၉၆၉ တံဆိပ်ကပ် အဌားယဉ်ကြောင့် လမ်းကျယ်တွင် ရုပ်ရုပ်သဲသဲဖြစ်
မင်္ဂလာတောင်ညွန့်မြို့နယ် မအူကုန်းရပ်ကွက် ၁၃၈ လမ်းအတွင်းသို့ ၉၆၉
တံဆိပ်ကပ် ယဉ်အမှတ် AA 5164 ယမန်နေ့ည ၁၁ နာရီ ၁၅
မိနစ်ဝန်းကျင်တွင်ဝင်ရောက်လာပြီး ဖြေးဖြေးမောင်းရန် မေတ္တာရပ်ခံသည့် ဒေသခံများအား ဆဲဆိုသဖြင့် လူစုလူဝေးဖြင့် ၀ိုင်းဝန်းပာန့်တားမှုတစ်ရပ်ဖြစ်ပွားခဲ့ကြောင်း အဆိုပါနယ်မြေတွင်းနေထိုင်သူတစ်ဦးက မြန်မာမွတ်စလင်မ် မီဒီယာသို့ပြောသည်။"စက်ရုံလမ်းဘက်က ၀င်လာတဲ့ကားပါ။လမ်းပိတ်ထားတဲ့နေရာကိုလည်း အရှိန်နဲ့မောင်းဝင်လာတယ်။ကင်းသမားတွေက် ဖြေးဖြေးမောင်းဖို့ပြောတာကိုလည်း မောင်းတော့ဘာဖြစ်လဲကွာ စောက်ကုလား ဘာညာဆိုပြီးဆက်ဆဲတယ်ဲ။ဒါကြောင့် လူအုပ်များသွားတာပါ။ရပ်ကွက်ရုံးမှာ စစ်ဆေးပြီးတော့ တာမွေက စခန်း ၄၀ ရဲစခန်းကိုခေါ်သွားတယ်"ပာု မျက်မြင်တစ်ဦးကပြောသည်။
လတ်တလောကာလ အတွင်းက မြန်မာနိင်ငံတွင် အစ္စလာမ်ဘာသာဝင်များအား မြို့လုံးကျွတ်သတ်ဖြတ်ဖျက်ဆီးခြင်းများကို ၉၆၉ ဂိုဏ်းဝင်များက ပြုလုပ်ခဲ့သဖြင့် အစ္စလာမ်ဘာသာဝင်များအနေဖြင့်မိမိ ရပ်ရွာနှင့် အသက်အိုးအိမ်လုံခြုံရေး အတွက်ညစဉ်ကင်းစောင့်ခြင်းများကို နေရာ အနှံ့တွင်ပြုလုပ်နေကြရသည်။
Myanmar Muslim.Net , Rangonnewsdaily
RND:9.4.2013
No comments:
Post a Comment