Pages

Pages - Menu

Saturday, January 3, 2015

လွတ်လပ်ရေးနေ့တွင် လွတ်ငြိမ်းချမ်းသာခွင့် ပေးဖွယ်ရှိဟု သတင်းများ ထွက်ပေါ်

RangonNewsDaily:: January . 3 .2015
အကျဉ်းထောင်နှင့် အ လုပ်စခန်းများအတွင်း အကျဉ်း သားစာရင်းများ လိုက်လံကောက် ယူနေသောကြောင့် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် အကျဉ်း သားများလွတ်ငြိမ်းချမ်းသာခွင့် ပေးဖွယ်ရှိကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။
အစိုးရသစ်သက်တမ်းတွင် ၂၀၁၃ မှလွဲ၍ ကျန်နှစ်များ၌ လွတ်လပ်ရေးနေ့နှင့် ယင်းနေ့ဝန်းကျင်တွင် လွတ်ငြိမ်းချမ်းသာခွင့်များပေးခဲ့ဖူးသည်။

အကျဉ်းထောင်နှင့် အလုပ် စခန်းများအတွင်း အကျဉ်းသားစာ ရင်းကောက်ယူမှုကို ဒီဇင်ဘာ နောက်ဆုံးပတ်နှင့် ဇန်န၀ါရီအ စောပိုင်းကာလများတွင် ဆက် တိုက်ကောက်ယူလျက်ရှိကြောင်း အကျဉ်းကျခံနေရသူများအား သွားရောက်တွေ့ဆုံခဲ့သည့် မိသားစုဝင်များက ပြောသည်။

‘‘ရဲဘက်တွေမှာ ဇန်န၀ါရီ ၃ ရက်နဲ့ ၄ ရက်ကျလွတ်မယ်ဆိုပြီး စာရင်းကောက်နေတာတွေရှိ တယ်။
::
ပြစ်ဒဏ်ကျနှစ်တွေနဲ့ ကျန်တဲ့နှစ်တွေအလိုက် စာရင်းတွေပေးရတယ်’’ဟု ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက မော်လမြိုင်ရှိ ရဲဘက်စခန်းတစ်ခုမှ ၎င်း၏ မိသားစုဝင်တစ်ဦးအား သွားရောက်တွေ့ဆုံခဲ့သူက ပြောသည်။

၂၀၁၂ နှင့် ၂၀၁၄ တို့တွင် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အဖြစ် အစိုးရက အကျဉ်းသား တစ်သောင်းလေးထောင်ခန့်လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သည်။
::
‘‘တရားဝင်တော့ ဘာမှမ ကြားသေးဘူး။ ဒါပေမဲ့ အခါကြီး ရက်ကြီးတွေအကြောင်း အကျိုး ဆုံလာရင်တော့ လွှတ်တတ်တာရှိ တယ်’’ဟု နိုင်ငံရေးအကျဉ်းသား ဟောင်းများအဖွဲ့မှ ဦးရဲအောင်က ပြောသည်။
::
အစိုးရသစ်လက်ထက်တွင် လွတ်လပ်ရေးနေ့နှင့် ယင်းနေ့ဝန်းကျင်တွင် လွတ်ငြိမ်းချမ်းသာခွင့်ကိုကြေညာလေ့ရှိပြီး ယင်းနေ့သည်အစိုးရရုံးပိတ်ရက်နှင့်တိုက်ဆိုင်နေပါက လွတ်လပ်ရေးနေ့ပြီးနောက်ရက်များတွင် လွှတ်ပေးလေ့ရှိသည်။

7Day Daily ::--KOLATT(PBDN)
RangonNewsDaily



No comments:

Post a Comment