Pages

Pages - Menu

Saturday, November 1, 2014

အလုံမြို့နယ်တွင် ကားဘီးလေထိုးရင် ကားတာယာပွင့်ထွက်သဖြင့် လူနှစ်ဦးဒဏ်ရာရ

RangonNewsDaily:: October . 31 .2014
ရန်ကုန်မြို့ အလုံမြို့နယ် သစ်တောရပ်ကွက် သစ်တောလမ်း မီးရထားသံလမ်းအနီးရှိ လေထိုးကျွတ်ဖာဆိုင်တွင် အောက်တိုဘာ ၂၉ ရက် မွန်းလွဲ ၁ နာရီ ၅ မိနစ်ခန့်က ကားဘီးလေထိုးနေစဉ် တာယာပွင့်ထွက်၍ လူနှစ်ဦးဒဏ်ရာရရှိသည်။
ဖြစ်စဉ်မှာ အလုံမြို့နယ် စောရန်ပိုင်အနောက်ရပ်ကွက် နွယ်နီလမ်း အမှတ်(၁၁) ခြောက်လွှာနေ ဦးမောင်မောင်သန်း (၅၅ နှစ်)ပိုင် အလုံမြို့နယ် သစ်တောလမ်း မီးရထားသံလမ်းအနီးရှိ လေထိုးကျွတ်ဖာဆိုင်တွင် ဝင်းကို(၃၃ နှစ်)၊ အလုံမြို့နယ် စည်ပင်မော်တော်ယာဉ်ဌာန နေ့စားဝန်ထမ်း အမှတ် (၂ဝ၁) မင်းရဲကျော် စွာ(၇)လမ်း (၂)ရပ်ကွက် လှိုင်သာယာမြို့နယ်နေသူက ဌာနပိုင် ၁၁ဝဝ R ၂ဝ ဆိုက် YLINGLONG စာတန်းပါ ကားဘီးကို လေလာရောက်ထိုးရာ ဆိုင်အလုပ်သမားဖြစ်သူ သီဟ(၁၈ နှစ်) အမှတ်(၁၁) ခြောက်လွှာ နွယ်နီလမ်း စောရန်ပိုင်အနောက်ရပ်ကွက် အလုံမြို့နယ်နေသူက လေပေါင်ကို ၁၅ဝ ရှိသော စက်ဖြင့် လေထိုးပေးစဉ် ကားတာယာပွင့်ထွက်ပြီး ပွင့်ထွက်သည့်လေအားကြောင့် အနီးတွင်ရှိသည့် ဝင်းကိုနှင့်သီဟတို့တွင် ဒဏ်ရာများရရှိပြီး ဒဏ်ရာရရှိသူ နှစ်ဦးကို အလုံမြို့မရဲစခန်းက ရဲဆေးစာဖြင့် ရန်ကုန်အနောက်ပိုင်းဆေးရုံကြီးသို့ ပို့အပ်ထားရှိပြီး ပေါ့လျော့စွာဖြင့် ကားဘီးလေထိုးပေးသူ သီဟကို အလုံမြို့မရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

Myanmaalinn ::--KOLATT(PBDN)
RangonNewsDaily

No comments:

Post a Comment