အားကစား
ဝန်ကြီးဌာန၏ မီဒီယာတစ်ခုဖြစ်သော (ADMA) မီဒီယာမှ ဒုတိယဥက္ကဌ ဦးဝေမင်းမောင်က
“မြန်မာနိုင်ငံမှာက အားကစား သိပ်မအောင်မြင်တဲ့ နိုင်ငံဆိုတော့
ဆီးဂိမ်းပြိုင်ပွဲကို စိတ်ဝင်စားမှု တော်တော်ကြီးကို နည်းပါတယ်” ဟု
ရန်ကုန်မြို့ Park Royal Hotal ၌် ယနေ့ညနေတွင် ပြုလုပ်ခဲ့သော
(၂၇)ကြိမ်မြောက် ဆီးဂိမ်း လှုံ့ဆော်မှု အစီအစဉ်များနှင့် ပတ်သက်သော
စာနယ်ဇင်း ရှင်းလင်းပွဲ ပြောကြားသည်။
(ADMA) မီဒီယာသည် ဆီးဂိမ်းစ်
အကြိုလှုံ့ဆော်မှုအနေဖြင့် မြဝတီ၊ မြန်မာ့အသံ၊ Sky Net စသည့်
ရုပ်သံလိုင်းများတွင် အစီအစဉ်များ ထည့်သွင်း ပြသလျက်ရှိ ပြီး ပြည်သူများ
တိုက်ရိုက် ပါဝင်နိုင်ရန်အတွက် Live Show ပွဲများ လုပ်ရန်လည်း
စီစဉ်နေကြောင်း သိရသည်။
“လောလောဆယ်တော့ ဆီးဂိမ်းစ် ဂုဏ်ပြုဇာတ်လမ်းတိုကိုတနင်္လာနေ့တိုင်း မြန်မာ့အသံမှာ လွှင့်တယ်၊ အင်္ဂါ
နေ့မှာဆို
မြဝတီမှာ လွှင့်တယ်၊ ပြီးတော့ ကစားသမား တစ်ဦးချင်စီရဲ့ လှုပ်ရှားမှု
တတ်ကြွမှုတွေကို ပုံဖော်စေ
တဲ့ Go for Gold အစီအစဉ်လေးကိုလည်း လွှင့်နေပါတယ်၊
လာမယ့် ဧပြီလ (၁ဝ)ရက်နေ့မှာလည်း My Mind Game / My Sea Game ဆိုတဲ့
ဆီးဂိမ်းနဲ့ ပတ်သက်တဲ့ ဥာဏ်စမ်း ဗဟုသုတ အစီအစဉ်ကို မြန်မာ့အသံကနေ
ထုတ်လွှင့်သွားဖို့ ရှိပါတယ်” ဟုဦးဝေမင်းမောင် က ပြောသည်။
အနုပညာရှင်များလည်း ဆီးဂိမ်းစ် အကြိုလှုံ့ဆော်ရေးတွင်
ပါဝင်ကူညီလျက်ရှိကြောင်း သိရပြီးသရုပ်ဆောင်
မြင့်မြတ်က ကျွန်တော်တို့
နိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပမယ့် ဆီးဂိမ်း ပြိုင်ပွဲက ကျွန်တော်တို့
နိုင်ငံသား အား
လုံးအတွက် အရေးလည်း ကြီးတယ်၊ အမှတ်တရလည်း ဖြစ်ပါတယ်။
သမိုင်းဝင်မယ့် ဒီလိုပွဲမျိုးမှာ ပါဝင်ခွင့်ရ
လို့ အရမ်းကို
ကျေးဇူးတင်ပါတယ်၊ဆီးဂိမ်း အောင်မြင်ရေးအတွက်အလွှာအသီးသီးက အားလုံးပါဝင်
ပူးပေါင်း
စေချင်တယ်၊
ကျွန်တော်တို့ နိုင်ငံအတွက် အကောင်းဆုံးဖြစ်အောင် ကြိုးစားစေချင်တယ်” ဟု ပြောကြားသည်။
မြန်မာနိုင်ငံတွင် (၄၄)နှစ်အကြာမှ ပြန်လည် ကျင်းပခွင့်ရသော
ဆီးဂိမ်းစ်ပြိုင်ပွဲ အကြို လှုံ့ဆော်မှု အနေဖြင့်
မေလ(၁ဝ)ရက်နှင့်(၁၁)ရက်နေ့များတွင်ရန်ကုန်မြို့ရှိကျိုက္ကဆံအားကစားကွင်းတွင်
ဆီးဂိမ်းစ်နှင့် ပတ်သက်
သော သီချင်းများသာ ပါဝင်သည့်သီးသန့်
ရှိုးပွဲတစ်ခုကိုအခမဲ့ ဖျော်ဖြေသွားမည်ဖြစ်ပြီး နေပြည်တော်ရှိ ဝဏ္ဏ
သိဒ္ဓိ
အားကစားကွင်းတွင်လည်း မြန်မာ့ ဇာတ်သဘင်လောကမှ အနုပညာရှင် (၂ဝဝဝ)ကျော်
ပါဝင်သော ပွဲတစ်ခုကိုလည်း ဇွန်လ(၂၃)ရက်နေ့တွင် အခမဲ့ ဖျော်ဖြေသွား မည်
ဖြစ်ကြောင်း သိရသည်။
မန္တလေးမြို့တွင် ပြီးခဲ့သည့် ဧပြီလ ၄ ရက်နေ့က
ပြုလုပ်ရန် စီစဉ်ထားသည့် (Iron Cross) နှင့် ဆီးဂိမ်းစ် အကြို လှုံ့ဆော်ရေး
ဖျော်ဖြေပွဲ ပျက်ခဲ့ရသည့်အတွက် ပြန်လည် ကျင်းပနိုင်ရန် စီစဉ်နေဆဲ
ဖြစ်ကြောင်း သိရသည်။
ထက်နောင်နောင်
မြန်မာ့ခေတ်
Rangonnewsdaily
RND:9.4.2013

No comments:
Post a Comment