Pages

Pages - Menu

Saturday, October 25, 2014

အာရှ ယူ-၁၉ ပြိုင်ပွဲ ကာတာဗိုလ်စွဲ


RangonNewsDaily:: October . 25 .2014
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် အာရှ ယူ-၁၉ ပြိုင်ပွဲ နောက်ဆုံး ဗိုလ်လုပွဲကို ယနေ့ည ၇ နာရီက သုဝဏ္ဏကွင်း၌ ကျင်းပရာ ကာတာ အသင်းက မြောက်ကိုရီးယားအသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရ ဗိုလ်စွဲသွားသည်။
ကာတာအသင်းမှာ လူစားဝင်သည့် တိုက်စစ်မှူး အာဖစ်က တစ်လုံးတည်းသော ဂိုးဖြင့် ချန်ပီယံဆုကို ပထမဆုံးအကြိမ် ရယူနိုင်ခဲ့သည်။ မြောက်ကိုရီးယား အသင်းမှာ ခြေအသာရသော်လည်း အဆုံးသတ်အားနည်း၍ ရှုံးရခြင်းဖြစ်သည်။ ကာတာအသင်းအတွက် အနိုင်ဂိုးကို ၅၁ မိနစ်တွင် ထောင့်ကန်ဘောမှတစ်ဆင့် အာဖစ်က သွင်းယူခဲ့သည်။

ပွဲအပြီးတွင် ဆုပေးပွဲကို ကျင်းပရာ ယူ-၂ဝ ကမ္ဘာ့ဖလားဝင်ခွင့်ရ မြန်မာ အသင်းအား ဂုဏ်ပြုမှတ်တမ်းလွှာ၊ ဗိုလ်လုပွဲတွင် ဆောင်ရွက်ခဲ့သည့် ဒိုင်လူကြီး များ၊ အသန့်ရှင်းဆုံးအသင်းဆုရ မြောက်ကိုရီးယား၊ ဂိုးသွင်းအများဆုံးဆုရ အယ်လ်ဆာဒီ(ကာတာ)၊အကောင်းဆုံးဆုရ မိုအင်(ကာတာ)၊ ဒုတိယ ဆုရ မြောက် ကိုရီးယားအသင်းအား တစ်ဦးချင်းဆုတံဆိပ်၊ ပထမဆုရ ကာတာအသင်းအား တစ်ဦးချင်းဆု တံဆိပ်နှင့် ဆုဖလားတို့ကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့် ဆွေ၊ အာရှဘောလုံးအဖွဲ့ချုပ် လူငယ်ပြိုင်ပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌ ဦးဇော်ဇော် (ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်)နှင့် တာဝန်ရှိသူများက ဆုများချီးမြှင့်သည်။

MOI , 
KOLATT(PBDN)
RangonNewsDaily

No comments:

Post a Comment