Pages

Pages - Menu

Saturday, November 1, 2014

ဒုံးပျံ ပေါက်ကွဲရသည့် အကြောင်းကို စစ်ဆေးမည်ဟု ဒုံးပျံ တည်ဆောက်သော ကုမ္ပဏီ ထုတ်ပြန်


RangonNewsDaily:: November . 1 .2014
အမေရိကန် ပြည်ထောင်စု ဗာဂျင်းနီးယား ပြည်နယ်တွင် နိုင်ငံတကာ အာကာသ စခန်းအတွက် ထောက်ပံ့ရေး ပစ္စည်းများ ပို့ဆောင်မည့် လူသား လိုက်ပါခြင်း မရှိသောဒုံးပျံတစ်စင်း လွှတ်တင်စဉ်တွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ ဒုံးပျံ ထုတ်လုပ်သော ကုမ္ပဏီသည် ပေါက်ကွဲရသည့် အကြောင်းရင်းကို စစ်ဆေး ရှာဖွေမည် ဖြစ်ကြောင်း ထုတ်ပြန် ပြောဆိုခဲ့သည်။
လွှတ်တင်ပြီး မိနစ် အနည်းငယ် အကြာတွင် ဒုံးပျံ ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။ Antares ဟု အမည် ပေးထားသည့် ဒုံးပျံအား Orbitial Sciences ကော်ပိုရေးရှင်းမှ ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။

ဒုံးပျံ ပေါက်ကွဲရသည့် အကြောင်းအရင်းကို မသိရှိမချင်း နောက်ထပ် ဒုံးပျံ လွှတ်တင်ဦးမည် မဟုတ်ကြောင်း၊ ယခု လောလောဆယ်တွင် ဒုံးပျံ လွှတ်တင်စင်ကို ဦးစားပေး ပြင်ဆင်နေကြောင်း ကုမ္ပဏီ၏ အမှုဆောင် ဒုတိယဥက္ကဋ္ဌ ဖရန့်ခ် ကူဘာဆန်က ပြောဆိုခဲ့သည်။ ရက်သတ္တပတ်ပေါင်း များစွာ ကြာအောင် စုံစမ်း စစ်ဆေးမှုများကို ပြုလုပ်ရမည် ဖြစ်ကြောင်း ၎င်းက ပြောဆိုခဲ့သည်။

ဒုံးပျံတွင် နိုင်ငံတကာ အာကာသ စခန်းရှိ အာကာသ ယာဉ်မှူးခြောက်ဦး အတွက် အလေးချိန် ပေါင် (၅၀၀၀) နီးပါးရှိသော ပစ္စည်းများကို တင်ဆောင်ထားသည်။ ထောက်ပို့ ပစ္စည်းများတွင် အာကာသ ယာဉ်မှူးများ၏ ဦးနှောက်သို့ သွေးစီးဆင်းမှုကို တိုင်းတာသည့် ကိရိယာများ၊ ဥက္ကာခဲများကို လေ့လာမည့် ကိရိယာများ၊ အာကာသ ခရီးစဉ်တွင် လူ့ခန္ဓာကိုယ်၏ ခုခံအားစနစ် မည်သို့ အလုပ် လုပ်သည်ကို တိုင်းတာမည့် ကိရိယာများ ပါဝင်ကြောင်း သိရသည်။

ထို့ပြင် ကြိုတင် ထုတ်ပိုး ပြင်ဆင် ထားသည့် အသင့်စား အစား အစာများ နှင့် ကိတ်ခြောက်များ အပါအ၀င် အစားအစာ ပေါင်(၁၃၀၀) ကျော်လည်း ပါဝင်သည်။

ရုရှား အာကာသ အေဂျင်စီသည် ၎င်းတို့ ရိက္ခာထောက်ပို့ရေး ဒုံးပျံတစ်စင်းကို ဗုဒ္ဓဟူးနေ့ အစောပိုင်းတွင် လွှတ်တင်လိုက်ပြီ ဖြစ်သည်။ ဒုံးပျံတွင် အစားအစာ (၃)တန် ပါဝင်ပြီး လွှတ်တင်ပြီး ခြောက်နာရီ အကြာတွင် အာကာသ စခန်းသို့ ရောက်ရှိခဲ့သည်။

ပို့ဆောင်ရန် စီစဉ်ထားသည့် ပစ္စည်းများကို နောက်ထပ် ရက်အနည်းငယ် အကြာတွင် ပို့ဆောင်မည် ဖြစ်ဖြစ်ပြီး အာကာသာ ယာဉ်မှူး ခြောက်ဦး အတွက် လာမည့် နွေဦးအထိ အစား အစာများ ရှိနေဆဲ ဖြစ်ကြောင်း နာဆာ၏ အာကာသ စခန်း အစီအစဉ် မန်နေဂျာမိုက် ဆပ်ဖရာဒီနီက အမေရိကန် မီဒီယာများသို့ ပြောဆိုခဲ့သည်။

BBC , KOLATT(PBDN)
RangonNewsDaily



No comments:

Post a Comment