Pages

Pages - Menu

Saturday, November 1, 2014

JICA ၏ အကူအညီဖြင့် ဖုန်းအော်ပရေတာများ ချိတ်ဆက်၍ မိုဘိုင်းလ် Banking စနစ် ဆောင်ရွက်နိုင်မည့် ဆက်သွယ်ရေးကွန်ရက် ၂ဝ၁၅ခုနှစ်တွင် စတင်မည်


RangonNewsDaily:: November . 1 .2014
JICA ၏ အကူအညီဖြင့် ဖုန်း အော်ပရေတာများ တစ်ခုနှင့်တစ်ခု ချိတ်ဆက်၍ မိုဘိုင်းလ် Banking စနစ်ဆောင်ရွက်နိုင်မည့် ဆက်သွယ် ရေးကွန်ရက်တစ်ခုကို ၂ဝ၁၅ ခု နှစ်တွင် စတင်အကောင်အထည် ဖော်ဆောင်ရွက်သွားမည် ဖြစ် ကြောင်း ဗဟိုဘဏ်မှ ညွှန်ကြားရေး မှူးချုပ် ဒေါ်စန္ဒာဦးက အောက်တို ဘာ ၃ဝရက်က ဆီဒိုးနားဟိုတယ် တွင် ပြုလုပ်သော အာဆီယံဘဏ္ဍာ ရေးဆိုင်ရာဆွေးနွေးပွဲ၌ ပြောသည်။
''မြန်မာနိုင်ငံတော် ဗဟိုဘဏ်က JICA ရဲ့ အကူအညီနဲ့ အော်ပရေ တာတွေ တစ်ခုနဲ့တစ်ခု ကြားလွှဲ ပြောင်းသုံးရင် ဒီပလက်ဖောင်းသုံး ရင် အော်ရီဒူးကော တယ်လီနော ရော MPT ရော သုံးနိုင်ရမယ်။ ဒီ ပလက်ဖောင်းပေါ်မှာ အော်ပရေ တာ အကုန်လုံးသုံးနိုင်မယ့် ကွန် ရက်တစ်ခု လုပ်ဆောင်မယ်။ အဲ့ဒါ နဲ့ပဲ အားလုံးကို ပံ့ပိုးနိုင်ဖို့ ဆောင် ရွက်နေပါတယ်။ အခု အဲ့ဒါက MoU ထိုးပြီးပြီ။ နိုင်ငံတော်သမ္မတရဲ့ ခွင့်ပြုချက်နဲ့ လုပ်ထားတာဖြစ် တယ်။ ၂ဝ၁၅မှာ စတင်မယ်။ ဒါ ပရောဂျက်အကြီးကြီးပါ'' ဟု ယင်း က ဆက်လက်ပြောကြားသည်။

မိုဘိုင်းလ် Banking၊ မိုဘိုင်းလ် Payment စနစ်များသည် ဘဏ္ဍာ ရေးဆိုင်ရာ ဝန်ဆောင်မှုများတွင် အရေးပါပြီး မိုဘိုင်းလ် Payment စနစ်သည် ဘဏ်အကောင့်မရှိသူ များ၊ ဘဏ်နှင့် မနီးစပ်သူများအ တွက် မိုဘိုင်းလ်ဖုန်းနှင့် ဘဏ္ဍာရေး ဝန်ဆောင်မှုများရယူရာတွင် အရေး ပါကြောင်း မြန်မာနိုင်ငံတော် ဗဟို ဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဆက်အောင် က ယင်းအခမ်းအနားတွင် ပြောသည်။

''အဲ့ဒါတွေကို ဗဟိုဘဏ်က ဆောင်ရွက်ပေးနေပါတယ်။ အရင် က မိုဘိုင်းလ်ပေးမန့်ဆိုတာ မျှော်မှန်း လို့မရဘူး။ ဘာလို့လဲဆိုတော့မြန်မာ နိုင်ငံမှာ တယ်လီဖုန်းအသုံးပြုမှုက ၉ရာခိုင်နှုန်းပဲရှိခဲ့တာ။ မိုဘိုင်းလ် အော်ပရေတာတွေ ပေါ်လာတဲ့ အတွက် တယ်လီဖုန်းအသုံးပြုမှုက ၉ဝရာခိုင်နှုန်းကျော်မယ်လို့ ခန့်မှန်း ထားတဲ့အတွက် မိုဘိုင်းလ် Payment ပလက်ဖောင်းက ဘဏ္ဍာရေး ဝန်ဆောင်မှုအတွက် အရမ်းကို အ ရေးပါတဲ့ ပလက်ဖောင်းဖြစ်သွား မယ်လို့ယူဆပါတယ်''ဟု ဦးဆက် အောင်က ဆိုသည်။

''ဒီစနစ်က ဘဏ်မဖွင့်နိုင်တဲ့ ဝေးလံခေါင်ဖျားတဲ့ဒေသတွေအထိ ရောက်သွားမယ်ပေါ့။ ဖုန်းရှိရင် ငွေ ပေးငွေယူငွေလွှဲတာ ငွေစုတာ အ ကုန်လုံးရမှာဖြစ်တယ်''ဟု ဒေါ်စန္ဒာ ဦးက ဆိုသည်။

မိုဘိုင်းလ် Payment မှာ ဥပမာ ဘဏ်တစ်ခုနှင့်တစ်ခု မတူ ညီဘဲ ဝန်ဆောင်မှုပေးနေကြပြီး နောက်ပိုင်း မိုဘိုင်းလ်အော်ပရေ တာများကတစ်ဆင့် ဝန်ဆောင်မှု ပေးရန်ရှိကြောင်း၊ ဥပမာ လူတစ် ဦးက တယ်လီနောမှတစ်ဆင့် ငွေ ပေးပြီး နောက်လူတစ်ဦးက MPT ဖြစ်စေ၊ အော်ရီဒူးဖြစ်စေ ကိုင် ထားမည်ဆိုပါက အဆိုပါ System က တစ်ခုနှင့်တစ်ခု အချိတ်အဆက် မရှိပါက ဘဏ္ဍာရေးဝန်ဆောင်မှု များသည်လည်း ဖြစ်လာနိုင်မည် မဟုတ်ကြောင်း၊ ထို့ကြောင့် ချိတ် ဆက်နိုင်မည့် ကွန်ရက်များဖြစ်လာ စေရန် ကြိုးစားရခြင်းဖြစ်ကြောင်း ဦးဆက်အောင်က ရှင်းပြသည်။

''ဒီ ၂ဝ၁၃ခုနှစ် ဒီဇင်ဘာလ မှာ မြန်မာနိုင်ငံဗဟိုဘဏ်က မို ဘိုင်းလ် Banking နဲ့ပတ်သက်ပြီး ထုတ်ပြန်ထားတယ်။ ဘဏ်တွေကပဲ ဦးဆောင်ပြီးတော့ အေးဂျင့်တွေကို ခန့်ထားပြီး မိုဘိုင်းလ် Banking တွေ ကို လုပ်သွားဖို့၊ ဒီထက်ပိုပြီး တစ်နိုင်ငံ လုံးကျယ်ကျယ်ပြန်ပြန့် ဒီမိုဘိုင်းလ် Banking ရောက်သွားမယ်ဆိုရင် ဘဏ္ဍာရေးဝန်ဆောင်မှုက ပိုလှုပ် ရှားလာမှာပေါ့'' ဟု ဒေါ်စန္ဒာဦးက ပြောသည်။

Democracytoday, KOLATT(PBDN)
RangonNewsDaily






No comments:

Post a Comment