Pages

Pages - Menu

Tuesday, April 9, 2013

ကမ္ဘာကျော် Microsoft Company က Windows 8 ထုတ်လုပ်ပြီးနောက် Windows 9 နဲ့ Windows Blue လာမည့်နှစ်တွင် စတင်မိတ်ဆက်တော့မည်

Windows 9 လာမည် !!!

ဧပြီလ ၉ ရက် ၂၀၁၃

Windows 8 ထွက်တာတောင် မကြာသေးပါဘူး၊ Microsoft က အခု Windows 9 နဲ့ Windows Blue ဆိုတဲ့ Project သစ်နှစ်ခုကို လုပ်ဆောင်နေပြီး ဒီနှစ်နွေရာသီထဲမှာဘဲ အဆိုပါ Windows နှစ်ခုထဲက တစ်ခုခု ထွက်ရှိလာလိမ့်မယ်လို့ ခန့်မှန်းရပါတယ်။

Windows Blueက Windows 8 ရဲ့ upgrade ဖြစ်လာပြီး Windows 9 ကတော့ နောက်ထပ် သီးခြား Operating System တစ်ခုအဖြစ် သီးသန့်ထွက်ရှိ လာမှာဖြစ်တယ်လို့ သတင်းတွေပြန့်နေပါတယ်။

Microsoft ရဲ့ အတွင်းပိုင်းအသိုင်းအ၀န်းကလာတဲ့ သတင်းတွေအရ Windows 9 ရဲ့ Beta Version ကို 2014 ဇန်န၀ါရီလထဲမှာ စတင်တွေ့မြင်နိုင်မှာဖြစ်ပြီး နိုဝင်ဘာလထဲမှာ stable product အဖြစ် တွေ့မြင်နိုင်လိမ့်မယ်လို့ သိရပါတယ်။

Internet Explorer ရဲ့ နောက်ဆုံးမျိုးဆက်ဖြစ်တဲ့ ie 11 ဟာ Windows Blue မှာ beta version အဖြစ်နဲ့သာ စတင်မိတ်ဆက်မှာ ဖြစ်ပြီး Windows 9 မှာမှ stable app တစ်ခုအဖြစ် ပွဲထွက်လာမယ်လို့လည်း ဆိုကြပါတယ်။

ဒါ့အပြင် Microsoft ဟာ လတ်တလောမှာ Windows 9 ရဲ့ touch support ပိုင်းကို စွမ်းဆောင်ရည်ပိုမိုကောင်းမွန်အောင် စီစဉ်နေတယ်လို့ ဆိုတဲ့အတွက် tablet version နဲ့ mobile phone version ပါ ထွက်လာလိမ့်
မယ်လို့ သုံးသပ်ရပါတယ်။

Vista အောင်မြင်မှုမရခဲ့တုန်းက Windows 7 နဲ့ ပြန်ပြီး အဖတ်ဆယ်သလိုမျိုး ခုအချိန်မှာ ထင်သလောက်မပေါက်ဖြစ်နေတဲ့ Windows 8 အတွက် Microsoft က Windows 9 နဲ့ ပြန်လည်ဆယ်ယူနိုင်မလားဆိုတာတော့ စိတ်ဝင်စားစရာပါ။

Tech & Security News/ Ref:softpedia

ဧပြီလ ၉ ရက် ၂၀၁၃

Windows 8 ထွက်တာတောင် မကြာသေးပါဘူး၊ Microsoft က အခုWindows9 နဲ့ Windows Blue ဆိုတဲ့Project
သစ်နှစ်ခုကိုလုပ်ဆောင်နေပြီးဒီနှစ်နွေရာသီထဲမှာဘဲအဆိုပါ Windows နှစ်ခုထဲက တစ်ခုခုထွက်ရှိလာလိမ့်မ
ယ်လို့ ခန့်မှန်းရပါတယ်။
Windows Blueက Windows 8 ရဲ့ upgrade ဖြစ်လာပြီး Windows 9 ကတော့ နောက်ထပ် သီးခြား Operating System တစ်ခုအဖြစ် သီးသန့်ထွက်ရှိ လာမှာဖြစ်တယ်လို့ သတင်းတွေပြန့်နေပါတယ်။

Microsoft ရဲ့ အတွင်းပိုင်းအသိုင်းအ၀န်းကလာတဲ့ သတင်းတွေအရ Windows 9 ရဲ့ Beta Version ကို 2014 ဇန်န၀ါရီလထဲမှာစတင်တွေ့မြင်နိုင်မှာဖြစ်ပြီး နိုဝင်ဘာလထဲမှာstable product အဖြစ် တွေ့မြင်နိုင်လိမ့်မယ်
လို့ သိရပါတယ်။

Internet Explorer ရဲ့ နောက်ဆုံးမျိုးဆက်ဖြစ်တဲ့ ie 11 ဟာ Windows Blue မှာ beta version အဖြစ်နဲ့သာ စတင်
မိတ်ဆက်မှာ ဖြစ်ပြီး Windows 9 မှာမှ stable app တစ်ခုအဖြစ် ပွဲထွက်လာမယ်လို့လည်း ဆိုကြပါတယ်။

ဒါ့အပြင် Microsoft ဟာ လတ်တလောမှာ Windows 9 ရဲ့ touch support ပိုင်းကို စွမ်းဆောင်ရည်ပိုမိုကောင်း
မွန်အောင် စီစဉ်နေတယ်လို့ ဆိုတဲ့အတွက် tablet version နဲ့ mobile phone version ပါ ထွက်လာလိမ့်မယ်လို့ 
သုံးသပ်ရပါတယ်။

Vista အောင်မြင်မှုမရခဲ့တုန်းက Windows 7 နဲ့ ပြန်ပြီး အဖတ်ဆယ်သလိုမျိုး ခုအချိန်မှာ ထင်သလောက်မ
ပေါက်ဖြစ်နေတဲ့ Windows 8 အတွက် Microsoft က Windows 9 နဲ့ ပြန်လည်ဆယ်ယူနိုင်မလားဆိုတာတော့ စိတ်ဝင်စားစရာပါ။

Tech & Security News/ Ref:softpedia
Rangonnewsdaily
RND:9.4.2013

No comments:

Post a Comment