ဧပြီ ၉ ၊၂၀၁၃
အကြမ်းဖက်ဖျက်ဆီးမှုတွေနဲ့ ပတ်သက်လို့ ပဲခူးတိုင်းအနောက်ခြမ်း ကြို့ပင်ကောက်မြို့မှာ အယောက် ၄၀
ကျော် ဖမ်းဆီး စစ်ဆေးနေတယ်လို့ မြို့ခံတဦးက ပြောပါတယ်။ “အခုနောက်ပိုင်းကတော့ အိမ်ဖျက်တာတို့ ဘာတို့ ဖျက်ဆီးတဲ့သူတွေကို ဓာတ်ပုံမှတ်တမ်းရှိတဲ့သူတွေအကုန်ဖမ်းတာပဲ။
အနည်းဆုံး၅၀-၆၀ လောက်ရှိ
မယ်။ကျနော်တို့ရှေ့တင်ဖမ်းသွားတုန်းကလိုက်ထရပ်နဲ့၃ စီး။ စခန်းကို ခေါ်သွားတယ်၊ အမျိုးသမီးတွေတောင်
ပြန်မလွှတ်ပေးဘူး။”
ဇီးကုန်းမြို့မှာတော့ဖျက်ဆီးရာမှာပါဝင်သူတွေကို သတင်းပေးကြဖို့ ရဲတပ်ဖွဲ့က ပန်ကြားချက် ထုတ်ပြန်ထား
ပေမယ့် သက်သေအထောက်အထားနဲ့ ပြသရမယ်လို့ ပြောတာကြောင့်လက်ရှိကာလအထိဖျက်ဆီးသူတွေ
ကို ဖမ်းဆီးရမိခြင်း မရှိသေးပါဘူး။
“သူတို့က အရေးအခင်းမှာပါတဲ့သူတွေကို သူတို့ပြော ဖမ်းမယ်။ ဒါပေမယ့် တွေ့တဲ့သူကလည်း သက်သေရှိရ
မယ်။ သက်သေရှိမှ သူတို့ကဖမ်းမယ် ဆိုတော့ လူတိုင်းက ဘယ်သက်သေလုပ်ချင်မလဲ။ ကိုယ့်ထမင်းကိုယ်
စားပြီးတော့။”
မနေ့ကတော့ မြို့နယ်ရဲတပ်ဖွဲ့မှူးက နိုင်ငံရေးပါတီတွေရဲ့ နယ်မြေခံတာဝန်ရှိသူတွေကို ဖိတ်ကြားပြီး သင်္ကြန်
ကာလမှာ ပုဒ်မ ၁၄၄ ရုပ်သိမ်းသင့်၊ မသင့် သဘောထား မေးမြန်းခဲ့ပါတယ်။
မိုးညိုမြို့မှာတော့ အကြမ်းဖက်ဖျက်ဆီးမှုနဲ့ ပတ်သက်လို့ ၄ဦးကိုဖမ်းဆီးစစ်ဆေးနေသလိုပုဒ်မ ၁၄၄သတ်မှတ်
ချိန်အတွင်း အပြင်ထွက်လို့ ဖမ်းဆီးရုံးတင်ထားသူ ၂၁ ဦးကိုတော့ ဒီနေ့ ရုံးထုတ်ပြီး ရုံးပြန်ချိန်းတယ်လို့ မြို့
ခံက ပြောပါတယ်။
ဖျက်ဆီးသူတွေကို ရဲက စာရင်းနဲ့တိုက်ပြီး ဖမ်းဆီးနေတဲ့ပုံစံဟာ ထွက်ပြေးဖို့ အချိန်ရသလို ဖြစ်စေတယ်လို့
မြို့ခံတွေက ပြောပါတယ်။
အဖျက်အဆီးလုပ်သူတွေကဘယ်လိုဘယ်လိုဆိုတာ အများကြီးကျနော်တို့သိထားတယ်။၎ ယောက်လောက်
ပဲ ဖမ်းလို့ရသေးတယ်။ အလုပ်သွားတဲ့ကလေးတွေက ကား၊ စက်ဘီးတို့နဲ့ အချိန်လွန်ထွက်တဲ့ကလေးတွေ ၂၁ ဦးကို မနေ့က တရားရုံးထုတ်တယ်။ မနေ့က အာမခံပေးပြီး ဒီနေ့ရုံးချိန်းပေးတယ်။”
ပဲခူးတိုင်းမှာ ဗလီ၊ မွတ်ဆလင်အိမ်တွေနဲ့ ဆိုင်တွေ ဖျက်ဆီးခံရတဲ့ကိစ္စနဲ့ ပတ်သက်လို့ ပဲခူးတိုင်းဒေသကြီးဝန်
ကြီးချုပ် ဦးဥာဏ်ဝင်းက မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေး ခေါင်းဆောင်တွေနဲ့ တွေ့ဆုံရာမှာ တ
ရားဥပဒေစိုးမိုးရေးဆောင်ရွက်နေ ပုံနဲ့
ဖျက်ဆီးကျူးလွန်သူတွေကိုဥပဒေအရဖမ်းဆီးအရေးယူမှုတွေ ဆောင်
ရွက်နေတယ်ဆိုတာကို ရှင်းပြခဲ့တယ်လို့ ပြောခွင့်ရသူ ဦးဝဏ္ဏရွှေက ပြောပါတယ်။
ပဲခူးတိုင်းအနောက်ပိုင်း ရဲတပ်ဖွဲ့ကိုဆက်သွယ်မေးမြန်းရာမှာတော့အခုလက်ရှိမှာတော့အကြမ်းဖက်သူတွေ
ကို အရေးယူနိုင်ဖို့အတွက် စုံစမ်းစစ်နေဆဲအဆင့်သာဖြစ်ပြီး အဖမ်းအဆီး မရှိသေးပါဘူးလို့ ဖြေပါတယ်။
ဆူပူအကြမ်းဖက်ဖျက်ဆီးမှုစတင်ခဲ့တဲ့
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့မှာတော့ အကြမ်းဖက် မီးရှို့ဖျက်
ဆီးလူသတ်မှု စုစုပေါင်း ၃၅ မှုကို စွဲဆိုထားတယ်လို့ မိတ္ထီလာခရိုင် ရဲတပ်ဖွဲ့က ဒီဗွီဘီကို ဖြေဆိုထားပါတယ်။
ဒီအကြမ်းဖက်မှုဖြစ်စဉ်ကြောင့် လူ ၄၃ ဦး သေဆုံးပြီး လူပေါင်း ၁ သောင်းကျော် အိုးအိမ်မဲ့ခဲ့ရတယ်လို့ အစိုး
ရက သတင်းထုတ်ပြန်ထားပါတယ်။
http://burmese.dvb.no/ archives/38317
DVB News, Rangonnewsdaily
RND:9.4.2013
အကြမ်းဖက်ဖျက်ဆီးမှုတွေနဲ့ ပတ်သက်လို့ ပဲခူးတိုင်းအနောက်ခြမ်း ကြို့ပင်ကောက်မြို့မှာ အယောက် ၄၀
ကျော် ဖမ်းဆီး စစ်ဆေးနေတယ်လို့ မြို့ခံတဦးက ပြောပါတယ်။ “အခုနောက်ပိုင်းကတော့ အိမ်ဖျက်တာတို့ ဘာတို့ ဖျက်ဆီးတဲ့သူတွေကို ဓာတ်ပုံမှတ်တမ်းရှိတဲ့သူတွေအကုန
မယ်။ကျနော်တို့ရှေ့တင်ဖမ်းသွားတုန်းကလိုက်ထရပ်နဲ့၃ စီး။ စခန်းကို ခေါ်သွားတယ်၊ အမျိုးသမီးတွေတောင်
ပြန်မလွှတ်ပေးဘူး။”
ဇီးကုန်းမြို့မှာတော့ဖျက်ဆီးရာမှာပါဝင်သူတွေကို သတင်းပေးကြဖို့ ရဲတပ်ဖွဲ့က ပန်ကြားချက် ထုတ်ပြန်ထား
ပေမယ့် သက်သေအထောက်အထားနဲ့ ပြသရမယ်လို့ ပြောတာကြောင့်လက်ရှိကာလအထိဖျက်ဆီးသူတွေ
ကို ဖမ်းဆီးရမိခြင်း မရှိသေးပါဘူး။
“သူတို့က အရေးအခင်းမှာပါတဲ့သူတွေကို သူတို့ပြော ဖမ်းမယ်။ ဒါပေမယ့် တွေ့တဲ့သူကလည်း သက်သေရှိရ
မယ်။ သက်သေရှိမှ သူတို့ကဖမ်းမယ် ဆိုတော့ လူတိုင်းက ဘယ်သက်သေလုပ်ချင်မလဲ။ ကိုယ့်ထမင်းကိုယ်
စားပြီးတော့။”
မနေ့ကတော့ မြို့နယ်ရဲတပ်ဖွဲ့မှူးက နိုင်ငံရေးပါတီတွေရဲ့ နယ်မြေခံတာဝန်ရှိသူတွေကို ဖိတ်ကြားပြီး သင်္ကြန်
ကာလမှာ ပုဒ်မ ၁၄၄ ရုပ်သိမ်းသင့်၊ မသင့် သဘောထား မေးမြန်းခဲ့ပါတယ်။
မိုးညိုမြို့မှာတော့ အကြမ်းဖက်ဖျက်ဆီးမှုနဲ့ ပတ်သက်လို့ ၄ဦးကိုဖမ်းဆီးစစ်ဆေးနေသလိုပုဒ်မ ၁၄၄သတ်မှတ်
ချိန်အတွင်း အပြင်ထွက်လို့ ဖမ်းဆီးရုံးတင်ထားသူ ၂၁ ဦးကိုတော့ ဒီနေ့ ရုံးထုတ်ပြီး ရုံးပြန်ချိန်းတယ်လို့ မြို့
ခံက ပြောပါတယ်။
ဖျက်ဆီးသူတွေကို ရဲက စာရင်းနဲ့တိုက်ပြီး ဖမ်းဆီးနေတဲ့ပုံစံဟာ ထွက်ပြေးဖို့ အချိန်ရသလို ဖြစ်စေတယ်လို့
မြို့ခံတွေက ပြောပါတယ်။
အဖျက်အဆီးလုပ်သူတွေကဘယ်လိုဘယ်လိုဆိုတာ အများကြီးကျနော်တို့သိထားတယ်။၎ ယောက်လောက်
ပဲ ဖမ်းလို့ရသေးတယ်။ အလုပ်သွားတဲ့ကလေးတွေက ကား၊ စက်ဘီးတို့နဲ့ အချိန်လွန်ထွက်တဲ့ကလေးတွေ ၂၁ ဦးကို မနေ့က တရားရုံးထုတ်တယ်။ မနေ့က အာမခံပေးပြီး ဒီနေ့ရုံးချိန်းပေးတယ်။”
ပဲခူးတိုင်းမှာ ဗလီ၊ မွတ်ဆလင်အိမ်တွေနဲ့ ဆိုင်တွေ ဖျက်ဆီးခံရတဲ့ကိစ္စနဲ့ ပတ်သက်လို့ ပဲခူးတိုင်းဒေသကြီးဝန်
ကြီးချုပ်
ရားဥပဒေစိုးမိုးရေးဆောင်ရွက်နေ
ရွက်နေတယ်ဆိုတာကို ရှင်းပြခဲ့တယ်လို့ ပြောခွင့်ရသူ ဦးဝဏ္ဏရွှေက ပြောပါတယ်။
ပဲခူးတိုင်းအနောက်ပိုင်း ရဲတပ်ဖွဲ့ကိုဆက်သွယ်မေးမြန်းရာမှာတော့အခုလက်ရှိမှာတော့အကြမ်းဖက်သူတွေ
ကို အရေးယူနိုင်ဖို့အတွက် စုံစမ်းစစ်နေဆဲအဆင့်သာဖြစ်ပြီး အဖမ်းအဆီး မရှိသေးပါဘူးလို့ ဖြေပါတယ်။
ဆူပူအကြမ်းဖက်ဖျက်ဆီးမှုစတင်ခဲ့တ
ဆီးလူသတ်မှု စုစုပေါင်း ၃၅ မှုကို စွဲဆိုထားတယ်လို့ မိတ္ထီလာခရိုင် ရဲတပ်ဖွဲ့က ဒီဗွီဘီကို ဖြေဆိုထားပါတယ်။
ဒီအကြမ်းဖက်မှုဖြစ်စဉ်ကြောင့် လူ ၄၃ ဦး သေဆုံးပြီး လူပေါင်း ၁ သောင်းကျော် အိုးအိမ်မဲ့ခဲ့ရတယ်လို့ အစိုး
ရက သတင်းထုတ်ပြန်ထားပါတယ်။
http://burmese.dvb.no/
DVB News, Rangonnewsdaily
RND:9.4.2013
No comments:
Post a Comment