Pages

Pages - Menu

Thursday, December 12, 2013

မင်ဒဲလားအောက်မေ့ဖွယ် အခမ်းအနားတွင် စကားပြန်က လိမ်ညာဘာသာပြန်မှုများ ရှိခဲ့

Photo: မင်ဒဲလားအောက်မေ့ဖွယ် အခမ်းအနားတွင် စကားပြန်က လိမ်ညာဘာသာပြန်မှုများ ရှိခဲ့
Thursday, December 12, 2013

လွန်ခဲ့သော ရက်ပိုင်းအတွင်း မင်ဒဲလား အောက်မေ့ဖွယ် အခမ်းအနား ပြုလုပ်စဉ်က အကြားအာရုံချို့တဲ့သူများအတွက် လက်အမှုအယာဖြင့် ဘာသာပြန်ပေးခဲ့သူသည် မူရင်းမိန့်ခွန်းများတွင် မပါဝင်သော စကားလုံးများ၊ မှားယွင်းသော အမူ အယာများဖြင့် လိမ်ညာဘာသာပြန်ပေးခဲ့ကြောင်း သင်္ကေတဘာသာစကား ကျွမ်းကျင်သူများက ဖွင့်ချခဲ့သည်။

တောင်အာဖရိက သမ္မတဟောင်း ကွယ်လွန်ခြင်းအတွက် ပြုလုပ်သည့် ရုပ်သံထုတ်လွှင့်မှု မိန့်ခွန်းများတွင် ဘာသာပြန်ပေး သူသည် အဓိပ္ပါယ်မဲ့စကားလုံးများ ဆက်တက်နီးပါး မှားယွင်းခဲ့ကြောင်း ကိတ်တောင်းမှ သင်္ကေတဘာသာစကားနှင့် ပညာရေးဖွံ့ဖြိုးရေးမှ 
ဒါရိုက်တာ ကာရာလိုအိုနင်းက ဆိုသည်။ 

ထိုဖြစ်ရပ်အတွက် အမေ၇ိကန် သမ္မတ ဘာရက်ခ်အိုဘားမား ကဲ့သို့သော နိုင်ငံခေါင်းဆောင်ကြီးများ၏ မိန့်ခွန်းမျိုးကို အစဉ်အလာ
မရှိသူ၊ ကျွမ်းကျင်မှု မရှိသူ တစ်ဦးကို သင်္ကေတဘာသာပြန်သမားအဖြစ် ထားရှိရသနည်းဟု မေးခွန်းများစွာ ထွက်လျက်ရှိသည်။ 

တောင်အာဖရိကနားမကြားသူများအဖွဲ့မှ အမျိုးသားရေးရာ ဒါရိုက်တာ ဘရုနိုဒရုချန်က ခေါင်းဆောင်များ မိန့်ခွန်းပြောချိန်တွင် တစ်မီတာ အကွာတွင်ရပ်ကာ သင်္ကေတဘာသာပြန် လုပ်နေသူ၏ လက်အမူ အရာများသည် ဘာအဓိပ္ပါယ်မှ မထွက်သော ဘာသာပြန်မှု များစွာကို ပြုလုပ်ခဲ့သည်ဟု အတိအကျ ဆိုခဲ့သည်။ 

ထိုမျှမက မိန့်ခွန်းတွင် စိတ်ခံစားချက်အပြည့်ဖြင့်ပြောသော 
နေရာများတွင်လည်း ဘာသာပြန်သူ၏ မျက်နှာအမူအယာ များမှာ 
လုံးဝ အသက်မ၀င်ဘဲ သူကိုယ်တိုင် လုံးစေ့ပတ်စေ့ နားမလည်သည့် ပုံ ပေါ်လွင်နေသည်ဟု ပြောကြသည်။ 

Ref: Al jazeera
The Myanma Age

RangonNewsDaily:: December . 12 .2013
လွန်ခဲ့သော ရက်ပိုင်းအတွင်း မင်ဒဲလား အောက်မေ့ဖွယ် အခမ်းအနား ပြုလုပ်စဉ်က အကြားအာရုံချို့တဲ့သူများအတွက် လက်အမှုအယာဖြင့် ဘာသာပြန်ပေးခဲ့သူသည် မူရင်းမိန့်ခွန်းများတွင် မပါဝင်သော စကားလုံးများ၊ မှားယွင်းသော အမူ အယာများဖြင့် လိမ်ညာဘာသာပြန်ပေးခဲ့ကြောင်း သင်္ကေတဘာသာစကား ကျွမ်းကျင်သူများက ဖွင့်ချခဲ့သည်။ တောင်အာဖရိက သမ္မတဟောင်း ကွယ်လွန်ခြင်းအတွက် ပြုလုပ်သည့် ရုပ်သံထုတ်လွှင့်မှု မိန့်ခွန်းများတွင် ဘာသာပြန်ပေး သူသည် အဓိပ္ပါယ်မဲ့စကားလုံးများ ဆက်တက်နီးပါး မှားယွင်းခဲ့ကြောင်း ကိတ်တောင်းမှ သင်္ကေတဘာသာစကားနှင့် ပညာရေးဖွံ့ဖြိုးရေးမှ ဒါရိုက်တာ ကာရာလိုအိုနင်းက ဆိုသည်။

ထိုဖြစ်ရပ်အတွက် အမေ၇ိကန် သမ္မတ ဘာရက်ခ်အိုဘားမား ကဲ့သို့သော နိုင်ငံခေါင်းဆောင်ကြီးများ၏ မိန့်ခွန်းမျိုးကို အစဉ်အလာမရှိသူ၊ ကျွမ်းကျင်မှု မရှိသူ တစ်ဦးကို သင်္ကေတဘာသာပြန်သမားအဖြစ် ထားရှိရသနည်းဟု မေးခွန်းများစွာ ထွက်လျက်ရှိသည်။

တောင်အာဖရိကနားမကြားသူများအဖွဲ့မှ အမျိုးသားရေးရာ ဒါရိုက်တာ ဘရုနိုဒရုချန်က ခေါင်းဆောင်များ မိန့်ခွန်းပြောချိန်တွင် တစ်မီတာ အကွာတွင်ရပ်ကာ သင်္ကေတဘာသာပြန် လုပ်နေသူ၏ လက်အမူ အရာများသည် ဘာအဓိပ္ပါယ်မှ မထွက်သော ဘာသာပြန်မှု များစွာကို ပြုလုပ်ခဲ့သည်ဟု အတိအကျ ဆိုခဲ့သည်။

ထိုမျှမက မိန့်ခွန်းတွင် စိတ်ခံစားချက်အပြည့်ဖြင့်ပြောသော နေရာများတွင်လည်း ဘာသာပြန်သူ၏ မျက်နှာအမူအယာ များမှာ လုံးဝ အသက်မ၀င်ဘဲ သူကိုယ်တိုင် လုံးစေ့ပတ်စေ့ နားမလည်သည့် ပုံ ပေါ်လွင်နေသည်ဟု ပြောကြသည်။

Ref: Al jazeera
The Myanma Age , kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment