Pages
▼
Pages - Menu
▼
Saturday, January 3, 2015
ပုဇွန်တောင်မြို့ နယ်ရှိ တိုက်ခန်းတခုအတွင်း အပုပ်နံ့ရသဖြင့် ၀င်ကြည့်ရာ အမျိုးသမီး တဦးသေ ဆုံးနေ
RangonNewsDaily:: January . 3 .2015
၂.၁.၂၀၁၅ ရက်နေ့ ၁၁၃၀ အချိန် ပုဇွန်တောင်မြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ပုဇွန်တောင် မြို့နယ်၊ (၂)ရပ်ကွက်ရှိ တိုက်(၆)လွှာ အခန်းတွင် အပုပ်နံ့ရကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက် စစ်ဆေးခဲ့ရာ တံခါးအား အတွင်းမှ ဂျက်ထိုး ပိတ်ထားသည်ကို တွေ့ရှိရသဖြင့် တံခါးအားဖျက်၍ ၀င်ရောက်
စစ်ဆေးခဲ့ပါသည်။
စစ်ဆေးခဲ့ပါသည်။
မင်္ဂလာတောင်ညွန့်မြို့နယ် ၁၂၃လမ်းတွင် လူသတ်မှုဖြစ်ပွား
RangonNewsDaily:: January . 3 .2015
ဇန်န၀ါရီ ၃ ရက်နေ့ မွန်းလွဲပိုင်း အချိန်တွင် မင်္ဂလာတောင်ညွန့်မြို့နယ် ၁၂၃ လမ်း တိုက်အမှတ် ၂၄ တတိယထပ်(၄လွှာ)၌ လူသတ်မှုတခု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ အသတ်ခံရသူမှာ အသက် ၇၁နှစ်ရှိ ဒေါ်အမာဗီယာ ဖြစ်ပြီး ၎င်း၏သားသမီးများမှာ မလေးရှားနိုင်ငံတွင် နေထိုင်နေသူများ ဖြစ်ကြောင်း သိရသည်။
လူကြိုက်များတဲ့ဂိမ်းလေး CUT THE ROPE 2 V1.3.0 [MOD MONEY] APK
![]() |
RangonNewsDaily:: January . 3 .2015
၂၀၁၅ ခုနှစ်အတွက် ဦးဦးဖျားဖျား အနေနဲ့ Rangonnewsdaily ပိရိသတ်တွေကို Game လေးတခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။ လူကြိုက်များတဲ့ဂိမ်းလေး ပါ။ ပုသိမ် အိုင်တီ နည်းပညာမှတဆင့်ပြန်လည်မျှဝေပေးလိုက်ပါတယ်။ Cut the Rope 2 ဂိမ်းဗားရှင်း
အသစ်လေးပါ မိန်းကလေးရော ယောက်ျားလေးရောဆော့ကစားလို့ရတဲ့ ဥာဏ်စမ်းဂိမ်းကောင်းလေးပါ အောက်မှာဒေါင်းပါ
နိုင်ငံခြားပညာတော်သင်များ ပြန်မလာလျှင် သိန်းငါးဆယ်လျော်ရသည့်စနစ် ပယ်ဖျတ်
RangonNewsDaily:: January . 3 .2015
ပြည်ပနိုင်ငံများသို့ နိုင်ငံခြား ပညာတော်သင်အဖြစ် သွားရောက်သည့် နိုင်ငံ့ဝန်ထမ်းများ မြန်မာနိုင်ငံသို့ ပြန်မလာလျှင် ပညာသင် အာမခံလျော်ကြေးငွေ သိန်းငါးဆယ် ပေးလျော်ရသည့် စနစ်ကို ဇန်နဝါရီလ ၁ ရက်နေ့မှစတင် ပယ်ဖျက်လိုက်ကြောင်း ပြည်ထောင်စု ရာထူးဝန်အဖွဲ့ထံမှ သိရသည်။
မန္တလေးပဋိပက္ခမှ ကတုံးမအမှုကို အများပြည်သူရှေ့မှောက်တွင် တရားစီရင်ရန်လျှောက်လဲ
RangonNewsDaily:: January . 3 .2015
မန္တလေးပဋိပက္ခ ဖြစ်စဉ်တွင် အဓိကပါဝင်သူ ကတုံးမအပါအဝင် ငါးဦးကို စစ် ဆေးရာ၌ အများပြည်သူရှေ့ မှောက် တရားစီရင်အမိန့်ချမှတ် နိုင်ရန် ဇန်နဝါရီ ၂ ရက်က ပျဉ်း မနားမြို့ တရားရုံးတွင် လျှောက် ထားခဲ့ကြောင်းသတင်းရရှိသည်။
လွတ်လပ်ရေးနေ့တွင် လွတ်ငြိမ်းချမ်းသာခွင့် ပေးဖွယ်ရှိဟု သတင်းများ ထွက်ပေါ်
RangonNewsDaily:: January . 3 .2015
အကျဉ်းထောင်နှင့် အ လုပ်စခန်းများအတွင်း အကျဉ်း သားစာရင်းများ လိုက်လံကောက် ယူနေသောကြောင့် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် အကျဉ်း သားများလွတ်ငြိမ်းချမ်းသာခွင့် ပေးဖွယ်ရှိကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။
Father Land ဥက္ကဋ္ဌကို အိမ်ရာအမှု နောက်တစ်ခုဖြင့် လူပုဂ္ဂိုလ်ကိုးဦးက တရားစွဲဆိုရန် ပြင်ဆင်နေ
RangonNewsDaily:: January . 3 .2015
လိမ်လည်မှု၊ စာချုပ်စာ တမ်းအတုပြုလုပ်မှုတို့ဖြင့် တရား စွဲဆိုခံထားရသည့် Father Land ဆောက်လုပ်ရေး ကုမ္ပဏီဥက္ကဋ္ဌ ဦးကျော်မြင့်ကို လူပုဂ္ဂိုလ်ကိုးဦးက စုစည်း၍ ထပ်မံတရားစွဲဆိုရန် ပြင်ဆင်နေကြောင်း သတင်းရရှိ သည်။
ဇန်န၀ါရီ ၁ ရက်ကို ရက်ယူမွေးသူ များပြားလာ
RangonNewsDaily:: January . 3 .2015
ဇန်န၀ါရီ ၁ ရက် နှစ် သစ်၏ ပထမဆုံးနေ့ကို မိဘများ ကြိုက်နှစ်သက်သဖြင့် ယင်းနေ့ တွင် ရက်ယူမွေးသည့် ကလေးမွေးဖွားမှုမှာ အခြားရက်များထက် အ နည်းငယ်ပိုများကြောင်း ရန်ကုန် မြို့ရှိ ဆေးရုံများမှ သတင်းရရှိသည်။
ဇန်န၀ါရီ ၁ ရက်၌ ရွှေဂုံ တိုင်(SSC) ဆေးရုံတွင် လေးဦး၊ Woman Centre တွင် သုံးဦး၊ ဆာကူရာဆေးရုံတွင် ရှစ်ဦး၊ ပန်းလှိုင် ဆေးရုံတွင် တစ်ဦး မွေးဖွားခဲ့ သည်။
အကယ်ဒမီ ဆု ၆ ဆုပဲပေးတယ်ဆိုတာ နောင်နှစ်အတွက် သက်သာချောင်ချိအောင် သိမ်းပေးထားတယ်လို့ မြင်မိပါတယ်လို့ပြောလာတဲ့ ခန့်စည်သူ
RangonNewsDaily:: January . 3 .2015
၂၀၁၃ အကယ်ဒမီပေးပွဲကို အဆင်မပြေလို့ မတက်ရောက်ဖြစ်သလို ဆေးခန်းသွားပြနေတဲ့အတွက် တီဗီကနေတောင် စောင့်မကြည့်ဖြစ်ဘူးလို့ ပြောပြလာတဲ့ ကိုခန့်ကို အနုပညာအကြောင်းအရာများနဲ့ ရုပ်ရှင်လောကအပေါ်သူ့အမြင်အယူအဆကို တီးခေါက်ကြည့်မိတဲ့ခါ “၂၀၁၃ အကယ်ဒမီကတော့ ကိုယ်ပွဲမတက်ဖြစ်ဘူး။ ဘာကြောင့်လဲဆိုတော့ အဆင်မပြေလို့ပါ။ ကိုယ့်အထာနဲ့ကိုယ်က ဆန်ကာတင်တော့ ပါတယ်။
အကယ်ဒမီဆုရုပ် ပြန်သိမ်းခံရတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေတဲ့ စန္ဒယားတင်ဝင်းလှိုင်
RangonNewsDaily:: January . 3 .2015
ရုပ်မြင်သံကြားမှာ မြန်မာ့ဂီတတခေတ်ပေါ်ထွန်းခဲ့သော ကာလပေါ်တေးဂီတများကို “ခြေခြေမြစ်မြစ် နှစ်နှစ်ကာကာ”ဟူသောကဏ္ဍမှာ တပတ်တခါ တင်ဆက်နေသူက ငယ်စဉ်ကလေးဘ၀ကတည်းက ဂီတလောကရုပ်ရှင်လောကမှာ ကျင်လည်ကျက်စားခဲ့သူ စန္ဒယားတင်ဝင်းလှိုင်။
သူ့ကဏ္ဍလာလျှင် မြန်မာသီချင်းကို ချစ်ခင်စွဲလန်းသူများ၊ တခေတ်က ထိုသီချင်းများကို စွဲလန်းခဲ့သူများသည် တကူးတကအချိန်ပေး၍ စောင့်မျှော်ကြည့်ရှုရသည်။
သူ့ကဏ္ဍလာလျှင် မြန်မာသီချင်းကို ချစ်ခင်စွဲလန်းသူများ၊ တခေတ်က ထိုသီချင်းများကို စွဲလန်းခဲ့သူများသည် တကူးတကအချိန်ပေး၍ စောင့်မျှော်ကြည့်ရှုရသည်။
ယာယီသက်သေခံလက်မှတ်(ဝှိုက်ကတ်) ကိုင်ဆောင်ထားသူများအား ပါတီမှ ထုတ်ပယ်ရန် ရွေးကောက်ပွဲ ကော်မရှင် သတိပေးချက်ကို NLD ပါတီ အပြင်းအထန် ကန့်ကွက်
RangonNewsDaily:: January . 3 .2015
NLD ပါတီသည် ယာယီသက်သေခံလက်မှတ်(ဝှိုက်ကတ်) ကိုင်ဆောင် ထားသူများအား ပါတီဝင်အဖြစ် လက်ခံ ထားသည့်အတွက် ရွေးကောက်ပွဲ ဥပဒေနှင့် ညှိစွန်းနေသဖြင့် ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူ များအား နှစ်လအတွင်း ပါတီမှ အပြီးထုတ်ပယ်ရန် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ညွှန်ကြားခဲ့ရာ မဖြစ်သင့်ဟု NLD ပါတီက တုံ့ပြန်လိုက်ကြောင်း သတင်းရရှိသည်။
MPT ဖုန်းခေါ်ဆိုခ လာမည့် သုံးလ အတွင်း လျှော့ချမည်
RangonNewsDaily:: January . 3 .2015
၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလမှ မတ်လ အတွင်း ဖုန်းခေါ်ဆိုခ နှုန်းထား များအား အပြီးသတ် လျော့ချ သွားမည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ အင်ဂျင်နီယာ ဦးသိန်းဟုတ်က The Messenger Media သို့ပြောသည်။
မိကျောင်းကန်အရေး ပုဒ်မ-၅၀၅ (ခ)ဖြင့် တရားစွဲခံထားရသူ ကိုဝေဠုက ဖမ်းဆီးခေါ်ဆောင်သူများကို တရားပြန်စွဲမည်
RangonNewsDaily:: January . 3 .2015
မိကျောင်းကန်သပိတ်စခန်းမှ ဆန္ဒဖော်ထုတ်သူများကို အားပေးအားမြှောက်ပြုလုပ်သည်ဟု ဆိုကာ ပြစ်မှုဆိုင်ရာပုဒ်မ ၅၀၅(ခ)ဖြင့် တရားစွဲခံထားရသူ ကိုဝေဠုက ၎င်းကို ဖမ်းဆီး ခေါ်ဆောင်သွားသူများအား ပြန်လည်တရားစွဲဆိုသွားမည်ဟု ဇန်န၀ါ၇ီလ ၂ရက် ကျောက်တံတားမြို့နယ် တရားရုံးတွင် ရုံးထုတ်လာစဉ် မီဒီယာများသို့ ပြောကြားလိုက်သည်။
လက်ပံတောင်းဆန့်ကျင်ရေးလှုပ်ရှားမှုတွေကို ကြိုးကိုင်နေသည့် အေဘီမြောက်ပိုင်း လူသတ်မှုတရားခံ ဒေါက်တာနိုင်အောင် မန္တလေးတွင် ပထမဆုံးအကြိမ် လူလုံးပြ
RangonNewsDaily:: January . 3 .2015
မန္တလေးမြို့တွင် ဇန်န၀ါရီလ ၁ ရက်နေ့က လုပ်ခဲ့သည့် လက်ပတောင်းတောင် စီမံကိန်း ကန့်ကွက်ဆန္ဒထုတ်ဖေါ်သော တစ်သုံးလုံးဆန္ဒပြလှုပ်ရှားမှုတွင် ၁၉၉၂ ဝန်းကျင်က ABSDF(မြောက်ပိုင်း) ပါဂျောင်စခန်းတွင် လူ ၃၀ ကျော် သတ်ဖြတ် ခံရမှု၌ တာဝန်အရှိဆုံးဖြစ်သူ ဒေါက်တာနိုင်အောင် ပထမဆုံးအကြိမ် လူထုရှေ့ ထွက်ပေါ်လာခဲ့ကြောင်း သတင်း ရရှိသည်။