Pages

Pages - Menu

Saturday, January 3, 2015

MPT ဖုန်းခေါ်ဆိုခ လာမည့် သုံးလ အတွင်း လျှော့ချမည်

RangonNewsDaily:: January . 3 .2015
၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလမှ မတ်လ အတွင်း ဖုန်းခေါ်ဆိုခ နှုန်းထား များအား အပြီးသတ် လျော့ချ သွားမည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ အင်ဂျင်နီယာ ဦးသိန်းဟုတ်က The Messenger Media သို့ပြောသည်။

ဖုန်းခေါ်ဆိုခ ဈေးနှုန်းအား ပြီးခဲ့သည့် နှစ်အတွင်းက အပြီးသတ် လျော့ချရန် စီစဉ်ထား သော်လည်း လိုအပ်ချက်များ ရှိနေ ခြင်းကြောင့် အချိန် ကြန့်ကြာခဲ့ခြင်း ဖြစ်သည်။ အခုနှစ် ဘဏ္ဍာနှစ် အတွင်းမှာပဲ ဈေးလျော့ဖို့ ညှိနှိုင်းနေ ကြတယ်၊ ဖုန်းလိုင်းပြတ် တောက်မှု မဖြစ်စေဖို့ ဆောင်ရွက် သွားမှာပါ ဟု ဦးသိန်းဟုတ်က ဆိုသည်။

ယင်းကဲ့သို့ လျှော့ချ နိုင်ရန် တာဝါတိုင်များနှင့် ရေဒီယို စခန်းများ ကိုလည်း ထပ်မံ တိုးချဲ့ ဆောက်လုပ်လျက် ရှိပြီး၊ ကွန်ရက်များ ချဲ့ထွင်ရန် အတွက်လည်း ဂျပန် အခြေစိုက် ဆက်သွယ်ရေး ကုမ္ပဏီ KDDI နှင့် ပူးပေါင်း ဆောင်ရွက် နေကြောင်း သိရသည်။ လက်ရှိ မြန်မာ နိုင်ငံတွင် ပြည်ပ ဆက်သွယ်ရေး အော်ပရေတာ နှစ်ခုမှ ဖုန်းခေါ်ဆိုခ တစ်မိနစ်လျှင် (၂၅) ကျပ်နှုန်းသာ ကောက်ခံနေ သော်လည်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း မှာမူ တစ်မိနစ်လျှင် (၅၀)ကျပ်နှုန်းဖြင့် ကောက်ခံနေ၍ ဝေဖန်မှု များလည်း ထွက်ပေါ် နေလျက် ရှိသည်။

အရင် ကတည်းက MPT ကိုပဲ သုံးနေတာ ဖြစ်တဲ့ အတွက် တခြား အမှတ်တံဆိပ်တွေ မသုံးဖြစ်ဘူး၊ ဈေး များလည်း ပေးနေရ မှာပဲ၊ ဒါပေမဲ့ ဈေးနှုန်း လျော့မယ် ဆိုရင်တော့ အားလုံး အတွက် ပိုပြီး အဆင်ပြေသွား မှာပါ ဟု သုဝဏ္ဏဈေး အနီးရှိ အောင်မိုဘိုင်း အရောင်းဆိုင်မှ ဆိုင်ရှင် မသူဇာက ဆိုသည်။ MPT အမှတ်တံဆိပ် အသုံးပြု သူမှာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် (၁၂) သန်းကျော်ရှိ နေပြီး အများစုမှာ GSM ဖုန်းလိုင်းကိုသာ အဓိကထား သုံးစွဲနေသူများ ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။ ထို့ပြင် ပြည်ပ အော်ပရေတာ နှစ်ခု ဖြစ်သည် Telenor နှင့် Ooredoo တို့မှ ဖုန်း ခေါ်ဆိုခ ဈေးနှုန်းများနှင့် အင်တာနက် အသုံး ပြုခဈေးနှုန်း များကို တစ်ဆင့်ပြီး တစ်ဆင့် လျှော့ချကာ ရောင်းချလျက် ရှိသည်။

Messenger News , KOLATT(PBDN)
RangonNewsDaily



No comments:

Post a Comment