Pages

Pages - Menu

Saturday, November 1, 2014

ဗီဒီယိုသရုပ်ဆောင် ဂျွန်ဂို (ခ) ကိုချစ်မိုးအောင် ကွယ်လွန်


RangonNewsDaily:: November . 1 .2014
ဗီဒီယိုသရုပ်ဆောင် ဂျွန်ဂို (ခ) ကိုချစ်မိုးအောင် အသက် (၂၇) နှစ်သည် ၃၁.၁ဝ.၂ဝ၁၄ ရက်နေ့ နံနက် (၅းဝဝ) နာရီအချိန်တွင် ရန်ကုန်မြို့၊ ကျောက်မြောင်းနေ အိမ်၌ ကွယ်လွန်သွားခဲ့ပြီးဖြစ်သည်။

အဝေးပြေး ခရီးသည်တင်ယာဉ်များ နိုဝင်ဘာလအတွင်း GPS စနစ် တပ်ဆင်ရမည်

RangonNewsDaily:: November . 1 .2014
ရန်ကုန်-မန္တလေး အမြန်လမ်း အသုံးပြုသည့် အဝေးပြေး ခရီးသည်တင်ယာဉ်များ အနေနှင့် GPS (Global Positioning System) ဂြိုဟ်တုအသုံးပြု ခြေရာခံစနစ်ကို နိုဝင်ဘာလအတွင်း တပ်ဆင်အသုံးပြုနိုင်ရန် စီစဉ်လျက်ရှိကြောင်း အဆိုပါစနစ်ကို တာဝန်ယူ တပ်ဆင်ပေးမည့် B-Smart ကုမ္ပဏီ၊ အမှုဆောင်အရာရှိချုပ် ဦးအောင်ညီညီမော်က ပြောကြားသည်။

ဟစ်ဟော့ပ်အဖွဲ့ Young Fathers မထင်မှတ်ဘဲ Mercury ဆုဆွတ်ခူး


RangonNewsDaily:: November . 1 .2014
ဟစ်ဟော့ပ် ဂီတအဖွဲ့တစ်ဖွဲ့ ဖြစ်တဲ့ Young Fathers ဟာနာမည် ကျော် အနုပညာရှင်တွေကို ကျော် လွန်ကာ Mercury Prize ကို မထင် မှတ်ဘဲ ဆွတ်ခူးရရှိခဲ့ပါတယ်။

ဘာစီလိုနာအကောင်းဆုံးကစားသမားဆု မက်ဆီကိုကျော်ဖြတ်၍ မာရှေယာနိုရရှိ


RangonNewsDaily:: November . 1 .2014
၂၀၁၃-၁၄ ရာသီအတွက် ဘာစီလိုနာ တစ်နှစ်တာ အကောင်းဆုံး ကစားသမားအဖြစ် ဇာဗီယာမာရှေယာနိုကို သတ်မှတ်လိုက် ကြောင်း သိရသည်။

အကောင်းဆုံး ဖြစ်အောင်လုပ်

RangonNewsDaily:: November . 1 .2014
မနက်ဖြန်မှာ 
အကောင်းဆုံးဖြစ်ဖို့ မျှော်လင့်ထားရင်
မနေ့က ဖြစ်ခဲ့တာတွေကို သင်ခန်းစာယူ။

JICA ၏ အကူအညီဖြင့် ဖုန်းအော်ပရေတာများ ချိတ်ဆက်၍ မိုဘိုင်းလ် Banking စနစ် ဆောင်ရွက်နိုင်မည့် ဆက်သွယ်ရေးကွန်ရက် ၂ဝ၁၅ခုနှစ်တွင် စတင်မည်


RangonNewsDaily:: November . 1 .2014
JICA ၏ အကူအညီဖြင့် ဖုန်း အော်ပရေတာများ တစ်ခုနှင့်တစ်ခု ချိတ်ဆက်၍ မိုဘိုင်းလ် Banking စနစ်ဆောင်ရွက်နိုင်မည့် ဆက်သွယ် ရေးကွန်ရက်တစ်ခုကို ၂ဝ၁၅ ခု နှစ်တွင် စတင်အကောင်အထည် ဖော်ဆောင်ရွက်သွားမည် ဖြစ် ကြောင်း ဗဟိုဘဏ်မှ ညွှန်ကြားရေး မှူးချုပ် ဒေါ်စန္ဒာဦးက အောက်တို ဘာ ၃ဝရက်က ဆီဒိုးနားဟိုတယ် တွင် ပြုလုပ်သော အာဆီယံဘဏ္ဍာ ရေးဆိုင်ရာဆွေးနွေးပွဲ၌ ပြောသည်။

ဒုံးပျံ ပေါက်ကွဲရသည့် အကြောင်းကို စစ်ဆေးမည်ဟု ဒုံးပျံ တည်ဆောက်သော ကုမ္ပဏီ ထုတ်ပြန်


RangonNewsDaily:: November . 1 .2014
အမေရိကန် ပြည်ထောင်စု ဗာဂျင်းနီးယား ပြည်နယ်တွင် နိုင်ငံတကာ အာကာသ စခန်းအတွက် ထောက်ပံ့ရေး ပစ္စည်းများ ပို့ဆောင်မည့် လူသား လိုက်ပါခြင်း မရှိသောဒုံးပျံတစ်စင်း လွှတ်တင်စဉ်တွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ ဒုံးပျံ ထုတ်လုပ်သော ကုမ္ပဏီသည် ပေါက်ကွဲရသည့် အကြောင်းရင်းကို စစ်ဆေး ရှာဖွေမည် ဖြစ်ကြောင်း ထုတ်ပြန် ပြောဆိုခဲ့သည်။

ထိပ်သီးတွေ့ဆုံမှု ရလာဘ်မထွက်၊ စစ်တပ်သဘောထား...မအံ့သြတော့ကြောင်း ဒေါ်စု ပြောကြား


RangonNewsDaily:: November . 1 .2014
မြန်မာအစိုးရ၊ လွှတ်တော်နဲ့ စစ်တပ်ကခေါင်းဆောင်တွေနဲ့ ကျင်းပခဲ့တဲ့ ဒီတွေ့ဆုံမှုဟာ သူတောင်းဆိုထားတဲ့ လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးလို့ မခံစားမိတဲ့အကြောင်း မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အောက်တိုဘာ ၃၁ရက်နေ့ ဆွေးနွေးပွဲအပြီးမှာ ပြောဆိုခဲ့ပါတယ်။

သီရိလင်္ကာ မြေပြိုမှုတွင် လူ ၁၀၀ ၀န်းကျင်သေဆုံးကာ ၃၀၀ ထက်မနည်း ပျောက်ဆုံးလျက်ရှိ


RangonNewsDaily:: November . 1 .2014
သီရိလင်္ကာနိုင်ငံ အလယ်ပိုင်း ၊ ဘဒူလာခရိုင် တွင် ယမန်နေ့ မုတ်သုံမိုး သည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုမှု ဖြစ်ပွားခဲ့ရာ အိမ်ခြေ ၁၄၀ ခန့် မြောက်အောက်တွင် နစ်မြှုပ်သွား ခဲ့ပြီး လူပေါင်း ၃၀၀ ခန့် ပျောက်ဆုံး နေကာ ၁၀၀ ဦး၏ ရုပ်အလောင်း ကို တူးဖော် ရရှိသေးကြောင်း သိရသည်။

ကော်သူးလေ တပ်မတော်ကို စောဘဦးကြီး၏ မူလေးချက်ပေါ်တွင် ရပ်တည်ဖွဲ့စည်းမည်

RangonNewsDaily:: November . 1 .2014
ကော်သူးလေတပ်မတော် (KAF) ဖွဲ့စည်းခြင်း အစည်းအ ဝေးအပြီးတွင် KAF ကို ကရင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းအားလုံး ပါဝင်သော ဦး ဆောင်မှုဖြင့် တည်ဆောက်သွား ကြရန်နှင့် ကရင်အမျိုးသားခေါင်း ဆောင် စောဘဦးကြီး၏ မူ လေးချက်ပေါ်တွင် ရပ်တည်ဖွဲ့ စည်းသွားကြမည်ဖြစ်ကြောင်း သ ဘောတူညီမှု ရရှိခဲ့သည်။

အော်ရီဒူးမြန်မာက စီးပွားရေးလုပ်ငန်း အဖွဲ့အစည်းများ အတွက် အထူးဝန်ဆောင်မှုပေးရန်စီစဉ်


Saturday :- 1 : November :- 2014
အော် ရီဒူးမြန်မာက စီးပွားရေးလုပ်ငန်းအ ဖွဲ့အစည်းများနှင့် ကုမ္ပဏီများကို အထူးဝန်ဆောင်မှုပေးမည့်အစီအစဉ် များနှင့်ပတ်သက်၍ မိတ်ဆက်ညစာ စားပွဲကို အောက်တိုဘာ ၃ဝ ရက် ညနေ ၅နာရီခွဲတွင် ဆူးလေ ရှန်ဂရီလာ ဟိုတယ်၌ ပြုလုပ်ခဲ့သည်။ 

နိုင်ငံတော် သမ္မတဦးသိန်းစိန် နှင့်သူရဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည်၊ အပါအဝင် နိုင်ငံရေးပါတီနှင့် တိုင်းရင်းသားပါတီတို့ပါဝင်ကြသော နိုင်ငံရေး ထိပ်သီးအစည်းအဝေး


RangonNewsDaily:: October . 31 .2014
ယနေ့ (အောက်တိုဘာ ၃၁) နံနက် ၉ နာရီ ၃၀ ၌ နေပြည်တော်ရှိ သမ္မတအိမ်တော် ငုရွှေဝါခန်းမ
တွင် သမ္မတဦးသိန်းစိန်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သူရဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည်၊ အပါအဝင် နိုင်ငံရေးပါတီနှင့် တိုင်းရင်းသားပါတီတို့မှ ကိုယ်စားပြုပုဂ္ဂိုလ်များ ပါဝင်သည့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ 

အလုံမြို့နယ်တွင် ကားဘီးလေထိုးရင် ကားတာယာပွင့်ထွက်သဖြင့် လူနှစ်ဦးဒဏ်ရာရ

RangonNewsDaily:: October . 31 .2014
ရန်ကုန်မြို့ အလုံမြို့နယ် သစ်တောရပ်ကွက် သစ်တောလမ်း မီးရထားသံလမ်းအနီးရှိ လေထိုးကျွတ်ဖာဆိုင်တွင် အောက်တိုဘာ ၂၉ ရက် မွန်းလွဲ ၁ နာရီ ၅ မိနစ်ခန့်က ကားဘီးလေထိုးနေစဉ် တာယာပွင့်ထွက်၍ လူနှစ်ဦးဒဏ်ရာရရှိသည်။

" MPT ဆင်းကတ် ပျောက်ဆုံး လျှောက်ထားခနှုန်း မလျှော့ချ"

RangonNewsDaily:: October . 31 .2014
ကျပ်ထောင့်ငါးရာတန် ဖုန်းများအပြိုင်အဆိုင် ပေါ်ပေါက်နေသော်လည်း MPT ဆင်းကတ် ပျောက်ဆုံးလျှောက်ထားခနှုန်းထား လျှော့ချမှုမရှိသလို ပွဲစားဈေး ကွက်မှာ လည်း မြင့်တက်လျက် ရှိနေကြောင်း အဆိုပါ ဈေးကွက်မှ သိရသည်။

ဦးပါကြီး သေဆုံးမှု အထူးအစီရင်ခံစာ တင်ပြရန် သမ္မတရုံး ညွှန်ကြား


RangonNewsDaily:: October . 31 .2014
ဦးပါကြီး သေဆုံးမှုဖြစ်စဉ်အပေါ် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ စုံစမ်းစစ်ဆေးပြီး လူ့အခွင့်အရေးကိစ္စနဲ့ စပ်လျဉ်းတဲ့ အထူး အစီရင်ခံစာကို နိုင်ငံတော်သမ္မတကို အမြန်ဆုံး တင်ပြဖို့ နိုင်ငံတော်သမ္မတရုံးက မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို ညွှန်ကြားထားတယ်လို့ သတင်းထုတ်ပြန်ပါတယ်။