Pages

Pages - Menu

Thursday, December 12, 2013

ယူကရိန်းတွင် သပိတ်စခန်း ဖြိုခွင်းသည့် ရဲများနှင့် ဆန္ဒပြသူများ ထိပ်တိုက်တွေ့

Photo: ယူကရိန်းတွင် သပိတ်စခန်း ဖြိုခွင်းသည့် ရဲများနှင့် ဆန္ဒပြသူများ ထိပ်တိုက်တွေ့
Wednesday, December 11, 2013

ရဲတပ်ဖွဲ့သည် သပိတ်စခန်းတွင် အခြေချနေသူများကို ခွဲထုတ်နိုင်ရန် အဓိက ကြိုးစားခဲ့ခြင်းဖြစ်ပြီး အတိုက်အခံများကလည်း အင်အားစုရုံးကာ ကြံ့ကြံ့ခံခဲ့သည်။

ယူကရိန်းတွင် သပိတ်စခန်း ဖြိုခွင်းသည့် ရဲများနှင့် ဆန္ဒပြသူများ ထိပ်တိုက်တွေ့ 

ယူကရိန်း နိုင်ငံ၊ ကိယက်ဗ်မြို့တော်တွင် အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူများ၏ သပိတ်စခန်း တစ်ခုကို ရဲတပ်ဖွဲ့ဝင် ထောင်နှင့်ချီပြီး စီးနင်းဝင်ရောက်ခဲ့ကြောင်း သိရှိရသည်။ ဗုဒ္ဓဟူးနေ့တွင် ရဲများက မြို့လယ်ရင်ပြင်၌ တပ်ချထားသော သပိတ်စခန်းကို အင်အားသုံး ဖြိုခွဲခဲ့ခြင်း ဖြစ်သည်။ ရဲတပ်ဖွဲ့သည် သပိတ်စခန်းတွင် အခြေချနေသူများကို ခွဲထုတ်နိုင်ရန် အဓိက ကြိုးစားခဲ့ခြင်းဖြစ်ပြီး အတိုက်အခံများကလည်း အင်အားစုရုံးကာ ကြံ့ကြံ့ခံခဲ့သည်။ ရဲများက ဖိအားပေးလာချိန်တွင် ဆန္ဒပြသူများက "မင်းတို့လုပ်နေတာ ရှက်စရာ သိပ်ကောင်းတယ်"၊ "ငါတို့ကတော့ ဆက်ပြီး ရပ်တည်နေမှာပဲ" စသဖြင့် အော်ဟစ် ကြွေးကြော်ခဲ့ကြသည်။

ယူကရိန်းနိုင်ငံကို ဥရောပယူနီယံသို့ ဝင်ရောက်ခွင့်အတွက် လမ်းဖွင့်ပေးခဲ့ခြင်းအား သမ္မတ ဗစ်တာ ယာနူကိုဗစ်ခ်ျက ငြင်းဆန်ခဲ့ပြီးနောက် အစိုးရအနေဖြင့် ရာထူးမှ နုတ်ထွက်ပေးရန် တောင်းဆို ဆန္ဒပြမှုများ ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ဆန္ဒပြသူများသည် ရဲများ ဝင်ရောက်လာချိန်တွင် ပေကပ်နေကြသလို နိုင်ငံတော်သီချင်းကို သံပြိုင် သီဆိုခဲ့ကြကြောင်း သိရှိရသည်။ ရဲများသည် သပိတ်စခန်း ပတ်ဝန်းကျင်တွင် ဆန္ဒပြသူများ ထားရှိသည့် အတားအဆီးများကို ဖယ်ရှားခဲ့ကြသည်။ အစောပိုင်းက ရဲများသည် သပိတ်စခန်းကို ဝန်းရံထားခဲ့ရုံသာ ရှိသော်လည်း နောက်ပိုင်းတွင် စခန်းထဲ ဝင်ရောက်ဖြိုခွဲရန် ကြိုးစားရင်း ဆန္ဒပြသူများနှင့် ပြဿနာ ဖြစ်ခဲ့သည်။ ဖြစ်စဉ်အတွင်း ရဲနှင့် ဆန္ဒပြသူအချို့ ဒဏ်ရာများ ရရှိခဲ့ကြောင်းလည်း မျက်မြင်များက ဆိုသည်။ ထို့အပြင် အတားအဆီး နေရာတစ်ခုတွင် မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ထိုမှတစ်ဆင့် သပိတ်စခန်းမှ ရွက်ဖျင်တဲ တစ်လုံးသို့ မီးကူးစက်ခဲ့ကြောင်းလည်း သိရှိရသည်။

Planet Myanmar Network

RangonNewsDaily:: December . 12 .2013
ရဲတပ်ဖွဲ့သည် သပိတ်စခန်းတွင် အခြေချနေသူများကို ခွဲထုတ်နိုင်ရန် အဓိက ကြိုးစားခဲ့ခြင်းဖြစ်ပြီး အတိုက်
အခံများကလည်း အင်အားစုရုံးကာ ကြံ့ကြံ့ခံခဲ့သည်။ ယူကရိန်း နိုင်ငံ၊ ကိယက်ဗ်မြို့တော်တွင် အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူများ၏ သပိတ်စခန်း တစ်ခုကို ရဲတပ်
ဖွဲ့ဝင် ထောင်နှင့်ချီပြီးစီးနင်းဝင်ရောက်ခဲ့ကြောင်းသိရှိရသည်။ဗုဒ္ဓဟူးနေ့တွင် ရဲများက မြို့လယ်ရင်ပြင်၌ တပ်
ချထားသော သပိတ်စခန်းကို အင်အားသုံး ဖြိုခွဲခဲ့ခြင်း ဖြစ်သည်။ 
 
ရဲတပ်ဖွဲ့သည် သပိတ်စခန်းတွင် အခြေချနေသူများကို ခွဲထုတ်နိုင်ရန် အဓိက ကြိုးစားခဲ့ခြင်းဖြစ်ပြီး အတိုက်
အခံများကလည်း အင်အားစုရုံးကာ ကြံ့ကြံ့ခံခဲ့သည်။ ရဲများက ဖိအားပေးလာချိန်တွင် ဆန္ဒပြသူများက "မင်း
တို့လုပ်နေတာ ရှက်စရာ သိပ်ကောင်းတယ်"၊ "ငါတို့ကတော့ ဆက်ပြီး ရပ်တည်နေမှာပဲ" စသဖြင့် အော်ဟစ်
ကြွေးကြော်ခဲ့ကြသည်။

ယူကရိန်းနိုင်ငံကို ဥရောပယူနီယံသို့ ဝင်ရောက်ခွင့်အတွက် လမ်းဖွင့်ပေးခဲ့ခြင်းအား သမ္မတ ဗစ်တာ ယာနူ
ကိုဗစ်ခ်ျက ငြင်းဆန်ခဲ့ပြီးနောက် အစိုးရအနေဖြင့် ရာထူးမှ နုတ်ထွက်ပေးရန် တောင်းဆို ဆန္ဒပြမှုများ ပေါ်
ပေါက်လာခြင်း ဖြစ်သည်။ 
 
ဆန္ဒပြသူများသည် ရဲများ ဝင်ရောက်လာချိန်တွင် ပေကပ်နေကြသလို နိုင်ငံတော်သီချင်းကို သံပြိုင် သီဆိုခဲ့ကြ
ကြောင်း သိရှိရသည်။ ရဲများသည် သပိတ်စခန်း ပတ်ဝန်းကျင်တွင် ဆန္ဒပြသူများ ထားရှိသည့် အတားအဆီး
များကို ဖယ်ရှားခဲ့ကြသည်။ 
 
အစောပိုင်းက ရဲများသည် သပိတ်စခန်းကို ဝန်းရံထားခဲ့ရုံသာ ရှိသော်လည်း နောက်ပိုင်းတွင် စခန်းထဲ ဝင်
ရောက်ဖြိုခွဲရန် ကြိုးစားရင်း ဆန္ဒပြသူများနှင့် ပြဿနာ ဖြစ်ခဲ့သည်။ ဖြစ်စဉ်အတွင်း ရဲနှင့် ဆန္ဒပြသူအချို့ ဒဏ်ရာ
များ ရရှိခဲ့ကြောင်းလည်း မျက်မြင်များက ဆိုသည်။ 
 
ထို့အပြင် အတားအဆီး နေရာတစ်ခုတွင် မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ထိုမှတစ်ဆင့် သပိတ်စခန်းမှ ရွက်ဖျင်တဲ တစ်လုံးသို့ မီးကူးစက်ခဲ့ကြောင်းလည်း သိရှိရသည်။

Planet Myanmar Network , kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment