS မှ တပ်မှူးစပ်ခွန်ကျော်ခေါ် သံချောင်းအား ABSDF ကျောင်းသားတပ်မတော် မြောက်ပိုင်းပါဂျောင်ဒေသတွင် ဖြစ်ပွားခဲ့သည့် လူသတ်မှု အပါအ၀င် အခြားပြစ်မှုများ ရှိနေသဖြင့် ပြန်လည်စိစစ်ဆဲဖြစ်ပြီး

ကွယ်လွန်သူ တောင်အာဖရိက သမ္မတဟောင်း Mandela ရုပ်အလောင်း အများပြည်သူ ကြည့်ရှုခွင့်ရ

Photo: Mandela ရုပ်အလောင်း အများပြည်သူ ကြည့်ရှုခွင့်ရ
Thursday, December 12, 2013

ကွယ်လွန်သူ တောင်အာဖရိက သမ္မတဟောင်းလည်းဖြစ်၊ အသားရောင်ခွဲခြားအုပ်ချုပ်မှု ဆန့်ကျင်တိုက်ဖျက်ရေး ခေါင်းဆောင်လည်းဖြစ်တဲ့ Nelson Mandela ရဲ့ ရုပ်အလောင်းကို အများပြည်သူ ဂါရ၀ပြုနိုင်အောင် မြို့တော်မှာ အာဏာပိုင်တွေက စီစဉ်ပေးထားပါတယ်။
 
မစ္စတာ Mandela ရဲ့ ဇနီး Graca Machel နဲ့ လက်ရှိသမ္မတ Jacob Zuma တို့လည်း မစ္စတာ Mandela ရဲ့ ရုပ်အလောင်းဘေးကဖြတ်ပြီး ဒီကနေ့ ဂါရ၀ပြုခဲ့ကြပါတယ်။ ဖန်သားတွေနဲ့ ပြုလုပ်ထားတဲ့ သူ့ရဲ့အခေါင်းကိုတော့ တောင်အာဖရိက အစိုးရရုံးစိုက်ရာ Union အဆောက်အဦးအတွင်းက ခန်းမကြီးမှာ အများပြည်သူ ကြည့်ရှုနိုင်ဖို့ စီစဉ်ပေးထားတာပါ။
 
ဒီနေရာဟာ အသားရောင်ခွဲခြားအုပ်ချုပ်တဲ့ လူဖြူအစိုးရကို ဆန့်ကျင်တော်လှန်တဲ့အတွက် မစ္စတာ Mandela ထောင်ဒဏ် ၂၇ နှစ် အကျဉ်းကျခံရပြီး ပြန်လွတ်မြောက်လာပြီးတဲ့နောက် တောင်အဖရိကနိုင်ငံရဲ့ ပထမဆုံး လူမည်းသမ္မတအဖြစ် ၁၉၉၄ ခုနှစ်မှာ ကျမ်းသစ္စာ ကျိန်ဆိုခဲ့တဲ့နေရာလည်း ဖြစ်ပါတယ်။
 
တောင်အာဖရိက သမ္မတဟောင်း Thabo Mbeki၊ F.W. de Klerk၊ ဇင်ဘာဘွေသမ္မတ Robert Mugabe၊ တန်ဇန်းနီးယား သမ္မတ Jakaya Kikwete နဲ့ တောင်ဆူဒန်သမ္မတ Salva Kiir Mayardit တို့လည်း ဗုဒ္ဓဟူးနေ့မှာပဲ မစ္စတာ Mandela ရဲ့ ရုပ်အလောင်းကို သွားရောက် ဂါရ၀ပြုခဲ့ကြပါတယ်။


VOA

RangonNewsDaily:: December . 12 .2013
ကွယ်လွန်သူ တောင်အာဖရိက သမ္မတဟောင်းလည်းဖြစ်၊ အသားရောင်ခွဲခြားအုပ်ချုပ်မှု ဆန့်ကျင်တိုက်ဖျက်ရေး ခေါင်းဆောင်လည်းဖြစ်တဲ့ Nelson Mandela ရဲ့ ရုပ်အလောင်းကို အများပြည်သူ ဂါရ၀ပြုနိုင်အောင် မြို့တော်မှာ အာဏာပိုင်တွေက စီစဉ်ပေးထားပါတယ်။

ယူကရိန်းဆန္ဒပြမှု ရဲလုံခြုံရေးတပ်တွေ ရုပ်သိမ်း

Photo: ယူကရိန်းဆန္ဒပြမှု ရဲလုံခြုံရေးတပ်တွေ ရုပ်သိမ်း
Thursday, December 12, 2013

ယူကရိန်းနိုင်ငံမှာ ဥရောပသမဂ္ဂကို လိုလားတဲ့ဆန္ဒပြသူတွေနဲ့ အဓိကရုဏ်းထိန်းရဲတွေအကြား ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ကြပြီးနောက် Kyiv မြို့လယ် ရင်ပြင်ရှိ ဆန္ဒပြစခန်းတခုကို ၀ိုင်းထားတဲ့ လုံခြုံရေးတပ်ဖွဲ့တွေ ရုပ်သိမ်းပေးလိုက်ပါတယ်။
 
Kyiv မြို့ လွတ်လပ်ရေးရင်ပြင်မှာ ဆန္ဒပြသူတွေရဲ့ ယာယီတဲတန်းကို လုံခြုံရေးတွေက ၀င်စီးပြီး ဖြိုချခဲ့ပြီး နာရီအတန်ကြာ ဗုဒ္ဓဟူးနေ့ မနက်ပိုင်းက မြို့တော်ခန်းမထဲမှာ နှစ်ဘက် ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ကြတာပါ။
 
ယူကရိန်းသမ္မတ Viktor Yanukovych က ဆန္ဒပြသူတွေကို အင်အားသုံး နှိမ်နင်းတာတွေ မလုပ်တော့ပါဘူးလို့ ကတိပေးလိုက်ပြီး အတိုက်အခံတွေနဲ့ ဆွေးနွေးဖို့ တောင်းဆိုလိုက်ပါတယ်။
 
အတိုက်အခံဘက်ကတော့ ဆန္ဒပြသူတွေကို အကြမ်းဖက်ခဲ့တဲ့ လုံခြုံရေးရဲတွေကို အပြစ်ပေးပြီး၊ ဖမ်းဆီးထားတဲ့ ဆန္ဒပြသူတွေကို လွှတ်ပေးရမယ်၊ သမ္မတအနေနဲ့ သူ့အစိုးရကို ဖျက်သိမ်းပေးရမယ်၊ ဒါတွေကို လက်တွေ့ အကောင်အထည် မဖော်မချင်း ဘယ်လို စေ့စပ်ဆွေးနွေးမှုမျိုးကိုမဆို မစဉ်းစားဘူးလို့ ထပ်ခါတလဲလဲ ပြောထားပြီးဖြစ်ပါတယ်။
 
မစ္စတာ Yanukovych ဟာ ယူကရိန်း အကြပ်အတည်း အဖြေရှာဖို့ Kyiv မြို့ကို ရောက်ရှိခဲ့တဲ့ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Victoria Nuland နဲ့ရော EU ဥရောပသမဂ္ဂ နိုင်ငံခြားရေးရာမူဝါဒ အကြီးအကဲ Catherine Ashton နဲ့ပါ တွေ့ဆုံဆွေးနွေးပြီးနောက်ပိုင်း အတိုက်အခံနဲ့ ဆွေးနွေးမယ်လို့ ကမ်းလှမ်းလိုက်တာပါ။
 
လက်ထောက်ဝန်ကြီး Victoria Nuland ဟာ Kyiv မြို့ လွတ်လပ်ရေးရင်ပြင်မှာ ဆန္ဒပြသူတွေနဲ့ တွေ့ဆုံခဲ့ရာမှာ ရဲတွေက အင်အားသုံးနှိမ်နင်းတာနဲ့ ပတ်သက်လို့ သမ္မတ Yanukovych ကို တိုင်ကြားခဲ့တယ်လို့ ပြောပါတယ်။

Eleven Media Group

RangonNewsDaily:: December . 12 .2013
ယူကရိန်းနိုင်ငံမှာ ဥရောပသမဂ္ဂကို လိုလားတဲ့ဆန္ဒပြသူတွေနဲ့ အဓိကရုဏ်းထိန်းရဲတွေအကြား ရုန်းရင်းဆန်
ခတ် ဖြစ်ခဲ့ကြပြီးနောက် Kyiv မြို့လယ် ရင်ပြင်ရှိ ဆန္ဒပြစခန်းတခုကို ၀ိုင်းထားတဲ့ လုံခြုံရေးတပ်ဖွဲ့တွေ ရုပ်သိ
မ်းပေးလိုက်ပါတယ်။

ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား ၁၂ ဦးအား လွှတ်ပေး.

Photo

RangonNewsDaily:: December . 12 .2013
ယနေ့ နေ့ လည် ၁၂း၀၀ အချိန်တွင် ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်တွင်အလုပ်ကြမ်းနှင့်ထောင်ဒဏ်တစ်
လကျ ခံ၇သောဒီငြိမ်းလင်းအပါအ၀င် နိုင်ငံရေးအကျဉ်းသား ၁၂ ဦးတို့ အားလွှတ်ပေးခဲ့ကြောင်းသိရသည်။

ကျူးဘားသမ္မတနှင့် အိုဘားမား လက်ဆွဲနှုတ်ဆက်ခဲ့မှုကို အိမ်ဖြူတော် ရှင်းလင်း

Photo: ကျူးဘားသမ္မတနှင့် အိုဘားမား လက်ဆွဲနှုတ်ဆက်ခဲ့မှုကို အိမ်ဖြူတော် ရှင်းလင်း
Wednesday, December 11, 2013

တောင်အာဖရိက ခေါင်းဆောင်ဟောင်း နယ်လ်ဆင်မန်ဒဲလား၏ အောက်မေ့ဖွယ် အမှတ်တရ အခမ်းအနားသို့ အမေရိကန်နှင့် ကျူးဘားတို့၏ သမ္မတများ အသီးသီး တက်ရောက်ပြီးနောက် သမိုင်းဝင် အခိုက်အတန့် တစ်ခုအဖြစ် လက်ဆွဲနှုတ်ဆက်ခဲ့ကြ

ကျူးဘားသမ္မတနှင့် အိုဘားမား လက်ဆွဲနှုတ်ဆက်ခဲ့မှုကို အိမ်ဖြူတော် ရှင်းလင်း 

အမေရိကန် သမ္မတ ဘာရတ်အိုဘားမားနှင့် ကျူးဘားခေါင်းဆောင် ရောလ်ကက်စထရိုတို့ လက်ဆွဲနှုတ်ဆက်ခြင်းသည် လောကဝတ် သဘောထက် ပိုမိုခြင်း မရှိဟု အိမ်ဖြူတော်က ကြေညာခဲ့သည်။ တောင်အာဖရိက ခေါင်းဆောင်ဟောင်း နယ်လ်ဆင်မန်ဒဲလား၏ အောက်မေ့ဖွယ် အမှတ်တရ အခမ်းအနားသို့ အမေရိကန်နှင့် ကျူးဘားတို့၏ သမ္မတများ အသီးသီး တက်ရောက်ပြီးနောက် သမိုင်းဝင် အခိုက်အတန့် တစ်ခုအဖြစ် လက်ဆွဲနှုတ်ဆက်ခဲ့ကြသည်။ ဒီမိုကရေစီဝါဒ အထွန်းကားဆုံး အမေရိကန် ပြည်ထောင်စုနှင့် ကွန်မြူနစ်စနစ်ကို ကျင့်သုံးသော ကျူးဘားနိုင်ငံတို့၏ ခေါင်းဆောင်နှစ်ဦး လက်ဆွဲနှုတ်ဆက်ခြင်းသည် တစ်ကမ္ဘာလုံးအတွက် အံ့ဩစရာ အခြေအနေတစ်ခုသဖွယ် ရိုက်ခတ်လာခဲ့သည်။

ထို့အပြင် အမေရိကန်နှင့် ကျူးဘားတို့၏ ဆက်ဆံရေး တိုးတက်လာမှုကို လှစ်ဟပြရန် ကြိုတင်စီစဉ်ထားသည့် အခြေအနေ တစ်ရပ်ဟု ယူဆမှုများလည်း ရှိလာသည်။ သို့သော်လည်း အိမ်ဖြူတော်က ယင်းသည် ကြိုတင်စီစဉ်မှု မဟုတ်သလို မည်သည့် သဘောထားမျိုးကိုမျှ ပြသခြင်း မဟုတ်ဟု တုံ့ပြန်ဖြေရှင်းခဲ့သည်။ "သမ္မတအနေနဲ့ ဘာကိုမှ ကြိုတင်ပြင်ဆင်ထားတာ မရှိပါဘူး။ ကျူးဘားနဲ့ ပတ်သက်ပြီး သမ္မတအနေနဲ့ ပြောဖူးခဲ့တဲ့ မှတ်ချက်တွေအတိုင်းပဲ သဘောထားပါတယ်။ ခုအပြုအမူဟာ ဈာပန အခမ်းအနားမှာ ကျူးဘားခေါင်းဆောင် ရှိနေခဲ့တာကို ရိုးရိုးသားသား အသိအမှတ်ပြုရုံသာ ဖြစ်ပါတယ်"ဟု အမျိုးသား လုံခြုံရေးဌာန လက်ထောက်အကြံပေး အရာရှိ ဘန်ရိုးဒက်စ်က ပြောကြားခဲ့သည်။

အိမ်ဖြူတော်မှ အရာရှိ တစ်ဦးကလည်း "ဒီကိစ္စမှာ ကြိုစီစဉ်ထားတာ ဘာတစ်ခုမှ မရှိပါဘူး။ ဒီအခမ်းအနားဟာ မန်ဒဲလားကို ဂုဏ်ပြုအမှတ်ရခဲ့တာက လွဲပြီးတော့ ဘာရည်ရွယ်ချက်မှ မပါခဲ့ပါဘူး။ ဒီအခြေအနေမှာ တစ်ကမ္ဘာလုံးက ဘယ်သူမဆို ပါဝင်အားဖြည့်ပေးတာကို ကျွန်တော်တို့ သမ္မတက အသိအမှတ် ပြုမှာပါပဲ"ဟု သတင်းထောက်များထံ မှတ်ချက်ပေးခဲ့သည်။ အိုဘားမား အနေဖြင့် မိမိစကားပြောဆို နှုတ်ဆက်နေသည်မှာ ကက်စ်ထရို ဟုတ်မဟုတ် သတိပြုမိဟန် မတူဆိုသော ခန့်မှန်းချက်များနှင့် ပတ်သက်ပြီးမူ ရိုးဒက်စ်က "သမ္မတက သူစကားပြောနေတာ ကက်စ်ထရိုမှန်း ကောင်းကောင်းသိပါတယ်"ဟု အတည်ပြုချက် ပေးခဲ့သည်။

၎င်းက "ကျွန်တော့် အထင်အရတော့ အခမ်းအနား တက်ရောက်လာသူချင်း အပြန်အလှန် နှုတ်ဆက်တာထက် မပိုပါဘူး။ ပြီးတော့ သမ္မတဟာ မိန့်ခွန်းပြောဖို့ စင်မြင့်ထက်ကို ဆက်ပြီးဦးတည်ခဲ့ပါတယ်"ဟုလည်း ပြောကြားခဲ့သည်။ အမေရိကန်သည် ဒီမိုကရေစီ ဝါဒကို တစ်ကမ္ဘာလုံးသို့ အင်အားကောင်းကောင်း ဖြန့်ကျက်ရန် ကြိုးပမ်းနေသည့် အင်အားကြီး နိုင်ငံတစ်ခု အနေဖြင့် အသိအမှတ်ပြု ခံရသော်လည်း ၎င်းနှင့် ကပ်နေသည့် ကျွန်းနိုင်ငံလေးမှ ကွန်မြူနစ်စနစ်ကို ဖြုတ်မချနိုင်သည်မှာ မျက်စိစပါးမွေး စူးလောက်စရာ အခြေအနေမျိုးအဖြစ် တည်ရှိနေခဲ့သည်။

planet Myanmar Network

RangonNewsDaily:: December . 12 .2013
အမေရိကန် သမ္မတ ဘာရတ်အိုဘားမားနှင့် ကျူးဘားခေါင်းဆောင် ရောလ်ကက်စထရိုတို့ လက်ဆွဲနှုတ်ဆက်
ခြင်းသည် လောကဝတ် သဘောထက် ပိုမိုခြင်း မရှိဟု အိမ်ဖြူတော်က ကြေညာခဲ့သည်။

ယူကရိန်းတွင် သပိတ်စခန်း ဖြိုခွင်းသည့် ရဲများနှင့် ဆန္ဒပြသူများ ထိပ်တိုက်တွေ့

Photo: ယူကရိန်းတွင် သပိတ်စခန်း ဖြိုခွင်းသည့် ရဲများနှင့် ဆန္ဒပြသူများ ထိပ်တိုက်တွေ့
Wednesday, December 11, 2013

ရဲတပ်ဖွဲ့သည် သပိတ်စခန်းတွင် အခြေချနေသူများကို ခွဲထုတ်နိုင်ရန် အဓိက ကြိုးစားခဲ့ခြင်းဖြစ်ပြီး အတိုက်အခံများကလည်း အင်အားစုရုံးကာ ကြံ့ကြံ့ခံခဲ့သည်။

ယူကရိန်းတွင် သပိတ်စခန်း ဖြိုခွင်းသည့် ရဲများနှင့် ဆန္ဒပြသူများ ထိပ်တိုက်တွေ့ 

ယူကရိန်း နိုင်ငံ၊ ကိယက်ဗ်မြို့တော်တွင် အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူများ၏ သပိတ်စခန်း တစ်ခုကို ရဲတပ်ဖွဲ့ဝင် ထောင်နှင့်ချီပြီး စီးနင်းဝင်ရောက်ခဲ့ကြောင်း သိရှိရသည်။ ဗုဒ္ဓဟူးနေ့တွင် ရဲများက မြို့လယ်ရင်ပြင်၌ တပ်ချထားသော သပိတ်စခန်းကို အင်အားသုံး ဖြိုခွဲခဲ့ခြင်း ဖြစ်သည်။ ရဲတပ်ဖွဲ့သည် သပိတ်စခန်းတွင် အခြေချနေသူများကို ခွဲထုတ်နိုင်ရန် အဓိက ကြိုးစားခဲ့ခြင်းဖြစ်ပြီး အတိုက်အခံများကလည်း အင်အားစုရုံးကာ ကြံ့ကြံ့ခံခဲ့သည်။ ရဲများက ဖိအားပေးလာချိန်တွင် ဆန္ဒပြသူများက "မင်းတို့လုပ်နေတာ ရှက်စရာ သိပ်ကောင်းတယ်"၊ "ငါတို့ကတော့ ဆက်ပြီး ရပ်တည်နေမှာပဲ" စသဖြင့် အော်ဟစ် ကြွေးကြော်ခဲ့ကြသည်။

ယူကရိန်းနိုင်ငံကို ဥရောပယူနီယံသို့ ဝင်ရောက်ခွင့်အတွက် လမ်းဖွင့်ပေးခဲ့ခြင်းအား သမ္မတ ဗစ်တာ ယာနူကိုဗစ်ခ်ျက ငြင်းဆန်ခဲ့ပြီးနောက် အစိုးရအနေဖြင့် ရာထူးမှ နုတ်ထွက်ပေးရန် တောင်းဆို ဆန္ဒပြမှုများ ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ဆန္ဒပြသူများသည် ရဲများ ဝင်ရောက်လာချိန်တွင် ပေကပ်နေကြသလို နိုင်ငံတော်သီချင်းကို သံပြိုင် သီဆိုခဲ့ကြကြောင်း သိရှိရသည်။ ရဲများသည် သပိတ်စခန်း ပတ်ဝန်းကျင်တွင် ဆန္ဒပြသူများ ထားရှိသည့် အတားအဆီးများကို ဖယ်ရှားခဲ့ကြသည်။ အစောပိုင်းက ရဲများသည် သပိတ်စခန်းကို ဝန်းရံထားခဲ့ရုံသာ ရှိသော်လည်း နောက်ပိုင်းတွင် စခန်းထဲ ဝင်ရောက်ဖြိုခွဲရန် ကြိုးစားရင်း ဆန္ဒပြသူများနှင့် ပြဿနာ ဖြစ်ခဲ့သည်။ ဖြစ်စဉ်အတွင်း ရဲနှင့် ဆန္ဒပြသူအချို့ ဒဏ်ရာများ ရရှိခဲ့ကြောင်းလည်း မျက်မြင်များက ဆိုသည်။ ထို့အပြင် အတားအဆီး နေရာတစ်ခုတွင် မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ထိုမှတစ်ဆင့် သပိတ်စခန်းမှ ရွက်ဖျင်တဲ တစ်လုံးသို့ မီးကူးစက်ခဲ့ကြောင်းလည်း သိရှိရသည်။

Planet Myanmar Network

RangonNewsDaily:: December . 12 .2013
ရဲတပ်ဖွဲ့သည် သပိတ်စခန်းတွင် အခြေချနေသူများကို ခွဲထုတ်နိုင်ရန် အဓိက ကြိုးစားခဲ့ခြင်းဖြစ်ပြီး အတိုက်
အခံများကလည်း အင်အားစုရုံးကာ ကြံ့ကြံ့ခံခဲ့သည်။