Pages

Pages - Menu

Thursday, December 12, 2013

အဆောင်နေ အထည်ချုပ်စက်ရုံဝန်ထမ်း အမျိုးသမီး ပိုလိုဆေးသောက် သေဆုံး

RangonNewsDaily:: December . 12 .2013
ပိုလိုပိုးသတ်ဆေးသောက်သူ လှိုင်သာယာမြို့နယ်မှ အထည်ချုပ်စက်ရုံ ၀န်ထမ်း အမျိုးသမီးတစ်ဦးသည် ဂျပန်

ဆေးရုံကြီးတွင် ဆေးကုသခံနေစဉ် ဒီဇင်ဘာ ၁၀ ရက် နံနက် ၉ နာရီဝန်းကျင်အချိန်က သေဆုံး သွားသည်
ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်ထားသည်။ သေဆုံးသူသည် လှိုင်သာယာမြို့နယ် (၉)ရပ်
ကွက်၊ အောင်သိဒိ္ဓလမ်း၊ ပြုံးပန်းအဆောင်တွင် နေထိုင်သည့် မ၀ါဝါရွှေ ၂၂ နှစ်ဖြစ်သည်ဟု အတည်ပြုထား
သည်။
ဖြစ်စဉ်မှာ မ၀ါဝါရွှေသည် ဒီဇင်ဘာ ၅ ရက် နံနက် ၆ နာရီကျော်အချိန်က အဆောင်ခန်းအတွင်း ပိုလို ပိုးသတ်
ဆေးသောက်၍ လဲနေသည်ကို တစ်ဆောင်တည်းနေ အစ်မအရင်းဖြစ်သူ မအေးသန္တာကတွေ့ ရှိပြီး လှိုင်သာ
ယာဆေးရုံသို့ ပို့ခဲ့ပြီး ထိုမှတစ်ဆင့် ဂျပန်ဆေးရုံကြီးသို့ တင်ပို့ကုသစဉ် ငါးရက်အကြာ ဒီဇင်ဘာ ၁၀ ရက်တွင်
သေဆုံးသွားခဲ့သဖြင့် ဆေးရုံကပင် အလောင်းကို ပီအာ ၁၂၅ ဖြင့် လက်ခံပြီး စစ်ဆေးနေသည်။

ယင်းဖြစ်စဉ်ကို လှိုင်သာယာရဲစခန်းမှ ဒု-ရဲမှူး သောင်းစိန်နှင့်အဖွဲ့ကလည်း ဒီဇင်ဘာ ၉ ရက် နံနက် ၉ နာရီခွဲ

အချိန်တွင် ပိုလိုပိုးသတ်ဆေးသောက်ထားသည့် အမျိုးသမီးတစ်ဦး သေဆုံးသွားကြောင်း သတင်း အရ ဂျပန်
ဆေးရုံသို့ သွားရောက်စစ်ဆေးအတည်ပြုခဲ့သည်။

ထို့ပြင် ရဲတပ်ဖွဲ့ကလည်းယင်းသေဆုံးမှုမှာဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်၊မဟုတ် စစ်ဆေးဖော်ထုတ်ပေး

ရန် ဒု-ရဲအုပ်ရန်ရှင်းက တရားလိုပြုလုပ် တိုင်တန်းထားရာ ယင်းတိုင်တန်းမှုကို လှိုင်သာယာ ရဲစခန်းက သေ
မှုသေခင်းအမှတ်စဉ် ၇၉/၂၀၁၃ ဖြင့် အမှုဖွင့်ပြီး စခန်းမှူး ဖြစ်သူ ဒု-ရဲမှူးသောင်းစိန်က စစ်ဆေးနေသည်ဟု သတင်းထုတ်ပြန်ထားသည်။

အမျိုးသမီးငယ် ပိုလိုပိုးသတ်ဆေးသောက်သုံးရသည့် အကြောင်းရင်းကိုမူ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားခြင်း မရှိ

သေးပေ။

သုံးခွမြို့နယ်၊ ညောင်နီကျေးရွာတွင် ဒီဇင်ဘာ ၈ ရက်က လယ်ကူလီလုပ်ကိုင်သည့် အသက် ၁၈ နှစ် အရွယ်

အမျိုးသမီးငယ်တစ်ဦးမှာအာရုံကြောဆေးနှင့်ပိုလိုပေါင်းသတ်ဆေးရည်အားမှားယွင်းသောက်သုံးမိခဲ့သဖြင့်
 သေဆုံးခဲ့သည်။

ဇော်ဇော်ထွေး
Mizzima - News , kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment