Pages
▼
Pages - Menu
▼
Saturday, October 25, 2014
မူဆယ်၌ တစ်သောင်းတန်ငွေစက္ကူအတုများ သိမ်းဆည်းရမိ
RangonNewsDaily:: October . 25 .2014
ရှမ်းပြည်နယ်(မြောက်ပိုင်း)၌ အောက်တိုဘာ ၂ ရက်တွင် မူဆယ်မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ် ဆန်းဝင်းနိုင်နှင့် ရဲတပ်ဖွဲ့ဝင်များ ကင်းလှည့်နေစဉ် စွမ်စော်ရပ်ကွက် ဆုံဆည်းရာတည်းခိုခန်း အနီးရှိ ဆံသဆိုင်ရှေ့တွင် မောင်ဝမ်ယုကွမ်း (၁၆)နှစ် စွမ်စော်ရပ်ကွက် မူဆယ်မြို့၊ မောင်ကျောင်ယုံဟု (၁၈)နှစ် ခိုဝိန်ရပ် မူဆယ်မြို့၊ မောင်ယိယွင်စန်း (၁၆)နှစ် ခိုဝိန်ရပ် မူဆယ်မြို့နေသူ သုံးဦးအား မသင်္ကာဖွယ်တွေ့ရှိ ၍ စစ်ဆေးရှာဖွေခဲ့ရာ မြန်မာငွေစက္ကူ ကျပ် ၁ဝဝဝဝ တန်အတုဟု ထင်ရသောငွေစက္ကူခုနစ်ရွက် တွေ့ရှိခဲ့သည်။ ဆက်လက်စုံစမ်းရာ ကောင်းမှုတုံရပ်ကွက် ဆင်ဖြူဈေး စိန်ရွှေအမိန့်ရအပေါင်ဆိုင်တွင် (Kenbo- 125)ဆိုင်ကယ်အား ၎င်းတို့ သွားရောက်ပေါင်နှံစဉ် ဆိုင်ပိတ်သွားခဲ့၍ အမျိုးသားတစ်ဦးက ငွေကျပ် ၁၅ဝဝဝဝ ဖြင့် ဝယ်ယူသဖြင့် ရောင်းချခဲ့ရာ ၎င်းတို့ထံမှ သိမ်းဆည်းမိသော ၁ဝဝဝဝတန် ငွေစက္ကူများ ပါလာခဲ့သည်ဟုဆိုသည်။

ဝိုင်ဖိုင်အခမဲ့သုံးစွဲနိုင်သည့် နေရာသုံးခု Red Link ထပ်မံတိုးချဲ့မည်
ရွှေတိဂုံစေတီတော်ရင်ပြင်၌ ၀ိုင်ဖိုင်အင်တာနက်အသုံးပြုနေသူတစ်ဦး၊ ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)
RangonNewsDaily:: October . 25 .2014ပြည်တွင်း၌ WiMax စနစ်ဖြင့် အင်တာနက်ဝန်ဆောင် မှုပေးလျက်ရှိသော Red Link Communication သည် ယခုနှစ် မကုန်မီ အများပြည်သူများ Wifi အခမဲ့ အသုံးပြုနိုင်သည့် နေရာသုံးခုကို တိုးချဲ့တပ်ဆင်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
တစ်လကြာ အဖမ်းခံထားရသည့် အလွတ်သတင်းထောက် အောင်နိုင်(ခ) ကိုပါကြီး ကို အသေဖမ်းဆီးမိဟု တပ်မတော်ထုတ်ပြန်
RangonNewsDaily:: October . 25 .2014
တစ်လနီးပါးကြာ ပျောက်ဆုံးနေသော အလွတ်သတင်းထောက် အောင်နိုင်(ခ) ကိုပါကြီးသည် တပ်မတော်က ထိန်းသိမ်းထားစဉ် အစောင့်စစ်သည်ထံမှ သေနတ်လုယူ ထွက်ပြေးရန် ကြိုးပမ်းသည့်အတွက် ပစ်ခတ်ဖမ်းဆီးမှုကြောင့် သေနတ်ဒဏ်ရာဖြင့် အသေဖမ်းဆီးရမိကြောင်း အောက်တိုဘာ ၂၃ ရက်နေ့တွင် တပ်မတော်က သတင်းထုတ်ပြန်လိုက်သည်။
အပျော်တမ်း ဂီတဖျော်ဖြေပွဲများ မဟာဗန္ဓုလပန်းခြံတွင် ပြန်လည်ကျင်းပမည်
RangonNewsDaily:: October . 24 .2014
ရန်ကုန်မြို့လယ်ကောင် မဟာဗန္ဓုလပန်းခြံတွင် အပျော်တမ်း ဂီတဖျော်ဖြေမှုများကို အောက်တိုဘာလ ၂၅ ရက်နေ့မှ စတင်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် ပြန်လည်ကျင်းပမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ပန်းဥယျာဉ်နှင့် အားကစားကွင်းများ ဌာနမှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။
“အပျော်တမ်း သီဆိုဖျော်ဖြေမှုတွေက ပန်းခြံမှာ အပန်းဖြေသူတွေ အတွက်တော့ စိတ်အပန်းဖြေစရာ တစ်ခု တိုးလာနိုင်ပါတယ်” ဟု ၎င်းက ရှင်းပြသည်။

ယာဉ်စီးခ သတ်မှတ်ပေးလိုက်သဖြင့် အမျိုးသမီးယာဉ်လိုင်း တစ်လိုင်းသာ ပြေးဆွဲတော့မည်
RangonNewsDaily:: October . 24 .2014
ရန် ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က အမျိုးသမီးယာဉ်လိုင်း သီးသန့်ပြေး ဆွဲရန် ယာဉ်လိုင်းသုံးခုအား ပြေးဆွဲ ရန်ခွင့် ပြုလိုက်သော်လည်း ခရီးစဉ် တစ်ပိုင်းလျှင် ၅ဝကျပ်နှုန်း သတ် မှတ်ပေးလိုက်သဖြင့် (၃၁)ယာဉ်လိုင်း တစ်ခုသာ ပြေးဆွဲတော့မည်ဖြစ် ကြောင်း မ.ထ.သ (ဗဟို) ဥက္ကဋ္ဌ ဦးလှအောင်ထံမှ သိရသည်။

မြောက်ဥက္ကလာပမြို့နယ်တွင် လမ်းဖြတ်ကူးသူကို ယာဉ်တိုက်ခံရသဖြင့် ဒဏ်ရာရ
RangonNewsDaily:: October . 24 .2014
၂၃.၁၀.၂၀၁၄ ရက်နေ့ ၀၈၀၀ အချိန် မြောက်ဥက္ကလာပမြို့နယ်၊ ရှုခင်းသာ
လမ်းအတိုင်း မြောက်မှတောင်သို့ မြောက်ဥက္ကလာပမြို့နယ်နေ ယာဉ်မောင်း သိန်းထိုက် (၃၄)နှစ် မောင်းနှင် လာသော 8L--- ကင်တာအဖြူရောင် အငှားယာဉ်သည် (င)ရပ်ကွက်၊ အလောင်းဘုရား လမ်းထိပ်အရောက် လမ်းဖြတ်ကူးသူ မနွယ်နွယ်ဝင်း (၃၁)နှစ်အား ဝင်ရောက်တိုက်မိခဲ့ပါသည်။

သုံးခွဆေးရုံတွင် အတက်ရောဂါဖြင့် အမျိုးသမီးတစ်ဦး သေဆုံးမှုဖြစ်
RangonNewsDaily:: October . 24 .2014
၂၃.၁၀.၂၀၁၄ ရက်နေ့ ၁၉၀၀ အချိန် သုံးခွမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် သုံးခွဆေးရုံတွင် အမျိုးသမီးတစ်ဦး သတိလစ်ရောက်ရှိလာပြီး သေဆုံး
သွားကြောင်းသတင်းအရ သွားရောက်စစ်ဆေး ခဲ့ရာ သေဆုံးသူမှာ မဝူးမား (၁၉)နှစ်ဖြစ်ပြီး ၎င်းသည် အတက်ရောဂါဝေဒနာ ခံစားနေရသူဖြစ်ကြောင်း သိရှိခဲ့ရပါသည်။
၂၃.၁၀.၂၀၁၄ ရက်နေ့ ၁၉၀၀ အချိန် သုံးခွမြို့မရဲစခန်းမှတပ်ဖွဲ့ဝင
သွားကြောင်းသတင်းအရ သွားရောက်စစ်ဆေး ခဲ့ရာ သေဆုံးသူမှာ မဝူးမား (၁၉)နှစ်ဖြစ်ပြီး ၎င်းသည် အတက်ရောဂါဝေဒနာ ခံစားနေရသူဖြစ်ကြောင်း သိရှိခဲ့ရပါသည်။
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံခရိုင် မိုင်းယန်းမြို့တွင် စည်ပင်သာယာ ၀န်ထမ်း ဦးသိန်းဇော်မိမိနေအိမ်အတွင်း ဗုံးခွဲ၃ ဦးသေဆုံး
02- မိမိနေအိမ်အတွင်း လက်ပစ်ဗုံးခွဲသူ စည်ပင်ဝန်ထမ်းဦးသိန်းဇော် ( ဓါတ်ပုံ- From Saisang Woon FB)
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံခရိုင် မိုင်းယန်းမြို့နယ် ကျိုင်းဟင်ရပ်ကွက်တွင် စည်ပင်သာယာ ၀န်ထမ်း ဦးသိန်းဇော်က မိမိနေအိမ်အတွင်း ဗုံးခွဲရာ ၃ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရရှိခဲ့ပါသည်။
ဇာဇာထက် ဘာကြောင့် ၀တ်လစ်စားလစ်ဓာတ်ပုံမော်ဒယ် ဖြစ်လာသလဲ
RangonNewsDaily:: October . 24 .2014
“ပိုက်ဆံပေးပြီးတော့ ရိုက်ပါရစေဆို တာတောင်နင့်ရုပ်နဲ့ ဖြစ်နိုင်ပါ့မလား။ စဉ်းစားဦး၊ အဲလိုမျိုး
အရမ်းနှိမ်တာ…”ပညာရေးအတွက် ဂျပန်သွားဖို့ ရည် ရွယ်ပြီးဂျပန်သံရုံးမှာ ဂျပန်စာသင်နေရင်း Sexy ဓါတ်
ပုံများနဲ့ အောင်မြင်နေတဲ့ မော်ဒယ်များကို အားကျပြီး ဆရာဂျွန်လွင် ဆီမှာ သင်တန်းတက်ဖြစ်ခဲ့ပါတယ်။