Pages

Pages - Menu

Tuesday, April 9, 2013

Myanmar News Week ဂျာနယ်အား မော်ဒယ်အမရာငြိမ်းတရားစွဲမည်

ဒီလို ဂျာနယ်မျိုး Media လောကမှာရှိသင့်လား။
ကိုယ့် လူမျိုးအချင်းချင်းဆိုရင်တော့ ထိခိုက်နစ်နာမှု့တွေမကြည့်...
သားသမီးချင်း ကိုယ်ချင်းစာပါ။
လူလိုသိပါ။
ဒီ မိန်းကလေးနေရာမှာ သင့်သားသမီး၊ သင့်ညီမဆိုရင် သင်ဒီလိုလူသိရှင်ကြား နာမည်ပျက် သိက္ခာကျအောင် လုပ်ပါ့မလား။
အမှန်စင်စစ် ငပလီက Amazine Hotel ကြော်ငြာရိုက်တာပါ။
ကိုယ့်မြန်မာ မိန်းကလေးတစ်ယောက် သူ့ရဲ့ဝါသနာနဲ့ သူစိတ်ပါဝင်စားတဲ့ အနုပညာနဲ့ ဝမ်းစာရှာနေတာကို ဒီလိုလုပ်ကြံရေးတဲ့ ကိစ္စမျိုးဆိုတာ နှမသားချင်း ကိုယ်ချင်းစာတဲ့သူတိုင်း လက်မခံနိုင်တဲ့ကိစ္စပါ။
သူငယ်ချင်းတို့လည်း ဒီစာကို ဖတ်ပြီးရင် ကာယကံရှင် မိန်းကလေး Emerald Nyein အတွက် အမှန်ကိုတခြားလူတွေသိအောင် ဒီ Photo လေးကို ကျေးဇူးပြုပြီး Share ပေးသွားကြပါရန် မေတ္တာရပ်ခံပါတယ်.....

Credit - လေဒီရှုရှု

Admin - @[334757949967969:274:Yan Naing Aung]

မိုက်ကယ်လန်းမှအဆိုတော်တစ်ဦးနှင့်မော်ဒယ်အမရာငြိမ်းအား Myanmar News Week ဂျာနယ်မှမတရား
စွပ်စွဲရေးသားထားခြင်းနှင့်ပတ်သတ်၍အမရာငြိမ်းကအဆိုပါဂျာနယ်အားအသရေဖျက်မှုဖြင့်တရားစွဲဆိုသွား
မည် ဖြစ်ကြောင်း မော်ဒယ်အမရာငြိမ်းက ယနေ့ခေတ်သို့ပြောကြားသည်။

အီရန်နျူကလီးယား ဓာတ်အားပေးစက်ရုံအနီး ငလျင်လှုပ်ခတ်

အီရန်နျူကလီးယား ဓာတ်အားပေးစက်ရုံအနီး ငလျင်လှုပ်ခတ်
Tuesday, April 9, 2013

အီရန်နိုင်ငံတွင် Bushehr နျူကလီးယား ဓာတ်အားပေးစက်ရုံအနီး ဗဟိုပြု၍ ပြင်းအား ရစ်ခ်ျတာစကေး ၆.၃ အဆင့်ရှိ ငလျင်တစ်ခု ယနေ့ 
(ဧပြီ ၉ ရက်) လှုပ်ခတ်သွားသည်။ 

အီရန်နိုင်ငံတွင် Bushehr နျူကလီးယား ဓာတ်အားပေးစက်ရုံအနီး ဗဟိုပြု
၍ ပြင်းအား ရစ်ခ်ျတာစကေး ၆.၃ အဆင့်ရှိ ငလျင်တစ်ခု ယနေ့ (ဧပြီ ၉ ရက်) လှုပ်ခတ်သွားသည်။ ငလျင်လှုပ်ခတ်မှုကြောင့် လူ ၃ ဦးသေဆုံးကြောင်း အီရန်နိုင်ငံပိုင် ရုပ်မြင်သံကြားသတင်းက ပြောကြားသည်။ 

Bushehr နျူကလီးယား ဓာတ်အားပေးစက်ရုံမှာ Bushehr မြို့ရှိ အရှေ့တောင်ဘက် ၁၁ မိုင်အကွာတွင် တည်ရှိနေခြင်းဖြစ်သည်။

ငလျင်သည် Bushehr နျူကလီးယား ဓာတ်အားပေးစက်ရုံနှင့် 
၅၅ မိုင်အကွာတွင် ဗဟိုပြုလှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း RT News တွင် ဖော်ပြသည်။ ငလျင်လှုပ်ခတ်မှုကြောင့် နျူကလီးယား ဓာတ်အားပေးစက်ရုံတွင် ထိခိုက်ပျက်စီးမှု တစ်စုံတစ်ရာ မဖြစ်
ပေါ်ကြောင်း သိရသည်။ Bushehr နျူကလီးယား ဓာတ်အားပေး
စက်ရုံကို ရုရှားကုမ္ပဏီတစ်ခုက တည်ဆောက်ထားခြင်းဖြစ်သည်။

Source: RT News
Planet Myanmar Network

Tuesday, April 9, 2013

အီရန်နိုင်ငံတွင် Bushehr နျူကလီးယား ဓာတ်အားပေးစက်ရုံအနီး ဗဟိုပြု၍ ပြင်းအား ရစ်ခ်ျတာစကေး ၆.၃ 
အဆင့်ရှိ ငလျင်တစ်ခု ယနေ့ (ဧပြီ ၉ ရက်) လှုပ်ခတ်သွားသည်။ ငလျင်လှုပ်ခတ်မှုကြောင့် လူ ၃ ဦးသေဆုံး
ကြောင်း အီရန်နိုင်ငံပိုင် ရုပ်မြင်သံကြားသတင်းက ပြောကြားသည်။

ပဲခူးတိုင်းက ဖျက်ဆီးမှုများ အရေးယူမှု စတင်

ဧပြီ ၉ ၊၂၀၁၃

အကြမ်းဖက်ဖျက်ဆီးမှုတွေနဲ့ ပတ်သက်လို့ ပဲခူးတိုင်းအနောက်ခြမ်း ကြို့ပင်ကောက်မြို့မှာ အယောက် ၄၀
ကျော် ဖမ်းဆီး စစ်ဆေးနေတယ်လို့ မြို့ခံတဦးက ပြောပါတယ်။ “အခုနောက်ပိုင်းကတော့ အိမ်ဖျက်တာတို့ ဘာတို့ ဖျက်ဆီးတဲ့သူတွေကို ဓာတ်ပုံမှတ်တမ်းရှိတဲ့သူတွေအကုန်ဖမ်းတာပဲ။ အနည်းဆုံး၅၀-၆၀ လောက်ရှိ
မယ်။ကျနော်တို့ရှေ့တင်ဖမ်းသွားတုန်းကလိုက်ထရပ်နဲ့၃ စီး။ စခန်းကို ခေါ်သွားတယ်၊ အမျိုးသမီးတွေတောင်
ပြန်မလွှတ်ပေးဘူး။”

ငါဘယ်တော့မှ မသိမ်ငယ်ဘူး

ဧပြီ ၉ ၊ ၂၀၁၃
စင်္ကာပူ အလည်ရောက်တုန်း သူငယ်ချင်း တစ်ယောက်က ဒီလိုပြောဖူးတယ် “ငါတော့ ဒီမှာ မြန်မာလို့ပြော
ရမှာရှက်လို့ မြန်မာလိုမပြောဘူးဟယ်.. အင်္ဂလိပ်လိုပဲပြောရအောင်။” အဲဒီတုန်းကသူ့ကို “ဟဲ့.. ငါတို့မြန်မာ
ပြည်ကလူတိုင်း စုတ်ပြတ်နေတာမဟုတ်ဘူး၊ငါတို့လို ရုပ်ချောစာတော်ပြီးချမ်းသာတဲ့ မြန်မာတွေလဲ ရှိတယ်
ဆိုတာ သူတို့သိရအောင် ငါတို့က မြန်မာလိုပိုပြောရမှာဟဲ့” ဆိုပြီးတောင် ရယ်မောရင်းသူ့ကိုအားပေးခဲ့ပ
တယ်။ နောက်သူ မြန်မာပြည်ပြန်လာတုန်း တွေ့ကြတော့ “ဟိုမှာစာလာသင်တဲ့ Indian လေးတွေ Pakistan
လေးတွေ အရမ်းချောတာပဲ.. ထောင်ထောင်မောင်းမောင်းနဲ့ သန့်ပြန့်နေတာပဲ၊ ဒီမှာလဲ နင့်အသိထဲမှာ အဲလို
မျိုးရှိရင် မိတ်ဆက်ပေးပါဟယ်” တဲ့။ သူ့စကားကို အတည်ယူလို့လဲ ရှာမပေးခဲ့ပါဘူး။

အခွင့်ထူးခံ စီးပွားရေးသမားများ

စစ်အုပ်စုရဲ့  ဦးပိုင်ကုမ္မဏီတွေ၊ စွမ်းရည်မရှိတဲ့ နိုင်ငံပိုင်လုပ်ငန်းတွေနဲ့ အခွင့်ထူးခံတစု ကြီးစိုးနေတဲ့ မြန်မာစီး
ပွားရေးမှာ တခြားလုပ်ငန်းကြီးငယ်တွေ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်လာနိုင်အောင် လုပ်ဖို့လိုကြောင်း မေလ (၁၀) ရက်နေ့က ထုတ်ပြန်တဲ့ ESCAP (ခေါ်) ကုလသမဂ္ဂ အာရှပစ္စဖိတ် လူမှုစီးပွားရေးကော်မရှင်ရဲ့  အစီရင်
ခံစာမှာ ဖော်ပြထားပါတယ်။ အရပ်သားတပိုင်းအစိုးရက ကြိုးစားပြီး ပြုပြင်ပြောင်းလဲနေပေမယ့် ချုပ်ချယ်
ကန့်သတ်မှုတွေ ရှိနေသေးတာဟာ ကုန်ထုတ်လုပ်ငန်းနဲ့ စိုက်ပျိုးရေးလုပ်ငန်းကို ဟန့်တားသလို ဖြစ်နေ
တယ်လို့ ဆိုပါတယ်။ လုပ်ငန်းအသေးစားနဲ့ အလတ်စားတွေ များပြားလာဖို့ လိုပါတယ်။

အဆီကျဆေးများက ကျောက်ကပ်ပျက်စီးစေနိုင်

အဆီကျဆေးများက ကျောက်ကပ်ပျက်စီးစေနိုင်
Saturday, April 6, 2013

အဆီကျဆေးအုပ်စုဝင်ဖြစ်သော statin သည် သွေးတွင်းကို လက်စတီရောကို ကျဆင်းစေနိုင်သော်လည်း ကျောက်ကပ်ကို ပျက်စီးစေနိုင် ကြောင်း သိရှိရသည်။

အဆိုပါ statin များကို ပမာဏများစွာ သောက်သုံးခြင်း သည် နှလုံးရော
ဂါနှင့် လေဖြတ်ခြင်းတွင် သင့်တော်သော် လည်း ရုတ်တရက် ကျောက်
ကပ်ပျက်စီးမှုနှင့် ဆက်စပ်နေကြောင်း ဖော်ထုတ်နိုင်ခဲ့သည်။ 

အဆီကျဆေးကို သောက်သုံးအပြီး ရက်ပေါင်း ၁၂၀ အတွင်း ကျောက်ကပ်
ပျက်စီးမှုဖြစ်ပွားနိုင်ပြီး ဆေးသောက်အပြီး နှစ်နှစ်ခန့်အကြာတွင် ရောဂါလက္ခဏာများ ပေါ်ပေါက်လာနိုင်ချေများသဖြင့် အဆီကျ ဆေးများ၏ dose ကို ချင့်ချိန်ပေးရန် လိုအပ်သည်ဟု ယခုလေ့လာမှုကို ဦးဆောင်သူ University 
of British Columbia မှ သုတေသီ Dr. Pierre Ernst က ပြောကြားခဲ့သည်။

ယခုလေ့လာမှုသည် ဆေးဝါးကို လုံးဝပစ်ပယ်ရမည်မဟုတ်ကြောင်း၊
နှလုံးရောဂါရှင်များတွင် Statin ဆေးဝါးမမှီဝဲပါက အသက်အန္တရာယ် ထိခိုက်နိုင်ချေရှိကြောင်း သို့သော် ပမာဏများစွာကို အချိန်ကြာ သောက်
သုံးရခြင်းက ကျောက်ကပ်ပျက်စီးမှုစေနိုင်ကြောင်း၊ နှလုံးရောဂါ၊ လေဖြတ်ခြင်းနှင့် ကျောက်ကပ်ပျက်စီးမှုများကို သုံးသပ်ကာ သမားတော်များ၊ဆေးဝါး
ကို သေချာပေးသင့်ကြောင်း ကို ဗြိတိသျှ နှလုံးကျန်းမာရေးဖောင်ဒေးရှင်းမှ ဒါရိုက်တာပါမောက္ခ Dr. Peter Weissberg က ရှင်းပြထားသည်။

သက်ကို
Ref: ANI
Health Updates Journal

အဆီကျဆေးအုပ်စုဝင်ဖြစ်သော statin သည် သွေးတွင်းကို လက်စတီရောကို ကျဆင်းစေနိုင်သော်လည်း
ကျောက်ကပ်ကို ပျက်စီးစေနိုင် ကြောင်း သိရှိရသည်။

၂၀၁၃ မဟာသင်္ကြန်တွင် ခေတ်စားလာမည်သီချင်းလေးတစ်ပုဒ် ( ဟာသ)

၂၀၁၃သင်္ကြန်တွင် ခေတ်စားမည့်သီချင်းများ

မူးကြမယ့်ပုလင်းသံ ပျံ့လွင့်လို့နေ ..♪ ♫
ကူးပြောင်းစ တန်ခူးလေမှာ .. ♪ ♫
တစ်ယောက်တစ်ခွက်နဲ့ကမ်းကာ သောက်လိုက်ကြစဉ်
မသောက်ဘူးပြောကာ အန်အောင်သောက်သူရေ ..
ခေါင်းကြီးစိုက်လို့ မသောက်ဘူးပြောကာ အန်အောင် သောက်သူရေ ... ♪ ♫

သည်တန်ခူးရွှင်မြူး အမူးသောက်မယ်လေ....
ကမ်းကုန်အောင်သောက်လိုက်တော့လေ...မောင်မောင်ရယ်တဲ့...♪ ♫
ကမ်းကုန်အောင်သောက်လိုက်တော့ မူးပါတယ်ခင်ဗျ..
မြန်မာဘီယာကမူးပါတယ်ဆို...ဒဂုံဘီယာက မူးပါတယ်ကွယ်.....♪ ♫

ရှာပုံတော်မင်းသားကြီး...မဏ္ဍပ်တကာရောက်ခဲ့ပြီ...♪ ♫
ဘယ်အရပ်သူဇာတိမှန်းလဲ မသိတော့အခက်တွေ့ပြီ....
မနှစ်ကပေးတဲ့ မင်းလိပ်စာ...ဦးပိုင်မြေကွက်ဖြစ်နေသည်♪ ♫♪ ♫
.မမှတ်မိတော့ အခတ်သားလှဒေ၀ီ...♪ ♫

သင်္ကြန်နွေဦး ချွတ်ပြ ချွတ်ပြ ချွတ်တဲ့ပွဲတော်ပါ♪ ♫
သင်္ကြန်နွေဦး ရူးကြ မူးကြ ဆဲတဲ့ပွဲတော်ပါ
ဟိုဘက်မှာလည်း ချွတ်ပြ ချွတ်ပြ sexy ပျိုမေပါ♪ ♫
ဒီဘက်မှာလည်း ရူးကြ မူးကြ သေကြေကုန်ပြီခင်ဗျာ♪ ♫♪ ♫

Credit to သားကို ဆိုးပေပေကောင်လေး မန္တလေး

မူးကြမယ့်ပုလင်းသံ ပျံ့လွင့်လို့နေ ..♪ ♫
ကူးပြောင်းစ တန်ခူးလေမှာ .. ♪ ♫
တစ်ယောက်တစ်ခွက်နဲ့ကမ်းကာ သောက်လိုက်ကြစဉ်
မသောက်ဘူးပြောကာ အန်အောင်သောက်သူရေ ..
ခေါင်းကြီးစိုက်လို့ မသောက်ဘူးပြောကာ အန်အောင် သောက်သူရေ ... ♪ ♫

တောင်ကိုရီးယားရှိ နိုင်ငံခြားသံတမန်များဘေးလွတ်ရာ သို့ပြောင်ရွှေ့ရန်မြောက်ကိုရီးယားသတိပေး

တောင်ကိုရီးယားရှိ နိုင်ငံခြားသံတမန်များဘေးလွတ်ရာသို့ပြောင်ရွှေ့ရန်မြောက်ကိုရီးယားသတိပေး
Tuesday, April 9, 2013 

ယနေ့ဧပြီလ(၉)ရက် နေ့လည်(၁)နာရီခန့်က မြောက်ကိုရီးယားသည် တောင်ကိုရီးယားရှိ သံတမန်များအား ဘေးကင်းရာသို့ ရွှေ့ပြောင်းနေထိုင်ကြရန် သတိပေးလိုက်ကြောင်း သတင်းရရှိသည်။ 

သို့သော် တောင်ကိုရီးယားတို့ဘက်က တုန်လှုပ်ပုံမပြကြဟု ဆိုသည်။ မြောက်ကိုရိးယား သည် ဂျပန်၊တောင်ကိုရီးယားနှင့် အမေရိကန် စစ်စခန်း များအား တိုက်မည်ဟု ခြိမ်းခြောက်မှုများရှိနေသဖြင့် ဂျပန်နိုင်ငံက လည်း တိုကျို မြို့တော်အတွင်းရှိ သန်း၃၀ သောပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ် လုံခြုံရေးကို ကာကွယ်ရန်အတွက်တိုကျိုမြိ့အတွင်း အမေရိက န်ပြည်ထောင်စုလုပ် ပက်ထရီယော့ ဒုံးခွင်းဒုံးချေမှုန်းရေး ဒုံးကျည်တပ်စု ( Patriot anti  missile Batteries) ၃စုကို တိုကျိုမြို့အတွင်းရှိ နေရာ ၃  နေရာတွင် ဖြန့်ခွဲးချထားသည်ဟု  ၀န်ကြီးချုပ်  ရှင်ဇိုအာဘေးကပြောကြားသည်။ 

သို့သော်ဂျပန် နိုင်ငံသားတစ်ဦးတစ်လေမျှ  မြောက်ကိုရီးယားက တိုက်မည် ဟုမထင်ေ ကြာင်းတိုကျိုရှိ ဘီ ဘီစီ သတင်းထောက်တစ်ဦးကဆိုသည်။
 
မောင်ကျော်
HotNewsWeekly

Tuesday, April 9, 2013

ယနေ့ဧပြီလ(၉)ရက် နေ့လည်(၁)နာရီခန့်က မြောက်ကိုရီးယားသည် တောင်ကိုရီးယားရှိ သံတမန်များအား ဘေးကင်းရာသို့ ရွှေ့ပြောင်းနေထိုင်ကြရန် သတိပေးလိုက်ကြောင်း သတင်းရရှိသည်။

မြန်မာအင်တာနက်ချစ်ပိရိသတ်များအတွက် Mozilafirefox Browser မြန်မာဘာသာနဲ.အသုံးပြုလို.ရပြီ

Mozilfirefox ကို မြန်မာဘာသာနဲ.အသုံးပြုခွင်.ပေးလိုက်ပါပီ 

ဟဲဟဲ လာပါပီခင်ည Mozilafirefox ကို မြန်မာဘာသာနဲ.အသုံးပြုလို.ရပါပီခင်ဗျ လိုချင်ရင်တော.ဒေါင်းကျနော် မိုက်တာတော.မိုက်တယ်ဗျ google ကိုမြန်မာဘာသာနဲ.အသုံးပြုခွင်.ပီးတဲ. နောက်ပိုင်း Mozilafirefox မှာလည်း မြန်မာဘာသာနဲ.အသုံးပြုခွင်.ပေးခဲ.တာဖြစ်ပါတယ်။၁ကလစ်နဲ.ဒေါင်းကျပါနော်.။ window အတွက်ကော။MAC OS  X အတွက်ကော။   Linux Os အတွက်ကောတင်ပေးလိုက်ပါတယ်။လခ်.ကတော. oneclick နဲ.တင်ပေးလိုက်ပါတယ်။ 

Window အတွက်ဒီမှာဒေါင်း http://ftp.mozilla.org/pub/mozilla.org/firefox/nightly/latest-mozilla-aurora-l10n/firefox-22.0a2.my.win32.installer.exe

MAC OS အတွက်ဒီမှာဒေါင်း http://ftp.mozilla.org/pub/mozilla.org/firefox/nightly/latest-mozilla-aurora-l10n/firefox-22.0a2.my.mac.dmg

Linux Os အတွက်ဒီမှာဒေါင်း http://ftp.mozilla.org/pub/mozilla.org/firefox/nightly/latest-mozilla-aurora-l10n/firefox-22.0a2.my.linux-i686.tar.bz2

ဒီဖြင်.ဘာသာစကားတွေနဲ.လဲရှိပါသေးတယ် လေ.လာပီး Download လုပ်ယူလိုသူတွေအတွက် http://www.mozilla.org/en-US/firefox/all-aurora.html


မြန်မာအင်တာနက်ချစ်ပိရိသတ်များအတွက်MozilafirefoxBrowser မြန်မာဘာသာနဲအသုံးပြုလိုပြီဖြစ်ကြောင်း
သိရပါသည်။ Google ကိုမြန်မာဘာသာနဲအသုံးပြုခွင်.ပီးတဲ. နောက်ပိုင်းMozilafirefox မှာလည်း မြန်မာဘာ
သာနဲ.အသုံးပြုခွင်.ပေးခဲ.တာဖြစ်ပါတယ်။

အမျိုးပျောက်မှာ အဘယ်ကြောင့် စိုးကြောက်နေရတာလဲ ?

ဝိရသူအပါဝင်၊ ၀ိရသူနောက်လိုက် ၉၆၉ များနှင်တကွ၊ မြန်မာပြည်တွင် နေထိုင်ကြသေား အမျိုးပျောက်မှာ
ကြောက်နေရှာ သူများ အတွက် ကျွန်တော် ရဲ့ စေတနာမေတ္တာကိုယ် ရှေ့ ထားပြီး အကောင်း ဆုံး အကြံ ပြုလိုက်ပါတယ်။

(၁) အားလုံး သိကြတဲ့အတိုင်း မြန်မာ နိုင် ငံသည် ဗုဒ္ဓ္ဒဘာသာနိုင်ငံပါ၊ အစ္စလာမ်နိုင်ငံ မဟုတ်ပါ၊ လွတ်လပ်ရေး ရပြီသည့် အချိန်မှ စပြီး ယနေ့ ထက်တိုင် မြန်မာ နိုင်ငံတွင် ဗုဒ္ဓ ဘာသာမှ လွဲးပြီး
ကျန်ဘာသာများမှာ လွတ်လပ် စွာ ကိုယ်ကွယ်ခွင့် မရရှိခဲ့ပါ၊ဗုဒ္ဓဘာသာဝင်များ အနေဖြင့် လွတ်လပ်စွာ
ကိုးကွယ်ခွင့် ရသည် ဗုဒ္ဓဘာသာရဲ့ နိုင်ငံတော် ကြီးမှာ ၊ အဘယ်ကြောင့် မိမိဘာသာ၊သာသနာထွန်း
ကားအောင် မကြိုးပမ်း နိုင်တာလည်၊ လွတ် လပ်စွာကိုယ်ကွယ်ခွင့် ရှိသည် ဗုဒ္ဓဘာသာ၊လွပ်လပ်စွာ ဟော
ပြောခွင့်ရှိသည့် သာသနာ၊ မြန်မာ နိုင်ငံမှာ ဘာကြောင့် မထွန်းကားသလည်း၊ ဒီနေ ဗုဒ္ဓဘာဝင် ၁၀၀ မှာ
၉၀ ယောက် သြကာသ ဆိုမတတ်ကြဘူး၊ ၃၈ဖြာ မင်္ဂလာ ဆို တာ နားမလည်ကြဘူး၊ ဗုဒ္ဓဘာသာ ၀င်တွေ
ဒီလို ဖြစ်နေတာ ဘာကြောင့်လည်၊ အဓိက တရာခံက ဘယ်သူ တွေလည်၊ ဒီနေ့ အောက်ခြေလူတန်းစာ ဗုဒ္ဓဘာသာဝင်တွေ အများ စုကိုယ် လေ့ လာ ကြည့် ပါ၊ မိမိ အိမ်မှ မိသားစုဝင် တွေ စားသောက်ဖို့ အဆင်ပြေ သလာ၊ မစားရသေးလားဆို တာ မစဉ်းစာ၊ ညနေ အိမ်မရောက် ခင် ယမကာ ဆိုင်လေး မှာ
ရသမျှကုန်အောင်သောက်လို့ ပါ၊ မည်သူ မဆို မိမိနေထိုင်ရာ အမြို့မြို့ အနယ်နယ်မှာ လေ့ လာ ကြည့်
ပါ ဟုတ်မဟုတ်၊ ဒီလို ဗုဒ္ဓဘာသာဝင်တွေ ဖြစ်နေတာ အဓိက ဘယ်သူ့ မှာ တာဝန်ရှိလည်။
ဒီနေ့ ရန် ကုန်မြို့ ကြီး အပါ ၀င် နေရာတိုင်းမှာ ဗုဒ္ဓဘာဝင်မိန်းကလေး အများစု၊ မိမိ ခန္တကိုယ် အသုံးချ
ပြီး ငွေရှာနေတယ်၊ ပိုင်ရှင်တွေ က ဗုဒ္ဓဘာသာဝင် မြန်မာ တိုင်းရင်သားစစ်ပါ၊ ဒီလိုဖြစ်ရပ်တွေက ယဉ်ကျေး
တယ်ဆိုတဲ့ မြန်မာ နိုင်ငံ၊ ကမ္ဘာ အယဉ် ကျေးဆုံး ဆုကိုယ်လက်ကိုင်ထားတဲ့သာသနာ ကိုယ် ပိုင်ဆိုင် ထားတဲ့ မြန်မာ နိုင်ငံ က ဒီလို အခြေအနေတွေ နဲ့ ပြန်ပြီး လေ့ လာ သုံးသပ်ကြည့် မည် ဆိုပါက
အဓိက တရာခံက ဘယ်သူ လည်၊ ဒီနေ့ ၀ိရသူလို သံဃာ အချို့ အပါ ၀င် အချို့ သော သံဃာ တော်
များက မိမိဗုဒ္ဓဘာသာဝင် များကိုယ် လိမ္မာ ယဉ်ကျေးလာအောင် တရားဟောမည်၊ဆုံးမမည်ဟု မရှိ၊
အစဉ်အလာအရ လိမ္မာယဉ်ကျေးခဲ့ သော သာသနာတခုကိုယ်၊ အကြမ်း ဖက်သာသနာအဖြစ် ပြောင်းလဲ
နေသည် မှာ ယနေ့ ကမ္ဘာက သိခဲ့ ရပါပြီး။
(၂) ဗုဒ္ဓဘာသာလူဦးရေဘာကြောင့်လျှော့နည်းလာရသလည်း(ခ) မြန်မာမိန်းကလေးတွေ ဘာကြောင့် ဘာသာခြားတွေနှင့် လက်ထပ်ရသလည်း
ယနေ့ မြန်မာ နိုင်ငံ တွင် ဗုဒ္ဓဘာမြန်မာ မိန်းကလေး တော်တော် များများ၊ ဘာသာခြား၊ နိုင်ငံ ခြားသားများ နှင့် မြောက်များ စွာ လက်ထပ် လာကြတာ ကိုယ် တွေ့ ရပါတယ်၊ ဘာကြောင့်လည်း စာရေသူ အနေနဲ့ လေ့ လာ လို့ ရသလောက်၊ ကတော့ လက် ရှိ မြန်မာ နိုင်ငံ မှာ မိန်းကလေးဦးရေက၊ ယောင်္ကျာလေး ဦး ရေထက် ပို နေပါတယ်၊ နောက်တချက်၊ မြန် မာနိုင်ငံ ရှိ ယောင်္ကျာလေး အတော် များများ က သာသနာ့ ဘောင် ၀င်ကြတယ်၊ အချို့ ကလည်း အမှန်တကယ် အမျိုးဘာသာ၊ သာသနာထွန်း ကားစေရန် အတွက်
သာသနာ့ ဘောင်သို့ ၀င်ခဲ့ ကြပါတယ်၊ အချို့ ကတော့၊ အနေချောင်၊ အစား ချောင်၊ လက်မောင်း ကြောမတင်းအလုပ်မလုပ်ချင်လို့၊ သာသနာကိုယ် အကြောင်းပြပြီး၊ သာသနာ့ ဘောင် ၀င်ခဲ့ ကြပါတယ်၊
သာသနာ့ ဘောင် ကိုယ် မ၀င် သေား အခြား လူ ငယ် အများ စုကတော့၊ လက်ရှိ နိုင်ငံ ရေး အခြေနေ အရ အဆင် မပြေလို့၊ ပြည်ပ မှာ စီးပွါး ရှာ ကြပါတယ်၊ ဒီလိုနဲ့ လည်ပတ် နေတဲ့ မြန်မာ နိုင်ငံ က အရွယ်ရောက် လာ တဲ့ မိန်းကလေးတွေ အဖို့၊ဘယ် မှာ လည် သူတို့ ရဲ့ အိမ် ထောင်ဖက်၊ဒါက အရေးကြီး ပစ်မှတ်တခုပါ၊ မိန်းကလေး တိုင်းက သွေးနဲ့ သာနဲ့ ပါ၊ မိမိ ကိုကိုယ် တကယ် ထိန်း သိမ်း နိုင်တဲ့ မိန်းကလေး အချို့ ကတော့ ဖူးစာမရှိလည်း အပျိုကြီး ဘ၀နဲ့ ရပ်တည် လိုက်တယ်၊ အချို့ ကတော့ သာသနာ့ ဘောင် သို့ ၀င်လိုက်ကြပါတယ်၊ လက်ကျန် အရွယ်ရောက်နေတဲ့ မိန်းကလေး တွေကတော့ မိမိ ရဲ့ အချိန် တန်အရွယ်ရောက်လာတော့ လိုအပ်ချက် လေးတွေ ရှိလာတယ် အဲ့ ဒီတော့ ပေးမည့် သူ မရှိတော့ လည်း အဆင်ပြေသလို သူတို့ ကိစ္စတွေ ကိုယ် ဖြေရှင်း၇တာပေါ့ဗျာ ။ လက်ရှိ အရမ်း လွတ်လပ်နေတဲ့ မြန်မာ နိုင်ငံ မှာ မိန်းကလေးတော်တော် များများ က အရွယ်မရောက် သေးခင် အတတ် ပေါင်း စုံတတ်နေကြပါ ပြီး၊ လက်ရှိ အနုပညာရှင်အများစုကလည်း၊ မတတ်တာ ကိုယ် တတ်အောင်သင်ပေးတယ်၊ ကြည့် ချင်တာ အင်တာ နက်မှာ အလွယ်တကူကြည့် လို့ ရတယ်၊ အဲ့ ဒီတော့ ကျွန် တော် တို့ ရဲ့ မြန်မာ မိန်းကလေးတွေ ကိုယ် ဘယ် လို ထိန်း သိမ်း မလည်း၊ ထိန်းသိမ်းလို့ ရသည့် အကောင်း ဆုံး နည်း လမ်း ကတော့၊ ခင်ဗျား တို့ ၇ဲ့ သာသနာ ထွန်း ကားအောင် ကြိုးစားပါ
ခင်ဗျား တို့ ရဲ့ သာသနာ ကိုယ် ဘာသာခြားတွေ လေးစား လာ အောင် လုပ်ပါ၊ အဲ့ လို လုပ်ဖို့ ဘယ်သူ့ ဆီက မှ ခွင့် တောင်း စရာ မလို ပါဘူး၊ ဘာသာခြားတွေ ကိုယ် စော်ကားလို့ ခင်ဗျား တို့ သာသနာ မထွန်း ကားလာ ပါဘူး၊ ဘာ သာခြားတွေ ကိုယ် စော်ကားမည့် အချိန် တွေ ကိုယ် မိမိ အမျိုး ဘာ သာ သာသနာ အတွက် အရင် အကျိုး ရှိ အောင် အသုံးချပါ၊ လက်ရှိ မြန်မာ နိုင် ငံ မှဗုဒ္ဓဘာသာဝင် အိမ်ထောင် စု များ ကိုယ် လေ့ လာ ကြည့် ပါ၊ အိမ်ထောင်ကျပြီး ကလေးတယောက်မှာ နှစ်ယောက် ထက် ပိုပြီး မွေး ချင်တဲ့
အိမ်ထောင် သည်တွေ မရှိ ကြတော့ ဘူး၊စီးပွါးရေးကြောင့်၊ အလှ အပကြောင့် အမျိုးမျိုး သော အကြောင်း
ကြောင့်ဗုဒ္ဓဘာသာ ၀င် နည်းလာ ရတယ်၊ နောက်တချက်၊ အချို့ ဝေလေလေ သံဃာ အများစုကတော့
လူထွက်ပြီး၊ မိမိ တို့ ၇ဲ့ မြန်မာ မိန်းကလေးတွေ ကိုယ် လက်ထပ်ပါ၊ သူတို့ လို အင် ဆန္ဒတွေ ကိုယ်
ခင်ဗျား တို့ ဖြည့် ပေး မည်း ဆို ပါက၊ အမျိုး ပြောက်မှာ စိုးကြောက် စရာလည်း မရှိတော့ ပါ။

နောက်ဆုံးအနေနဲ့ အားလုံး ကိုယ်အကြံပြုချင်တာက၊ မြန်မာနိုင်ငံ ရှိ သံဃာနယ အဖွဲ့ နှင့် သာသနာရေးရာ ၀န်ကြီး ဌါနတို့ ပူပေါင်းပြီး၊ ဝေလေလေ  သံဃာအတုယောင်တွေ ကိုယ် လူ ၀တ်လဲးခိုင်းပါ၊ မိမိတို့ ဘာသာတူတဲ့ မြန်မာ အမျိုးသမီးလေးတွေနဲ့ လက်ထပ်ပေးပါ၊ လက်ထပ်ပေးပြီး တအိမ်ထောင်ကိုယ် အနည်းဆုံး သားသမီး ငါယောက် ထိ ယူခိုင်းပါ၊ ဒီအစီစဉ်ကိုယ် အမြန်ဆုံး အကောင်ထည်ဖေါ်ပါက၊ အမျိုးပျောက်မှာ လည်း စိုးကြောက်စရာမလို တော့ပါ၊ မကြာခင်မှာ လည်း၊ စည်ပင်သာယာဝပြောသည့်ဗုဓ္ဒဘာသာ မြန်မာနိုင် တော်ကြီး ဖြစ်မည်မှာ ဧကန်မလွဲးပါ။


ကျေးဇူတင်ပါတယ်
စေတနာမေတ္တာများစွာဖြင့်
မောင်သစ္စာ

ဝိရသူအပါဝင်၊ ၀ိရသူနောက်လိုက် ၉၆၉ များနှင်တကွ၊ မြန်မာပြည်တွင် နေထိုင်ကြသေား အမျိုးပျောက်မှာ
ကြောက်နေရှာ သူများ အတွက် ကျွန်တော် ရဲ့ စေတနာမေတ္တာကိုယ် ရှေ့ ထားပြီး အကောင်း ဆုံး အကြံ ပြုလိုက်ပါတယ်။(၁) အားလုံး သိကြတဲ့အတိုင်း မြန်မာ နိုင် ငံသည် ဗုဒ္ဓ္ဒဘာသာနိုင်ငံပါ၊ အစ္စလာမ်နိုင်ငံ မဟုတ်ပါ၊ လွတ်လပ်ရေး ရပြီသည့် အချိန်မှ စပြီး ယနေ့ ထက်တိုင် မြန်မာ နိုင်ငံတွင် ဗုဒ္ဓ ဘာသာမှ လွဲးပြီး
ကျန်ဘာသာများမှာ လွတ်လပ် စွာ ကိုယ်ကွယ်ခွင့် မရရှိခဲ့ပါ၊ဗုဒ္ဓဘာသာဝင်များ အနေဖြင့် လွတ်လပ်စွာကိုး
ကွယ်ခွင့်ရသည် ဗုဒ္ဓဘာသာရဲ့ နိုင်ငံတော် ကြီးမှာ ၊ အဘယ်ကြောင့် မိမိဘာသာ၊သာသနာထွန်း ကားအောင်
မကြိုးပမ်း နိုင်တာလဲ?

ဒုတိယအကြိမ် ၄၅ မိနစ် ပြုလုပ်ခဲ့သည့် ဘိုကလေးဈေး စတေကာကမ်ပိန်း

ဧပြီလ ၉ ရက် ၂၀၁၃

ရန်ကုန်မြို့ ဘိုကလေးဈေးရှေ့တွင် ကျွန်ုပ်ကြောင့် ဘာသာရေးလူမျိုးရေး ပဋိပက္ခမဖြစ်စေရဆိုသည့် ဒုတိယအကြိမ်မြောက် စတေကာကမ်ပိန်းကို ဧပြီလ(၉)ရက်နေ့က အရပ်ဖက်လူ့အဖွဲ့အစည်းများ စုစည်ထားသည့် Pay for Myanmar အဖွဲ့မှ လိုက်လံဝေငှခဲ့ကြသည်။အဆိုပါ ကမ်ပိန်းကိုအရပ်ဖက်အဖွဲ့အစည်း (၇)ဖွဲ့ခန့်မှ လူဦးရေ(၃၀)ခန့်ဖြင့် ဘိုကလေးဈေးရှေ့ တစ်နေရာ တည်း၌ပင် (၄၅)မိနစ်ကြာ လိုက်လံဝေငှခဲ့ခြင်းဖြစ်သည်။

မြန်မာအရေး OIC ၌ ဆွေးနွေးရန် ဘင်္ဂလာဒေခ်ျ့ နိုင်ငံခြားရေး ၀န်ကြီး ဧပြီလ ၁၁ ရက်နေ့ ဆော်ဒီသို့ ထွက်ခွာမည်

April 9, 2013

ဘင်္ဂလာဒေခ်ျ့ နိုင်ငံခြားရေး ၀န်ကြီး ဒီပူရ် မူနီသည် ဆော်ဒီ အာရေးဗီးယား ဂျီဒက်တွင် ကျင်းပမည့် အိုအိုင်စီ မြန်မာ့အရေး ဆွေးနွေးပွဲသို့ တက်ရောက်ရန် ဧပြီလ ၁၁ ရက်နေ့တွင် ဒက္ကားမြို့ကနေ ထွက်ခွာမည်ဟု သိရသည်။အိုအိုင်စီ၏ နိုင်ငံခြား ၀န်ကြီး အဆင့် မြန်မာ့အရေး ဆွေးနွေးပွဲကို ဧပြီလ ၁၄ ရက်နေ့တွင် ဂျီဒက်မြို့တွင် ပြုလုပ်မည်ဟု ဆိုသည်။

လှည်းတန်းခုံးကျော်တံတား အသုံးပြုခွင့်ပေး၍ နာနတ်တောပွိုင့်အား ဖယ်ရှားမည်

Tuesday, April 9, 2013

ရန်ကုန်တိုင်းဒေသကြီး ၊ ကမာရွတ်မြို့နယ် ရန်ကုန်-ပြည်လမ်းပေါ်ရှိ လှည်းတန်းလမ်းဆုံခုံးကျော်တံတားပေါ်မှ ဧပြီလ(၁၀) ရက် နံနက် (၆)နာရီမှ စတင်၍ ကားများဖြတ်သန်းအသုံးပြုနိုင်တော့မည်ဟု ရန်ကုန်စည်ပင်သာယာ ရေးကော်မတီ လမ်းတံတားဌာနက ဆိုသည်။‘တံတားက ဖွင့်လိုက်တယ်ဆိုတာ၊ ဖွင့်ပွဲအခမ်းအနားလုပ်တာကို ပြောတာမဟုတ်ဘူး ၊ ကားတွေကိုအသုံးပြုခွင့် ပေးလိုက်တာပါ၊ ပါရမီခုံးကျော် တံတားတုန်းကလည်း ဒီလိုပဲလုပ်ပေးခဲ့တာမျိုးရှိတယ်

လမ်းဘေးတွင် အလှူခံနေသူ အမျိုးသမီး အဝေးပြေး မှန်လုံယာဉ် တိုက်မိ သေဆုံး

စစ်ကိုင်းတိုင်း ဒေသကြီး လယ်ကြီးကျေးရွာ ဇရပ်အနီးရှိ မန္တလေး- မုံရွာ ကားလမ်း မိုင်တိုင်အမှတ် (၃၅/၃) နှင့် (၃၅/၄)အကြား၌ ဧပြီ ၆ ရက် နံနက် ၁ဝ နာရီ ၄၅ မိနစ်က အလှူခံနေသူ အမျိုးသမီး တစ်ဦးကို မှန်လုံယာဉ် တစ်စီးမှ တိုက်မိခဲ့သဖြင့် သေဆုံး ခဲ့ကြောင်း သိရှိရသည်။

မြန်မာ့ မိုဘိုင်းဈေးကွက်အတွင်း လုပ်ကိုင်ခွင့်ရဖို့ Vodafone နှင့်China Mobile တို့ ပူးပေါင်းကာ ဖက်စပ်ကုမ္ပဏီတခု တည်ထောင်

အင်္ဂါနေ့၊ ဧပြီလ ၀၉ ရက် ၂၀၁၃ ခုနှစ်
မြန်မာနိုင်ငံ ဆက်သွယ်ရေးလုပ်ငန်းတွင် လုပ်ကိုင်ခွင့် နှစ်နေရာအတွက် လိုင်စင် လျှောက်ထားခြင်းအား ကြိုတင်အရည်အချင်းစစ်ဆေးခြင်း နောက်ဆုံးအချိန်တွင် အင်အားကြီး နိုင်ငံတကာ ကုမ္ပဏီနှစ်ခုတို့ ပူးပေါင်းကာ ဖက်စပ်ကုမ္ပဏီတခု ထူထောင်လိုက်ခြင်းဖြင့် ပြိုင်ဆိုင်မှုအရှိန် မြင့်တက်လာခဲ့ သည်။ကမ္ဘာ့အကြီးဆုံး မိုဘိုင်း ကုမ္ပဏီကြီး နှစ်ခုဖြစ်သည့် Vodafone နှင့်China Mobile တို့ ပူးပေါင်းကာ ဖက်စပ်ကုမ္ပဏီတခု တည်ထောင်ခြင်းဖြင့် မြန်မာ့ဆက်သွယ်ရေး ဈေးကွက်အတွင်း ဝင်ရောက်ခွင့်ရရန် ကြိုးစားလိုက်ကြသည်။

မိုးကုတ်ဝိပဿနာအဖွဲ့ချုပ် ပဋိစ္စသမုပ္ပါဒ် အခြေခံသော ဗုဒ္ဓဘာသာ လူငယ်ယဉ်ကျေးမှု(၁၀)ရက်သင်တန်းဖွင့်လှစ်မည်

မိုးကုတ်ဝိပဿနာအဖွဲ့ချုပ် ပဋိစ္စသမုပ္ပါဒ် အခြေခံသော ဗုဒ္ဓဘာသာ လူငယ်ယဉ်ကျေးမှု(၁၀)ရက်သင်တန်း
ဗဟန်းမြို့နယ်၊ နတ်မောက်လမ်း၊ အမှတ်(၈၂)ရှိ မိုးကုတ်ဝိပဿနာအဖွဲ့ချုပ်၌ ပဋိစ္စသမုပ္ပါဒ်အခြေခံသော ဗုဒ္ဓဘာသာလူငယ်ယဉ်ကျေးမှု သင်တန်းကို ဧပြီလ(၂၁)ရက်မှ (၃၀)ရက်အထိ နံနက် (၈)နာရီမှ (၁၀)နာရီခွဲထိ ကျင်းပပြုလုပ် မည်ဖြစ်ပါသည်။

Facebook တွင် Message ပို့လျှင် ပိုက်ဆံကောက်မည်

ဧပြီလ၉ရက်နေ့ကစလို့တစ်ကမ္ဘာလုံးကနာမည်ကြီးသတင်းဌာန အတော်များများက အတည်ပြု ဖော်ပြနေတဲ့ သတင်း ဖြစ်ပါတယ်။ ကံဆိုးချက်များ Facebook မှာ ကိုယ်မသိတဲ့သူနဲ့ နာမည်ကြီး Celebrity တွေဆီကို စာ (Message) ပို့မယ်ဆိုရင် ဗြိတိန်ပေါင် ၁၀နဲ့ ညီမျှတဲ့ တန်ဖိုးကို ပေးဆောင်ရမှာ ဖြစ်ပါတယ်။ ကံအဆိုး ဆုံးကတော့ ဗြိတိန်ပါ။ ဗြိတိန်မှာ စတင်မှာ ဖြစ်ပါတယ်။ စတောင် စနေပါပြီ။

ကမ္ဘာကျော် Microsoft Company က Windows 8 ထုတ်လုပ်ပြီးနောက် Windows 9 နဲ့ Windows Blue လာမည့်နှစ်တွင် စတင်မိတ်ဆက်တော့မည်

Windows 9 လာမည် !!!

ဧပြီလ ၉ ရက် ၂၀၁၃

Windows 8 ထွက်တာတောင် မကြာသေးပါဘူး၊ Microsoft က အခု Windows 9 နဲ့ Windows Blue ဆိုတဲ့ Project သစ်နှစ်ခုကို လုပ်ဆောင်နေပြီး ဒီနှစ်နွေရာသီထဲမှာဘဲ အဆိုပါ Windows နှစ်ခုထဲက တစ်ခုခု ထွက်ရှိလာလိမ့်မယ်လို့ ခန့်မှန်းရပါတယ်။

Windows Blueက Windows 8 ရဲ့ upgrade ဖြစ်လာပြီး Windows 9 ကတော့ နောက်ထပ် သီးခြား Operating System တစ်ခုအဖြစ် သီးသန့်ထွက်ရှိ လာမှာဖြစ်တယ်လို့ သတင်းတွေပြန့်နေပါတယ်။

Microsoft ရဲ့ အတွင်းပိုင်းအသိုင်းအ၀န်းကလာတဲ့ သတင်းတွေအရ Windows 9 ရဲ့ Beta Version ကို 2014 ဇန်န၀ါရီလထဲမှာ စတင်တွေ့မြင်နိုင်မှာဖြစ်ပြီး နိုဝင်ဘာလထဲမှာ stable product အဖြစ် တွေ့မြင်နိုင်လိမ့်မယ်လို့ သိရပါတယ်။

Internet Explorer ရဲ့ နောက်ဆုံးမျိုးဆက်ဖြစ်တဲ့ ie 11 ဟာ Windows Blue မှာ beta version အဖြစ်နဲ့သာ စတင်မိတ်ဆက်မှာ ဖြစ်ပြီး Windows 9 မှာမှ stable app တစ်ခုအဖြစ် ပွဲထွက်လာမယ်လို့လည်း ဆိုကြပါတယ်။

ဒါ့အပြင် Microsoft ဟာ လတ်တလောမှာ Windows 9 ရဲ့ touch support ပိုင်းကို စွမ်းဆောင်ရည်ပိုမိုကောင်းမွန်အောင် စီစဉ်နေတယ်လို့ ဆိုတဲ့အတွက် tablet version နဲ့ mobile phone version ပါ ထွက်လာလိမ့်
မယ်လို့ သုံးသပ်ရပါတယ်။

Vista အောင်မြင်မှုမရခဲ့တုန်းက Windows 7 နဲ့ ပြန်ပြီး အဖတ်ဆယ်သလိုမျိုး ခုအချိန်မှာ ထင်သလောက်မပေါက်ဖြစ်နေတဲ့ Windows 8 အတွက် Microsoft က Windows 9 နဲ့ ပြန်လည်ဆယ်ယူနိုင်မလားဆိုတာတော့ စိတ်ဝင်စားစရာပါ။

Tech & Security News/ Ref:softpedia

ဧပြီလ ၉ ရက် ၂၀၁၃

Windows 8 ထွက်တာတောင် မကြာသေးပါဘူး၊ Microsoft က အခုWindows9 နဲ့ Windows Blue ဆိုတဲ့Project
သစ်နှစ်ခုကိုလုပ်ဆောင်နေပြီးဒီနှစ်နွေရာသီထဲမှာဘဲအဆိုပါ Windows နှစ်ခုထဲက တစ်ခုခုထွက်ရှိလာလိမ့်မ
ယ်လို့ ခန့်မှန်းရပါတယ်။

Facebook Home ကို မာ့ခ်ဇက်ကာဘာ့ဂ် စတင်မိတ်ဆက်

Facebook Home ကို မာ့ခ်ဇက်ကာဘာ့ဂ် စတင်မိတ်ဆက်

Planet, Posted on Apr 05 13 - 02:57 PM 

နာမည်ကျော် Social Networking ဝက်ဘ်ဆိုက်ကြီးသည် မိုဘိုင်းလ်ဖုန်း နယ်ပယ်သို့ ၎င်းတို့ ပါဝင်စွက်ဖက်လာနိုင်ကြောင်း အမျိုးမျိုးသော ကောလာဟလများနှင့် ဆက်စပ်သည့် ပထမဆုံး ခိုင်ခိုင်မာမာ ခြေလှမ်းကို စတင်ပြလာခဲ့သည်။


Facebook Home ကို မာ့ခ်ဇက်ကာဘာ့ဂ် စတင်မိတ်ဆက်

Facebook သည် Android OS ပေါ်တွင် အခြေခံ ရေးဆွဲထားသည့် Software Interface တစ်ခုကို စတင် မိတ်ဆက်လိုက်ပြီ ဖြစ်သည်။ ကြာသပတေးနေ့က နာမည်ကျော် Social Networking ဝက်ဘ်ဆိုက်ကြီးသည် မိုဘိုင်းလ်ဖုန်း နယ်ပယ်သို့ ၎င်းတို့ ပါဝင် စွက်ဖက်လာနိုင်ကြောင်း အမျိုးမျိုးသော ကောလာဟလများနှင့် ဆက်စပ်သည့် ပထမဆုံး ခိုင်ခိုင်မာမာ ခြေလှမ်းကို စတင်ပြလာခဲ့သည်။ အဆိုပါ မိုဘိုင်းလ်ဖုန်း Software Package ကို Facebook Home ဟု အမည်ပေးထားပြီး ၎င်းသည် သဘော သဘာဝအားဖြင့် Google ၏ Android OS စနစ်ကို Facebook အသုံးပြုရ ပိုမိုလွယ်ကူအောင် ချိတ်ဆက်ကူးပြောင်းပေးမည် ဖြစ်သည်။

Facebook ၏ ဖန်တီးမှုအရ Android ၏ Interface အပိုင်းကို ပြောင်းလဲမှုအချို့ ပြုလုပ်ပြီး မိုဘိုင်းလ်ဖုန်း၏ Screen နောက်ခံသည် အသုံးပြုသူ၏ Facebook စာမျက်နှာ အသွင် ပြောင်းလဲနေမည် ဖြစ်သည်။ အင်တာနက် ချိတ်ဆက်ထားချိန်တွင် Facebook ပေါ်၌ ပြောင်းလဲနေသော Status များ၊ Message များကို အလွယ်တကူ ကြည့်ရှုနိုင်ရန် Facebook Home ကို ဖန်တီးထားခြင်းဟု သိရှိရသည်။ Facebook၏ News Feed များသည် ဖုန်းကို ဖွင့်လိုက်ချိန်တွင် တန်း၍ ဖတ်ရှုနိုင်လောက်အောင် ဖန်တီးထားမည် ဖြစ်သည်။

ထို့အပြင် Screen ပေါ်တွင်လည်း Facebook ကို လွယ်ကူလျင်မြန်စွာ ချိတ်ဆက်နိုင်မည့် Touchscreen Home Button တစ်ခုကို Software က ထည့်သွင်းပေးထားပြီး အဆိုပါ အခြေအနေကြောင့် Facebook ကို မိုဘိုင်းလ်ဖုန်းဖြင့် အသုံးပြုရာတွင် ပိုမို လွယ်ကူ အဆင်ပြေစေမည် ဖြစ်သည်။ Facebook သည် ပိုမိုကောင်းမွန်သည့် မိုဘိုင်းလ်ဖုန်း Social Networking အတွေ့အကြုံအတွက် အပြစ်အနာအဆာ နည်းသထက်နည်းသည့် ဖန်တီးမှုများဖြင့် Facebook Home ကို ဖန်တီး မိတ်ဆက်ထားကြောင်းလည်း ဆိုသည်။

Facebook ၏ ပဲ့ကိုင်ရှင်ဖြစ်သော မာ့ခ်ဇက်ကာဘာ့ဂ်က "ဒီနေ့ ကျွန်တော်တို့ရဲ့ ဖုန်းတွေဟာ App တွေကို လိုက်ပြီး ဒီဇိုင်း ပြောင်းလဲနေတာပါ။ လူတွေအကြိုက် ပြောင်းလဲနေတာ မဟုတ်ဘူး။ ဒါပေမဲ့ ကျွန်တော်တို့က အဲဒီ အခြေအနေကို ပြောင်းပြန် လှန်ပစ်လိုက်ချင်တယ်"ဟု ပြောကြားခဲ့သည်။ Facebook Home ကို အသုံးပြုခွင့်အား Google Play Storeတွင် ဧပြီလ (၁၂)ရက်နေ့မှ စတင်ကာ ဖုန်းအမျိုးအစား (၄)ခုအတွက် Download လုပ်ခွင့် ပေးသွားမည်ဟု သိရသည်။ HTC နှင့် Samsung တို့မှ ထုတ်လုပ်ထားသည့် ဖုန်း(၄)မျိုးအပြင် ယင်း Software ကြိုတင် သွင်းထားပြီးဖြစ်သည့် HTC First အမျိုးအစား မိုဘိုင်းလ်ဖုန်း အသစ်ကိုလည်း စတင် ရောင်းချရန် စီစဉ်ထားသည်။

Facebook ကမူ မိမိတို့၏ နည်းပညာသည် Android ၏ ရပ်တည်မှုကို ထိခိုက်စေမည် မဟုတ်ဘဲ Android အသုံးပြုမှုကို ပိုမိုကောင်းမွန် ပြည့်စုံလာစေရန် ရည်ရွယ်ခြင်းသာ ဖြစ်ကြောင်း ပြောဆိုထားသည်။ ဇက်ကာဘာ့ဂ်က "ကျွန်တော်တို့ လုပ်ပြချင်တာက လူတိုင်းအတွက် သင့်တော် အဆင်ပြေမယ့် အရာတစ်ခုခုကို တည်ဆောက်လိုက်တယ် ဆိုတာမျိုးလောက်ပါ" ဟု ပြောကြားခဲ့သည်။ 

HTCသည် Facebook Home ကို စတင် အသုံးပြု ရောင်းချခွင့် ရသော်လည်း AT&T သည် အခြားသော မိုဘိုင်းလ်ဖုန်း အမျိုးအစား အချို့တွင်လည်း အဆိုပါ Software ကို ထည့်သွင်းရောင်းချခွင့်အတွက် Facebook နှင့် ညှိနှိုင်း ခွင့်ပြုသွားဖွယ် ရှိနေသည်။

HTC သည် Facebook နှင့် နည်းပညာပိုင်း ပူးပေါင်းမှုအတွက် ယခင်ကတည်းက အရဲကိုး စမ်းသပ်မှုအဖြစ် HTC Cha Cha အမည်ရှိ မိုဘိုင်းလ်ဖုန်းကို တီထွင်ခဲ့ဖူးသည်။ ထိုစဉ်က Facebook ကို လွယ်ကူစွာ အသုံးပြုနိုင်ရန် ဖုန်းကိုယ်ထည်တွင် ခလုတ်တစ်ခု တပ်ဆင်ပြီး ဈေးကွက်သို့ ဖြန့်ခဲ့သော်လည်း လူကြိုက်နည်းကာ အရောင်းမတွယ်ကျယ်ခဲ့ဟု သိရှိရသည်။

Source: NY Times

Facebook သည် Android OS ပေါ်တွင် အခြေခံ ရေးဆွဲထားသည့် Software Interface တစ်ခုကို စတင် မိတ်ဆက်လိုက်ပြီ ဖြစ်သည်။ ကြာသပတေးနေ့က နာမည်ကျော် Social Networking ဝက်ဘ်ဆိုက်ကြီးသည် မိုဘိုင်းလ်ဖုန်း နယ်ပယ်သို့ ၎င်းတို့ ပါဝင် စွက်ဖက်လာနိုင်ကြောင်း အမျိုးမျိုးသော ကောလာဟလများနှင့် ဆက်စပ်သည့် ပထမဆုံး ခိုင်ခိုင်မာမာ ခြေလှမ်းကို စတင်ပြလာခဲ့သည်။

ကိုးရီးယားစစ်ဖြစ်ရင် Chernobyl က အသေးစားဖြစ်သွားမယ်လို့ဆို

ကိုးရီးယားစစ်ဖြစ်ရင် Chernobyl က အသေးစားဖြစ်သွားမယ်လို့ဆို
Tuesday, 09 April 2013 

မြောက်ကိုးရီးယားအစိုးရက တောင်နဲ့မြောက်ကိုးရီးယား နှစ်နိုင်ငံ စက်မှုဇုံအတွင်းရှိ မြောက်ကိုးရီးယားနိုင်ငံသား အားလုံးကို ပြန်လည်ခေါ်
ယူနေပြီး အဲဒီစက်မှုဇုံအတွင်းက လုပ်ငန်းတွေ ရပ်တန့်လိုက်ပြီး ဒီလို တင်းမာမှုတွေကြောင့် စစ်ဖြစ်ပွားမယ်ဆိုရင် Chernobyl နျူးကလီးယား
ပေါက်ကွဲမှုက ကလေးကစားစရာ အသေးအဖွဲကိစ္စ ဖြစ်သွားမယ်လို့ ရုရှားသမ္မတက ဆိုပါတယ်။


အဲဒီ နှစ်နိုင်ငံ ပူးပေါင်း စက်မှုဇုံ အတွင်း မြောက်ကိုးရီးယားနိုင်ငံသား အလုပ်သမား အယောက်ပေါင်း ၅၀၀၀၀ (ငါးသောင်း) ကျော် အလုပ်လုပ်
နေတာဖြစ်ပါတယ်။

တောင်နဲ့မြောက် ကိုးရီးယား နှစ်နိုင်ငံကြား ပူးပေါင်းမှုကို ပြသတဲ့အနေနဲ့ အဲဒီ စက်မှုဇုံကို လွန်ခဲ့တဲ့ ၁၀ နှစ်က တည်ထောင်ထားတာ ဖြစ်ပါတယ်။

ဖေဖော်ဝါရီလ တုန်း က မြောက် ကိုး ရီး ယား နိုင်ငံ ကနေ နိုင်ငံတကာက ကန့်ကွက်တဲ့ကြားက နျူးကလီးယား စမ်းသပ်မှု လုပ်ခဲ့တာကို ကုလသမဂ္ဂက ထပ်မံ ဒဏ်ခတ်ပိတ်ဆို့မှုတွေလုပ်ခဲ့ပြီး တစ်ပတ်အကြာမှာ မြောက်ကိုရီးယား အစိုးရက ခုလို လုပ်သားတွေကို ပြန်လည်ခေါ်ယူနေတာ ဖြစ်ပါတယ်။

ရုရှားနဲ့ တရုတ်အစိုးရတို့ကလည်း စိတ်အေးအေးထားဖို့ တိုက်တွန်းနေပြီး
 တွေ့ဆုံဆွေးနွေးမှုတွေ ပြန်လုပ်ဖို့ မြောက်ကိုးရီးယားနိုင်ငံကို တိုက်တွန်း
ထားပါတယ်။

ရုရှားနိုင်ငံသမ္မတ ဗလာဒီမာ ပူတင်းကတော့ ကိုးရီးယားကျွန်းဆွယ်မှာ စစ်ဖြစ်ပွားမယ်ဆိုရင် ပြဿနာကြီးမားလွန်းမှာဖြစ်တဲ့အတွက် လူပေါင်း
မြောက်များစွာကို ထိခိုက်မှုဖြစ်ခဲ့တဲ့ Chernobyl နျူးကလီးယာစက်ရုံ
ပေါက်ကွဲမှုဟာ ကလေးကစားစရာ ပေါက်ကွဲမှု သဘော တက်ရောက်နိုင်
တယ်လို့ ပြောလိုက်ပါတယ်။

၁၉၈၆ ခုနှစ်တုန်းက Chernobyl နျူးကလီးယားစက်ရုံ ပေါက်ကွဲမှုကြောင့်
 ရေဒီယိုဓာတ်သတ္တိတွေ ယူကရိန်းနိုင်ငံအပြင် အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ဘလားရုစ်နဲ့ ရုရှားနိုင်ငံတို့အထိ ပြန့်နှံ့ခဲ့ပြီး အဲဒီ ဒဏ်ကို ဒီနေ့အထိ ခံစားနေရတာ ဖြစ်ပါတယ်။

ကိုးရီးယားကျွန်းဆွယ်အတွင်း စစ်ဖြစ်မယ်ဆိုရင် Chernobyl ဖြစ်ရပ်က အသေးအဖွဲ ဖြစ်သွားလိမ့်မယ်လို့ ရုရှားနိုင်ငံသမ္မတက သတိပေးလိုက်တာ
ဖြစ်ပါတယ်။

အစောပိုင်းတုန်းက မြောက်ကိုးရီးယားနိုင်ငံအနေနဲ့ စတုတ္ထကြိမ်မြောက် 
နျူးကလီးယားစမ်းသပ်မှု ပြုလုပ်ဖို့ ရှိတယ်လို့ တောင်ကိုးရီးယားက
 ပြောဆိုခဲ့ပေမယ့် ခုအခါမှာ စမ်းသပ်မှု လုပ်မယ့်အနေအထားမရှိဘူးလို့
 ပြန်ပြောင်း ပြောဆိုနေပါတယ်။

နျူးကလီးယားစမ်းသပ်တဲ့ နေရာမှာ မြောက်ကိုးရီးယားရဲ့ လုံခြုံကားတွေ၊ လုံခြုံရေးသမားတွေ သွားလာမှုတွေဟာ သာမှန်လုပ်ရပ်တွေသာ ဖြစ်ဖို့ များတယ်လို့ တောင်ကိုးရီးယားက ပြောလိုက်တာ ဖြစ်ပါတယ်။

ABC Radio Australia

Tuesday, 09 April 2013

မြောက်ကိုးရီးယားအစိုးရကတောင်နဲ့မြောက်ကိုးရီးယားနှစ်နိုင်ငံ စက်မှုဇုံအတွင်းရှိ မြောက်ကိုးရီးယားနိုင်ငံ
သား အားလုံးကို ပြန်လည်ခေါ် ယူနေပြီး အဲဒီစက်မှုဇုံအတွင်းက လုပ်ငန်းတွေ ရပ်တန့်လိုက်ပြီး ဒီလို တင်းမာမှုတွေကြောင့် စစ်ဖြစ်ပွားမယ်ဆိုရင် Chernobyl နျူးကလီးယား ပေါက်ကွဲမှုက ကလေးကစားစရာ အသေးအဖွဲကိစ္စ ဖြစ်သွားမယ်လို့ ရုရှားသမ္မတက ဆိုပါတယ်။

တရားဝင် ကိုယ်ဝန်ဖျက်ချခွင့် ကောင်းကျိုးနှင့် ဆိုးကျိုးနှစ်မျိုးလုံး ရှိနိုင်.

တနင်္လာနေ့၊ ဧပြီလ ၀၈ ရက် ၂၀၁၃ ခုနှစ်
တရားဝင် ကိုယ်ဝန်ဖျက်ချခွင့်အပေါ်တွင် ကောင်းကျိုးနှင့် ဆိုးကျိုး နှစ်မျိုး စလုံးရှိနိုင်သဖြင့် ဥပဒေကို ပြဋ္ဌာန်းရာတွင် စနစ်တကျရှိရန်လိုကြောင်း အမျိုးသမီးဖွံ့ ဖြိုးတိုးတက်ရေး အတွက်ဆောင်ရွက်လျှက် ရှိသည့် ဖန်တီးအိမ်မှ ဒေါ်ရွှေရွှေစိန်လတ်က ပြောသည်။၎င်းက “ဒါတွေကို စနစ်တကျနဲ့  ဥပဒေ ပြဋ္ဌာန်းသင့်တာပေါ့။ ဥပဒေ ပြဋ္ဌာန်း ပြီးသွားရင်လည်း ဒီလိုကိစ္စတွေ အရမ်းများလာမှာစိုးတယ်” ဟု ပြောသည်။

လှည်းတန်းခုံးကျော် တံတားအား ဧပြီ ၁ဝ ရက်နေ့မှ စတင်ကာ စမ်းသပ်ဖွင့်လှစ် ပေးသွားမည်

လှည်းတန်းခုံးကျော် တံတားအား ဧပြီ ၁ဝ ရက်နေ့မှ စတင်ကာ စမ်းသပ်ဖွင့်လှစ် ပေးသွားမည်

မဟာသင်္ကြန် ကာလတွင် ယာဉ်နှင့် လူစည်ကား ထူထပ်မည့် ရန်ကုန်-ပြည်လမ်း တစ်လျှောက် တွင် ယာဉ်ကျပ် တောင့်မှုများ မရှိစေရန် လှည်းတန်းခုံးကျော် တံတားအား ဧပြီ ၁ဝ ရက်နေ့မှ စတင်ကာ စမ်းသပ် မောင်းနှင် ခွင့်ပြုပေး သွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ၊ လမ်း/ တံတား ဌာနမှ သိရသည်။

''မဟာသင်္ကြန် ကာလမှာ စည်ကားတဲ့ နေရာတွေ ဖြစ်တဲ့ တက္ကသိုလ်ရိပ်သာ လမ်းတို့၊ ရန်ကုန်- ပြည်လမ်းတို့၊ ရန်ကုန်- အင်းစိန် လမ်းတို့မှာ ယာဉ်ပိတ်ဆို့ မှုတွေ မဖြစ်အောင် ကြိုတင် ပြီးတော့ တံတားသစ်ကြီးကို အသုံးပြု နိုင်တော့မှာ ဖြစ်ပါတယ်။ အချောထည်ပိုင်း တွေ ကျန်ရှိ နေသေးတဲ့အတွက် ဖွင့်ပွဲကိုတော့ မေလ ပထမပတ်လောက် အတွင်းမှာ ဖွင့်လှစ် ပေးသွား မှာဖြစ်ပါတယ်။ ဒီတံတား သစ်ကြီးက ၂ဝ၁၂ ခုနှစ် မတ်လမှာ ပန္နက်ရိုက် ခဲ့တာ ဖြစ်တဲ့ အတွက် အခု ၂ဝ၁၃ ခုနှစ် ဧပြီ ၁ဝ ရက်မှာ စတင် အသုံးပြုနိုင်တဲ့ အနေအထားမှာ ရှိပါတယ်

Read more>> http://bit.ly/Ze5rIH

Re-Post By ACM 9-4-2013
အေးချမ်းမွန် Credit & Copy From > မြ၀တီ<< Thank

မဟာသင်္ကြန်ကာလတွင်ယာဉ်နှင့်လူစည်ကားထူထပ်မည့်ရန်ကုန်-ပြည်လမ်းတစ်လျှောက်တွင် ယာဉ်ကျပ်
တောင့်မှုများ မရှိစေရန် လှည်းတန်းခုံးကျော် တံတားအား ဧပြီ ၁ဝ ရက်နေ့မှ စတင်ကာ စမ်းသပ် မောင်းနှင် ခွင့်ပြုပေး သွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ၊ လမ်း/ တံတား ဌာနမှ သိရသည်။

ကချင်ပြည်နယ်မှာ ကုလသမဂ္ဂ ယာဉ်တန်းခရီးစဉ် ဆိုင်းငံ့ခံရ

ကချင်ပြည်နယ်က စစ်ပြေးဒုက္ခသည်တွေအတွက် ထောက်ပံ့ကူညီရေး ပစ္စည်းတွေဝေငှဖို့ ဗန်းမော်မြို့ကနေ လိုင်ဇာမြို့ကိုလာရောက်တဲ့ ကုလသမဂ္ဂ မော်တော်ယာဉ်တန်းကို အစိုးရတပ်ကသွားလာခွင့် ဆိုင်းငံထားတယ်လို့ သတင်းရရှိပါတယ်။ အဲဒီယာဉ်တန်းမှာ နိုင်ငံခြားသားတစ်ဦး လိုက်ပါလာမယ်လို့ သိရတာကြောင့် ဆိုင်းငံ့ထားတာဖြစ်ကြောင်း သိရပါတယ်။

နိုင်ငံခြားသားများ မြန်မာ့စောင်းကို စိတ်ဝင်စား သော်လည်း မြန်မာ့ အနုပညာရှင်များ မြန်မာ့ဂီတကို တီထွင်ဖန်တီးမှုအားနည်း

နိုင်ငံခြားသားများ မြန်မာ့စောင်းကို စိတ်ဝင်စား သော်လည်း မြန်မာ့ အနုပညာရှင်များ မြန်မာ့ဂီတကို တီထွင်ဖန်တီးမှုအားနည်း

ဧပြီလ ၉ ရက် ၂၀၁၃

မြန်မာ့ရိုးရာ တူရိယာတစ်မျိုးဖြစ်သည့် စောင်းကို နိုင်ငံခြားသားများ ပိုမိုစိတ် ပါဝင်စားစွာ လာရောက်ကြည့်ရှုလေ့လာကြကြောင်း ဧည့်လမ်းညွှန် များထံမှ  သတင်းရရှိသည်။ “နိုင်ငံခြားသားတွေက မြန်မာ့တူရိယာထဲမှာ စောင်းကို သဘောကျတာ။ ဗိုလ်ချုပ်ဈေးမှာ လက်ဆောင်ပစ္စည်း ၀ယ်ရင်လည်း စောင်း ကို ၀ယ်တာများတယ်။ အခုနောက်ပိုင်း အမျိုးသားအနုပညာနှင့် ယဉ်ကျေးမှု တက္ကသိုလ်တွေပါ သွားလေ့လာကြတာ” ဟု ပြင်သစ် ဧည့်လမ်းညွှန် တစ်ဦး က ပြောသည်။

     စောင်းတူရိယာကို ဥရောပမှ နိုင်ငံခြားဧည့်သည်များ ပိုမိုစိတ်ဝင် စားကြပြီး စောင်းတီးခတ်ပုံ နည်းစနစ်များကိုပါ သင်ယူကြကြောင်း  ဧည့်  လမ်းညွှန်များက ပြောသည်။ “အရင်တုန်းက နိုင်ငံခြားသားတွေ တက္ကသိုလ် ကိုမလာကြဘူး။ ၂၀၁၂ ခုနှစ်နောက်ပိုင်းမှာ အရင်က တစ်ခါမှ မလာဘူးတဲ့ အမေရိကန်၊ အစ္စရေးနဲ့ ဥရောပနိုင်ငံတွေက ခရီးသွားတွေအပြင် ဂီတကို စိတ်ဝင်စားသူတွေပါ လာပြီး လေ့လာကြတယ်” ဟု အမျိုးသားအနုပညာနှင့် ယဉ်ကျေးမှု တက္ကသိုလ်မှ လက်ထောက်ကထိကတစ်ဦးက ပြောသည်။
ဆက်လက်၍ ၎င်းက မြန်မာ့တူရိယာ မျိုးစုံကို နိုင်ငံခြားသားများ အနေဖြင့် လေ့ လာ သည့်အပြင် တူရိယာပစ္စည်းများ၏ တီးခတ်ပုံများ ကိုပါ လေ့လာကြကြောင်း ပြောသည်။ ၂၀၁၂  ဧပြီလ မှ ၂၀၁၃ ခုနှစ် ဖေဖော် ၀ါရီလအထိ  ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ် သို့ ပြည်ဝင် ခွင့်ဗီဇာ အလိုက်   ၀င်ရောက်လာသော  နိုင်ငံခြားသား ဦးရေမှာ ၅၈၀၀၀၀ ကျော် ရှိပြီဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန၏ စာရင်းများအရသတင်းရရှိသည်။

 နိုင်ငံခြားသားများ မြန်မာ့စောင်းကို စိတ်ဝင်စား သော်လည်း မြန်မာ့ အနု ပညာရှင်များ မြန်မာ့ဂီတကို တီထွင်ဖန်တီးမှုအားနည်းကြောင်း၊ ကိုးရီးယား လို ခေတ်ပေါ်နှင့် ကိုယ်ပိုင်ယဉ်ကျေးမှုများကို ပေါင်းစပ် တီထွင်ရန် လိုအပ် .သေးကြောင်း၊ တရားမ၀င်ကူးယူခြင်းအားဖမ်းဆီးရန်ကိုသာ အား ထုတ်ပြီး သီးချင်းအများစုကိုတော့ ကော်ပီတွေလုပ်ပြီး ဆိုနေသည့် အတွက် မေးခွန်း ထုတ် စရာ ဖြစ်လာကြောင်း ပြည်သူတွေထံမှသိရှိရပါတယ်။

7 Day

ဧပြီလ ၉ ရက် ၂၀၁၃

မြန်မာ့ရိုးရာ တူရိယာတစ်မျိုးဖြစ်သည့် စောင်းကို နိုင်ငံခြားသားများ ပိုမိုစိတ် ပါဝင်စားစွာ လာရောက်ကြည့်ရှုလေ့လာကြကြောင်း ဧည့်လမ်းညွှန် များထံမှ သတင်းရရှိသည်။ “နိုင်ငံခြားသားတွေက မြန်မာ့တူရိယာထဲမှာ စောင်းကို သဘောကျတာ။ ဗိုလ်ချုပ်ဈေးမှာ လက်ဆောင်ပစ္စည်း ၀ယ်ရင်လည်း စောင်း ကို ၀ယ်တာများတယ်။ အခုနောက်ပိုင်း အမျိုးသားအနုပညာနှင့် ယဉ်ကျေးမှု တက္ကသိုလ်တွေပါ သွားလေ့လာကြတာ” ဟု ပြင်သစ် ဧည့်လမ်းညွှန် တစ်ဦး က ပြောသည်။

ဘာပေါင်းစုံချစ်ကြည်ရေး အခမ်းအနား ပဲခူးတွင်ကျင်းပမည်

ဘာသာပေါင်းစုံချစ်ကြည်ရေးနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၊လူမှုရေးအဖွဲ့ အစည်းများသို့ အပြန်အလှန် အလှုငွေပေးအပ်ပွဲ အမည်ဖြင့် အခမ်းအနားကို ယခုလ ၁၁ ရက်နေ့တွင် ပဲခူးမြို့ ၌်ကျင်းပရန်
ခွင့်ပြုခွင့် ရရှိပြီဖြစ်ကြောင်းအခမ်းအနားဖြစ်မြောက်ရေး ကော်မတီဝင် ဦးသောင်းစိန်က မြန်မာမွတ်စလင်မ် မီဒီယာသို့ပြောသည်။

Top News Special Report: Buddhist monks incite Muslim killings in Myanmar

image

MEIKHTILA, Myanmar (Reuters) - The Buddhist monk grabbed a young Muslim girl and put a knife to her neck."If you follow us, I'll kill her," the monk taunted police, according to a witness, as a Buddhist mob armed with machetes and swords chased nearly 100 Muslims in this city in central Myanmar.

HUAWEI U8951 (G510)BUILD NO V100R001C17B165 ကို ROOT လုပ်နည်း




HUAWEI U8951 လေးး  အတွက် ROOT နည်းလေးးပါ။
လိုအပ်ချက်များးကတော့
BUILD NO . V100R001C17B165 ဖြစ်ရပါမယ်။
BUILD NO . V100R001C17B165 မဖြစ်သေးးရင်  ဒေါင်းးနိုင်ပါတယ်။

HUAWEI Y220T ROOT လုပ်နည်း



Y220T  အတွက်  ROOT နည်းလေးးပါ။
DOWNLOAD  လုပ်ရန်
1. DRIVER
2 RSDOWNLOADER
3.PACKET FILE
1 က  ဒေါင်းးလို့ ရတဲ့ Driver  ကို COMPUTER မှာတင်ပါမယ်

၉၆၉ တံဆိပ်ကပ် အဌားယဉ်ကြောင့် လမ်းကျယ်တွင် ရုပ်ရုပ်သဲသဲဖြစ်

မအူကုန်းတွင် ဘာပြဿနာမှ မဖြစ်ပါ ကားသမား၏ ရိုင်းပြမူ့ကြောင့် ရပ်ကွက်နေထိုင်သူများ နဲနဲ စိက်ဆိုးသွားခြင်းသာ ဖြစ်ပါသည်။......ထိခိုက်မူလဲ မရှိပါ။.......
သတင်းအမှားများတတ်လါပါက...မည်သည့်လူမျိုး၊ မည်သည့်ဘာသာဝင်မဆို လက်မခံပါနှင့်......လမ်းအတွင်းသို့ ကားဝင်ရန် လမ်းပိတ်ထားသောကြောင့် စကားနဲနဲများတာပါ ဖွင့်ပေးလိုက်ပါတယ် အဲဒါကို ကားသမားလေးက ဘာရယ်မဟုက်ဘူး ဆဲလိုက်တာပါ....ဘာမှ အရေးမကြီးပါဘူး။။။။
အေးအေးဆေးဆေးရှင်းနိုင်ဖို့က သမာဓိရှိတဲ့သူလိုပါတယ် ဒါမှမဟုက် ကင်မရာရှိတဲ့သူလိုတယ် လူတွေကခတ်ပါတယ် တစ်ခုခုဆို ဟန်ရေးပြ ဆွမ်းကြီးလောင်းဖို့ဘဲသိတယ် ဒါပေမဲ့ အဲဒီလို လူမျိုးတွေက ပေါ်တင် မလုပ်ရဲဘူး လူမသိအောင် လူအုပ်အတွင်းမှ ခဲနဲ့ပစ်လိုက်တာတို့ လုပ်တတ်တယ် ကိုယ်က ပြဿနာကိုချက်ချင်းမေး ပြီးရင် သိပ်ဖွနေတဲ့ကောင်ကို ဓါက်ပုံရိုက်လိုက် ပါးစပ်ကလဲ အရင်စတဲ့ကောင် တရားခံဘဲလို့သာ အော်ပြောလိုက် ငြိမ်သွားလိမ့်မယ်။ ဘာမဟုက်တဲ့ ပြဿနာကို ဝေလေလေ လုပ်လိုက်လျှင် ဘယ်ဘာသာမဆို လူနည်းတဲ့ရပ်ကွက်တွေ အန္တာရာယ်ရှိတာကို နားလည်ရမယ်။ ပြီးတော့ မြန်မာလူမျိုးတွေ အာချောင်မူ များလါတာလဲ ဒုက္ခတစ်မျိုးပါဘဲ။....မည်သို့ဆိုစေ အားလုံးမှာ ဝေလေလေ အစား ငြိမ်းချမ်းစွာ လုပ်ဆောင်ရန် တာဝန်ရှိပါသည်။ အသင်သူသည် ယခုလို ဘာမဟုက်တဲ့ ပြဿနာမျိုးထဲတွင် အားနည်းသူများကို ဝေလေလေနှင့်လုပ်လိုက်သောသူ မဖြစ်စေဘဲ၊ ဘာသာတူ ရင်းနှီးသူဖြစ်ပါစေ ဝေလေလေနှင့် အကြမ်းဖက်သူကို တားဆီးသူတစ်ယောက် အဖြစ်နှင့်သာ သမိုင်းရေးကြပါလေ။....ကျေးဇူးတင်ပါသည်။

မင်္ဂလာတောင်ညွန့်မြို့နယ် မအူကုန်းရပ်ကွက် ၁၃၈ လမ်းအတွင်းသို့ ၉၆၉ တံဆိပ်ကပ် ယဉ်အမှတ် AA 5164 ယမန်နေ့ည ၁၁ နာရီ ၁၅ မိနစ်ဝန်းကျင်တွင်ဝင်ရောက်လာပြီး ဖြေးဖြေးမောင်းရန် မေတ္တာရပ်ခံသည့် ဒေသခံများအား ဆဲဆိုသဖြင့် လူစုလူဝေးဖြင့် ၀ိုင်းဝန်းပာန့်တားမှုတစ်ရပ်ဖြစ်ပွားခဲ့ကြောင်း အဆိုပါနယ်မြေတွင်းနေထိုင်သူတစ်ဦးက မြန်မာမွတ်စလင်မ် မီဒီယာသို့ပြောသည်။

Lock ကျနေသာ Facebook အကောင့် ပြန်ယူနည်း





လတ်တလော Facebook ရဲ့ ပြောင်းလဲသွားသော ပေါ်လစီကြောင့် ကမ္ဘာတစ်လွှားက အကောင့်တွေ တော်
တော်များများ ပိတ် (Lock) ကျသွားပါတယ်။ ပြန်မရတော့လောက်အောင်ကို စိတ်ညစ်စရာ ကောင်းပေမယ့် အကောင့်ကို အလွယ်တကူ ပြန်ရနိုင်ပါတယ်။ ဒါကြောင့် အကောင့်သစ်သုံးနေပြီး မူလအကောင့် ကိုပြန်လို
ချင်သူ များ အောက်ပါ အတိုင်း လုပ်ဆောင်ရန်လိုအပ်ပါတယ်။

ထိုင်းနိုင်ငံသည် ဒေသတွင်း၌ အကြမ်းဖက် တိုက်ခိုက်ခံရမှု အများဆုံး ဖြစ်နိုင်သော နိုင်ငံဟု အမေရိကန် (FBI) ဖော်ပြခဲ့ခြင်းအား ထိုင်းကြည်းတပ် ဦးစီးချုပ်က ပယ်ချ

ထိုင်းနိုင်ငံသည်အာရှ၌အကြမ်းဖက် တိုက်ခိုက်ခံရမှု အများဆုံး ဖြစ်နိုင်သော နေရာ ဖြစ်ကြောင်း အမေရိကန် ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို(FBI)ကစာရင်းသွင်းထားခြင်းကိုထိုင်းကြည်းတပ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီး ပရာရွတ်ချန် အိုချာက ပယ်ဖျက် ခဲ့ပါသည်။

အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (ဆီးဂိမ်းစ်)ကို ပြည်သူများ စိတ်ဝင်စားမှု လျှော့နည်းနေဆဲ

ဆီးဂိမ်းစ်ပြိုင်ပွဲကို ပြည်သူများ စိတ်ဝင်စားမှု လျှော့နည်းနေဆဲ

ရန်ကုန်၊ ဧပြီ ၈။

အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (ဆီးဂိမ်းစ်)ကို လာမည့် ဒီဇင်ဘာလမှ စတင်ကာ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနှင့် ငွေဆောင်တို့၌ စတင် ကျင်းပတော့ မည် ဖြစ်သော်လည်း ပရိတ်သတ်များ၏ စိတ်ဝင်စားမှုမှာ လျော့ကျနေဆဲဖြစ်ကြောင်း ဆီးဂိမ်းစ်လှုံ့ဆော်ရေး တာဝန်ယူထားသည့် (ADMA) မီဒီယာမှ ဒုတိယ ဥက္ကဋ္ဌက ပြောကြားသည်။

အားကစား ဝန်ကြီးဌာန၏ မီဒီယာတစ်ခုဖြစ်သော (ADMA) မီဒီယာမှ ဒုတိယဥက္ကဌ ဦးဝေမင်းမောင်က “မြန်မာနိုင်ငံမှာက အားကစား သိပ်မအောင်မြင်တဲ့ နိုင်ငံဆိုတော့ ဆီးဂိမ်းပြိုင်ပွဲကို စိတ်ဝင်စားမှု တော်တော်ကြီးကို နည်းပါတယ်” ဟု ရန်ကုန်မြို့ Park Royal Hotal ၌် ယနေ့ညနေတွင် ပြုလုပ်ခဲ့သော (၂၇)ကြိမ်မြောက် ဆီးဂိမ်း လှုံ့ဆော်မှု အစီအစဉ်များနှင့် ပတ်သက်သော စာနယ်ဇင်း ရှင်းလင်းပွဲ ပြောကြားသည်။

(ADMA) မီဒီယာသည် ဆီးဂိမ်းစ် အကြိုလှုံ့ဆော်မှုအနေဖြင့် မြဝတီ၊ မြန်မာ့အသံ၊ Sky Net စသည့် ရုပ်သံလိုင်းများတွင် အစီအစဉ်များ ထည့်သွင်း ပြသလျက်ရှိ ပြီး ပြည်သူများ တိုက်ရိုက် ပါဝင်နိုင်ရန်အတွက် Live Show ပွဲများ လုပ်ရန်လည်း စီစဉ်နေကြောင်း သိရသည်။

“လောလောဆယ်တော့ ဆီးဂိမ်းစ် ဂုဏ်ပြု ဇာတ်လမ်းတိုကို တနင်္လာနေ့တိုင်း မြန်မာ့အသံမှာ လွှင့်တယ်၊ အင်္ဂါနေ့မှာဆို မြဝတီမှာ လွှင့်တယ်၊ ပြီးတော့ ကစားသမား တစ်ဦးချင်စီရဲ့ လှုပ်ရှားမှု တတ်ကြွမှုတွေကို ပုံဖော်စေတဲ့ Go for Gold အစီအစဉ်လေးကိုလည်း လွှင့်နေပါတယ်၊ လာမယ့် ဧပြီလ (၁ဝ)ရက်နေ့မှာလည်း My Mind Game / My Sea Game ဆိုတဲ့ ဆီးဂိမ်းနဲ့ ပတ်သက်တဲ့ ဥာဏ်စမ်း ဗဟုသုတ အစီအစဉ်ကို မြန်မာ့အသံကနေ ထုတ်လွှင့်သွားဖို့ ရှိပါတယ်” ဟု
 ဦးဝေမင်းမောင် က ပြောသည်။

အနုပညာရှင်များလည်း ဆီးဂိမ်းစ် အကြိုလှုံ့ဆော်ရေးတွင် ပါဝင်ကူညီလျက်ရှိကြောင်း သိရပြီးသရုပ်ဆောင် မြင့်မြတ်က “ကျွန်တော်တို့ နိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပမယ့် ဆီးဂိမ်း ပြိုင်ပွဲက ကျွန်တော်တို့ နိုင်ငံသား အားလုံးအတွက် အရေးလည်း ကြီးတယ်၊ အမှတ်တရလည်း ဖြစ်ပါတယ်။ သမိုင်းဝင်မယ့် ဒီလိုပွဲမျိုးမှာ ပါဝင်ခွင့်ရလို့ အရမ်းကို ကျေးဇူးတင်ပါတယ်၊ ဆီးဂိမ်း အောင်မြင်ရေးအတွက် အလွှာအသီးသီးက အားလုံးပါဝင် ပူးပေါင်းစေချင်တယ်၊
 ကျွန်တော်တို့ နိုင်ငံအတွက် အကောင်းဆုံးဖြစ်အောင် ကြိုးစားစေချင်တယ်” ဟု ပြောကြားသည်။

မြန်မာနိုင်ငံတွင် (၄၄)နှစ်အကြာမှ ပြန်လည် ကျင်းပခွင့်ရသော ဆီးဂိမ်းစ်ပြိုင်ပွဲ အကြို လှုံ့ဆော်မှု အနေဖြင့် မေလ(၁ဝ)ရက်နှင့် (၁၁)ရက်နေ့များတွင် ရန်ကုန်မြို့ရှိ ကျိုက္ကဆံ အားကစားကွင်းတွင် ဆီးဂိမ်းစ်နှင့် ပတ်သက်သော သီချင်းများသာ ပါဝင်သည့် သီးသန့် ရှိုးပွဲတစ်ခုကို အခမဲ့ ဖျော်ဖြေသွားမည်ဖြစ်ပြီး နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစားကွင်းတွင်လည်း မြန်မာ့ ဇာတ်သဘင်လောကမှ အနုပညာရှင် (၂ဝဝဝ)ကျော် ပါဝင်သော ပွဲတစ်ခုကိုလည်း ဇွန်လ(၂၃)ရက်နေ့တွင် အခမဲ့ ဖျော်ဖြေသွား မည် ဖြစ်ကြောင်း သိရသည်။

မန္တလေးမြို့တွင် ပြီးခဲ့သည့် ဧပြီလ ၄ ရက်နေ့က ပြုလုပ်ရန် စီစဉ်ထားသည့် (Iron Cross) နှင့် ဆီးဂိမ်းစ် အကြို လှုံ့ဆော်ရေး ဖျော်ဖြေပွဲ ပျက်ခဲ့ရသည့်အတွက် ပြန်လည် ကျင်းပနိုင်ရန်  စီစဉ်နေဆဲ ဖြစ်ကြောင်း သိရသည်။

ထက်နောင်နောင်

Re-Post By ACM  8-4-2013
အေးချမ်းမွန် Credit & Copy From >  မြန်မာ့ခေတ်<< Thank

အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (ဆီးဂိမ်းစ်)ကို လာမည့် ဒီဇင်ဘာလမှ စတင်ကာ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနှင့် ငွေဆောင်တို့၌ စတင် ကျင်းပတော့ မည် ဖြစ်သော်လည်း ပရိတ်သတ်များ၏ စိတ်ဝင်စားမှုမှာ လျော့ကျနေဆဲဖြစ်ကြောင်း ဆီးဂိမ်းစ်လှုံ့ဆော်ရေး တာဝန်ယူထားသည့် (ADMA) မီဒီယာမှ ဒုတိယ ဥက္ကဋ္ဌက ပြောကြားသည်။

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ကို မမှန်မကန် လိမ်လည်စွပ်စွဲတယ်ဆိုပြီးအဖမ်းခံထားရတဲ့ ဦးဘရန်ရှောင် အာမခံရပြီ

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ထံ အကြောင်းကြားစာ ပေးပို့ခဲ့ရာမှာ မမှန်မကန် လိမ်လည်စွပ်စွဲတယ်ဆိုပြီး ပုဒ်မ ၂၁၁ နဲ့ တရားစွဲဆိုခံထားရတဲ့ ကချင်ပြည်နယ် ဖါးကန့်မြို့နယ်ဒေသခံ ဦးဘရန်ရှောင်ကို ဖားကန့်မြို့နယ် တရားရုံးက ဒီကနေ့မှာ ငွေကျပ် ၆ သိန်းနဲ့ အာမခံပေးလိုက်တယ်လို့ သိရပါတယ်။

၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေရဲ့ပွင့်လင်းလူ့အဖွဲ့အစည်း ခရီးစဉ်တွေ ပြန်လည်စတင်

၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေရဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ခရီးစဉ်တွေကို ဒီနေ့မှာ ဧရာဝတီတိုင်း၊၀ါးခယ်မမြို့နယ်ကို သွားရောက်ခြင်းဖြင့် ပြန်လည်စတင်လိုက်ပါတယ်။ ပြည်သူတွေအကြားမှာ အပြန်အလှန်ဆွေးနွေးခြင်းရဲ့ အကျိုးကျေးဇူးကို နားလည်သိရှိလာအောင် ကြိုးပမ်းနေတာဖြစ်တယ်လို့ ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုဂျင်မီက RFA ကို ပြောပါတယ်။

ရန်ကုန်မြို့ ကျောက်မြောင်းရပ်ကွက် ယခု ည ၁၁ နာရီ ခန့်က၀င်ရောက်လာသော အကြမ်းဖက်သမားတစ်စုကို ရပ်ကွက်နေပြည်သူများဝိုင်းဝန်းဖမ်းဆီး

ယခု ၈.၄.၂၀၁၃ ည ၁၁ နာရီ ခန့်တွင် ကျောက်မြောင်းဖက်က လာသည်ဟုယူဆရသော ရခိုင် အမျိုးသမီး ၂ ဦး နှင့်ရခိုင် ယောင်္ကျားလေး ၃ ဦး စုစုပေါင်း အကြမ်းဖက်သမား ၅ ဦးသည် ၉၆၉ Taxi တစီးဖြင့် အောင်မင်္ဂလာ ဖက်မှ လာပြီးလမ်းကျယ်ထဲသို့ ၀င်လာရာ လမ်းထိပ်တွင်စောင့်နေသော လူများက မသင်္ဃာသဖြင့် ရပ်တန့်စေပြီရှာဖွေရာ ဓါတ်ဆီ ဂါလံ ပုံး တ လုံး တွေ့လိုက်သဖြင့် အနည်းငယ် ကြာသောအခါ ရဲများရောက်လာပြီ ရယက ရုံးသို့ခေါ်ဆောင်သွးကြောင်းသိရသည်။