Pages

Pages - Menu

Thursday, December 12, 2013

နိုင်ငံရေး အကျဉ်းသား ၄၁ ဦး လွတ်မြောက်ခဲ့သော်လည်း ပါဂျောင်အမှုတွင် ပါဝင်နေသည့် သံချောင်းနှင့် ဗိုလ်မှူးဝင်းနိုင်ကျော် အမှုတွဲများ မလွတ်မြောက်

RangonNewsDaily:: December . 12 .2013
လက်ကျန်နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေး ကော်မတီမှ တင်ပြထားသည့် နိုင်ငံရေး အကျဉ်းသား ၄၁ ဦးအား ဒီဇင်ဘာ ၁၁ ရက်က လွှတ်ပေးခဲ့သော်လည်း သာယာဝတီ ထောင်တွင်းရှိ RCSS မှ တပ်မှူးစပ်ခွန်ကျော်ခေါ် သံချောင်းအား ABSDF ကျောင်းသားတပ်မတော် မြောက်ပိုင်းပါဂျောင်ဒေသတွင် ဖြစ်ပွားခဲ့သည့် လူသတ်မှု အပါအ၀င် အခြားပြစ်မှုများ ရှိနေသဖြင့် ပြန်လည်စိစစ်ဆဲဖြစ်ပြီး

ဗိုလ်မှူးဝင်းနိုင်ကျော် အမှုတွဲများတွင် တပ်မတော်တွင် လက်ရှိတာဝန် ထမ်းဆောင်နေဆဲ တပ်မတော်သားနှစ်ဦးနှင့် နိုင်ငံခြားရေးရုံးမှ ၀န်ထမ်းတစ်ဦး ပါဝင်နေသဖြင့် အငြင်းပွားနေဆဲ ဖြစ်သည်ဟု အေအေပီပီ၏ တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးဘိုကြည်က ပြောကြားသည်။

ဗိုလ်မှူးအမေက အသက် ၈၀ ကျော်နေပါပြီ သူမသေခင် သူ့သားကို တွေ့ချင်တယ်လို့ မကြာမကြာ ပြောနေတယ်။ သမ္မတကြီးဆီကိုလည်း စာအကြိမ်ကြိမ် ပို့ခဲ့တယ်။ အခုလို ဖြစ်နေတဲ့ အပေါ်မှာ အစ်မတို့မိသားစု တော်တော်စိတ်ဆင်း ရဲရတယ်။ အရင်အစိုးရ လက်ထက်က အရေးယူခဲ့တဲ့ အပေါ်မှာ . . . . .
နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေး ကော်မတီဝင်များ တွေ့ဆုံဆွေးနွေးစဉ် နိုင်ငံရေး အကျဉ်းသားအဖွဲ့များမှ တင်သွင်းသည့် ဗိုလ်မှူးဝင်းနိုင်ကျော်တို့၏ အမှုတွဲဖြစ်သူ ဂိုပြန်စင်း ပြန်လည်လွတ်မြောက်သွားသော်လည်း ကျန်သည့်သူများ မလွတ်မြောက်သည့် အပေါ်တွင် အစိုးရ တာဝန်ရှိသူများက တပ်မတော်တွင် တာဝန်ထမ်းဆောင်နေဆဲသူများ ပါဝင်သောကြောင့် တပ်မတော်အက် ဥပဒေနှင့် ငြိစွန်းနေသောကြောင့် ကာကွယ်ရေး ဦးစီးချုပ်နှင့် သမ္မတ ညှိနှိုင်းဆောင်ရွက်ရမှာ ဖြစ်ကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားသည်။

ဗိုလ်မှူးဝင်းနိုင်ကျော် မလွတ်မြောက်သေးသဖြင့် ဗိုလ်မှူးဝင်းနိုင်ကျော်၏ ဇနီးဖြစ်သူ မခင်မိုးဆန်းက "ဗိုလ်မှူးအမေက အသက် ၈၀ ကျော်နေပါပြီ သူမသေခင် သူ့သားကို တွေ့ချင်တယ်လို့ မကြာမကြာ ပြောနေတယ်။ သမ္မတကြီးဆီကိုလည်း စာအကြိမ်ကြိမ် ပို့ခဲ့တယ်။

အခုလို ဖြစ်နေတဲ့ အပေါ်မှာ အစ်မတို့မိသားစု တော်တော်စိတ်ဆင်း ရဲရတယ်။ အရင်အစိုးရ လက်ထက်က အရေးယူခဲ့တဲ့ အပေါ်မှာ အခုအစိုးရက ဘာဖြစ်လို့ မလွှတ်ပေးနိုင်တာလဲ ဆိုတာကို အစ်မနားမလည်တော့ဘူး" ဟု The Daily Eleven ၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားသည်။

မြောက်ပိုင်းပါဂျောင်ဒေသမှ ညှဉ်းပန်းနှိပ်စက် ခံရပြီးနောက် ပြန်လည်လွတ်မြောက်လာသည့် ဦးရဲလင်းကတော့ ၎င်းအနေနှင့် သံချောင်းအား ဖမ်းဆီးပြီးနောက် သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ်က ပါဂျောင်လူသတ်မှု ပါဝင်ခြင်းမရှိဘဲ ရှေ့တန်းစစ်မျက်နှာပြင်တွင် ရဲများနှင့် အရပ်သားအချို့အား သတ်ဖြတ်သည့် အမှုများ ပါဝင်ခြင်းသာဖြစ်ပြီး သံချောင်းအား ဖမ်းမိစဉ် မူးယစ်ဆေးဝါး သယ်ဆောင်ခဲ့သည်ဟုလည်း ဖတ်မိထားကြောင်း ပြောကြားသည်။

အကျဉ်းထောင်အတွင်း စိစစ်ဆဲ ၄၄ ဦး ကျန်ရှိပြီး အမှုရင်ဆိုင်နေရသူ ၂၀၀ ကျော် ရှိနေသဖြင့် ၂၀၁၃ နှစ်ကုန်တွင် နိုင်ငံရေး အကျဉ်းသား မကျန်ရအောင် လွှတ်ပေးမည်ဟုပြောသည့် သမ္မတ၏စကား စောင့်ကြည့်နေကြောင်းလည်း ပြောကြားသည်။

Eleven Media , kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment