Pages

Pages - Menu

Saturday, November 1, 2014

အော်ရီဒူးမြန်မာက စီးပွားရေးလုပ်ငန်း အဖွဲ့အစည်းများ အတွက် အထူးဝန်ဆောင်မှုပေးရန်စီစဉ်


Saturday :- 1 : November :- 2014
အော် ရီဒူးမြန်မာက စီးပွားရေးလုပ်ငန်းအ ဖွဲ့အစည်းများနှင့် ကုမ္ပဏီများကို အထူးဝန်ဆောင်မှုပေးမည့်အစီအစဉ် များနှင့်ပတ်သက်၍ မိတ်ဆက်ညစာ စားပွဲကို အောက်တိုဘာ ၃ဝ ရက် ညနေ ၅နာရီခွဲတွင် ဆူးလေ ရှန်ဂရီလာ ဟိုတယ်၌ ပြုလုပ်ခဲ့သည်။ 
အော်ရီဒူး၏ မိုဘိုင်းဖုန်းနှင့် ပတ်သက်သည့် စီးပွားရေးအစီအ စဉ်များမှာ တစ်ဦးချင်းအသုံးပြုခြင်း ထက် ၅ဝ ရာခိုင်နှုန်းအကုန်အကျ သက်သာမည်ဖြစ်ပြီး ခဲခြစ်ငွေဖြည့် သွင်းရန်မလိုဘဲ e top up ဖြင့် အ ဆင့်သင့်ငွေဖြည့်သွင်းနိုင်မည်ဖြစ် သည်။

အော်ရီဒူးမြန်မာမှ CEO က''စီး ပွားရေးလုပ်ငန်းရှင်တွေကို မိုဘိုင်း ဖုန်းနဲ့ပတ်သက်ပြီး စတင်ဝန်ဆောင် မှုပေးသွားမှာဖြစ်ပါတယ်''ဟု ပြော သည်။
::
အော်ရီဒူးမြန်မာမှ တာဝန်ရှိသူ တစ်ဦးက ''ဒီ business plan ကို ယူထားသူတွေက အဖွဲ့ဝင်အဖြစ် member ဝင်လို့ရပြီးတော့ အကန့် အသတ်မရှိဖုန်းပြောတာတွေ၊ မက် ဆေ့ခ်ျပို့တာတွေ လုပ်နိုင်မှာပါ။ ဟန်း ဆက်တွေကိုလဲ အော်ရီဒူးမိတ်ဖက် ကုမ္ပဏီတွေကနေ အရစ်ကျသွင်း လို့ ရတဲ့စနစ်နဲ့ ဝယ်နိုင်မှာပါ''ဟု ပြောသည်။
::
အဆိုပါအခမ်းအနားသို့ စီးပွား ရေးလုပ်ငန်းရှင်များ၊ မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းမှတာဝန်ရှိသူများ နှင့် အော်ရီဒူးမြန်မာမှ တာဝန်ရှိ သူများ တက်ရောက်ခဲ့ကြသည်။

KOLATT(PBDN)
RangonNewsDaily

No comments:

Post a Comment