Pages

Pages - Menu

Saturday, January 3, 2015

မန္တလေးပဋိပက္ခမှ ကတုံးမအမှုကို အများပြည်သူရှေ့မှောက်တွင် တရားစီရင်ရန်လျှောက်လဲ

RangonNewsDaily:: January . 3 .2015
မန္တလေးပဋိပက္ခ ဖြစ်စဉ်တွင် အဓိကပါဝင်သူ ကတုံးမအပါအဝင် ငါးဦးကို စစ် ဆေးရာ၌ အများပြည်သူရှေ့ မှောက် တရားစီရင်အမိန့်ချမှတ် နိုင်ရန် ဇန်နဝါရီ ၂ ရက်က ပျဉ်း မနားမြို့ တရားရုံးတွင် လျှောက် ထားခဲ့ကြောင်းသတင်းရရှိသည်။
‘‘ထောင်ထဲ၊ တရားရုံးထဲမှာ လုံခြုံရေးအစောင့်အရှောက်တွေ နဲ့အမှုစစ်ဆေးရမယ်လို့ ဘယ်ဥပဒေကမှပြဋ္ဌာန်းထားတာမရှိဘူး။ ဒါ ကြောင့် အများပြည်သူ ရှေ့မှောက်မှာ သက်သေတွေပြဖို့၊ အမိန့်ချမှတ်ဖို့အတွက် လျှောက်ထားတာပါ’’ဟု စွပ်စွဲခံရသူများအားလိုက်ပါဆောင်ရွက်ပေးသူ ရှေ့နေဦး အောင်သူရိန်ထွန်းက ပြော သည်။

ယင်းအမှုနှင့် ပတ်သက်၍ ၂၀၁၄ ဇူလိုင် ၃၀ ရက်က နေပြည် တော် ပျဉ်းမနားရဲစခန်းမှ ကတုံးမ အပါအဝင် ငါးဦးကို လူမျိုးရေး ပဋိပက္ခများ၊ ဆူပူအကြမ်းဖက်မှု များဖြစ်ပေါ်လာစေရန် ရည်ရွယ် ချက်ရှိရှိဖြင့် ဖန်တီးလုပ်ဆောင်၍ မမှန်မကန် တိုင်ကြားမှုအပေါ် ၁၉၅၀ ပြည့်နှစ် အရေးပေါ်အက် ဥပဒေ၅(ဃ)(င)(ည)တို့ဖြင့် တရားစွဲဆိုထားခြင်းဖြစ်သည်။
::
‘‘ကတုံးမက ၅(ဃ)(င)(ည) နဲ့ပတ်သက်ပြီး ဝန်ခံထားတယ်။ ပြစ်မှုပုဒ်မ ၂၁၁ အပေါ်မှာတော့ ငြင်းထားတယ်။ ကျန်တဲ့လေးဦး ကတော့ ဒီအမှုအပေါ်မှာ အပြစ် မရှိကြောင်း ထုချေလွှာတင်ထား တယ်’’ဟု ဦးအောင်သူရိန်ထွန်းက ပြောသည်။

ယင်းအမှုအတွက် ဇန်နဝါရီ ၉ ရက်တွင် ရုံးချိန်းထပ်မံချိန်းဆို ထားပြီး အများပြည်သူရှေ့မှောက် တွင် တရားစီရင်အမိန့်ချမှတ်နိုင် ရန်လျှောက်ထားမှုကို အထက်ပါ နေ့တွင်နှစ်ဖက်လျှောက်လဲချက် ပေးရမည်ဖြစ်ကြောင်းသိရသည်။
::
‘‘တရားရုံးက အများပြည်သူ ရှေ့မှာစစ်တာဆိုတာ ပြည်သူ့ခုံရုံး မှမဟုတ်တာ။ ဒါပေမဲ့ တရားစီရင် ရေးကို မနှောင့်ယှက်ဘူးဆိုရင် တော့ ဝင်ရောက်လေ့လာကြည့် ရှုနားထောင်ခွင့်ရှိတယ်။ ဓာတ်ပုံ တို့၊ အသံဖမ်းစက်နဲ့တော့ ဖမ်းလို့မရဘူး။ တရားရုံးကိုနှောင့်ယှက်မှု မရှိရင် နားထောင်ခွင့်ရှိတယ်။ ကျန်တာ တရားရုံးက သတ်မှတ်ချက်အရပေါ့’’ဟု နေပြည်တော်တိုင်း ရဲတပ်ဖွဲ့ဒုရဲမှူးကြီးဇော်ခင် အောင်ကပြောသည်။
::
တရားခံနုနုမြတ်နှင့် ရဲထွဋ် အောင်တို့အား ၁၉၄၇ ပြည် ထောင်စုမြန်မာနိုင်ငံအတွင်း နေ ထိုင်သူများ မှတ်ပုံတင်အက်ဥပဒေ ၆(၂)/၆(၃)ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ (၁၀၉)အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂နှစ်၊ ပြစ်မှုဆိုင်ရာ ဥပဒေ(၁၆၈)အရ ထောင်ဒဏ် သုံးလချမှတ်ခဲ့ပြီး ရဲထွဋ်အား ၁၉၄၇ မြန်မာနိုင်ငံလူဝင်မှုကြီး ကြပ်ရေး(လတ်တလောပြဋ္ဌာန်း ချက်များ)အက်ဥပဒေအရ ပုဒ်မ ၁၃(၁)အရ အလုပ်နှင့် ထောင် ဒဏ် သုံးနှစ်တိတိကျခံစေရန် အမိန့်ချမှတ်ပြီးဖြစ်သည်။

7Day Daily ::--KOLATT(PBDN)
RangonNewsDaily



No comments:

Post a Comment